14/10/2020
iPhone 12 ကို Apple မိတ်ဆက်ပြီ 📱
ဒီနေ့မှာတော့ Apple ဟာ iPhone 12 စီးရီးစမတ်ဖုန်းမျိုးဆက်သစ်တွေကိုမိတ်ဆက်လိုက်ပါပြီ။ ယခု iPhone 12 စီးရီးမှာတော့ iPhone 12 Mini , iPhone 12 , iPhone 12 Pro , iPhone 12 Pro Max စတဲ့ ဖုန်းမော်ဒယ်သစ် ၄ မျိုးပါဝင်ပါတယ်။ ဖုန်း ၄ မျိုးလုံးဟာ 5G ဖုန်းတွေဖြစ်ပါတယ်။ ဒီဇိုင်းအပြောင်းအလဲအနေနဲ့ ဖုန်းမော်ဒယ်သစ် ၄ မျိုးလုံးမှာ iPhone 5 စတိုင်လ်ဘေး Frame ဒီဇိုင်းကိုပြန်လည်အသုံးပြုလာတာကိုလည်းတွေ့ရပါတယ်။ ဒီနှစ်ကုန်ဆိုရင် အမေရိကန်ပြည်ထောင်စုတစ်ခုလုံးနီးပါးမှာ 5G ကွန်ရက် အသုံးပြုနိုင်တော့မှာဖြစ်လို့ ဒီနှစ်ရဲ့ iPhone 12 မော်ဒယ်တွေအတွက်အထူးစပယ်ရှယ် Selling Point အဖြစ် 5G connectivity feature ကိုပဲ Apple ကအဓိက highlight လုပ်သွားတာလည်းတွေ့ရပါတယ်။
📌 ဒီပို့စ်မှာပဲအချက်အလက်တွေထပ်ဖြည့်ပေးနေဆဲမို့ ပို့စ်ကို Copy မကူးပဲ Share ပဲလုပ်ပေးသွားကြစေချင်ပါတယ်။ ဒါမှ ပို့စ်က up to date ဖြစ်နေမှာပါ။ 📌
ထူးခြားချက်အနေနဲ့ ယခု iPhone 12 စီးရီးမော်ဒယ်သစ် ၄ မျိုးလုံးမှာ Apple ရဲ့ Custom made OLED Panel တွေကိုပဲအသုံးပြုလိုက်တာ ၊ မော်ဒယ် ၄ မျိုးလုံး 5G Network support လုပ်တဲ့ဖုန်းတွေဖြစ်တာ ၊ Mobile Device တွေမှာပထမဆုံးအဖြစ် iPad Pro 2020 မှာစတင်တပ်ဆင်အသုံးပြုခဲ့တဲ့ LiDAR Sensor ကို ယခု iPhone 12 Pro မော်ဒယ် ဖုန်း ၂ မျိုးမှာထည့်ပေးလိုက်တာ စတဲ့အပြောင်းအလဲတွေလုပ်လာတာတွေ့ရပါတယ်။ iPhone 12 Pro နဲ့ 12 Pro Max တွေဆိုရင်လည်း ယခင် 11 Pro , 11 Pro Max တွေထက် Screen size တွေသိသာစွာပိုကြီးလာပါတယ်။ ဒါ့အပြင် ဖုန်း ၄ မျိုးလုံးရဲ့နောက်ကျောဘက်အတွင်းထဲမှာ Magnet တွေထည့်ပေးထားတဲ့အတွက် ဖုန်းရဲ့နောက်ကျောမှာ သံလိုက်လိုကပ်သုံးနိုင်မယ့် Wireless Charging အားသွင်းကြိုးတွေ ၊ Magnetic Car Charger Accessories တွေ ၊ အခြားသော သံလိုက်ပါ Accessories တွေနဲ့တွဲဖက်အသုံးပြုနိုင်မှာပါ။ iPhone 12 စီးရီးမော်ဒယ်တွေရဲ့နောက်ကျောက ဒီ Magnetic နည်းပညာကိုတော့ Magsafe လို့အမည်ပေးထားပါတယ်။ iPhone 12 နောက်ကျောမှာသံလိုက်လိုကပ်သုံးလို့ရတဲ့ Fashionable accessories (Magsafe Accessories) တွေအများကြီးထွက်ရှိလာဦးမှာပါ။
