Doing small to be great.

Doing small to be great. Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Doing small to be great., Business service, north quarter, mindat, chin state, Mindat.

06/08/2018
27/07/2018

*** အသုံးများသော အတိုင်းအတာများ ***

12လက်မ = 1 ပေ
3ပေ = 1 ကိုက်
22 ကိုက် = 1 သံကြိုး
10 သံကြိုး = 1 ဖာလုံ
8ဖာလုံ =1 မိုင်

16 အောင်စ = 1 ပေါင်
14 ပေါင် = 1 စတုန်
2 စတုန် = 1ကွာတ
4 ကွာတ = 1 ဟန်ဒရိတ်
20 ဟန်ဒရိတ်= 1 တန်

2 ရွေးကလေး = 1 ရွေးကြီး
4 ရွေးကြီး = 1 ပဲ
2 ပဲ = 1 မူး
2 မူး = 1 မတ်
2 မတ် = 1 ငါးမူး
2 ငါးမူး = 1 ကျပ်
16 ပဲ = 1 ကျပ်သား

၃၆ ပရမာဏုမြူ = ၁ အဏုမြူ
၃၆ အဏုမြူ = ၁ လိက္ခာမြူ
၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း
၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး = ၁ နှမ်းလုံး
၎ နှမ်းလုံး = ၁ ဆန်လုံး
၎ ဆန်လုံး = ၁ ချင်းရွေး
၈ ချင်ရွေး = ၁ ပဲ
၅ ပဲ = ၁ မတ်
၂ မတ် = ၁ ငါးမူး
၂ ငါးမူး = ၁ ကျပ်
၅ ကျပ် = ၁ ပို
၂၀ ပို = ၁ ပိသာ

၃ လက်ဘက်ရည်ဇွန်း = ၁ စားပွဲဇွန်း
၂ စားပွဲဇွန်း = ၁ အရည်အောင်စ

၂လမြူ = ၁ လမြက်
၂လမြတ် = ၁ လမယ်
၂လမယ် = ၁စလယ်
၂စလယ် = ၁ခွက်(၄ဘူး)
၂ခွက် = ၁ပြည်(၈ဘူး)
၎ပြည် = ၁စိတ်
၂စိတ် = ၁ခွဲ
၂ခွဲ = ၁တင်း
၁တင်းခွဲ = ၁အိပ်
စပါး ၂၅တင်း = လှည်းတစ်စီးတိုက်
ဆန်တစ်အိပ် = ၁၀၈ ပေါင်

မြန်မာအတိုင်းအတာအခေါ်များ -
၁၀ ဆံချည် = ၁ နှမ်း
၆ နှမ်း = ၁ မုယော
၎ မုယော = ၁ လက်သစ်
၈ လက်သစ် = ၁ မိုက်
၃ မိုက် = ၁ တောင်
၎ တောင် = ၁ လံ
၇ တောင် = ၁ တာ
၂၀ တာ = ၁ ဥသာဘ
၂၀ ဥသာဘ = ၁ ကောသ
၎ ကောသ = ၁ ဂါဝုဒ်
၎ ဂါဝုဒ် = ၁ ယူဇနာ
၁ ယူဇနာ = ၁၂ မိုင် ၆ ဖာလုံ ၄ သံကြိုး

၁ တောင် =၁ ပေခွဲ
၁ လံ = ၆ ပေ
၁ မိုက် = ၆ လက်မ
၁ ထွာ = ၉ လက်မ

°F = 1.8 °C+32 (°F to °C)
K =°C +273 (K to °C )

Processor or Virtual Storage
1 Bit = Binary Digit
8 Bits = 1 Byte
1024(B) Bytes = 1 Kilobyte (KB)
1024(KB) Kilobytes = 1(MB) Megabyte
1024(MB) Megabytes = 1(GB) Gigabyte
1024(GB) Gigabytes = 1(TB) Terabyte

Disk Storage
1 Bit = Binary Digit
8 Bits = 1 Byte
1000 (B)Bytes = 1(KB) Kilobyte
1000(KB) Kilobytes = 1 (MB)Megabyte
1000(MB) Megabytes = 1(GB) Gigabyte
1000 (GB)Gigabytes = 1(TB) Terabyte

1000 millisecond = 1 second
1000000 microsecond = 1second
1000000000 nanosecond = 1second

1 kilohertz = 1000 hertz
1megahertz = 1000 kilohertz
1 gigahertz = 1000 megahertz

A1 594 x 841 mm 23.4 x 33.1 in
A2 420 x 594 mm 16.5 x 23.4 in
A3 297 x 420 mm 11.7 x 16.5 in
A4 210 x 297 mm 8.3 x 11.7 in
A5 148 x 210 mm 5.8 x 8.3 in
A6 105 x 148 mm 4.1 x 5.8 in
A7 74 x 105 mm 2.9 x 4.1 in
A8 52 x 74 mm 2.0 x 2.9 in
A9 37 x 52 mm 1.5 x 2.0 in
A10 26 x 37 mm 1.0 x 1.5 in
Letter 216 x 279 mm 8.5 x 11.0 in 1:1.2941
Legal 216 x 356 mm 8.5 x 14.0 in 1:1.6471

Units of Length
1 centimetre (cm)= 10 millimetres(mm)
1 metre(m) = 100 centimetres(cm)
1kilometre(km)= 1000 metres(m)
1Inch = 2.54 centimeter
1 m = 3.28 ft
1mile = 1.6090 Km

1 gram (g) = 1,000 milligrams(mg)
1 kilogram (kg) = 1,000 grams (g)

1 Liter (L) = 1000 grams(g)
1 Liter (L) = 1000 milliliter(ml)
1 Liter (L)=1.057 quarts(qt)
1 milliliter(ml) = 1 cubic centimeter (cc)
1 gram(g) = 1 cubic centimeter (cc)
1 pound (lb)= 453.59 grams(g)
2.21 pounds = 1 kilograms
၁ တန် = ၂၂၄၀ ပေါင်
၁ ပိသာ = ၃.၆ ပေါင်
ဘိလပ်မြေ၁ အိတ် = ၁၁၂ ပေါင်
1Gallon = 2 Viss ( ပိသာ )
1 gallon = 4 quarts
1 gallons = 3.785 liters
၁ ကျပ်သား = ၁၆.၃၂၉၃ ဂရမ်

Sand & Stone
၁ ကျင်း = ၁၀၀ ကုဗပေ
အလျားxအနံxအမြင့် မြှောက်ကာ ကျင်းဖွဲ့တွက်သည်။

Wood
1 ton = 50 cft
အသား ၅၀ကုဗပေ ကို တစ်တန် ဟုတွက်သည်။

လက်သမားတွက် သစ်တစ်တန်
ထု ၂၀ လက်မ × ဗြက် ၂၀ လက်မ ×အရှည် ၁၈ ပေ
(သို့)
၄၀၀ လက်မ × အရှည် ၁၈ ပေ
ကိုတစ်တန်ဟုတွက်သည်။

(ကျသင့်ငွေ=ထု×ဗြက်×အရှည်×1တန်တန်ဖိုး×အချောင်းရေ÷7200)

ဥပမာ 1တန် 720000ဖြင့် 4" 2" အရှည် 9ပေ အချောင်း 50 တန်ဖိုးရှာရန်
ကျသင့်ငွေ=4×2×9×720000×50÷7200 ကျပ်
=360000 ကျပ်

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၁ ဧကရှိသော စတုရန်းပုံအနားတစ်ဖက် = ၂၀၈.၇၁ပေ(၂၀၉)
၁ ဧကရှိသော စတုရန်းပုံ ပတ်လည်အနား = ၈၃၄.၈၄ ပေ(၈၃၆)

"မြေဧက ဖွဲ့ နည်း - တွက်နည်းများ" (SV)

* တစ် ဧက = ၄၃၅၆၀ စတုရန်းပေ
တစ် ဟက်တာ = ၂.၄၇ ဧက
တစ် စတုရန်းမိုင် = ၆၄၀ ဧက

* လေးနားညီ စတုရန်း=
အလျား ၂၀၈.၇၁ ပေ x အနံ ၂၀၈.၇၁ ပေ။

* နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560

* နှစ်နားပြိုင် တြာဗီဇီယံ =
ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560

* တြိဂံ = ၀.၅xအခြေxအမြင့် ÷ 43560

* ထောင့်မှန် တြိဂံ -
အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560

* စက်ဝိုင်း -
အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560
(သို့)
စက်ဝိုင်း -
အချင်းxအချင်းx .၇၈၅၄ ÷ 43560

* ပုံသေ မြှောက်ကိန်း ၀.၇၈၅၄
ဝ.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို
(အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။

အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ =
စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက်
ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

Credit - Chit Oo Maung

19/07/2018

"ကျားမ​လေး​တွေနဲ့ ထင်​တိုင်းမ​ပေါက်​ခဲ့တဲ့
တတိယပင်​လုံ"
Credit Chan Aye
--------------------------------------
အခြေခံမူ ၁၄ ချက်ကို အခါ ၂၀ လောက်ဖတ်လိုက်မိတယ်။ အထူးသဖြင့် နိုင်ငံရေး ခေါင်းစဉ်အောက်က ၄ ချက် မှာ ကျားမ တန်းတူ ဘာညာ ၄ ချက်တွေ့တယ်။ ဖတ်လိုက်တယ်။ အဲ့ gender equality ကို political heading ​အောက်​မှာ main category ဖြစ်​ရုံသာမက ဒီညီလာခံကြီး တစ်​ခုလုံးရဲ့ political negotiation ရဲ့ end result က ဒါပါ ဆိုပြီး ပါလာ​အောင်​ ဘယ်​သူ​တွေ က ဘယ်​လိုများ drive လုပ်​လိုက်​သလဲ။ ​အောက်​ကလည်း လက်​မှတ်​​တွေ တန်းစီပြီး ဘယ်​လိုများ ထိုးလိုက်​ကြသလဲ ကိုယ်​လည်း စားပွဲထိုး ​တောင်​ ဝင်​လုပ်​ခွင့်​မရ​တော့မသိ။ ထားပါ​တော့။ VOA interview ဆက်​ နားထောင်လိုက်တယ်။
စိတ်ထဲမှာ ဆို့တက်လာတယ်။

