Korean Language by Yumi

Korean Language by Yumi Educational vlog

~안녕하세요? 🙇‍♀️ အားလုံးပဲ မဂ်လာပါ 🙇 🇰🇷ကိုရီးယားစာ၊ကိုရီးယားစကားကိုစိတ်ဝင်စားသူတွေအတွက်သတင်းကောင်းလေးလာပါပြီ📣 ~ MUFLမှ ကိုရီ...
27/07/2024

~안녕하세요?

🙇‍♀️ အားလုံးပဲ မဂ်လာပါ 🙇

🇰🇷ကိုရီးယားစာ၊ကိုရီးယားစကားကိုစိတ်ဝင်စားသူတွေအတွက်သတင်းကောင်းလေးလာပါပြီ📣

~ MUFLမှ ကိုရီးယားမေဂျာဖြင့်ဘွဲ့ရပြီး

လက်ရှိ ကိုရီးယားမှာ Korean Language
Education ဘာသာရပ်ဖြင့်Masterတန်းတက်ရောက်နေတဲ့ အတွေ့အကြုံရှိဆရာမများ ကိုယ်တိုင် သင်ကြားပေးပါမည်။

📚အခြေခံမှစပြီးလေ့လာချင်သူများနှင့် Topikစာမေးပွဲအတွက်ပြင်ဆင်လိုသူများ၊ကိုရီးယားနိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်လိုသူများအတွက်

*level အတန်းများ

*Topik preparation အတန်းများ

*EPS အတန်းများကို စတင်ဖွင့်လှစ်သင်ကြားပေးတော့မှာမို့

ကိုရီးယားစာကို အမှန်တကယ်တက်မြောက်လိုသူများအနေဖြင့်စတင်စုံစမ်းမေးမြန်း အပ်နှံနိုင်ပါပြီ။

*Levelအတန်းမှာဆိုရင်~

📕SNUသင်ရိုးညွှန်းတန်းဖြင့် Reading, Writing, Listening , Speaking
4skill လုံးကိုသင်ကြားပေးမှာဖြစ်ပါတယ်

*Topikအတန်းမှာဆိုရင်ဖြင့်

​~Listening & Reading

~အထူးသဖြင့် Writing ကိုကျွမ်းကျွမ်းကျင်ကျင်နှင့်စနစ်တကျရေးတတ်စေရန်သင်ကြားပေးခြင်း

~အတန်းအားလုံးအတွက်

**အိမ်စာများစစ်ပေး၍feedbackများပြန်ပေးခြင်း

🖥zoom appကို အသုံးပြုပြီးသင်ကြားပေးမှာဖြစ်ပါတယ်

❗အတန်းအားလုံးလူဦးရေကန့်သတ်ထားတာမို့ အမှန်တကယ်တက်ရောက်လိုသူများသာသင်တန်းအပ်ပေးပါရန်

Note~ Topik II preparation အတန်းမှ လွဲ၍ ကျန်အတန်းများကို By Oneသင်လိုသူများအနေဖြင့်လည်း အချိန်ညှိ၍သင်ကြားပေးပါသည်။

”안녕하세요“ 오래만에 인사하게 되네요. မင်္ဂလာပါ…မတွေ့ရတာကြာပြီနော်..오늘은 “어색한 번역 투때문에 우리가 잘못 쓰이게 된 한국말”에 대해 좀 알려 드리려고요.ဒီနေ့တော့ “တိုက်ရ...
04/01/2024

