Oscar Aircon ရေခဲသေတ္တာ ပြုပြင်တပ်ဆင်ရေး

  • Home
  • Myanmar
  • Meiktila
  • Oscar Aircon ရေခဲသေတ္တာ ပြုပြင်တပ်ဆင်ရေး

Oscar Aircon ရေခဲသေတ္တာ ပြုပြင်တပ်ဆင်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Oscar Aircon ရေခဲသေတ္တာ ပြုပြင်တပ်ဆင်ရေး, Business service, Meiktila.

မွေးနေ့မနက်အစောဖုန်းဆက်ပြီးမွေးနေ့ဆုတောင်းစကားအမှတ်တရနဲ့ ဆရာ့မွေးနေ့အတွက် cake‌ လေးလာ‌ပို့ချင်လို့ပါဆိုပြီးပို့လာတဲ့ ညီလ...
09/12/2025

မွေးနေ့မနက်အစောဖုန်းဆက်ပြီးမွေးနေ့ဆုတောင်းစကားအမှတ်တရနဲ့ ဆရာ့မွေးနေ့အတွက် cake‌ လေးလာ‌ပို့ချင်လို့ပါဆိုပြီးပို့လာတဲ့ ညီလေး ထီလာ ကိုအောင် ကျေးဇူးပါ ခုချိန်ထိ ဆရာကိုဂါရဝမပျက်အမှတ်တရ အမြဲရှိ​ နေ ပြီး အမှတ်တရတွေ အမြဲ ဖန်တီး ပေးလို့ ကျေးဇူးတင်ပါတယ် ဒီထက်မကလည်း ပိုမိုအလုပ်အကိုင်တွေတိုးတက်အောင်မြင်ကြီးပွားပါစေ အစစအရာရာအဆင်ပြေချောမွေ့ပါစေ ဆရာကောင်းတယောက်ဖြစ်ပြီး တပည့်ကောင်းများစွာနဲ့ ကြုံဆုံလက်တွဲနိုင်ပါစေ ကွာ

01/11/2025

အလုပ်သင်ဝန်ထမ်း (အမျိုးသား)အလိုရှိသည် Air-Conလုပ်ငန်းတွင်လုပ်ကိုင်ရန် Meiktila
ဆက်သွယ်ရန် 09402546415.09695416165

📣ခုလိုခေတ်ကြီးမှာသင်တန်းကြေးပေးစရာမလိုအလုပ်သင်၊လစာပေးအလုပ်ရှာနေသူများအတွက် လျှောက်ထားနိုင်ပါတယ်👉သင်ယူလိုစိတ်ရှိပြီးteam ...
18/10/2024

📣ခုလိုခေတ်ကြီးမှာသင်တန်းကြေးပေးစရာမလိုအလုပ်သင်၊လစာပေးအလုပ်ရှာနေသူများအတွက် လျှောက်ထားနိုင်ပါတယ်
👉သင်ယူလိုစိတ်ရှိပြီးteam workဖြင့်လုပ်နိုင်ရမည်
👉အနည်းဆုံး(၃)လလုပ်နိုင်ရမည်
👉လစာ 250000(အလုပ်သင်ကာလပြီးပါက လုပ်ဆောင်မှုပေါ်မူတည်ပြီးထပ်တိုးရှိပါမယ်)
👉အသေးစိပ်သိလိုသည်များကိုpage cb or 09402546415
သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်
📌 မိတ္ထီလာမြို့၊ပေါက်ချောင်းရပ်

ညအိပ်ရာဝင်စဉ် အဲယားကွန်းတွေမှာ အရမ်းအသုံးဝင်တဲ့ Sleep Mode အကြောင်းအိမ်သုံး အဲယားကွန်းများတွင် sleep mode သည် အများအားဖြ...
30/09/2024