VOA က သုံးယောက်ကိုမေးတယ်။ငြိမ်းချမ်း​ရေး ကော်မရှင်အတွင်းရေးမှူးက ဖြေတယ်။ lack of confidence or less confidence ကြောင့်တဲ့။ very valid point ပါ။ အပြည့်အဝလက်ခံတယ်။ ဆိုတော့ မေးစရာပေါ်လာတာက CBM or Confidence Building Measures လို့ခေါ်တဲ့ ယုံကြည်မှုတည်ဆောက်ရေး နည်းလမ်းအသွယ်သွယ်ထဲက ဘယ်နည်းလမ်းကိုများ ဒု ပင်လုံနဲ့ တ ပင်လုံ ကြားကာလ ၁ နှစ်မှာ ဆောင်ရွက်ခဲ့ပါသလဲ။

ဒါက မေးခွန်း နံပါတ် ၁ ပါ။ ဘာလို့ အဲလိုမေးလဲ? ရှင်းပါတယ်။ အဲ့ ယုံကြည်မှုဆိုတာကြီး မရှိလို့ နှစ် ၇၀ ကျော် သတ်ဖြတ် ပစ်ခတ်လာတာလေ။ ဒါ ကြီးက စာမေးပွဲတိုင်း မေးနေကျ မေးခွန်းကြီးလို နှစ်တိုင်းမေးနေကျ old question ကြီး။ တကယ် စဉ်းစားရမှာက အဲ့ ယုံကြည်မှုဆိုတာကြီးရှိလာအောင် ဘယ်လို တည်ဆောက်မှာလဲ။

နံပါတ်နှစ် VOA ကဒဲ့မေးတယ်။ technical support team က ဆရာမကို။ အမျိုးသမီးတွေကိုဖွဲ့စည်းပုံမှာ အထွေအထူး ချုပ်ခြယ်ကန့်သတ်ထားတာမရှိဘဲ အဲဒါကြီး conference မှာဇွတ်တွေ drive လုပ်​ပြီး နိုင်ငံရေးခေါင်းစဉ်အောက် ထည့်တဲ့အပေါ် ဝေဖန်နေကြတာကို ဘယ်လိုထင်ပါသလဲတဲ့။ နားအေးရော။ဆလိမ် ဆရာမ ထထမကနိုင်တော့ဘူး။ ဖြေရခက်ပြီလေ။ ဥပဒေပြုရေးမှာ အမျိုးသမီးဘယ်နှစ်ရာခိုင်နှုန်းပဲရှိတယ်တွေ။ အမျိုးသားတွေကိုပဲ support လုပ်ပေးနေရတယ်တွေ ဖြစ်ကုန်ရော။ မေးပါရစေ။ အမျိုးသမီးတွေနေရာမရဘူးဆိုတာကို State Counsellor ကိုရှေ့ထားပြီး ဘယ်လို ကျိုးကြောင်းဆင်ခြင်မှုနဲ့များ ပြောနေတာလဲ။ ဒါ အထင်ရှားဆုံး ဥပမာ တစ်ခုကိုပြောတာ။ တစ်ခြားနယ်ပယ်တွေမှာ ဦးဆောင်နေတဲ့ အမျိုးသမီးတွေ မြန်မာနိုင်ငံမှာ အများကြီး။မနေ့တစ်နေ့ကမှ ကားမောင်းခွင့်ပြုတဲ့ နိုင်ငံနဲ့များမှားနေလားတော့မသိ။ ထားပါတော့ ။ ဆရာမကို အကြံပြုချင်တာက ဒီအချိန်ဟာ ခေါင်အကြောင်း ပြောပြီး ဓနိမိုးမလား အုတ်ကြွပ်မိုးမလားစဉ်းစားနေတဲ့ အချိန်မဟုတ်ဘူး။ ပိုင် ဘယ်လိုရိုက် အုတ်မြစ်ဘယ်လိုချမလဲ စဉ်းစားနေတဲ့ အဆင့်ပဲရှိသေးတယ်။ အရေးကြီးတဲ့ မူဘောင်တွေသဘောမတူသေးဘဲ အဲ့ဒီ နှမ်းဖြူးတဲ့ စကားရပ်တွေနဲ့ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ တည်ဆောက်လို့ ဘယ်လိုမှ မရဘူး။ တကယ်ဆို ဆရာမ လက်ရှိ ရထားတဲ့ role က အရမ်းအရေးကြီးတဲ့ role ပါ။ ကုသိုလ်လည်း အရမ်းရပါတယ်။ သို့ပေငြား technical sequencing လို့ ခေါ်တဲ့ ကိုယ့်အထက်က သက်ဆိုင်ရာ decision maker ​တွေအဆင်သင့် သုံးသပ်စဉ်းစားဆုံးဖြတ်လို့ရအောင်အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေကို အစဉ်တန်းပေးခြင်း ကိစ္စကို မကျွမ်းကျင်ဘူးဆိုရင်တော့ဖြင့် ဆရာမလုပ်သမျှ သဲထဲရေသွန် ဖြစ်မှာစိုးပါတယ်။

So all the best and good luck ပါ ဆရာမ!

နောက်တတိယအချက်က Dr ဆလိုင်းပြောသွားတာ ကွက်တိပါပဲ။ မှန်ပါတယ်။ အပြည့်အဝထောက်ခံပါတယ်။

Democratic federalism ဆိုတာပြည်သူကို အခြေခံတယ်။ ဒီမူဘောင်အောက်ကပဲ လုံခြုံရေးကဏ္ဏပြုပြင်ပြောင်းလဲရေးတွေ အဲဒါနဲ့ တစ်ဆက်တည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွေလုပ်ရမယ်။ အဲလိုမှမလုပ်နိုင်ရင် ငြိမ်းချမ်းရေး အာမခံချက်ဆိုတာ မရှိလာနိုင်သေးဘူးတဲ့။

အဲ့ထက်​ရှင်းတာ မရှိပါဘူး။ မှန်​ပါတယ်​။ အဲဒီမှာ တကယ့်​ စကားရပ်​ပိုင်းဆိုင်​ရာ ကိစ္စဖြစ်​တဲ့ notional issue ဖြစ်​တဲ့ federalism ကို ညှိတဲ့အခါမှာ technically က​တော့ ပြည်​​ထောင်​စုဆိုတဲ့အတိုင်း ခွဲမထွက်​ဘဲ ဆက်​သွားကြစို့ဆိုတဲ့ တူညီတဲ့ နိုင်​ငံ​ရေးခံယူချက်​နဲ့ concession အရှင်​​တွေကို သုံးပြီး federalism ​အောက်​မှာ power sharing and resource sharing ကို တစ်​ပြိုင်​နက်​ ညှိဖို့ပါပဲ။ အဲလို ညှိဖို့ကလည်း federalism ဆိုတာ one-size-fits-all idea မဟုတ်​ပါဘူး။ နိုင်​ငံအများကြီး က လုပ်​ပြီးသားပါ။ ကိုယ့်​​ရေခံ​မြေခံနဲ့ ကိုက်​တာကို နှစ်​ဖက်​သ​ဘောတူညီချက်​နဲ့ ထုတ်​ယူအသုံးပြုနိုင်​ဖို့ပါပဲ။

ဒါက စားပွဲ​ပေါ်မှာ လုပ်​ရမယ့်​ အပိုင်း။ အဲလို စားပွဲ​ပေါ်မှာ Federalism ​တွေ Security Sector Reform ​တွေ Constitutional Amendment ​တွေကို အ​ကျေအလည်​ ​ပြောချင်​တဲ့စိတ်​​ကောင်း​စေတနာ​တွေ ဖြစ်​လာဖို့အတွက်​ ကျွန်​​တော့်​အမြင်​က လို​နေတဲ့ ကွင်းဆက်​တစ်​ခုရှိပါတယ်​။ အဲဒါက​တော့ လက်​ရှိ NCA မှာ တိတိကျကျ ထည့်​သွင်း​ဖော်​ပြထားခြင်း မရှိတဲ့ key element တစ်​ခုဖြစ်​တဲ့ DDR ဖြစ်​ပါတယ်​။ ဒါဟာလည်း အ​ပြောလွယ်​သ​လောက်​ အလုပ်​ခက်​တဲ့ကိစ္စပါ။ သပ်​သပ်​​ဆွေး​နွေးပါမယ်​။ DDR ဆိုတာ Disarm, Demobilise and Reintegrate လို့​ခေါ်တဲ့ ငြိမ်းချမ်း​ရေး​ဆွေး​နွေးမှု​တွေအတွက်​ ပဓာန အကျဆုံး အချင်းအရာ ၃ ရပ်​ပါ။ အဲဒါ မပါတဲ့ NCA ဟာ တည့်​တည့်​​ပြောရရင်​ Plastic NCA ပါပဲ။

ခြုံငုံ​ပြောရရင်​ ဆရာ ဦးလှ​မောင်​​ရွှေ ​ပြောသွားတဲ့ CBM လို့​ခေါ်တဲ့ ယုံကြည်​မှုတည်​​ဆောက်​​ရေးရယ်​။ NCA ကို အ​ခြေပြုတဲ့ DDR ရယ်​။ တကယ့်​ စားပွဲတင်​ အ​ကြောင်းအရာ​တွေဖြစ်​တဲ့ Federalism ​တွေ SSR ဆိုတာ​တွေရယ်​က သုံးနားညီ တြိဂံတစ်​ခုရဲ့ ထိပ်​စွန်းမှတ်​​တွေလိုပါပဲ။ အပြန်​အလှန်​ အမှီသဟဲပြု အကျိုးပြု​နေပါတယ်​။ ဒါ ကျွနိ​တော်​ထွင်​ပြီး ​ပြောတာ မဟုတ်​ပါဘူး။ နိုင်​ငံအသီးသီးမှာ testimonies ​တွေရှိပါတယ်​။