”안녕하세요“ 오래만에 인사하게 되네요.
မင်္ဂလာပါ…မတွေ့ရတာကြာပြီနော်..
오늘은 “어색한 번역 투때문에 우리가 잘못 쓰이게 된 한국말”
에 대해 좀 알려 드리려고요.
ဒီနေ့တော့ “တိုက်ရိုက်ဘာသာပြန်ဆိုခြင်း လွှမ်းမိုးမှု့တွေကြောင့် မှားယွင်းစွာသုံးနေမိသော ကိုရီးယားစကား”နှင့် ပတ်သတ်ပြီး နည်းနည်းလောက် မျှဝေပေးချင်ပါတယ်။
“되세요”
“ဖြစ်ပါစေ”
요즘 “좋은 하루 되세요.” “편안한 밤 되세요.” “ 좋은 새해 되세요.” 등 표현을 자연스럽게 쓰고 있는데 맞는 말이인가요?
အခုတလော “ကောင်းမွန်သော နေ့ရက်လေး ဖြစ်ပါစေ” ကောင်းသော ညချမ်းဖြစ်ပါစေ” မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ”အစရှိသည့် အသုံးအနှုန်းများကို သဘာဝကျကျ သုံးနှုန်းနေကြပေမယ့် မှန်ကန်တဲ့ အသုံးအနှုန်းဟုတ်ပါသလား။
사실 “좋은 하루 되세요.”는 틀린 말이이에요.
အမှန်တော့ “ကောင်းသော နံနက်ခင်း ဖြစ်ပါစေ”ဆိုတာ မှန်ကန်သော အသုံးအနှုန်းမဟုတ်ပါဘူး။
왜냐하면 ’청자나 화자가 사람이기 때문에 사람이 “하루”가 될 수는 없기 때문이에요.
ဘာကြောင့်လဲဆိုရင် “ပြောတဲ့သူ (သို့) နားထောင်သူသည် လူပုဂ္ဂိုလ်ဖြစ်သည့်အတွက် လူပုဂ္ဂိုလ်က “နေ့ရက်”မဖြစ်နိုင်သည့်အတွက်ကြောင့်ဖြစ်ပါတယ်။
마찬가지로 “편안한 밤 되세요.” “ 좋은 새해 되세요”도 틀린 말이에요.
ထိုနည်းတူစွာ “ကောင်းမွန်သော ညချမ်းလေး ဖြစ်ပါစေ” မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ” အစရှိသည့် အသုံးအနှုန်းများမှာလည်း မှားယွင်းသော အသုံးအနှုန်းများဖြစ်ပါတယ်။
“되세요”대신 “보내세요”라고 쓰면 더 자연스러운 한국말이 되겠어요.
“ဖြစ်ပါစေ”ဆိုတဲ့ အစား “ဖြတ်သန်းနိုင်ပါစေ”ဆိုတဲ့ အသုံးအနှုန်းက ပိုပြီး သဘာဝကျတဲ့ ကိုရီးယား
အသုံးအနှုန်း ဖြစ်ပါတယ်။
“좋은 하루 보내세요.”
“편안한 밤 보내세요.”
“좋은 새해 보내세요.”
참고 (ကိုးကား)
이금희“마이 금희”
“말하기 고민 강의”
…✍️

안녕하세요. 여러분မင်္ဂလာပါ~오래만에 인사하게 됐네요~မတွေ့ရတာကြာပြီနော်~요즘 한국에서 기말 고사 기간이라서 좀 바쁘거든요.အခုတလော ကိုရီးယားမှာ final examကာလမလို့...
07/12/2023