ဒါ့အပြင် ဖုန်းမော်ဒယ် ၄ မျိုးစလုံးကို ဗူးထဲမှာ အားသွင်းကြိုးနဲ့ဖုန်းပဲထည့်ပေးပြီး Charger ခေါင်းနဲ့ နားကြပ်မပါတော့တာလည်း ထူးခြားတဲ့ပြောင်းလဲမှုတစ်ခုပါပဲ 😆 Apple ကတော့ သဘာဝပတ်ဝန်းကျင်ပိုကောင်းလာဖို့အတွက်ပါလို့အကြောင်းပြပါတယ် 😌 အားသွင်းခေါင်းနဲ့ နားကြပ်မပါတော့တဲ့အတွက် ဖုန်းဂျပ်ဗူး size တွေကလည်းသိသိသာသာကိုပိုပါးသွားပါတယ်။ ** iPhone 12 မော်ဒယ်တွေအတွက် အားသွင်းခေါင်းဝယ်တဲ့အခါ 18W Charger ခေါင်းဝယ်ရပါမယ် **
iPhone နဲ့ဂိမ်းဆော့သူတွေက iPhone 12 Pro ရဲ့ Display မှာ Screen Refresh Rate 120Hz ပါဖို့မျှော်လင့်ထားကြပေမယ့် 12 စီးရီးရဲ့ Pro Models တွေမှာတောင် ပါမလာခဲ့တာလည်းတွေ့ရပါတယ် ။ 5G Connectivity, Chipset , Battery ဒီ ၃ မျိုးနဲ့ Balance ဖြစ်အောင်လုပ်လိုက်ရလို့ 120Hz refresh rate ထည့်ပေးလိုက်ရင် အပူလွန်ကဲမှုနဲ့ဘက်ထရီအသုံးခံမှုပိုင်းမှာမသေချာတဲ့အတွက် ဒီနှစ် iPhone တွေရဲ့ Display မှာ 120Hz မထည့်ပေးသေးတာလို့ယူဆပါတယ်။ နောက်နှစ် iPhone တွေမှာတော့ သေချာပေါက်ပါလာမှာပါ။
Pro Model တွေမှာဆိုရင် Photography/Videography ပိုင်းတွေသိသိသာသာပိုကောင်းလာတဲ့အပြင် Video recording ပိုင်းမှာ Dolby Vision/10-bit HDR recording ပါလုပ်လို့ရလာတာလည်းမိုက်ပါတယ်။ ဒါ့အပြင် 12 Pro မော်ဒယ်ချင်းအတူတူတောင်မှ 12 Pro ထက် 12 Pro Max ရဲ့ Main Camera Sensor ကပိုကောင်းတာလည်းတွေ့ရတယ် ။ iPhone 12 စီးရီး ဖုန်း ၄ မျိုးထဲမှာ 12 Pro Max ကကင်မရာအကောင်းဆုံးလို့ဆိုရမယ်။ ညဘက်ရိုက်ကူးမှု Low-light photography ပိုင်းမှာလည်း 12 Pro ထက် 12 Pro Max ကပိုသာပါတယ်။
ရှေ့မျက်နှာပြင်ဒီဇိုင်းပိုင်းအနေနဲ့ ယခင် 11 စီးရီးကဲ့သို့အတူတူပင်ဖြစ်သော်လည်း ဘေး Frame ကယခင် 11 စီးရီးမှာကဲ့သို့လုံးဝန်းဖောင်းထွက်နေတဲ့/ ဘေး Frame ထူထဲနေသလိုခံစားရစေတဲ့ Frame design မျိုးမဟုတ်တော့ဘဲ iPhone 4/5 ကဲ့သို့ လေးထောင့်ဆန်ဆန် Frame ဒီဇိုင်းဖြစ်သွားတဲ့အတွက် ရှေ့ Display ရဲ့ဘေးသား/ဘေးဘောင်တွေအတော်ပါးသွားတဲ့ ၊ All-screen display ဖြစ်သွားတဲ့ခံစားမှုမျိုးရရှိသွားပါတယ်။ Display ထိပ်က Notch ကတော့ပြောင်းလဲမှုမရှိ အရင်အတိုင်းပါပဲ။
ဖုန်း ၄ မျိုးလုံးက Wireless Charging ရပါတယ်။ ဖုန်း ၄ မျိုးလုံးက ရေစိုခံဖုန်းတွေဖြစ်ပါတယ်။ ဖုန်းရှေ့မျက်နှာပြင် Glass တွေကလည်း ယခင် iPhone တွေထက်ပိုအကြမ်းခံပါတယ်။ iPhone 12 တွေရဲ့ Glass ကို Ceramic Shield လို့တောင်အမည်ပေးထားပါသေးတယ်။
iPhone 12 Mini
--------------