အဆုံးသတ်​​ပြောချင်​တာက​တော့ ငြိမ်းချမ်း​ရေးက ​ရွေ့​နေပါပြီ။ အရမ်း​ကောင်းပါတယ်​။ ပို​ကောင်းချင်​ရင်​ ထပ်​လုပ်​သင့်​တာတစ်​ခုက ကျွန်​​တော်​တို့ လုံးဝ အ​ရေးမကြီးဘူးထင်​တဲ့၊ လျစ်​လျူ ရှုထားတဲ့၊ ပိုရှင်း​အောင်​ ​ပြောရရင်​ လူကုန်​မခံ၊ အချိန်​ကုန်​မခံ၊ ​ငွေကုန်​မခံတဲ့ ငြိမ်းချမ်း​ရေးတည်​​ဆောက်​မှုဆိုင်​ရာ သုတေသနနှင့် နည်းလမ်းသစ်​ ရှာ​ဖွေ​ဖော်​ထုတ်​​ဆောင်​ရွက်​​ရေး လို့​ခေါ်တဲ့ Research & Development (R & D) ပါပဲ။ အဲဒါမရှိလို့မရပါဘူး။ R and D ဟာ positive peace အတွက်​ accessory မဟုတ်​ပါဘူး။ necessity ဖြစ်​ပါတယ်​။ ငြိမ်းချမ်း​ရေးအတွက်​ practical element. ဖြစ်​တဲ့ ညီလာခံ​တွေ ကြားကာလ​ဆွေး​နွေးမှု​တွေကို ​ပေးတဲ့အချိန်​ ထည့်​တဲ့အားရဲ့ တစ်​ဝက်​​လောက်​ အဲ့ practicality ကို ပို မြန်​နှုန်းမြင့်​​စေမယ့်​ R and D ကို လူသုံးပါ။ ​ငွေသုံးပါ။ အချိန်​​ပေးပါ။ ငြိမ်းချမ်း​ရေး အ​ရွေ့ပိုမြန်​လာပါလိမ့်​မယ်​။

တစ်​လက်​စတည်း အဲလို R and D ကို ချိတ်​ဆက်​​ဆောင်​ရွက်​နိုင်​မယ့်​ ကမ္ဘာ့အဆင့်​ Institution တစ်​ခု ညွှန်းပါမယ်​။ US မှာရှိတဲ့ Notre Dame University မှာ Kroc Institute ဆိုတာရှိပါတယ်​။ သူတို့ဆီမှာ Peace Accords Matrix (PAM) အပါအဝင်​ တစ်​ခြား​သော academic tools ​တွေ အများကြီး ရှိပါတယ်​။ အလားတူ နော်​​ဝေ၊ ဒိန်းမတ်​၊ ဆွစ်​ဇာလန်​ စတဲ့ နိုင်​ငံ​တွေမှာလည်း institutions ​တွေအများကြီး ရှိပါတယ်​။

So...မြန်​မာပြည်​ကြီး ငြိမ်းချမ်းပါ​​စေ !

Credit Chan Aye

12/06/2018

အင်္ဂလိပ်စာ ဘာသာပြန်နည်း
================

ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ဝါကျတွေဟာ Basic Sentence 5 မျိုးထဲက မထွက်ပါဘူးတဲ့။

(1) Basic Sentence 5 မျိုး

1. S + V [S = Subject (ပြု/ဖြစ်/ရှိသူ//ကတ္တား၊ V = Verb (တြိယာ)]

Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခု ရေးလို့ရတယ်။ ဥပမာ-
1.Ma Ma comes.
(မမက S, comesကV)
(မမသည် လာသည်။)လို့ အဓိပ္ပာယ်ကောက်ပါတယ်။
2.Ko Ko looks. ကိုကိုက ကြည့်သည်။
(ကိုကိုသည်)အစား (ကိုကိုက)လို့ (က)နဲ့ပြောင်းကောက်ပါတယ်။
3.Ma Ma smiles. မမမှာ ပြုံးသည်။
ဒီဝါကျမှာလည်း (မမသည်)အစား (မမမှာ)လို့ (မှာ)နဲ့ ပြောင်းကောက်ပါတယ်။ ဘာလို့ဆိုတော့ မြန်မာသဒ္ဒါမှာ ကတ္တားဝိဘတ်ရဲ့ သာဓကဟာ (သည်၊ က၊ မှာ)ဖြစ်လို့ပါ။ ကတ္တားဆိုတာ S(ပြုသူ/ဖြစ်သူ/ရှိသူ) မဟုတ်ပါလား။ ဒါ့ကြောင့်

S ကို (သည်၊ က၊ မှာ)နဲ့ကောက်ပါ။

2. S + V + C (C=Complement=ဖြည့်ဖက်)

(1)ဝါကျအရ Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခုဖြစ်တယ်တဲ့။ ဒါဆိုရင်
They are. They က S, are က V
အဓိပ္ပာယ်ကောက်ကြည့်တော့ (သူတို့သည် ဖြစ်သည်။) ဘာဖြစ်မှန်းမသိ။
ဘာဖြစ်မှန်းသိအောင် တစ်ခုခုဖြည့်ပေးရမယ်။ ဒါကြောင့် They are နောက်မှာ readers, စာဖတ်သူများကို ထည့်လိုက်တယ်။ readersဟာ လိုလို့ဖြည့်ပေးရတာဖြစ်လို့ C(Complemet-ဖြည့်ဖက်)ပေါ့။

1.They are readers. သူတို့သည် စာဖတ်သူများ ဖြစ်သည်။ (readers=N)
Cနေရာမှာ Nအပြင် Adjနဲ့ Advကိုလည်း ဖြည့်လို့ရပါတယ်။
2.They are beautiful. သူတို့သည် လှပသည်။ (beautiful=Adj)
3.They are here. သူတို့သည် ဒီမှာ ရှိသည်။ (here=Adv)
ဒါကြောင့် Cနေရာမှာ (N,Adjနဲ့Adv)တို့ကို ထည့်နိုင်ပါတယ်။ ဒါ့ကြောင့်

(C ---> N/Adj/Adv)

3. S + V + O [O = Object (ခံရသူ)]

ဒီမှာလည်း (1)ဝါကျအရ Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခုဖြစ်တယ်ဆိုပေမယ့်
I know. ငါသည် သိသည်။ ဘာကို သိတာလဲ။ သိခြင်းခံရတဲ့ တစ်ခုခု ထပ်ထည့်ပေးရပါမယ်။ ဒီတော့ I knowနောက်မှာ Mg Mgကို ထည့်လိုက်ပါတယ်။

I know Mg Mg. ငါသည် မောင်မောင်ကို သိသည်၊ ပေါ့။ ဒါကြောင့်

Oကို (ကို)နဲ့ ကောက်ပါ။ မြန်မာသဒ္ဒါမှာလည်း ကံဝိဘတ်ရဲ့ သာဓကဟာ (ကို)ပါ။

4. S + V + IO +DO

(3)ဝါကျက (O)ကို (IOနဲ့ DO)လို့ နှစ်ခု ထပ်ခွဲလို့ ရပါတယ်။
IO = Indirect Object (တစ်ဆင့်ခံရသူ၊ များသောအားဖြင့်၊ သက်ရှိ)
DO = Direct Object (တိုက်ရိုက်ခံရသူ၊ များသောအားဖြင့်၊ သက်မဲ့)

(3)ဝါကျပုံစံအရ She gives me.လို့ ရေးလိုက်ရင် (သူမသည် ငါ့ကို ပေးသည်။)ဆိုတော့ (ဘာပေးတာလဲ။) နောက်ထပ်အပေးခံရတာ တစ်ခုခုရှိရဦးမှာပေါ့။ ဒီတော့ (books)ကို ထပ်ထည့်လိုက်ပါတယ်။

1.She gives me books.
သူမသည် ငါ့ကို စာအုပ်များကို ပေးသည်။
(ငါ့ကိုမှာ) (ကို)တစ်လုံး၊ (စာအုပ်များကို)မှာ (ကို)တစ်လုံး၊ စုစုပေါင်း(ကို)နှစ်လုံး ဖြစ်နေတော့ (စာအုပ်များကို)က (ကို)ကို ဖြုတ်ပြီး
(သူမသည် ငါ့ကို စာအုပ်များ ပေးသည်။)လို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။

နောက်ပြီး ဒီဝါကျမှာ me က IO,သက်ရှိ၊ books က DO,သက်မဲ့ပါ။ IOနဲ့DOကို နေရာပြောင်းပြီး ရေးချင်ရင် DOနဲ့IOကြားမှာ to သို့မဟုတ် for ခံပေးရပါတယ်။ အဲ့တော့
She gives books to me.ပေါ့။ ဒါ့ကြောင့်
(DO ရှေ့တင် ရေးလိုလျှင် IOရှေ့တွင် to/for ၀င်)လို့ မှတ်နိုင်ပါတယ်။

2.Father bought me books.
အဖေသည် ငါ့ကို စာအုပ်များ ၀ယ်ပေးခဲ့သည်။ IO-meနဲ့ DO-booksကို နေရာပြောင်းရေးရင်
Father bought books for me.ပေါ့။

5. S + V + O + C

(3)ဝါကျ (S V O)အရ
Kyar Si makes us.လို့ရေးရင်
ကြာစိက ငါတို့ကို လုပ်သည်၊ ပေါ့။
ကြာစိက ငါတို့ကို လုပ်တော့လုပ်နေပြီ၊ ဘာလုပ်မှန်းမသိ၊ ဒီတော့ ဘာလုပ်လဲသိအောင် happyဆိုတဲ့ adjတစ်လုံး ဖြည့်လိုက်ပါတယ်။

Kyar Si makes us happy.
ကြာစိသည် ငါတို့ကို ပျော်အောင် လုပ်သည်။ (happyက လိုလို့ဖြည့်ထားတဲ့ Cပေါ့။)

Adverb(Adv)
Basic Sentence 5မျိုးမှာ Advအတွက် သီးသန့်နေရာ မရှိပါ။ 2နှင့်5ဝါကျတွေက Cနေရာတွေမှာသာ Adv ထည့်လို့ရပါတယ်။ 1,3,4တွင် Adv ထည့်လိုရင် Vနှင့်ကပ်၍ ထည့်ရပါမယ်။ ဒါကြောင့်

[lyပါရင် Adv , Advဆိုရင် Vနှင့်ကပ်ထား၊
Vရှေ့Vနောက် Helping Verbနောက်၊
Advကပ်ပြီးရောက်။]လို့ မှတ်နိုင်ပါတယ်။

Helping Verb (HV)

1. Verb to be (is,am,are,was,were)
2. Verb to do (do,does,did)
3. Verb to have (has,have,had)
4. Model Verb (will,would,shall,should,can,could,may,might,must)

1.I go. (S+V)ဝါကျ
I usually go. (Vရှေ့မှာ Advထားပုံ)
I go quickly. (Vနောက်မှာ Advထားပုံ)
2.They are good.(S+V+C)ဝါကျ
They are equally good. (HVနောက်မှာ Advထားပုံ)

ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ Basic Sentence 5မျိုးကိုသုံးပြီး ဝါကျတွေရေးရင် ဝါကျတိုတိုလေးပဲ ရပါမယ်တဲ့။ ဝါကျရှည်တွေကို ရေးချင်ရင် Phraseနဲ့ Clauseတွေသုံးပြီး ရှည်အောင်လုပ်ရပါတယ်တဲ့။ Phraseနဲ့ Clauseအကြောင်း ဆက်ရေးပါဦးမည်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&(&
အင်္ဂလိပ်စာ ဘာသာပြန်နည်း(၂)

ဒီဘာသာပြန်နည်းကို ကျနော်က ဘာသာပြန်ရမှာကို သေအောင်ကြောက်တဲ့၊ အသံထွက်ကိုပဲ အလွတ်မှတ်ပြီး E to E အလွတ်ကျက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပါတယ်။ ဒီနည်းကို ရသွားတာကလည်း သူတို့နားမလည်တာကို နည်းအမျိုးမျိုးနဲ့ ရှင်းရင်းကနေ ကျနော့်ဆရာဦးမြကြိုင်ရဲ့နည်းကို အခြေခံပြီး ထပ်ဆင့်ထားတဲ့နည်းကို ရလိုက်တာပါ။ တစုံတခု အမှားအယွင်းရှိပါက ကျနော့်ရဲ့ ချို့ယွင်းချက်သာ ဖြစ်ပါတယ်။

(2) Phrase(ph) စကားစု

A phrase is a group-word.
စကားစုတစ်ခုသည် စကားလုံးအုပ်စုတစ်ခု ဖြစ်သည်။

Ph(2)မျိုးရှိပါတယ်။
1. Prep မပါတဲ့ Ph
2. Prep ပါတဲ့ Ph
(ဒါက အလွယ်မှတ်လိုက်တာပါ။ အမှန်တကယ်က
1. Noun Phrase
2. Adjective Phrase
3. Adverb Phrase ဟူ၍ ၃မျိုး ရှိပါတယ်။)

1)Prep မပါတဲ့ Phတွင်
1.ND + N
2.Adj + N
3.ND + Adj + N
4.V3
5.V4 တို့ ပါဝင်ပါတယ်။

NDတွင်
(a, an, the
one, two, three, ...
first, second, third, ...
such, other, another
any, many, much, more
some, few, little, all, no
most, less, least, enough
several, last
either, neither မှတ်။
this, that, these, those, each, every။
my, our, your, his, her, its, their, 's)
တို့ပါဝင်ပါတယ်။ စုစုပေါင်း ၄၃လုံးရှိပါတယ်။ ကဗျာလိုရွတ်လို့ကောင်းအောင် စီထားပါတယ်။

Article (a, an, the)အတွက် ယေဘုယျအသုံးကို မှတ်သားရန်မှာ

၁။ Countable Noun(CN) အနည်းကို
(a, an, the) မပါဘဲ မရေးရ။ ဥပမာ -
ခွေး = the dog
ခွေးတစ်ကောင် = a dog
ပန်းသီး = the aple
ပန်းသီးတစ်လုံး = an apple

၂။ Countable Noun(CN) အများနှင့် Uncountable Noun(UN) ကို
(၁) the မပါဘဲ ရေးသည်။ (၂) the နှင့် တွဲရေးသည်။ (a,an လုံးဝမသုံးရ။) ဥပမာ -
ခွေးများ = (၁)dogs (၂)the dogs
ရေ = (၁)water (၂)the water

1.ND + N = the girl
(girlတစ်လုံးတည်းဆို Nပါ။ ဒါပေမယ့် theနဲ့တွဲလိုက်တော့ theရယ် girlရယ် စကားလုံး၂လုံးပေါင်းထားတဲ့ စကားစု-phဖြစ်သွားပါတယ်။ စကားလုံးတစ်လုံးထက် ပိုနေရင် Ph-စကားစုပါပဲ။) (ဥပမာ၂- my sister)
2.Adj + N = pretty girl
(pretty girl ကလည်း prettyနဲ့ girl စကားလုံး၂ခုပေါင်းထားတဲ့ phပေါ့။)
3.ND + Adj + N = the pretty girl
(theရယ် prettyရယ် girlရယ် စကားလုံး၃လုံးပေါင်းထားတဲ့ စကားစု-Phပေါ့။)

Ph-စကားစုတွေကို
1. Sနေရာ
2. Oနေရာ
3. Cနေရာတွေမှာ ထည့်သုံးပါတယ်။ ဒါ့အပြင် 4. Basic Sentence ၅မျိုးနောက်မှာ အပိုထည့်ပြီးတော့လည်း သုံးပါတယ်။ (အပိုသုံးပုံကို To+V1အကြောင်းမှာ ရှင်းထားပါတယ်။)

1. The pretty girl is my sister.လို့ (S V C)နဲ့ ဝါကျဖွဲ့လိုက်ပါတယ်။ Sနေရာမှာ The pretty girl-phနဲ့ Cနေရာမှာ my sister-phတို့ကို သုံးထားတာတွေ့ရပါမယ်။

2. I do my homework. (S V O)
(Oနေရာမှာ my homework-phကို သုံးထားပါတယ်။)

Prepမပါတဲ့ Phထဲမှာပါတဲ့ V3နဲ့ V4က Prepပါတဲ့ Phထဲမှာလည်း ပါလို့ V3နဲ့ V4အကြောင်းကို Prepပါတဲ့ Phအကြောင်းကျမှ ဆက်ရှင်းပါမယ်။

2)Prepပါတဲ့ Ph

Prepပါတဲ့ Phတွင်
1.To+V1
2.V3
3.V4နှင့်
4.အခြားprepပါတဲ့ Phများ ပါဝင်ပါတယ်။
(V3နှင့်V4က Prepမပါတဲ့ Phတွင်လည်း ပါ,ပါတယ်။)

Prepပါတဲ့ Phဆိုတော့ prepအကြောင်း ဦးစွာပြောရပါမယ်။
Prep=Prepositon (e.g. in,on,at,...)

(in the room=အခန်းထဲမှာ)
inရယ် theရယ် roomရယ် စကားလုံး၃လုံးပေါင်းထားတဲ့ prepပါတဲ့ phပါ။ ဒီphမှာ inကို သူ့ရဲ့မူရင်းအဓိပ္ပာယ် (အထဲမှာ)နဲ့ ကောက်လို့ရပါတယ်။

1.The boy in white shirt is Ko Ko.

ဒီဝါကျမှာ (The boy in white shirt) က S ပါ။ အဲ့(S)မှာ (The boy)က prepမပါတဲ့ ph, (in white shirt)က prepပါတဲ့ phပါ။
(in white shirt)ကို (ရှပ်အင်္ကျီအဖြူရောင်အထဲမှာ)လို့ကောက်ပြီး (The boy)နဲ့ တွဲလိုက်ရင် (ရှပ်အင်္ကျီအဖြူရောင်အထဲမှာ ကောင်လေး)ဖြစ်သွားတော့ (inကို မူရင်းအဓိပ္ပာယ်(အထဲမှာ)နဲ့ ကောက်လို့ မရတော့ပါ။ အဲ့တော့ (in)ကို [၀တ်ထားသော (သို့မဟုတ်)နဲ့] ဖြင့် ကောက်ရပါမယ်။ အဲ့တော့ (in white shirt)ကို (ရှပ်အင်္ကျီအဖြူရောင်ဝတ်ထားသော) သို့မဟုတ် (ရှပ်အင်္ကျီအဖြူရောင်နဲ့)လို့ ကောက်ရပါမယ်။
(The boy in white shirt)လို့ Ph၂ခုပေါင်းလိုက်ရင် (ရှပ်အင်္ကျီအဖြူရောင်ဝတ်ထားသော/နဲ့ ကောင်လေး)လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့
(The boy in white shirt is Ko Ko.)ကို
အဓိပ္ပာယ်ကောက်ရင်
(ရှပ်အင်္ကျီအဖြူရောင်ဝတ်ထားသော/နဲ့ ကောင်လေးသည် ကိုကို ဖြစ်သည်။)ပေါ့။

2. The tiger in the forest is wild.
ဒီဝါကျမှာ (in the forest) က (in) ကို (အထဲမှာ)နဲ့ ကောက်ရင် အဆင်မပြေပါ။ (အထဲက)လို့ ကောက်မှ အဆင်ပြေပါတယ်။ (The tiger in the forest)ဆိုတော့ (တောထဲကကျား)ပေါ့။
ဒီဝါကျတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကတော့
(တောထဲကကျားသည် ရိုင်းသည်။)ပေါ့။

ဒီတော့ ကောက်ချက်ချရရင်
၁။ prepတွေ့ရင် မူရင်းအဓိပ္ပာယ်နဲ့ ကောက်ပါ။ မရရင်
၂။ (သော၊ က၊ နဲ့)ကောက်ပါ။

1. To+V1(e.g. to meet)

1.I come to meet you.
မင်းကို (တွေ့ရန်/ဖို့/အောင်) ငါ လာတယ်။
2.It is nice to meet you.
မင်းကို (တွေ့ရတာ) ၀မ်းသာပါတယ်။
3.To meet is to part.
(တွေ့ဆုံခြင်း)သည် ခွဲခွာခြင်း ဖြစ်သည်။

to meet ဆိုတဲ့ to+V1 ကို (1)ဝါကျမှာ (တွေ့ရန်၊ တွေ့ဖို့၊ တွေ့အောင်)နဲ့ ကောက်ပါတယ်။ (2)ဝါကျမှာ (တွေ့ရတာ)နဲ့ (3)ဝါကျမှာတော့ (တွေ့ဆုံခြင်း)လို့ ကောက်ပါတယ်။ ဒါကြောင့် (တွေ့)ကို ဖယ်ပြီး (to+V1)မှာ (ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း)ဆိုတဲ့ အဓိပ္ပာယ်(၅)မျိုးရှိတယ်လို့ မှတ်နိုင်ပါတယ်။

(To+V1--->ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း)

[မှတ်ချက်- ကျနော့်ဆရာဦးမြကြိုင်ကတော့ (To+V1)ကို (ခြင်း၊ ဖို့ရန်)နဲ့ ကောက်ပါတယ်။]

2. To+N

Toဟာ V1နဲ့ တွဲတဲ့အပြင် Nနဲ့လည်း တွဲပါတယ်။

1. to school = ကျောင်းကို၊ ကျောင်းသို့၊ ကျောင်းအထိ။
2. to Ma Ma = မမကို၊ မမသို့၊ မမထံ၊ မမအား၊ မမဖို့၊ မမဆီ။