안녕하세요. 여러분
မင်္ဂလာပါ~
오래만에 인사하게 됐네요~
မတွေ့ရတာကြာပြီနော်~
요즘 한국에서 기말 고사 기간이라서 좀 바쁘거든요.
အခုတလော ကိုရီးယားမှာ final examကာလမလို့ နည်းနည်း အလုပ်ရှုပ်နေလို့ပါ~
오늘은 다름이 아니라 제 성취감을 기록하려고요.☺️
ဒီနေ့တော့ တခြားမဟုတ်ပါဘူး ကျွန်တော်ရဲ့ achievement လေးကို မှတ်တမ်းတင်ချင်လို့ပါ☺️(ကြွားချင်လို့ပါ)
어떤 친구들은 알고 계시만 제 스스로 다시 소개하고 자면 저는 현재 성균관대에서 한국어교육학 석사 과정을 다니고 있고요.
တချို့ သူငယ်ချင်းတွေကတော့ သိပြီးသား ဖြစ်ပေမယ့် မသိသေးတဲ့သူတွေအတွက် ကျွန်တော်ကို ကျွန်တော် မိတ်ဆက်ရမယ်ဆိုရင် ကျွန်တော်က လက်ရှိ SUNGKYUNKWAN university မှာ Korean Language Education ကို Master တန်း တက်ရောက်နေတာပါ~
이번 학기에 과목 3개를 들었거든요.
ဒီ semester မှာ subject 3ခု နားထောင်ပါတယ်
오늘은 3과목중 1과목의 기말 고사 발표가 있는 날이에요.
ဒီနေ့က ဘာသာရပ် ၃ခုထဲက ၁ခုရဲ့ နောက်ဆုံး presentationနေ့ပါ
발표한 과목이 교재론 과목이었어요.
Presentation လုပ်ရတဲ့ ဘာသာရပ်က Textbook Theory ပါ
교수님께서 발표부분을 3 가지로 정해드렸는데요.
ပါမောက္ခက Presentation လုပ်ဖို့ အကြောင်းအရာ ၃ မျိုးခွဲပေးပါတယ်
교재 분석, 교재 재작, 교재 집필부분이에요.
Textbook analysis, Textbook Reproduction, Textbook Production ဆိုပြီး ၃မျိုးပါ
저는 직접 교재를 만들어 보고 싶어서 교재 집필부분은 발표하기로 했어요.
ကျွန်တော်ကတော့ ကိုယ်တိုင် ပုံနှိပ်ထုတ်ကြည့်ချင်လို့ Textbook Production အပိုင်းကို ရွေးခဲ့ပါတယ်
저와 같은 생각이 있는 선배 한 명이 있어 가지고 교수님께서 같이 해 보라고 시켰습니다.
ကျွန်တော်နဲ့ လုပ်ချင်တဲ့ ပုံစံ တူနေတဲ့ ဆရာ တစ်ယောက်ရှိလို့ ပါမောက္ခက အတူတူ လုပ်ကြည့်ဖို့ အကြံပေးလို့ ၂ယောက်အတူ တွဲပြီး လုပ်ကြည့်ခဲ့တယ်။
교재 개작이나 집필하는 다른 선생님들도 있었어요.
Textbook Reproduction & Textbook Production လုပ်တဲ့ တခြားဆရာတွေလည်း ရှိပါတယ်
다들 통합교재를 개작했거든요.
သူတို့ကတော့ အများသောအားဖြင့် Integrated Textbookကို Reproduction ပြန်လုပ်ကြပါတယ်~
저와 제 짝꽁이는 남과 다르게 한국에 곧 갈 학습자들위해 실용적인 한국어 말하기 교재를 집필했어요.
ကျွန်တော်နဲ့ တွဲဖက်ဆရာနဲ့ကတော့ တခြားသူတွေနဲ့ မတူဘဲ ကိုရီးယားကို လာတော့မယ် ကျောင်းသားတွေအတွက် သေချာပေါက်လိုအပ်မယ့် စကားပြောအကြောင်းရာတွေ ပါဝင်တဲ့ Speaking Textbookကို Production လုပ်ကြည့်ခဲ့ပါတယ်~
오늘 발표는 그 교재에 대해 발표였고 교수님께서 이 2분의 교재 발표를 너무 궁금해 가지고 기대했었고 기대한 만큼 너무 재미있는 교재였대요.
ဒီနေ့ Presentation အကြောင်းအရာကတော့ အဲဒီ Texbookနဲ့ ပတ်သတ်တဲ့ Presentation ဖြစ်ပြီးတော့ ပါမောက္ခကလည်း ဒီ ၂ယောက်ရဲ့ Presentationအရမ်း မျှော်လင့်ပြီး သိချင်နေခဲ့တာ အရမ်း စိတ်ဝင်စားစရာကောင်းတဲ့ textbook တခုဆိုပြီး ချီးကျူးခံခဲ့ရပါတယ်☺️
수업 후 다른 선생님 몇 명이랑 같이 점심 먹게 되었고 “어떻게 잘 할 수 있을까? 선생님들 교재 발표를 보고 저희 교재를 수정 많이 해야겠다” 했어요.
အတန်းပြီးတော့ အတန်းဖော်အချို့နဲ့ ထမင်းသွားစားတော့ ဘယ်လိုတောင် တော်ကြတာလဲ ဆရာမတို့ Textbook Presentation ကိုကြည့်ပြီး ငါတို့အများကြီး ပြန်ပြင်ရအုံးမယ်ဆိုပြီး အားလုံး ချီးကျူးတာ ခံခဲ့ရပါတယ်
오늘은 칭찬이 가득한 하루로 한 과목의 마지막 수업 마칠 수 있었어요.
ဒီနေ့တော့ ချီးကျူးသံတွေ ပြည့်နေပြီးတော့ ဒီ semesterမှာဘာသာရပ် တခုကို ကောင်းကောင်းအဆုံးသတ်နိုင်ခဲ့ပါပြီ
집필한 교재를 다 완성하게 집필해 보도록 하고 교재까지 못 내 더라도 미얀마 학습자들에게 그 교재의 교수요목을 이용해서 실제 말하기 수업을 진행해 보고 싶습니다.
အပေါ်မှာ ပြောခဲ့တဲ့ ပုံနှိပ်ကို အချိန်ရတဲ့အခါ အပြီးသတ်ထိ production လုပ်ကြည့်ပြီး ပုံနှိပ်ထုတ်ဝေတဲ့အဆင့်ထိမဟုတ်တောင် အဲဒီစာအုပ်မှာပါတဲ့ curriculum ကို သုံးပြီး မြန်မာကျောင်းသားတွေအတွက် Speaking classတွေ ဖွင့်ကြည့်ချင်ပါသေးတယ်….