iPhone SE/7/8 ထက်တောင်ပိုသေးတဲ့ iPhone 12 Mini ကို Screen size 5.4 လက်မအရွယ် OLED Super Retina XDR Display (1080p) တပ်ဆင်ပေးထားပါတယ်။ ဘေး Frame က Aluminum ၊ နောက်ဘက်ခြမ်း Glass နဲ့ပါ။ A14 Bionic Chipset ကိုအသုံးပြုထားပြီး 5G ဖုန်းဖြစ်ပါတယ်။ Face ID ပါဝင်ပါတယ်။ ရှေ့ဘက်ခြမ်း Selfie Camera/TrueDepth Camera အနေနဲ့ 12MP(f2.2) တပ်ဆင်ထားပါတယ်။ နောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး 12 MP (f2.4, 5 elements Lens) Ultra Wide Lens နဲ့ 12 MP (f1.6, 7 elements Lens) Wide Lens တို့ကိုတပ်ဆင်ပေးထားပါတယ် ။ 4K video ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာပိုမိုကောင်းမွန်စေမယ့် Smart HDR 3 Feature ပါဝင်ပါတယ်။အရောင်အနေနဲ့ Black , Blue , Green , Red , white တို့နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့ 64GB , 128GB , 256GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone SE နေရာကိုအစားထိုးမယ့် ဖုန်းမော်ဒယ်လို့မြင်မိပါတယ်။ iPhone 12 Mini ကို နိုဝင်ဘာ ၁၃ ရက်နေ့မှစရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့ 64GB - ၁၁ သိန်းခွဲ ဝန်းကျင် ၊ 128GB - ၁၂ သိန်းခွဲဝန်းကျင် ၊ 256GB - ၁၄ သိန်းဝန်းကျင်ကျပါမယ်။
iPhone 12
----------
iPhone 12 ကိုတော့ 6.1 လက်မအရွယ် OLED Super Retina XDR Display (2532x1170) တပ်ဆင်ပေးထားပြီး Display pixel ကလည်း iPhone 11 display ရဲ့ ၂ ဆဖြစ်ပါတယ်။ iPhone 11 မှာတုန်းက LCD display သုံးထားပြီး အခု iPhone 12 မှာ OLED Panel ပြောင်းသုံးလိုက်တဲ့အတွက် Display ပိုင်းမှာ iPhone 12 က 11 ထက်အများကြီးပိုကောင်းပါတယ်။ HDR 10 support လုပ်တဲ့ Display ဖြစ်ပါတယ်။ ဘေး Frame က Aluminum ၊ နောက်ဘက်ခြမ်း Glass နဲ့ပါ။ iPhone 12 ဟာ iPhone 11 ထက် ၁၁% ပိုပါးပြီး ၊ ၁၅% ပိုသေးကာ ၁၆% ပိုပေါ့ပါးပါတယ်။ A14 Bionic Chipset ကိုအသုံးပြုထားပြီး 5G ဖုန်းဖြစ်ပါတယ်။ Face ID ပါဝင်ပါတယ်။ ရှေ့ဘက်ခြမ်း Selfie Camera/TrueDepth Camera အနေနဲ့ 12MP(f2.2) တပ်ဆင်ထားပါတယ်။ နောက်ဘက်ခြမ်းမှာ Dual Camera ပါဝင်ပြီး 12 MP (f2.4, 5 elements Lens) Ultra Wide Lens နဲ့ 12 MP (f1.6, 7 elements Lens) Wide Lens တို့ကိုတပ်ဆင်ပေးထားပါတယ်။ Low light Photography ရိုက်ကူးရာမှာ iPhone 11 ထက်ပိုကောင်းလာတာတွေ့ရပါတယ်။ 4K video ရိုက်ကူးနိုင်ပါတယ်။ ဓာတ်ပုံရိုက်ရာမှာပိုမိုကောင်းမွန်စေမယ့် Smart HDR 3 