နောက်ပြီး Toသုံးတာ နောက်တစ်ခုက ratioနဲ့ တွဲသုံးတာပါ။ အဲ့တော့ ကျနော်က ratioပါရင် ofပါမယ် toပါမယ်။ ofနောက်က စာသားနဲ့ toနောက်က စာသားတို့ရဲ့အချိုး ဖြစ်တယ်လို့ မှတ်ခိုင်းပါတယ်။ ဥပမာ-

3.the ratio of A to B = Aနှင့်Bတို့၏အချိုး
(ဒီphမှာ to ကို (နှင့်)နဲ့ ကောက်သွားတာကို သတိပြုပါ။)

ဒီလိုပါပဲ...
equal နောက်က to, proportional နောက်က toကိုလည်း (နှင့်)နဲ့ ကောက်ပါတယ်။ ဥပမာ-

4. X is equal to Y.(Xသည် Yနှင့် ညီသည်။)
ဒီဝါကျမှာ Xက S, is က V, equal က C ပါ။ ဒီတော့ (S V C) Basic Sentence(2)ကို သုံးပြီးသွားပြီ။ (X is equal.) (Xသည် ညီသည်။) ဘာနဲ့ညီလဲ၊ ဆိုတာ ဖော်ပြဖို့အတွက် (to Y)-(prep+N)-(prep ပါတဲ့ph)ကို အပိုထပ်ထည့်ရပါတယ်။

5. The strain is proportionl to the stress. (ဒဏ်သည် ဒဏ်အားနှင့် အချိုးကျသည်။)

ဒါကြောင့် To+N မှာ (ကို၊ သို့၊ ထံ၊ အား၊ ဖို့၊ နှင့်၊ ဆီ၊ အထိ) အဓိပ္ပာယ်၈မျိုး ရှိပါတယ်။
(To+V1)က (ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း) ၅မျိုးနဲ့ပေါင်းရင် To မှာ အဓိပ္ပာယ် ၁၃မျိုး ရှိပါတယ်။ တခါတလေ ဒီ၁၃မျိုးနဲ့ ဘာသာပြန်မရတဲ့ ဝါကျတွေလည်း ရှိပါတယ်။

(To+N ----> ကို၊ သို့၊ ထံ၊ အား၊ ဖို့၊ နှင့်၊ ဆီ၊ အထိ)

ဆက်လက်ပြီး Phတွေ အများကြီးပါလာရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ၊ ဆိုတာ လေ့လာကြပါမယ်။

Phတွေ အများကြီးပါလာရင် (သို့မဟုတ်) တစ်ခုထက် ပိုပါရင် (D/M/P/T/R or P) အစီအစဉ်နဲ့ ရေးရပါတယ်။

1. D = Direction (ဦးတည်ရာဘက်)
Where to/ Where fromနဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
He went to market. သူ ဈေးသို့ သွားခဲ့သည်။
(to market-Ph-ဈေးသို့)သည် ဦးတည်ရာဘက်(D)ကို ပြပါတယ်။
Where did he go? သူ ဘယ်သွားခဲ့လဲလို့ မေးခွန်းထုတ်လို့ ရပါတယ်။

2. M = Manner (အပြုအမူ/အမူအရာ)
Howနဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
They play in happiness. သူတို့ ပျော်ရွှင်စွာ ကစားကြသည်။
(in happiness-Ph-ပျော်ရွှင်စွာ)သည် အမူအရာ(M)ကို ပြပါတယ်။
How do they play? လို့ မေးခွန်းထုတ်လို့ ရပါတယ်။

3. P = Place (နေရာ)
Where နဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
Saya Pe Myint lived in Thandwe.
ဆရာဖေမြင့်သည် သံတွဲမှာ နေထိုင်ခဲ့သည်။
(in Thandwe-Ph-သံတွဲမှာ)သည် နေရာ(P)ကို ပြပါတယ်။
Where did he live? လို့ မေးခွန်းထုတ်လို့ ရပါတယ်။

4. T = Time (အချိန်)
When နဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
I get up at 6'O clock. ငါ ၆နာရီမှာ အိပ်ရာထတယ်။
(at 6'O clock-Ph-၆နာရီမှာ)သည် အချိန်(T)ကို ဖော်ပြသည်။
When do you get up?လို့ မေးခွန်းထုတ်လို့ ရပါတယ်။

5. R = Reason (အကြောင်းပြချက်) (or) P = Purpose (ရည်ရွယ်ချက်)
Why နဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
He lives to work. အလုပ်,လုပ်ဖို့ သူအသက်ရှင်သည်။
(to work-Ph-အလုပ်,လုပ်ဖို့)သည် အကြောင်းပြချက်(R) သို့မဟုတ် ရည်ရွယ်ချက်(P)ကို ဖော်ပြသည်။

ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ (D/M/P/T/R or P) ငါးခုစလုံးပါတဲ့ဝါကျ ရှားတယ်တဲ့။ ဖြစ်နိုင်ရင် အလွတ်ကျက်ထားပါလို့ ပြောပါတယ်။

He goes to school by bicycle in Thandwe in the morning to study his lessons.
(to study his lessons -R or P) သူ၏သင်ခန်းစာများကို လေ့လာရန်၊ (in the morning-T) မနက်က၊ (in Thandwe-P) သံတွဲမှာ၊ (by bicycle-M) စက်ဘီးဖြင့်၊ (to school-D) ကျောင်းသို့ သူ သွားသည်။

အမှန်က ဒီဝါကျဟာ He goes. (S V)ဝါကျကို (D/M/P/T/R or P) Phများဖြင့် ရှည်အောင်လုပ်ထားတာ ဖြစ်ပါတယ်။ အဲ့လို Phတွေ အများကြီး ပါလာရင် နောက်ဆုံးPhက စပြီး အဓိပ္ပာယ်ကောက်ရပါတယ်။

ဆက်လက်၍ V3 နဲ့ V4ကို ဆက်ရှင်းပါမယ်။

V3(or)V-ed/en

V3ဟာ
(1) perfect tense တွင်
has/have/had နှင့်တွဲပါတယ်။

(has/have/had+V3) ကို
(မိ၊ ထား၊ သွား၊ ဖူး၊ ပြီး)နဲ့ကောက်။

ဥပမာ - I have eaten.
၁။ ငါ စားမိသည်။
၂။ ငါ စားထားသည်။
၃။ ငါ စားသွားသည်။
၎။ ငါ စားဖူးသည်။
၅။ ငါ စားပြီးပြီ။
[တခါတလေ ဒီအဓိပ္ပာယ်၅မျိုး(မိ၊ ထား၊ သွား၊ ဖူး၊ ပြီး)နဲ့ကောက်လို့ မရတဲ့ ဝါကျတွေရှိပါတယ်။ အဲ့ဒီအခါ (ခဲ့သည်)နဲ့ ကောက်ပါ။]

V3ဟာ
(2) passive voice တွင်
is/am/are/was/were/be/been/being နှင့်တွဲပါတယ်။

(is/am/are/was/were/be/been/being + V3) ကို အောက်ပါအဓိပ္ပာယ်၃မျိုး နဲ့ကောက်နိုင်ပါတယ်။

၁။ ကို ... သည်။ [လိုရင်(စေ)ထည့်ကောက်]
၂။ သည်ခြင်း ... ခံရသည်။
၃။ သည်အ ... ခံရသည်။

ဥပမာ(၁) - A man is beaten.
၁။ လူတစ်ယောက်ကို ရိုက်သည်။
၂။ လူတစ်ယောက်သည် ရိုက်ခြင်းခံရသည်။
၃။ လူတစ်ယောက်သည် အရိုက်ခံရသည်။

ဥပမာ(၂) - I was determined.
ကျွန်တော့ကို ဆုံးဖြတ်စေသည်။

ဒီဘာသာပြန်နည်းမှာ အဓိကပြောချင်တာက V3တစ်လုံးတည်းရှိရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ၊ ဆိုတာကိုပါ။ ဥပမာ - used

1. The system used in this school is good.

ဝါကျတစ်ခုကို အဓိပ္ပာယ်ကောက်တော့မယ်ဆိုရင် ပထမဆုံး Vကို ရှာရပါမယ်။
ဒီဝါကျမှာ Vက (is)ပါ။ (is)ရဲ့ရှေ့မှာ ရှိတဲ့ (The system used in this school)က Sပါ။ Sက ဒီလိုအရှည်ကြီးဖြစ်သွားတော့ ကျောင်းသားခမြာ မွေ့သွားပါလေရော။ သူတို့က Sကို (I, they, ကိုကို၊ မောင်မောင်)တို့လောက် မှတ်ထားတာကိုး။ အခုကျတော့ Sနေရာမှာ (ကိုကို၊ မောင်မောင်) မလာဘဲ (အရှည်ကြီး)လာတော့ တိုင်ပတ်သွားတာပေါ့။ (The system used in this school)က S, (is)က V, (good)က Cဆိုတော့ (S V C)နဲ့ ရေးထားတဲ့ ဝါကျပေါ့။ (S V C)နဲ့ ရေးတဲ့ဝါကျကို (They are readers.)လောက် မှတ်ထားလို့ မရတော့ဘူးပေါ့။ (The system used in this school)ဆိုတဲ့ Sအရှည်ကြီးကို ခွဲကြည့်ရင် (the system-စနစ်)က (prepမပါတဲ့ph)ပါ။ (used in this school-ဤကျောင်းမှာသုံးသော)က (prepပါတဲ့ph)ပါ။ ဒီတော့ (The system/ used in this school-ဤကျောင်းမှာသုံးသောစနစ်)က ph၂ခုနဲ့ ဖွဲ့စည်းထားတဲ့ Sပေါ့။ (V+C-is good-ကောင်းသည်။)နဲ့ ပေါင်းလိုက်တော့
(ဤကျောင်းမှာ သုံးသောစနစ်သည် ကောင်းသည်။)ပေါ့။ (used = သုံးသော)
(usedကို V2-သုံးခဲ့သည်)လို့ ယူဆပြီး အဓိပ္ပာယ်ကောက်ကြည့်ရင် (The system-စနစ်သည်/used- သုံးခဲ့သည်/in this school-ဤကျောင်းမှာ/is good-ကောင်းသည်)ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။

2. Used poison, she died.
အဆိပ်ကို သုံးသောကြောင့် သူမ သေဆုံးခဲ့သည်။ (used = သုံးသောကြောင့်)

3. Used as a text, this story becomes popular.
ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးလျက်
ထိုပုံပြင်သည် လူသိများလာသည်။ (used = သုံးလျက်)

