26/06/2022
#လေ့လာလိုသူများအတွက်သာ
ကျည်းးဘောင် ဘယ်လိုထောင်မလဲ
- ကျည်းဘောင် မထောင်ခင် ကျည်းဘောင်ကို ဒေါင့်ဖြတ်ကျင်တွယ် ပြန်စစ်ရပါ့မယ် , ဒေါင့်ဖြတ် အကွာအဝေး တူညီနေရင် ကျင်တွယ်ရပါတယ် ,
- ဆေးကတ္တရာ သုတ် ၊ ဂျာလီရိုက်ရပါမယ် , ဒါက လူတိုင်း သိပါတယ် ,
- ကျည်းဘောင် ထုတ်တန်းတွေ အုတ်စီမယ့်ဘက်ကို အစွန်းထွက်နေတက်ပါတယ် , အဲ့ဒါကို စရွေးဦးနှောက် လုံယုံလေး ထားပြီး ဖြတ်ပေးရပါမယ် , ထားခဲ့လို့ ဘာအကျိုးမှ မရှိပါ , မဖြတ်ပဲ ထားရင် အဲဒီနေရာက plaster crack ပေါ်တတ်ပါတယ် , ကျည်းဘောင်ဒေါင့်တွေက မဆလာ အက်ကြောင်းတွေဟာ အဲဒီက စတာပါ ,
- ကျည်းဘောင် တိုင်ခြေနေရာတွေကို ကွန်ကရစ်ကို ငါးမူးလောက် ခွဲပြီး မြှုပ်ပေးရပါမယ် , မမြှုပ်ဘဲထားရင် သစ်ရဲ့ ရုန်းအားကြောင့် အုတ်နံရံနဲ့ ကျည်ဘောင် အသားကွာလာတတ်ပါတယ် , ချောသား နှုတ်ခမ်းတွေလဲ ကြွေလာတတ်ပါတယ် ,
- ထောင်ပြီဆို အခြေမှာ ချောသားကြိုး ဆွဲပေးထားရပါမယ် , ချောသားကြိုးနဲ့ အညီ ကျည်းဘောင်အခြေကို အရင်ချုပ်ရပါမယ် , ချုပ်ရင် ကျည်းဘောင်ကို အနီးစပ်ဆုံး ချိန်ရအောင် မတ်ပေးထားရပါမယ် ,
- အခြေချုပ်ပြီးရင် ရေချိန်ပိုက်နဲ့ Level ရ မရစစ်ရပါမယ် , အဲဒါ အရင်လုပ်ရမှာပါ , Level မရရင် ရအောင် ညှိပေးပါ , လယ်ဗယ်ရရင် ချောသားကြိုး တစ်ချက် ပြန်ကြည့်ပေးပါ ,
- ပြီးရင် ဒေါင်လိုက်ချိန် ချပေးပါ , ဘယ်ညာ နှစ်ဖက်ချရပါမယ်,
- ကျည်းဘောင်က ကျင်တွယ်ကော Level ကော ရနေပြီ ဆိုပေမယ့် အတွင်းဘားချိန်ကို လွတ်မထားခဲ့ရပါဘူး , ချပေးရမှာပါ , မရရင် ရအောင် လုပ်ပေးရပါမယ် ,
အားလုံးရပြီ ဆိုရင် အစအဆုံး တစ်ချက် ပြန်စစ်ကာ အုတ်စီလို့ ရပါပြီ ,
အုတ်စီပြီဆိုရင် ပန်းရံဆရာက ချိန် မျဉ်း တစ်ချက်ပြန်စစ်သင့်ပါတယ်ခမျာ,
ကိုရင်သာအေး
Credit ,