Feature ပါဝင်ပါတယ်။ အရောင်အနေနဲ့ Black , Blue , Green , Red , white တို့နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး Storage အနေနဲ့ 64GB , 128GB , 256GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone 12 ကိုအောက်တိုဘာ ၂၃ ရက်နေ့စရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့ 64GB - ၁၂ သိန်းခွဲ ဝန်းကျင် ၊ 128GB - ၁၃ သိန်းခွဲဝန်းကျင် ၊ 256GB - ၁၄ သိန်းခွဲဝန်းကျင်ဖြစ်ပါမယ်။
iPhone 12 Pro
--------------
iPhone 12 Pro ကိုတော့ ယခင်နှစ် iPhone XS , 11 Pro တွေထက် size ကြီးလိုက်ပြီး iPhone 12 နဲ့အရွယ်အစားအတူတူဖြစ်ပါတယ်။ Screen size အနေနဲ့ 6.1 လက်မအရွယ် Super Retina XDR Display ကိုအသုံးပြုထားပါတယ်။ iPhone 11 Pro ထက် Screen size ပိုကြီးလာပါတယ်။ ဘေး Frame က Stainless steel ၊ နောက်ဘက်ခြမ်းက Matt glass နဲ့ပါ။ A14 Bionic Chipset သုံးထားပြီး RAM 6GB ပါဝင်ပါတယ်။ 5G ဖုန်းပါ။ ရှေ့ selfie camera အနေနဲ့ 12 MP, f/2.2, 23mm (wide) ကိုတပ်ဆင်ပေးထားပါတယ်။ နောက်ဘက်ခြမ်းမှာ Triple Camera ပါဝင်ပြီး 12 MP, f/1.6, 26mm (wide), 1.4µm, dual pixel PDAF, OIS + 12 MP, f/2.0, 65mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2.5x optical zoom + 12 MP, f/2.4, 13mm (ultrawide) lens တွေကိုတပ်ဆင်ပေးထားပါတယ် ။ iPhone 12 Pro မှာ 52mm Telephoto Camera ပါဝင်ပြီး 4x Optical Zoom ဆွဲလို့ရပါတယ်။ Video ရိုက်ကူးမှုအနေနဲ့ Dolby Vision/10 bit HDR /4k Video တွေလည်းရိုက်ကူးနိုင်ပါတယ်။ AR feature နဲ့အခြား measurements ပိုင်းတွေအတွက် သီးသန့်အလုပ်လုပ်ပေးမယ့် LiDAR Sensor ကိုလည်းတပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် iPhone 12 Pro မှာတော့ LiDAR Sensor က Lowlight photography/videography ရိုက်ကူးမှုပိုင်းမှာ Autofocus ပိုင်းအတွက်လည်းအလုပ်လုပ်ပေးပါတယ်။ အရောင်အနေနဲ့ Blue, Gold, Graphite, Silver တို့နဲ့ဝယ်ယူရရှိနိုငိမှာဖြစ်ပြီး Storage အနေနဲ့ 128GB , 256GB , 512GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone 12 Pro ကိုအောက်တိုဘာ ၂၃ ရက်နေ့စရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့ 128GB - ၁၆ သိန်းဝန်းကျင် ၊ 256GB - ၁၇ သိန်းခွဲဝန်းကျင် ၊ 512GB - သိန်း ၂၀ ဝန်းကျင်ဖြစ်ပါမယ်။
iPhone 12 Pro Max
-------------------