ညအိပ်ရာဝင်စဉ် အဲယားကွန်းတွေမှာ အရမ်းအသုံးဝင်တဲ့ Sleep Mode အကြောင်း

အိမ်သုံး အဲယားကွန်းများတွင် sleep mode သည် အများအားဖြင့် ပါဝင်လေ့ရှိသည်။ အသုံးဝင်ပုံကတော့ sleep mode ကိုနှိပ်လိုက်လျှင် မိမိချိန်ထားသော Temperature Setting တွင် စတင်လည်စေပြီး ၁ နာရီအကြာတွင် ချိန်ထားသော Temperature ၏အထက် ၁ ဒီဂရီတိုးကာ အလုပ်လုပ်စေပြီး နောက်ထပ် ၁ နာရီ ၂ နာရီညအကြာတွင် နောက်ထက် ၁ ဒီဂရီ ထပ်တိုးစေကာ စက်ကို လည်စေပါသည်။ အဲယားကွန်းစက် အမျိုးအစားပေါ်မူတည်ပြီး အချိန်နှင့် ဒီဂရီသည် အနည်းငယ် ကွာခြားမှု ရှိနိုင်ပါသည်။ သို့သော် အလုပ်လုပ်ပုံ သဘောတရားကတော့ တူညီပါသည်။ (ဉပမာ ၂၅ ထားလျှင် ၁ နာရီအကြာ ၂၆၊ နောက်ထပ် ၁/၂ နာရီအကြာ ၂၇ သို့ အလိုအလျောက်ပြောင်း)

ညအိပ်ရာဝင်စဉ်အသုံးပြုသင့်သော function လေးဖြစ်ပါသည်။ ညအိပ်အိပ်ချင်း အအေးဓာတ်ပိုမိုလိုအပ်ပြီး ၁ နာရီ ၂ နာရီအကြာတွင် အအေးဓာတ်ကို အလိုလျောက်လျော့နည်းသွားစေသဖြင့် ကျန်းမာရေးအရ ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းနှင့် မီတာခ သက်သာစေခြင်း စတဲ့အကျိုးတို့ ရရှိစေပါသည်။

အအေးကြိုက်သူများအတွက် ၂၄ ဒီဂရီ နှင့် အအေး သိပ်မကြိုက်သူများအတွက် ၂၅ ဒီဂရီကို ညအိပ်ခါစတွင် ချိန်ပြီး Sleep Mode ကိုနှိပ်၍ အိပ်စက်ရန် အကြံပြုလိုက်ပါသည်။

#အဲယားကွန်း

ဆိုင်သုံး လုပ်ငန်းသုံးမဲ့သူတွေအတွက်သင့်တော်တဲ့ ရေခဲသေတ္တာ တစ်လုံးပြန်ရောင်းဖို့ရှိပါတယ်အတွင်းအပြင် မျက်မြင်ကြည့် ကြိုက်ရ...
02/09/2024

ဆိုင်သုံး လုပ်ငန်းသုံးမဲ့သူတွေအတွက်သင့်တော်တဲ့ ရေခဲသေတ္တာ တစ်လုံးပြန်ရောင်းဖို့ရှိပါတယ်
အတွင်းအပြင် မျက်မြင်ကြည့် ကြိုက်ရောင်း ကြိုက်ဝယ် အလုံး
သန့်လေးပါ Glacier တံဆိပ်မို့ လူသုံးများလူသိများနေပြီးသားမို့ ထူးပြီး ညွှန်းမနေတော့ဘူးနော် Sold out မဖြစ်ခင်အမြန်လေးဆက်သွယ်လိုက်တော့နော်
☎️09402546415
☎️09420761720

🔎မိတ္ထီလာ

မိတ္ထီလာမြို့တွင်းမြို့ပြင် အိမ်အရောက်serviceဖြင့် လူကြီးမင်းတို့ရဲ့ ရုံးသုံး၊အိမ်သုံး၊ကျောင်းသုံး၊ဟိုတယ်သုံး၊ဆေးရုံးသုံ...
27/07/2024

မိတ္ထီလာမြို့တွင်းမြို့ပြင် အိမ်အရောက်serviceဖြင့် လူကြီးမင်းတို့ရဲ့ ရုံးသုံး၊အိမ်သုံး၊ကျောင်းသုံး၊ဟိုတယ်သုံး၊ဆေးရုံးသုံး ရေခဲသေတ္တာ၊air con,ကားair con,အဝတ်လျှော်စက်တို့ကို ဈေးနှုန်းမှန်ကန်စွာဖြင့် စိတ်ချရသောဝန်ဆောင်မှုဖြင့် ကျွန်တော်တို့Oscar Aircon ဆိုင်တွင် ယုံကြည်စွာဖြင့် serviceအပ်နှံနိုင်ပါတယ်ခင်ဗျ air con second ရောင်းချလိုသူများအနေဖြင့်လည်း customer ဖြင့်ချိတ်ဆက်ပေးခြင်း, good second တပ်လိုသူများအတွက်လဲအဆင်ပြေအောင် ပြုလုပ်ပေးပါတယ်ခင်ဗျ
09402546415
ပေါက်ချောင်းရပ်၊မိတ္ထီလာမြို့