외로운 아침                                              유미(23.11.21 ,11:59pm)똑똑 ! 아침 잠 깨우는 아빠 목소리 대신따르릉 울리는 알람향기로운 엄마 밥상 대신쓴...
22/11/2023

외로운 아침
유미(23.11.21 ,11:59pm)

똑똑 ! 아침 잠 깨우는 아빠 목소리 대신
따르릉 울리는 알람

향기로운 엄마 밥상 대신
쓴 맛의 커피 한 잔

똑같은 하루를 시작하는 아침인데
평범한 아침이 아닌 쓸쓸한 아침이다

အထီးကျန်မနက်ခင်း
Yumi(23.11.21 , 11:59pm)

ဒေါက်ဒေါက်! တံခါးခေါက်ပြီး အမေစိတ်ဆိုးမယ်
အမြန်ထလို့ နှိုးတတ်တဲ့ အဖေရဲ့အသံအစား
တဂွမ်ဂွမ်မြည်နေတဲ့ နှိုးစက်အသံ…

အနံ့အရသာနဲ့ပြည့်စုံတဲ့ အမေ ပြင်ပေးတဲ့
ထမင်းဝိုင်းလေးအစား
ခါးသက်တဲ့ ကော်ဖီ တစ်ခွက်…

အရာအာလုံးက တနေ့တာကို အစပြုတဲ့
မနက်ခင်းတွေဖြစ်ပေမယ့်
ပုံမှန် မနက်ခင်းမဟုတ်တဲ့ အထီးကျန် မနက်ခင်း…

안녕하세요.여러분မင်္ဂလာပါ..오늘은 제가 3년전에 번역한 글을 올릴 겁니다.ဒီနေ့တော့ လွန်ခဲ့တဲ့ ၃နှစ်လောက်က ကျွန်တော်ဘာသာပြန်ထားတဲ့ စာပိုဒ်လေး တင်ပေး...
21/11/2023

안녕하세요.여러분
မင်္ဂလာပါ..