iPhone 12 Pro Max ကိုတော့ Screen size 6.7 လက်မအရွယ် Super Retina XDR Display ကိုအသုံးပြုထားပါတယ်။ iPhone 11 Pro Max က 6.5 လက်မအရွယ် screen size ဆိုတော့ iPhone 12 Pro Max ဟာ Apple ကထုတ်ခဲ့သမျှ iPhone တွေထဲမှာ Screen size အကြီးဆုံးလည်းဖြစ်လာပါတယ်။ ဘေး Frame က Stainless steel ၊ နောက်ဘက်ခြမ်းက Matt glass နဲ့ပါ။ A14 Bionic Chipset သုံးထားပြီး RAM 6GB ပါဝင်ပါတယ်။ 5G ဖုန်းပါ။ ရှေ့ selfie camera အနေနဲ့ 12 MP, f/2.2, 23mm (wide) ကိုတပ်ဆင်ပေးထားပါတယ်။ နောက်ဘက်ခြမ်းမှာ Triple Camera ပါဝင်ပြီး 12 MP, f/1.6, 26mm (wide), 1.7µm, dual pixel PDAF, OIS + 12 MP, f/2.0, 65mm (telephoto), 1/3.4", 1.0µm, PDAF, OIS, 2.5x optical zoom + 12 MP, f/2.4, 13mm (ultrawide) lens တွေကိုတပ်ဆင်ပေးထားပါတယ် ။ iPhone 12 Pro Max မှာ 65mm Telephoto Camera ပါဝင်ပြီး 5x Optical Zoom ဆွဲလို့ရပါတယ်။ နောက်ဘက်ခြမ်း ကင်မရာအနေနဲ့ 12 Pro Max ကသိသာစွာပိုကောင်းတာလည်းတွေ့ရပါတယ်။ Video ရိုက်ကူးမှုအနေနဲ့ Dolby Vision /10 bit HDR Video/4K တွေလည်းရိုက်ကူးနိုင်ပါတယ်။ Optical Image Stabilization နည်းပညာမှာလည်း 12 Pro Max ကပိုကောင်းပါတယ်။ AR feature နဲ့အခြား measurements ပိုင်းတွေအတွက် သီးသန့်အလုပ်လုပ်ပေးမယ့် LiDAR Sensor ကိုလည်းတပ်ဆင်ပေးထားပါတယ်။ ဒါပေမယ့် iPhone 12 Pro မှာတော့ LiDAR Sensor က Lowlight photography/videography ရိုက်ကူးမှုပိုင်းမှာ Autofocus ပိုင်းအတွက်လည်းအလုပ်လုပ်ပေးပါတယ်။ အရောင်အနေနဲ့ Blue, Gold, Graphite, Silver တို့နဲ့ဝယ်ယူရရှိနိုငိမှာဖြစ်ပြီး Storage အနေနဲ့ 128GB , 256GB , 512GB တွေနဲ့ဝယ်ယူရရှိနိုင်ပါမယ်။ iPhone 12 Pro Max ကိုနိုဝင်ဘာ ၁၃ ရက်နေ့မှစရောင်းမှာပါ။ မြန်မာပြည်ဈေးနှုန်းအနေနဲ့ 128GB - ၁၈ သိန်းဝန်းကျင် ၊ 256GB - ၁၉ သိန်းခွဲဝန်းကျင် ၊ 512GB - ၂၂ သိန်းဝန်းကျင်ဖြစ်ပါမယ်။
**ဆင်းကဒ် ၂ ကဒ်ထည့်သုံးချင်သူတွေအတွက် iPhone 12/Pro/Pro Max ၃ မျိုးလုံးကို e-SIM (သို့) Physical Dual Sim ဟန်းဆက်အနေနဲ့ဝယ်လို့ရပါမယ်။ iPhone 12 Mini ကတော့ e-SIM ဟန်းဆက်အနေနဲ့ပဲဝယ်ယူရရှိနိုင်ပါမယ်။ **
📌 ဒီပို့စ်မှာပဲအချက်အလက်တွေထပ်ဖြည့်ပေးနေဆဲမို့ ပို့စ်ကို Copy မကူးပဲ Share ပဲလုပ်ပေးသွားကြစေချင်ပါတယ်။ ဒါမှ ပို့စ်က up to date ဖြစ်နေမှာပါ။ 📌
Credits to Thet Naing Soe