ဝန်ထမ်းအလိုရှိသည်📢1.Aircon ရေခဲသေတ္တာ ပြင်တတ်သူ အတွေ့ကြုံရှိသူဦးစားပေးမည်2.မီးလိုင်း လုပ်ငန်းလုပ်ဖူးသူများလည်းလျှောက်ထား...
17/05/2024

ဝန်ထမ်းအလိုရှိသည်📢

1.Aircon ရေခဲသေတ္တာ ပြင်တတ်သူ အတွေ့ကြုံရှိသူဦးစားပေးမည်
2.မီးလိုင်း လုပ်ငန်းလုပ်ဖူးသူများလည်းလျှောက်ထားနိုင်သည်
3.နေပူထွက်လုပ်ရသောကြောင့်အပင်ပန်းခံနိုင်သူဖြစ်ရင်ပိုအဆင်ပြေပါတယ်
4.ဆိုင်က မိတ္ထီလာ ကမို့ မိတ္ထီလာ မြို့တွင်းနေထိုင်သူဖြစ်ရပါမယ်
5.outdoor ထွက်ရတာများတဲ့အတွက် မိမိဆိုင်ကယ် ပါလာရမည် (လုပ်ငန်းအတွက် ဆိုင်ကယ်သုံးပါက ဆီဘိုးပြန်ပေးသည်)
6.အနည်းဆုံး (3)လလုပ်နိုင်ရမည်
7.ပညာသင် လက်ခံပါတယ်
အတွေ့ကြုံရှိရန်မလို ပညာအရည်ချင်းမလို သင်တန်းကြေးပေးရန်မလို အမှန်တကယ် တတ်မြောက်သင်ယူလိုစိတ် ရှိသူဖြစ်ရန်သာ လိုအပ်ပါသည် လုပ်ငန်းခွင်အတွင်း လက်တွေ့သင်ယူခွင့်ရမည်ဖြစ်သောကြောင့် တကယ်တတ်မြောက်သင်ယူချင်စိတ်ရှိပါက လျှင်မြန်စွာ တတ်မြောက်ဘို့ အာမခံပါတယ်
ပညာသင် ကာလအတွင်း မုန့်ဘိုး Tea ဘိုးပေးသေးတာမို့ သင်တန်းကြေးမပေးရပဲ မုန့်ဘိုးပြန်ရပါမယ်

👉လစာညှိနှိုင်းနိုင်သည်
⏰အလုပ်ချိန်မနက် 9နာရီ(အချို့ရက်များproject fieldဆင်းရပါက
အလုပ်ချိန်အပြောင်းလဲရှိပါတယ်)
👉အသေးစိတ်သိလိုသည်များကို
Page messenger မှာမေးမြန်းန်ုပါတယ်
👉လူတွေအင်တာ‌ဗျူးရှိပါမယ်
👉 Location - မိတ္ထီလာပေါက်ချောင်းရပ် 79တပ်အနီး

Yesterday at Grand Htila hospital 🔥ယုံကြည်စွာဖြင့်serviceအပ်နှံပေးသောcustomerများအားကျေးဇူးတင်ရှိပါတယ်ဗျAdminတို့က Meikh...
04/05/2024

Yesterday at Grand Htila hospital 🔥
ယုံကြည်စွာဖြင့်serviceအပ်နှံပေးသောcustomerများအားကျေးဇူးတင်ရှိပါတယ်ဗျ
Adminတို့က Meikhtila ကပါ
09402546415
ပေါက်ချောင်းရပ်/79တပ်အနီး

♦ရှာလကာရည်ကို အဝတ်လျှော်စက်ထဲ ထည့်ခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ ♦--------အဖြူရောင်ရှာလကာရည်ဟာ ပုံမှန်အားဖြင့်တော့...
21/04/2024

♦ရှာလကာရည်ကို အဝတ်လျှော်စက်ထဲ ထည့်ခြင်းဖြင့် ရလာမယ့် အကျိုးကျေးဇူးများ ♦
--------