오늘은 제가 3년전에 번역한 글을 올릴 겁니다.
ဒီနေ့တော့ လွန်ခဲ့တဲ့ ၃နှစ်လောက်က ကျွန်တော်ဘာသာပြန်ထားတဲ့ စာပိုဒ်လေး တင်ပေးမလို့ပါ…

글이 길기 한데 다듬어하기도 아쉬워서 그냥 올립니다.
စာပိုဒ်က ရှည်​ပေမယ့် ချုံ့ရမှာလည်း နှမြောလို့ ဒီတိုင်း တင်လိုက်ပါတယ်…

이제야 이런 글을 번역 못 할 겁니다.
ဒီလိုအချိန်မှာ ဒီလိုစာပိုဒ်မျိုးကို ဘာသာမပြန်နိုင်တော့ပါဘူး…

그때와 이제 마음이 변했으니까요.
အဲဒီတုန်းကနဲ့ အခု စိတ်ခံစားချက် မတူတော့လို့လေ…

그러니 여러분도 때에 맞춰서 느끼고 기록해보면 어떨까 싶어해요.
ဒါကြောင့်မလို့ အားလုံးလည်း အချိန်နဲ့အလိုက် ခံစားပြီး ခံစားမိတာတွေ မှတ်တမ်းတင်ထားကြည့်ရင်ရော ဘယ်လိုလဲ အကြံပေးချင်ပါတယ်….

[ 사랑하는 당신에게 ]
ချစ်ရတဲ့ မင်းဆီသို့

내가 하늘이라면 당신에게 별을 주고,
내가 꽃이라면 당신에게 향기를 주겠지만,
나는 사람이기에 당신에게 사랑을 드립니다.

ကိုယ်ကကောင်းကင်ကြီးဆိုရင်
မင်းအတွက်ကြယ်လေးတွေပေးပြီး….
ကိုယ်ကပန်းလေးသာဖြစ်ခဲ့ရင်
မင်းအတွက်ရနံ့လေးတွေပေးမှာဖြစ်ပေမယ့်….
ကိုယ်ကလူသားတစ်ယောက်ဖြစ်နေလို့
မင်းကိုအချစ်တွေပဲပေးပါ့မယ်…

하늘에서는 별이 소중하고
땅에서는 꽃이 소중하듯이
나에게는 당신이 소중합니다.

ကောင်းကင်ကြီးအတွက်တော့
ကြယ်ကလေးတွေကတန်ဖိုးရှိပြီး
ကမ္ဘာမြေကြီးအတွက်တော့
ပန်းကလေးတွေကတန်ဖိုးရှိသလို
ကိုယ့်အတွက်တော့
မင်းကတန်ဖိုးအရှိဆုံးပါ

눈에서 멀어진다고 해서,
마음에서 멀어지는건 아닙니다.
눈을 감아도 제게 당신이 보이니까요.

မျက်စိရှေ့ကနေဝေးကွာသွားလည်း
နှလုံးသားကနေဝေးကွာသွားတာမဟုတ်ပါဘူး…
မျက်လုံးမှိတ်ထားပေမယ့်လည်း
ကိုယ်နှလုံးသားလေးထဲမှာ မင်းကိုမြင်နေရတယ်…

꽃은 아름다움을 약속하고,
공기는 맑은 산소를 약속하듯이,
나 당신에게 영원한 사랑을 약속합니다.

ပန်းတွေကတော့လှပခြင်းနဲ့သစ္စာ​ပြုထားပြီး
လေထုကတော့သန့်ရှင်းတဲ့အောက်ဆီဂျင်နဲ့သစ္စာပြုထားသလို
ကိုယ်ကတော့ မင်းအတွက်ထာဝရချစ်ခြင်းတွေနဲ့သစ္စာပြုပါမယ်…

비가 오면 사람들이 찾는게
우산인 것처럼 네가 힘들고 지칠 때
제일먼저 찾는 게 나였으면 좋겠습니다.

မိုးရွာတွေလူတွေထီးကိုရှာသလိုမျိုးပဲ
မင်းပင်ပန်းခက်ခဲနေတဲ့အချိန်အရင်ဆုံးရှာတဲ့သူက
ကိုယ်ဖြစ်ရင်သိပ်ကောင်းမှာပဲ…

만약에 내가 사랑이 무엇인지 안다면
그것은 당신때문입니다.