(1)ဝါကျက (used)ကို (သုံးသော)
(2)ဝါကျက (used)ကို (သုံးသောကြောင့်)
(3)ဝါကျက (used)ကို (သုံးလျက်)လို့ အဓိပ္ပာယ်ကောက်ခဲ့ပါတယ်။ (သုံး)ကို ဖယ်လိုက်ပြီး V3မှာ (သော၊ သောကြောင့်၊ လျက်)အဓိပ္ပာယ်၃မျိုးရှိတယ်လို့ မှတ်နိုင်ပါတယ်။ ဒီနေရာမှာ ဘာသာပြန်ပုံကို ဘယ်လိုမှ နားမလည်ရင်တော့ V3တွေ့ရင် (သော၊ သောကြောင့်၊ လျက်)ကို တစ်လှည့်စီ အစားထိုးကြည့်ပါ။ တစ်ခုမဟုတ် တစ်ခု ကိုက်နေပါလိမ့်မယ်။ ဥပမာ-(3)ဝါကျကို ကြည့်ပါ။
3. Used as a text, this story becomes popular.
(Used as a text)နဲ့ (this story)ကိုတွဲပြီး ဘာသာပြန်ကြည့်ပါ။
(၁) ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးသော ထိုပုံပြင် (မကိုက်)
(၂) ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးသောကြောင့် (မကိုက်)
(၃) ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးလျက် [(လျက်)နဲ့ကောက်မှ (ကိုက်)ပါတယ်။]

(V3 ---> သော၊ သောကြောင့်၊ လျက်)

[မှတ်ချက်- ကျနော့်ဆရာဦးမြကြိုင်ကတော့ V3အတွက် (သော၊ လျက်)အဓိပ္ပာယ်၂မျိုးပဲ ပေးခဲ့ပါတယ်။ (သောကြောင့်)က ကျနော်ထပ်ထည့်ထားတာပါ။]

V4/Ving

V4/Ving ဟာ
Continuous Tense တွင် (is/am/are/was/were)နှင့် တွဲပါတယ်။

is/am/are + V4 =(နေသည်)နဲ့ကောက်
was/were + V4 =(နေခဲ့သည်)နဲ့ကောက်

I am reading a book.
I was reading when she came.

V4တစ်လုံးတည်းရှိရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ။ ဥပမာ - reading

1. I like reading.
စာဖတ်ခြင်းကို ငါ ကြိုက်သည်။ (reading=
စာဖတ်ခြင်း)
2. I saw a boy reading.
စာဖတ်နေသော ကောင်လေးတစ်ယောက်ကို ငါ မြင်သည်။ (reading=
စာဖတ်နေသော)
3. Reading much, he passed.
အများကြီးစာဖတ်သောကြောင့် သူ စာမေးပွဲ အောင်ခဲ့သည်။ ( reading=စာဖတ် သောကြောင့်)
4. I drink tea reading.
စာဖတ်လျက် ငါ လဖက်ရည် သောက်သည်။ (reading=စာဖတ်လျက်)

V4တစ်လုံးတည်းရှိရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ။ အလွယ်ဆုံးနည်းကတော့
V4 တစ်လုံးတည်းရှိရင် ( ခြင်း၊ သော၊ သောကြောင့်၊ လျက်) ကို အစားထိုးကြည့်ပါ။ တစ်ခုမဟုတ် တစ်ခု ကိုက်နေပါလိမ့်မယ်။ ဥပမာ- No.4 ဝါကျကို ကြည့်ပါ။
4. I drink tea reading.က (reading)ကို ( ခြင်း၊ သော၊ သောကြောင့်၊ လျက်) အစားထိုးပြီး (I)နဲ့ တွဲကြည့်ပါ။
၁။ စာဖတ်ခြင်း ငါ (မကိုက်)
၂။ စာဖတ်သော ငါ (မကိုက်)
၃။ စာဖတ်သောကြောင့် ငါ (မကိုက်)
၎။ (စာဖတ်လျက် ငါ) ပဲ (ကိုက်)ပါတယ်။
ဒါကြောင့် V4တစ်လုံးတည်းရှိရင်
( ခြင်း၊ သော၊ သောကြောင့်၊ လျက်) အဓိပ္ပာယ်၎မျိုးရှိတယ်လို့ မှတ်ရပါမယ်။

(V4--->ခြင်း၊ သော၊ သောကြောင့်၊ လျက်)

နောက်ပြီး V4ကို (on,in)နှင့်လည်း တွဲသုံးပါတယ်။

1.(on+V4 = when-သောအခါ)
On reading, he comes.
စာဖတ်နေသောအခါ သူ လာသည်။

2.(in+V4 = while-စဉ်)
In reading, it rains.
စာဖတ်နေစဉ် မိုးရွာသည်။

ဒါကြောင့် (V4)ဟာ (on)နဲ့တွဲရင် (သောအခါ)လို့ အဓိပ္ပာယ်ထွက်ပြီး (in)နဲ့တွဲရင် (စဉ်)လို့ အဓိပ္ပာယ်ထွက်ပါတယ်။

Phrase (Ph)အကြောင်း ပြီးပါပြီ။ Clauseအကြောင်း ဆက်ရေးပါဦးမည်။
&&&&&&&&&&&&&&&&&&&&&&&&&&

အင်္ဂလိပ်စာ ဘာသာပြန်နည်း(၃-နောက်ဆုံးပိုင်း)

3)Clause (Cl) စကားစု

A clause is a part of a sentence.
စကားစုတစ်ခုသည် ဝါကျတစ်ခု၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

Cl ၃မျိုး ရှိပါတယ်။
1. How နဲ့စတဲ့ Cl
2. Wh နဲ့စတဲ့ Cl
3. That နဲ့စတဲ့ Cl
(ဒါကလည်း အလွယ်မှတ်လိုက်တာပါ။ အမှန်တကယ်က
1. Noun Clause
2. Adjective Clause
3. Adverb Clause လို့ ၃မျိုး ရှိပါတယ်။)

1. How နဲ့စတဲ့ Cl

How က Question Word ပါ။ ဘယ်လိုလဲလို့ အဓိပ္ပာယ်ရပါတယ်။
How do you go? မင်း ဘယ်လိုသွားလဲ။

အခုက Howကို မေးခွန်းဝါကျမှာ မဟုတ်ဘဲ ရိုးရိုးဝါကျ Basic Sentence မှာ သုံးရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ။
(How do you go?)ဆိုတဲ့ မေးခွန်းဝါကျက (do)ကို ဖြုတ်လိုက်ရင် (How you go)ဟာ (Howရယ် youရယ် goရယ်) စကားလုံး၃လုံး ပေါင်းထားတဲ့ စကားစု-Cl ပါ။ You go. မင်းသွားသည်။ (How you go) ဆိုတော့ (မင်းဘယ်လို သွားသည်) ပေါ့။ ဒီ(How you go)-Clကို အောက်ပါအတိုင်း ဝါကျမှာ ထည့်သုံးလိုက်ပါတယ်။

How you go/is/my problem.(S V C)
ဒီဝါကျမှာ (How you go)-Clဟာ (is-V)ရဲ့ (S)နေရာ ရောက်သွားပါတယ်။ (is)က (V), (my problem)က (C)ပါ။ (is my problem. ငါ့ ပြသနာ ဖြစ်သည်)ပေါ့။ (How you go)ရဲ့ အဓိပ္ပာယ် (မင်းဘယ်လိုသွားသည်)နဲ့ ပေါင်းလိုက်တော့
(မင်းဘယ်လိုသွားသည်- သည် ငါ့ပြသနာ ဖြစ်သည်။) ဖြစ်သွားပါမယ်။ (သွားသည်- သည်)ဆိုပြီး သည်၂လုံးရှိနေတာ တွေ့ရပါမယ်။ (သည်)၂လုံးအနက် ဒုတိယ(သည်)က (How you go)-Clက (S)နေရာမှာ ရှိနေလို့ (သို့မဟုတ်) (S)ဖြစ်နေလို့ (S)ကို (သည်)နဲ့ကောက်ဆိုတဲ့ သတ်မှတ်ချက်အရ (သည်)နဲ့ ကောက်ထားတာပါ။ သည်၂လုံးဖြစ်နေတာကို အဆင်ပြေသွားအောင် သည်၂လုံးကြားမှာ (ဆိုတာ)ထည့်ပေးရပါတယ်။ အဲ့တော့
How you go is my problem.
(မင်းဘယ်လိုသွားသည် ဆိုတာသည် ငါ့ပြသနာ ဖြစ်သည်) ပေါ့။

တဖန် (How you go)ကို
I know. (S V)နဲ့ ရေးထားတဲ့ဝါကျရဲ့ (O)နေရာ ပို့လိုက်ပါတယ်။
I know how you go. ပေါ့။
ဘယ်လိုအဓိပ္ပာယ် ကောက်မှာပါလဲ။
(မင်းဘယ်လိုသွားသည် ဆိုတာကို ငါသိသည်။) လို့ ကောက်ရပါမယ်။
(How you go)ရဲ့ အဓိပ္ပာယ် (မင်းဘယ်လိုသွားသည်ဆိုတာ)နောက်မှာ (ကို)ထည့်ပြီး ကောက်သွားပါတယ်။ ဘာကြောင့်ဆိုတော့ (How you go)ဟာ (know-V)ရဲ့ (O)ဖြစ်နေလို့ပါ။ (O)ကို (ကို)နဲ့ကောက်ဆိုတဲ့ သတ်မှတ်ချက်အရ (ကို)နဲ့ ကောက်သွားတာပါ။

ဒါကြောင့် Howနဲ့စတဲ့ စကားစု-Clသည်
(S)နေရာမှာရှိရင် (သည်)နဲ့ကောက်၊
(O)နေရာမှာရှိရင် (ကို)နဲ့ကောက်၊
(သည်၊ ကို)ရှေ့မှာ (ဆိုတာ)ထည့်ကောက်လို့ မှတ်ရပါမယ်။ ဒါ့ကြောင့် Howနဲ့စတဲ့Clက Howမှာ အဓိပ္ပာယ်၂မျိုး ရှိပါတယ်။ (သည် နဲ့ ကို)ပါ။