အဖြူရောင်ရှာလကာရည်ဟာ ပုံမှန်အားဖြင့်တော့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုလို့ လူတွေက သိထားကြပါတယ်။ချက်ပြုတ်ရာမှာသာ အများဆုံး အသုံးပြုတဲ့ ပစ္စည်း တစ်ခုပါ။ဒါပေမယ့် အဖြူရောင်ရှလကာရည်မှာ တခြားအသုံးဝင်တာတွေရှိ ပါေ သးတယ်။ရှလကာရည်ကို သန့်ရှင်းရေးသုံးပစ္စည်းတစ်ခုအဖြစ်လည်း သုံးနိုင်ပါ တယ်။ဈေးမကြီးသလို စီးပွားရေးအရလည်း တွက်ချေကိုက်တဲ့ အဝတ်လျှော် ဆပ်ပြာမှုန့်တစ်ခုအဖြစ် ၎င်းကို အသုံးပြုလို့ရပါတယ်။ ။အဝတ်လျှော်စက်ထဲကို ရှလကာရည်ထည့်ပေးခြင်း အားဖြင့် ရလာမယ့် အကျိုးကျေးဇူးတွေကတော့..

(၁)အထည်သား တွေကို နူးညံ့စေ

နေအိမ်မှာ အသုံးပြုတဲ့ တဘက်တွေ၊မျက်နှာသုတ်ပဝါတွေဟာ အသုံးပြုတာကြာ လာရင် အစတွေထွက်တာ၊အမွှေးပွတွေပျောက်ပြီး ကြမ်းကုန်တာတွေဖြစ် တတ် ပါတယ်။ဒါကြောင့်ဝယ်ခါစ ကလိုပဲ နူးနူးညံ့ညံ့လေးဖြစ်ချင်တယ်ဆိုရင်တော့ လွယ်ပါတယ်။အထည်သား၊ရက်ထည်မျိုး ဖြစ်ဖို့ တော့လိုပါတယ်။ အဝတ်လျှော် စက်ထဲကို ရှလကာရည် လက်ဖက်ရည်ခွက်တစ်ခွက်၊ကိုင်းခွက်ရှိရင် ကိုင်းခွက် တစ်ခွက် (ပုံမှာပြထားတဲ့ ခွက်မျိုး)ထည့်ပြီး လျှော်ပေးလိုက်ပါ။အဲ့ဒါ ဆိုရင်ေ တာ့ နူးညံ့တဲ့ မျက်နှာသုတ်ပဝါ၊တဘက်တွေကို ရရှိပိုင် ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၂)ဗက်တီးရီးယားကို သေစေ

သန့်စင်ထားတဲ့ အဖြူရောင်ရှလကာရည်ကို အကောင်းဆုံးပိုးသတ်ဆေးပါ။ဗက် တီးရီးယားတွေကို သေေစေပါတယ်။ဒါကြောင့် ညစ်ပတ်နေတယ်၊ပိုးမွှားတွေ ကပ်ငြိနေတယ်လို့ ထင်တဲ့ အဝတ်အစားတွေကို လျှော်ဖွပ်တဲ့ အခါမျိုးမှာ ရှလ ကာရည် တစ်ခွက်(သို့)နှစ်ခွက် ထည့်လျှော်ပေးနိုင်ပါတယ်။

(၃)အဝတ်အစားများ အရောင်မကျွတ်စေ

အရောင်ကျွတ်တတ်တဲ့ အဝတ်အစားတွေကို အဝတ်လျှော်စက်ထဲ မှာ လျှော်ရ တာဟာ အိမ်ရှင်မတွေအတွက် တကယ်ကို ဒုက္ခရောက်စေပါတယ်။ဒါကြောင့် အဝတ်အစားတွေအရောင်မကျွတ်ချင်ရင် ရှလကာရည်တစ်ခွက်ကို အဝတ်လျှော် စက်ထဲ ထည့်လျှော်ပေးပါ။တကယ်လို့ အရောင်အရမ်းကျွတ်တတ်တဲ့ အဝတ်အ စားမျိုးဖြစ်နေမယ်၊ဂျင်းဘောင်းဘီတွေအရောင်မကျွတ်ချင်ဘူး ဆိုရင်တော့ မေ လျှာ်ခင်၊ရှလကာရည်နဲ့ရေရောထားတဲ့ ရေထဲမှာ တစ်ညလောက် စိမ်ပေး ပြီး ေ နာက်နေ့ကျမှ လျှော်ပါ။ဒီနည်းအားဖြင့် အဝတ်အစား အရောင်ကျွတ်ခြင်း အရော င်လွင့်ခြင်းတွေကို သိသိသာသာလျော့ပါးသက် သာစေမှာပါ။