တကယ်လို့သာ ကိုယ်က အချစ်ဆိုတာဘာလဲသိသွားရင်အဲဒီအရာက မင်းကြောင့်ပါပဲ

당신처럼 날 사랑해 줄 사람은
이 세상에 아무도 없어요.

မင်းလိုမျိုးကိုယ့်ကိုချစ်ပေးမယ့်သူ
ဒီကမ္ဘာမှာ ဘယ်သူမှမရှိပါဘူး…

당신이 날 사랑해주시기에
나는 숨쉬며 살아갑니다.

ကိုယ်က​တော့ မင်း ကိုယ့်ကိုချစ်တဲ့အချစ်တွေနဲ့
ရှင်သန်နေထိုင်သွားမယ်…

당신과 함께 있는 내 삶은
그 어떤 영화 보다 아름다워요

မင်းနဲ့အတူရှိတဲ့ ကိုယ့်ရဲ့ဘဝကတော့
ရုပ်ရှင်ကားတစ်ကားထပ်တောင်ပိုပြီးလှပတယ်…

당신의 있는 모습
그대로를 사랑합니다.

မင်းရဲ့ဖြစ်တည်မှုတိုင်းကို
မြတ်နိုးသည်…

#마음반창고

안녕하세요. 여러분မင်္ဂလာပါ…오늘은 다른 정,fix 하나를 공부하자고 합니다.ဒီနေ့တော့ တခြား 정(fix) တခုကို လေ့လာကြရအောင်…오늘 어휘는 여러분 외운 후에 쉽게 망각할 수 있는 ...
20/11/2023

안녕하세요. 여러분
မင်္ဂလာပါ…

오늘은 다른 정,fix 하나를 공부하자고 합니다.
ဒီနေ့တော့ တခြား 정(fix) တခုကို လေ့လာကြရအောင်…

오늘 어휘는 여러분 외운 후에 쉽게 망각할 수 있는 낯설은 어휘들입니다.
ဒီနေ့ လေ့လာမယ့် ဝေါဟာရကတော့ ကျက်မှတ်ပြီးနောက် အလွယ်တကူ မေ့​သွားနိုင်တဲ့ မရင်းနှီးတဲ့ ဝေါဟာရတွေဖြစ်ပါတယ်…

이런 어휘들은 최대한 잊지 않게 어떻게 간직할 까요?
ဒီလို ဝေါဟာရတွေကို အတတ်နိုင်ဆုံး မမေ့အောင် ဘယ်လို မှတ်သားကြမလဲ…

개인적으로 제가 공부했던 좋은 방법은 낯설은 어휘를 보면 문장에서 어떻게 찾아 봐서 그 문장 자체로 간직하곤 합니다.
ကျွန်တော် လေ့လာခဲ့တဲ့ ကိုယ်ပိုင် နည်းလမ်းကတော့ မရင်းနှီးတဲ့ ဝေါဟာရတွေကို တွေ့ရင် စာကြောင်းတွေမှာ ဘယ်လိုသုံးလဲ လိုက်ရှာဖတ်ပြီး အဲဒီစာကြောင်းအသုံးအနှုန်းတိုင်း လိုက်မှတ်လေ့ရှိပါတယ်…

이런 방법으로 낯설은 어휘를 익숙해지려고 노력합니다.
ဒီလို နည်းလမ်းတွေနဲ့ မရင်းနှီးတဲ့ ဝေါဟာရတွေကို ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားလေ့ရှိပါတယ်…

비법까지 알려드리니까 외운 후 망각하지 않도록 하세요.^^
လျှို့ဝှက်နည်းလမ်းအထိ ပြော​ပြပေးခဲ့တာမလို့ ကျက်ပြီး မေ့မသွားအောင် ကြိုးစားပါ…


#정

안녕하세요!여러분2024ခုနှစ်အတွင်း Koreaပြည်တွင်းမှာ ကျင်းပမယ့်TOPIK အချိန်စာရင်းလည်း ထွက်လာပြီဆိုတော့ ဖြေဆိုဖို့ ကြိုတင် ပြင်ဆင်...
19/11/2023