(How ---> သည်၊ ကို) ရှေ့မှာ(ဆိုတာ)ထည့်

ဒါပေမယ့် Howရဲ့နောက်မှာ (to+V1)ရှိရင် Phrase(Ph)လို့ သတ်မှတ်ပါတယ်။ ဥပမာ- How to go
to go ကို အဓိပ္ပာယ်ကောက်ရင် (သွားရန်)ပေါ့။ ဒါပေမယ့် (ရန်)အစား (ရမည်ဆိုတာ)ကို သုံးပါ။ ဒီတော့ (သွားရန်)ကနေ (သွားရမည်ဆိုတာ) ဖြစ်သွားတာပေါ့။
(How to go- ဘယ်လိုသွားရမည်ဆိုတာ)
[မှတ်ချက်- (ရန်)အစား (ရမည်ဆိုတာ)သုံးပုံကို (အရှင်သုမနရေးတဲ့ နည်းသစ်သဒ္ဒါစာအုပ်)က ရတာပါ။]

အဲ့ဒီ (How to go- ဘယ်လိုသွားရမည်ဆိုတာ)-Clကို (is my problem- ငါ့ပြသနာ ဖြစ်သည်)ရဲ့ ရှေ့ကို ပို့လိုက်တော့
How to go/is/my problem. (SVC) ဝါကျကို ရပါတယ်။ အဓိပ္ပာယ်ကောက်လိုက်တော့
(ဘယ်လိုသွားရမည်ဆိုတာသည် ငါ့ပြသနာ ဖြစ်သည်)ပေါ့။ (How to go)ဟာ (is)ရဲ့ (S)နေရာမှာရှိလို့ (...သည်)နဲ့ ကောက်ပါတယ်။
တဖန် (how to go)ကို ထုံးစံအတိုင်း
(I know-S V)ရဲ့ နောက် (O)နေရာကို ပို့လိုက်တော့
I know how to go. ဝါကျကို ရပါတယ်။
အဓိပ္ပာယ်ကောက်တော့
(ဘယ်လိုသွားရမည်ဆိုတာကို ငါ သိသည်)ပေါ့။
(how to go)ဟာ (O)နေရာမှာရှိလို့ (...ကို)နဲ့ ကောက်ပါတယ်။

Howနဲ့စသော်လည်း Howနောက်မှာ to+V1 ရှိရင်
[(How to +V1)ကို Phrase(Ph)လို့မှတ်ပါ]

2. Whနဲ့စတဲ့ Cl

Whဆိုတာ Whနဲ့စတဲ့ (Who, Whom, Whose, Where, When, Which, Why, What,...) Question Wordများကို ဆိုလိုပါတယ်။ အဲ့ဒီအထဲက Whoနဲ့စတဲ့ Clကို အရင်လေ့လာရအောင်ပါ။

Whoရဲ့ မူရင်းအဓိပ္ပာယ်က (ဘယ်သူလဲ)ပါ။
Who are you? မင်း ဘယ်သူလဲ။
(are)နဲ့(you)ကို နေရာပြောင်းလိုက်တော့
(Who you are), အဲ့ဒီ (Who you are)ဟာ (Whoရယ် youရယ် areရယ်) စကားလုံး၃လုံးပေါင်းထားတဲ့ စကားစု-Clပါ။ Whoကို ခဏဖယ်ပြီး (you are)ကို အဓိပ္ပာယ်ကောက်တော့
you are - မင်းသည် ဖြစ်သည်။ Whoနဲ့ ပြန်ပေါင်းတော့
Who you are - မင်းသည် ဘယ်သူဖြစ်သည်။
(သည်)နဲ့ (ဖြစ်သည်)ကို ဖြုတ်ပြီး (ဆိုတာ)ထည့်လိုက်တော့ (Who you are)ရဲ့ အဓိပ္ပာယ်က
(Who you are - မင်းဘယ်သူဆိုတာ)

1. Who you are/is/no problem.(SVC)
မင်းဘယ်သူဆိုတာသည် ပြသနာ မရှိပါ။
(Who you are -က- S), (is -က- V), (no problem -က- C)ဆိုတော့ (S V C)နဲ့ ရေးထားတဲ့ဝါကျပေါ့။ (Who you are -က- S)နေရာမှာရှိတော့ (...သည်)နဲ့ ကောက်သွားတာပေါ့။

2. I know who you are.
မင်းဘယ်သူဆိုတာကို ငါ သိသည်။
[ထုံးစံအတိုင်း (who you are)က (I know)ရဲ့ (O)နေရာ ရောက်သွားတော့ (...ကို)နဲ့ ကောက်တာပေါ့။]

3. The police asks the man who lives next door. (next door=ဘေးအိမ်မှာ)
(The police asks the man. - ရဲက လူကြီးကို မေးသည်။)က (S V O)နဲ့ ရေးထားတဲ့ဝါကျပါ။ (who lives next door)က အပိုထပ်ထည့်ထားတာပါ။ (who)ကို ဖယ်ပြီး (lives next door)ကို အဓိပ္ပာယ်ကောက်ရင် (ဘေးအိမ်မှာ နေသည်။) အဲ့ဒီဝါကျမှာ (who)က (the man-N)ရဲ့နောက်မှာရှိပြီး အဲ့ဒီ(the man-N)ကို အထူးပြုပါတယ်။ မြန်မာသဒ္ဒါမှာ (နာမ်ကို အထူးပြုသောပုဒ်ကို နာမ၀ိသေသနလို့ ခေါ်ပြီး (သော)နဲ့ ကောက်ပါတယ်။) ဒါကြောင့် (who)ကို (သော)နဲ့ ကောက်ရပါမယ်။ (who lives next door- စကားစုCl)ကိုကျတော့ (ဘေးအိမ်မှာနေသော)လို့ ကောက်ရပါမယ်။

The police asks the man who lives next door.
ဘေးအိမ်မှာနေသော လူကြီးကို ရဲက မေးသည်။

ဒါ့ကြောင့် Whစာလုံးတွေမှာ အဓိပ္ပာယ်၃မျိုး ရှိပါတယ်။ (သည်၊ ကို၊ သော)ပါ။
(S)နေရာမှာရှိရင်(သည်), (O)နေရာမှာရှိရင် (ကို), Nရဲ့နောက်မှာရှိရင် (သော)နဲ့ ကောက်ပါတယ်။ လိုရင် (ဆိုတာ) ထည့်ပေးရပါတယ်။

(Wh ---> သည်၊ ကို၊ သော)
အခြားWhစာလုံးများကိုလည်း ဒီအတိုင်း သုံးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်လေ့လာရန်

၁။ Wh-Clကို Sနေရာတွင်ထားပြီး (သည်)နှင့်ကောက်ပုံ

1. When he did it/ is/ a mystery. (S V C)
ထိုဟာကို ဘယ်အချိန်မှာ သူလုပ်ခဲ့တယ်ဆိုတာသည်/ သိဖို့ခက်တဲ့ကိစ္စ/ ဖြစ်သည်။
[S V C ခွဲတာကို မြင်အောင် မျဉ်းစောင်း(/)နဲ့ ပြထားပါတယ်။] (မှတ်ချက်- ဝါကျတစ်ခုကို အဓိပ္ပာယ်ကောက်ရင် ph သို့မဟုတ် Clမှ စကောက်ပါ။ Phတွေ Clတွေ အများကြီးပါနေရင် နောက်ဆုံး Ph သို့မဟုတ် Clက စကောက်ပါ။)

2. When she will come/ depends/ on your decision. (S V C)
ဘယ်အချိန် သူမ လာမယ်ဆိုတာသည်/ မင်း၏ဆုံးဖြတ်ချက်အပေါ်မှာ/ မူတည်သည်။

3. Whether he has signed/ does not matter. (S V)
သူ လက်မှတ်ထိုးပြီးပြီလား၊ မထိုးရသေးလားဆိုတာသည်/ အရေးမကြီးပါ။
(Whether = ...လား၊ ...မလား)

၂။ Wh-Clကို Oနေရာတွင်ထားပြီး (ကို)နှင့်ကောက်ပုံ

1. I /wonder/ when he did it. (S V O)
ထိုဟာကို သူဘယ်အချိန်လုပ်ခဲ့သည် ဆိုတာကို/ ငါ/ သိချင်လိုက်တာ။

2. I /don't know/ where she lives. (S V O)
သူမ ဘယ်မှာနေသည် ဆိုတာကို/ ငါ/ မသိ။

3. I / know/ what he is. (S V O)
သူ ဘာလဲဆိုတာကို/ ငါ/ သိတယ်။

4. I / don't know/ what to do. (S V O)
[သတိ - to do ---> to+V1ကို သုံးထားလို့ Cl မဟုတ် Phပါ]
ဘာလုပ်ရမည်ဆိုတာကို/ ငါ/ မသိ။

၃။ Wh-Clကို Nရဲ့နောက်မှာထားပြီး (သော)နှင့်ကောက်ပုံ

1. This/ is/ the cat/ which he took. (S V C နှင့် အပိုWh-Cl)
ထိုဟာသည်/ သူယူခဲ့သော/ ကြောင်/ ဖြစ်သည်။ မှတ်ချက်-
(This is the cat he took. လို့ (which)ဖြုတ်ပြီး ရေးလို့ရသည်။)

2. A book I wrote/ became/ a bestseller/ in 16 countries. (S V C နှင့် အပိုPh)
ငါရေးခဲ့သောစာအုပ်တစ်အုပ်သည်/ ၁၆နိုင်ငံတွင်/ ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်/ ဖြစ်လာခဲ့သည်။
(book နဲ့ I ကြားတွင် whichဖြုတ်ထားတာကို မမေ့ပါနှင့်။)
[(A book I wrote = A book which I wrote - S)သည် (A book-Phနဲ့ which I wrote-Clတို့ ပေါင်းထားတာပါ။)]

3. The man whose car was stolen/ is/ U Ba. (S V C)
(S)သည် (The man-Phနဲ့ whose car was stolen-Clတို့ ပေါင်းထားတာကို သတိပြုပါ။)
ကားအခိုးခံရသောလူကြီးသည်/ ဦးဘ/ ဖြစ်သည်။
[(whose)အစား (of which)ကို သုံးလို့ရပါတယ်။ အဓိပ္ပာယ်အတူတူပါ။ ]
The man of which car was stolen/ is/ U Ba.
(whose)ကို (သော)နဲ့ ကောက်ခဲ့တော့ (of which)ကိုလည်း (သော)နဲ့ ကောက်ပါတယ်။