(၄)ညစ်ပတ်သွားတဲ့အဖြူရောင် အဝတ်အစားတွေကို ဖြူလာစေ

အကြောင်းမျိုးမျိုးကြောင့် ညစ်ပတ်သွားပြီး ညစ်ထေးထေးဖြစ်နေတဲ့ အဖြူရောင်အ ဝတ်အစားတွေ အရင်အတိုင်း ဖြူဖြူဖွေးဖွေး အဝတ်အစားဖြစ်လာအောင် လည်း ရှလကာရည်က စွမ်းဆောင်ပေးနိုင်ပါတယ်။အဖြူရောင်အဝတ်တွေ ညစ်ပတ်ေ နရင် ရှလကာရည်တစ်ခွက်(သို့)နှစ်ခွက်ထည့်ပြီး ပုံမှန်လျှော်ေ ပးပါ။ရေလက် ဖက်ရည်ခွက်ငါးခွက်လောက်နဲ့ရှလကာရည်နှစ်ခွက်လောက်ကို ရောပြီး မလျှော် ခင် တစ်ညလောက်စိမ်ပြီးမှ လျှော်ပေးပါက ဖြူဖွေးသစ်လွင်တဲ့ အဝတ်အစားတွေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

(၅)အနံ့ဆိုးတွေပျောက်စေ

အဝတ်အစားတွေမှာ ချွေးနံ့တွေနဲ့တခြားမကောင်းတဲ့ အနံ့အသက်တွေ နံ့နေ၊ စွဲနေခဲ့ရင်လည်း ရှလကာရည်ကိုအ သုံးပြုနိုင်ပါတယ်။ရှလကာရည် ကိုင်းခွက်ေ သးတစ်ခွက်(သို့)နှစ်ခွက်ကို ထည့်ပြီး လျှော်ပေးရမှာဖြစ်ပါတယ်။

(၆)အစွန်းအထင်းတွေကို ပျောက်စေ

အဝတ်အစားတွေမှာ တစ်ခုခုစွန်းထင်းသွားခဲ့ရင်လည်း ရှလကာရည်က ကူ ညီပေးနိုင်ပါတယ်။စွန်းထင်းသွားတဲ့ အဝတ်အစားတွေကို ရှလကာရည်ထဲမှာ မိနစ်အနည်းငယ်ကြာ စိမ်ထားပေးလိုက်ပါ။ပြီးရင်တော့ လျှော်ဖွပ်ပေးလိုက်ပါ။

(၇)အဝတ်လျှော်စက်ကို သန့်ရှင်းစေ

အဝတ်လျှော်စက်ကို သန့်ရှင်းတဲ့ အခါမှာလည်း ရှလကာရည်ကို အသုံးပြုနို င်ပါတယ်။အဝတ်လျှော်စက်ကို တစ်လမှာ တစ်ကြိမ်လောက် ရှလကာရည် နဲ့သန့်ရှင်းပေးလို့ရပါတယ်။အဲ့ဒီလို သန့်ရှင်းပေးခြင်းအားဖြင့် အဝတ်လျှော်စက်ရဲ့ အတွင်းပိုင်းကိုသန့်ရှင်းပေးနိုင်သလို၊ကြေးတွေ၊ရေအနည်တွေနဲ့ဆပ်ပြာအကြွင်းအကျန်တွေကို ဖယ်ရှား သန့်စင်ပေးနိုင်ပါတယ်။သန့်ရှင်းပုံကတော့ ရှကာရည် ကိုင်းခွက်သေးငါးခွက်နဲ့ရေကိုရောပြီး အဝတ်အစားဘာမှမထည့်ပဲနဲ့ ဒီအတိုင်း အဝတ်လျှော်စက်ထဲကို ထည့်ပြီး၊စက်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်။

♦Credit - မူရင်းရေးသားသူများ♦

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီ...
21/04/2024

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊

ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ်

ပထမဆုံးပြောမယ်ခလုတ်လေး က On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါ ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်

နောက်တစ်ခုက Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ် အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်

ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်

ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်

တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။

စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်
Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်

တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ တီ ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်

Crdပါရှင်
# Myanmar Click

Today's serviceThanks our customers
23/03/2024

Today's service
Thanks our customers

Address

Meiktila

Telephone

+959402546415

Website

Alerts

Be the first to know and let us send you an email when Oscar Aircon ရေခဲသေတ္တာ ပြုပြင်တပ်ဆင်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share