안녕하세요!여러분

2024ခုနှစ်အတွင်း Koreaပြည်တွင်းမှာ ကျင်းပမယ့်TOPIK အချိန်စာရင်းလည်း ထွက်လာပြီဆိုတော့ ဖြေဆိုဖို့ ကြိုတင် ပြင်ဆင်ထားချင်တဲ့သူတွေအတွက် TOPIK classလေးတွေ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။

ဒီ Classလေးကို ဘယ်လိုလူတွေ တက်ရောက်သင့်သလဲ?
* Topik II တကြိမ်တခါမှ မဖြေဆိုဘူး၍ အတွေ့အကြုံမရှိသူများ
* တစ်ယောက်တည်း အချိန်သတ်မှတ်ပြီး စာမလုပ်ဖြစ်သူများ
* ဖြေဆိုဖူးသော်လည်း နည်းလမ်းမသိ၍ အချိန်မလောက်သူများ
* မေးခွန်းဟောင်းလေ့ကျင့်မှု့ အားနည်းသူများနှင့် Writing မလေ့ကျင့်ဖြစ်သူများ တက်ရောက်သင့်ပါတယ်

*** အမှန်တကယ် စာလိုက်လုပ်ပြီး Topikဝင်ရောက်ဖြေဆိုလိုသူများသာ***

ဘယ်လိုသင်ကြားပေးမှာလဲ

* level အလိုက် သိထားသင့်သည် grammarများလေ့ကျင့် သင်ကြားပေးခြင်း

* မေးခွန်းနံပါတ်အလိုက် ဖြေဆိုနည်းများ ရှင်းပြပေးခြင်း

* မေးခွန်းဟောင်းနှင့် ဥပမာမေးခွန်းများလေ့ကျင့်ပေးခြင်း

* Writing အတွက် သီးသန့် သင်ကြားလေ့ကျင့်ပေးခြင်း

သတ်မှတ်ချက်!!

Intermediate class တက်ရောက်လိုသူများအနေဖြင့် အနည်းဆုံး Level 3သင်ရိုး သင်ယူပြီးမြောက်ထားသူ ဖြစ်ရပါမည်။

Advanced Class တက်ရောက်လိုသူများအနေဖြင့် အနည်းဆုံး Level 4 သင်ရိုး သင်ယူပြီးမြောက်ထားသူ ဖြစ်ရပါမည်။

안녕하세요.မင်္ဂလာပါ…오늘은 어휘 학습에 대해서 다른 비법 한 가지를 알려드리고 싶은데요.ဒီနေ့တော့ ဝေါဟာရ လေ့လာခြင်းနှင့် ပတ်သတ်ပြီးတော့ တခြားနည်းလမ်း တစ်ခ...
14/11/2023

안녕하세요.
မင်္ဂလာပါ…

오늘은 어휘 학습에 대해서 다른 비법 한 가지를 알려드리고 싶은데요.
ဒီနေ့တော့ ဝေါဟာရ လေ့လာခြင်းနှင့် ပတ်သတ်ပြီးတော့ တခြားနည်းလမ်း တစ်ခုကို ပြောပြပေးချင်ပါတယ်…

어휘를 외운 후에 그 어휘를 활용해서 어휘를 하나씩 연결해서
스토리처럼 만들어 봐요.
ဝေါဟာရကို ကျက်မှတ်ပြီးနောက် အဲဒီ​ဝေါဟာရကို အသုံးပြုပြီး storyပုံစံမျိုး ပြုလုပ်ပြီး လေ့ကျင့်ကြည့်ပါ…

예를 들어 물가가 올라가서 어려움을 겪는 시민들을 위해 어떤 가게가 정가로 판매하지 않고 원가로 판매하겠대요.
ဥပမာ ကုန်စျေးနှုန်းတက်လာလို့ အခက်တွေ့နေတဲ့ ပြည်သူ​တွေအတွက် စျေးဆိုင် တဆိုင်က သတ်မှတ်စျေးအတိုင်း မရောင်းချဘဲ မူရင်း ဝယ်စျေးအတိုင်း ရောင်းချပေးမယ်တဲ့…