4. The town where I grew up/is/Thandwe. (S V C)
ငါကြီးပြင်းခဲ့သောမြို့သည်/ သံတွဲ/ ဖြစ်သည်။
ဒီဝါကျမှာလည်း (where)အစား (in which)နဲ့ ရေးလို့ ရပါတယ်။ အဓိပ္ပာယ်အတူတူပါ။
The town in which I grew up/is/Thandwe.
(where)ကို (သော)နဲ့ ကောက်ခဲ့တော့ (in which)ကိုလည်း (သော)နဲ့ ကောက်ပါတယ်။

3နဲ့4 ဝါကျတွေမှာ (inနဲ့of)သည် Whစာလုံး(which)နဲ့ တွဲနေသော်လည်း အဲ့ဒီ(inနဲ့of)ရဲ့ မူရင်းအဓိပ္ပာယ်တွေကို ထည့်မကောက်တာကို တွေ့ရပါမယ်။ အဲ့တော့ (whichနဲ့ တွဲနေတဲ့ prepတွေကို အဓိပ္ပာယ်ထည့်ကောက်ဖို့မလို)လို့ မှတ်နိုင်ပါတယ်။

5. It/ is/ the only house/ which I have seen/ which is made of glass.
(S V Cနှင့် အပိုClနှစ်ခုပါတဲ့ဝါကျ)
မှန်ဖြင့်ဆောက်ထားသော/ ငါမြင်ဖူးသော/ တစ်ခုတည်းသောအိမ်/ ဖြစ်သည်။

အမှန်က Phတွေ၊ Clတွေဟာ ရောနေတတ်ပါတယ်။

6. The pretty girl who is standing in the corner/ is/ my sister. (SVC ဝါကျပါ။)
Sက အရှည်ကြီး ဖြစ်နေပါတယ်။ အဲ့ဒီ(S)အရှည်ကြီးကို ပိုင်းကြည့်ရင်
(The pretty girl/prep မပါတဲ့Ph/ who is standing/Whနဲ့စတဲ့Clနဲ့/ in the corner/ prepပါတဲ့Ph)၃ပိုင်း တွေ့ရပါမယ်။ Sမှာပါသော နောက်ဆုံးPh (in the corner)က စကောက်ပါ။

The pretty girl who is standing in the corner/ is/ my sister.
အခန်းထောင့်မှာ/မတ်တပ်ရပ်နေသော/လှပသောမိန်းကလေးသည်// ကျွန်တော်၏ညီမ// ဖြစ်သည်။

3. Thatနဲ့စတဲ့Cl

(That)ရဲ့မူရင်းအဓိပ္ပာယ်က (ဤ၊ ထို၊ ယင်း၊ ၎င်း၊ ဒီ၊ အခြား)ပါ။ Whနဲ့ တူပါတယ်။ Whကို နားလည်ရင် thatကိုလည်း နားလည်ပါမယ်။

1. That he says/ is/ strange/ for me. (S V C + အပိုPh)
သူပြောတယ်ဆိုတာသည်/ ငါအတွက်/ ဆန်းသည်။ (That he says-စကားစုCl)ဟာ (S)နေရာမှာ ရှိလို့ (သည်)နဲ့ ကောက်ပါတယ်။)

2. I / know/ that he says.
သူပြောတယ်ဆိုတာကို/ ငါ/ သိသည်။
(That he says-စကားစုCl)ဟာ (O)နေရာမှာ ရှိလို့ (ကို)နဲ့ ကောက်ပါတယ်။)
that ဖြုတ်ပြီး
I know he says လို့ ရေးလည်းရပါတယ်။

3. This/ is/ the photo/ that I took.(S V C + အပိုCl)
ထိုဟာသည်/ ငါရိုက်သော/ ဓာတ်ပုံ/ ဖြစ်သည်။
(That I took-စကားစုCl)ဟာ (photo-N)ရဲ့နောက်မှာ ရှိလို့ (သော)နဲ့ ကောက်ပါတယ်။)
that ဖြုတ်ပြီး
This is the photo I took. လို့ ရေးလည်းရပါတယ်။

4. The chief problem/ is/ that food was scarce. (S V C)
အဓိက ပြသနာက/ အစားအစာရှားပါးတာပါပဲ။
that နောက်မှာရှိတဲ့ (food/ was/ scarce.)ဟာ (S/V/C)နဲ့ ရေးထားတာကို သတိပြုပါ။ အဲ့လို
(C နေရာမှာ basic sentence ထည့်ချင်ရင် thatထောက်ပြီး ထည့်ရပါတယ်။)

ဒါ့ကြောင့် Wh/How/That-Clတွေနောက်မှာ Basic sentence 5မျိုး
၁။ အပြည့်အစုံလည်း လိုက်ပါတယ်။ ဥပမာ-
(The girl who I know. ငါသိသောကောင်မလေး) (I know - S V)
၂။ မပြည့်မစုံလည်း လိုက်ပါတယ်။ ဥပမာ-
(The girl who know me. ငါ့ကိုသိသောကောင်မလေး) (know me. - OV)

နောက်ပြီး Phတွေလိုပဲ Clတွေကို
1. Sနေရာ
2. Oနေရာ
3. Cနေရာနဲ့
4. Basic sentence 5မျိုးနောက်ကနေရာမှာ အပိုအနေနဲ့ ထည့်သုံးပါတယ်။
ဤတွင် Clause(Cl)အကြောင်း ပြီးပါပြီ။

(Clကို ကျနော့်ဆရာဦးမြကြိုင်က ဝါကျကဏ်ဋလို့ ဘာသာပြန်ပါတယ်။ ကျနော့်ဆယ်တန်းဆရာမ(ဒေါ်ခင်မာသိန်း) ကတော့ Phနဲ့Cl နှစ်ခုစလုံးကို စကားစုလို့ ပြန်ပါတယ်။ အဲ့ဒါကြောင့် ဆရာမအားကိုးနဲ့ Clကို စကားစုလို့ပဲ ဘာသာပြန်လိုက်ပါတယ်။ နောက်ပြီး Ph,Cl ၂မျိုးစလုံးကို စကားစုလို့ ပြန်ရတာ ပိုအဆင်ပြေပါတယ်။ ဘာလို့ဆိုတော့ prepတောင် မခွဲတတ်တဲ့ ကျောင်းသားတွေကို သင်ရတာဖြစ်တော့ မတတ်သာတဲ့အဆုံး (wh, how, that)ပါရင် Cl, (wh,how,that)မပါရင် Phလို့ မှတ်ခိုင်းလိုက်ရလို့ပါ။ အမှားအယွင်းရှိပါက ကျနော်၏ မှားယွင်းမှုသာ ဖြစ်ပါတယ်။)

ဝါကျတစ်ခုကို ဘာသာပြန်တော့မယ်ဆိုရင် Vကို အရင်ရှာရတော့ အဲ့ဒီ Vဟာ Phrasal Verb လား၊ Prepositional Verbလား ခွဲရပါမယ်။

1)Phrasal Verb (Ph-V)

Vနဲ့Prep ပေါင်းလို့ အဓိပ္ပာယ်ပြောင်းရင် Ph-V ပါ။ ဥပမာ-

1. turn = လှည့်သည်၊ လည်သည်။
V+Prep (turn on = ဖွင့်သည်)

Vနဲ့Prep ပေါင်းတဲ့ Ph-Vအပြင်
2. Vနဲ့Advပေါင်းတဲ့ Ph-Vနှင့်
3. Vရယ် Advရယ် Prepရယ်ပေါင်းတဲ့ Ph-Vလည်း ရှိပါတယ်။ ဥပမာ-

2. get = ရရှိသည်။
V + Adv (get over = ကျော်လွန်သည်။)

3. look = ကြည့်သည်။
V + Adv + Prep (look forward to = မျှော်လင့်သည်။)

2) Prepositional Verb (Prep-V)

Vနဲ့Prep ပေါင်းလို့ အဓိပ္ပာယ်မပြောင်းရင် Prep-V ပါ။ ဥပမာ-

1. speak = စကားပြောသည်။
V+Prep (speak to = စကားပြောသည်။)

2. consist = ပါဝင်သည်။
V+Prep ( consist of = ပါဝင်သည်။)

ဒါကြောင့် prepတွေ့ရင် prepပါတဲ့Phမှာပါတဲ့ prepလား၊ Vနောက်မှာနေတဲ့ ph-Vနဲ့ Prep-Vက prepလား သတိထားပြီး ခွဲရပါမယ်။

အချုပ်ပြန်ပြောရရင်
အင်္ဂလိပ်စာမှာ Basic Senteceရယ်၊ phraseရယ်၊ Clရယ် ၃မျိုးပဲ ရှိပါတယ်။ ဒီလိုပြောရတာကလည်း ဘာသာပြန်ပျင်းတဲ့ကျောင်းသားကို စည်းရုံးလိုက်တဲ့ သဘောပါ။

1) Basic Sentece ၅မျိုး

1. S V [S ကို (သည်၊ က၊ မှာ) နဲ့ကောက်]
2. S V C (C ---> N/Adj/Adv)
3. S V O [ Oကို (ကို) နဲ့ကောက်]
4. S V IO DO
5. S V O C

2) Phrase (Ph)

၁။ Prepမပါတဲ့Ph
1. ND + N
2. Adj + N
3. ND + Adj + N
4. V3
5. V4
၂။ Prepပါတဲ့Ph
1. To + V1 (ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း) နဲ့ကောက်
2. V3 (သော၊ သောကြောင့်၊ လျက်) နဲ့ကောက်
3. V4 (ခြင်း၊ သော၊ သောကြောင့်၊ လျက်) နဲ့ကောက်
4. အခြား Prepပါတဲ့Phများ
[မှတ်- Prepကိုတွေ့ရင် မူရင်းအဓိပ္ပာယ်နဲ့ကောက်။ မရရင် (သော၊ က၊ နဲ့)ကောက်]

3) Clause (Cl)

1. Howနဲ့စတဲ့(How ---> သည်၊ ကို)နဲ့ကောက်
2. Whနဲ့စတဲ့Cl (Wh ---> သည်၊ ကို၊ သော)နဲ့ကောက်
3. Thatနဲ့စတဲ့Cl (That ---> သည်၊ ကို၊ သော)နဲ့ကောက်

ကျေးဇူးရှင်ဆရာကြီးဦးမြကြိုင်အား
ဤPostဖြင့် ကန်တော့လိုက်ပါတယ်။
ဆောင်းသစ်(သံတွဲ)
Credit

Address

North Quarter, Mindat, Chin State
Mindat

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09794804481

Website

Alerts

Be the first to know and let us send you an email when Doing small to be great. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share