그럼 세 단어가 한 문장에 들어가 있죠?
ဒါဆို စာတစ်​ကြောင်းထဲမှာ စကားလုံး ၃လုံး ပါသွားပြီမလား…

오늘은 이만…✍️
ဒီနေ့တော့ ဒီလောက်ပါပဲရှင်

힘들게 공부하는 모습보다 재미있게 공부하는 모습이 더 멋져~
ပင်ပင်ပန်းပန်း လေ့လာနေတဲ့ ပုံစံထက် စိတ်ဝင်တစားလေ့လာနေတဲ့ ပုံစံလေးက ပိုမိုက်တယ်~


안녕하세요.မင်္ဂလာပါ..평일에는 한자를 통해 어휘를 공부하고자 해요.ကြားရက်တွေမှာတော့ Hanjaနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေကို လေ့လာကြရအောင်…한국어를 공부하는 학습자로...
13/11/2023

안녕하세요.
မင်္ဂလာပါ..

평일에는 한자를 통해 어휘를 공부하고자 해요.
ကြားရက်တွေမှာတော့ Hanjaနဲ့ ပတ်သတ်တဲ့ ဝေါဟာရတွေကို လေ့လာကြရအောင်…

한국어를 공부하는 학습자로서 많이 겪었고 한국어를 가르치는 교육자로서도 같은 질문을 몇 번이나 받았어요.
ကိုရီးယားဘာသာစကားကို လေ့လာခဲ့သူတစ်ယောက်အနေနဲ့ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ရပြီး၊ သင်ကြားမျှဝေပေးတဲ့ သူတစ်ယောက်အနေနဲ့ အမြဲတမ်း အမေးခံရတဲ့ မေးခွန်း တစ်ခုရှိတယ်…

그게 뭐냐면 어휘를 외우는데 자꾸 잊어버려요. 잊어버지 않게 어떻게 해야 해요?
ဘာလဲဆိုရင် ဝေါဟာရတွေကို ကျက်ပေမယ့် ကျက်ပြီး မေ့သွားတယ်၊ မမေ့အောင်ဘယ်လိုလုပ်ရမလဲ…

제 답은 인간 뇌니까 망각한 것이 당연한 일이다. 망각하세요.
ကျွန်တော်ရဲ့ အဖြေကတော့ မေ့ပစ်လိုက်ပါ။ လူသား မှတ်ညဏ်ဖြစ်တဲ့အတွက်​ကြောင့် မေ့သွားတာ သဘာဝကျတဲ့ အလုပ် တစ်ခုပါ…

대신 망각하다고 간직하는 것을 포기하지 말고 계속 간직하세요.
အဲဒီအစား ကျက်ပြီးမေ့သွားတာပဲဆိုပြီး ကျက်မှတ်ခြင်းကို မရပ်တန့်လိုက်ဘဲ ဆက်လက် မှတ်သားနေဖို့တော့လိုပါတယ်….

내 몫은 간직하기…
ငါ့တာဝန်က မှတ်သားခြင်း…
뇌 몫은 망각하기…그래야 걔도 새로운 어휘를 보관할 공간이 생기겠지…뇌가 망각하기 전에 우리가 출력해서 이용해야지~
ဦးနှောက်ရဲ့ တာဝန်က မေ့ပစ်ခြင်း … အဲလိုလုပ်မှ သူလည်း နောက်ထပ် အသစ်တွေမှတ်ဖို့ နေရာလွတ် ရှိမယ်မလား…ဦးနှောက်က မမေ့ပစ်ခင် ငါတို့က ထုတ်သုံးဖို့တော့ လိုမယ်လေ~

오늘도 “정”이라는 한자와 관련된 몇 가지 어휘를 준비해 왔는데요.
ဒီနေ့လည်း 정ဆိုတဲ့ hanja အဆက်စပ်ရှိတဲ့ ဝေါဟာရအချို့ကို ပြင်ဆင်လာခဲ့ပါတယ်…


#정

Address

Meiktila

Website

Alerts

Be the first to know and let us send you an email when Korean Language by Yumi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share