BVBM Institute

BVBM Institute Business and Management Training

  သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များကို အသိပညာ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးပညာများက...
14/04/2023

သည် မြန်မာနိုင်ငံအတွင်းရှိ လူငယ်များကို အသိပညာ၊ လုပ်ငန်းခွင် စွမ်းဆောင်ရည်များ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးပညာများကို တတ်အားသရွေ့ မျှဝေရေး နှင့် သင်တန်းများတက်ရောက်ရန်စိတ်အားထက်သန်ပြီး အချိန်အားဖြင့်၊ ငွေအားဖြင့် အခက်ခဲဖြစ်သူတွေအတွက်၊ လူငယ်တွေအတွက်သာ အဓိက ဖြစ်တည်လာသော #သင်တန်းကျောင်း ဖြစ်ပါတယ်။
လူငယ်စွမ်းရည်မြင့်သင်တန်းတွေကို 100%( Free Charges ) သင်တန်းကြေးနဲ့ ဖွင့်ပေးပြီး စီးပွားရေးဆိုင်ရာ သင်တန်းတွေကိုတော့
#သင်တန်းကြေး70% (ကင်းလွတ်ခွင့်) နဲ့ ဖွင့်ပေးမှာမို့ BVBM Institute မှာ ဘာသင်တန်းတွေ တက်ဖို့ စိတ်ဝင်စားနေပြီလဲ ဆိုတာ မန့်ခဲ့ကြနော်...

လူငယ်များအတွက်ရေးတဲ့စာ....နောက် ၂ နှစ်ကြာရင် မင်း ဘယ်လိုလူ ဖြစ်လာမလဲ ❓စာအုပ်တစ်အုပ် ဖတ်ခဲ့ဖူးတယ်၊ မှတ်သားစရာ ကောင်းလို့ ...
14/04/2023

လူငယ်များအတွက်ရေးတဲ့စာ....

နောက် ၂ နှစ်ကြာရင် မင်း ဘယ်လိုလူ ဖြစ်လာမလဲ ❓

စာအုပ်တစ်အုပ် ဖတ်ခဲ့ဖူးတယ်၊ မှတ်သားစရာ ကောင်းလို့ #လူငယ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

“𝓽𝓱𝓮 𝓭𝓲𝓯𝓯𝓮𝓻𝓮𝓷𝓬𝓮 𝓫𝓮𝓽𝔀𝓮𝓮𝓷 𝔀𝓱𝓸 𝔂𝓸𝓾 𝓪𝓻𝓮 𝓷𝓸𝔀 𝓪𝓷𝓭 𝔂𝓸𝓾 𝔀𝓲𝓵𝓵 𝓫𝓮 𝓲𝓷 2 𝔂𝓮𝓪𝓻𝓼’ 𝓽𝓲𝓶𝓮 𝓲𝓼 𝓭𝓮𝓹𝓮𝓷𝓭𝓪𝓷𝓽 𝓸𝓷 𝓽𝓱𝓮 𝓫𝓸𝓸𝓴𝓼 𝔂𝓸𝓾 𝓻𝓮𝓪𝓭 𝓪𝓷𝓭 𝓽𝓱𝓮 𝓹𝓮𝓸𝓹𝓵𝓮 𝔂𝓸𝓾 𝓱𝓪𝓷𝓰 𝓸𝓾𝓽 𝔀𝓲𝓽𝓱.

“မင်း အခုအချိန်ကနေ နောက် ၂ နှစ်ကြာတဲ့အခါ ကွာခြားချက်တွေဟာ မင်း ဘာစာအုပ်တွေ ဖတ်တယ်၊ ဘယ်လိုလူတွေနဲ့ ပေါင်းတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်” တဲ့။

ဒါဆိုရင် ကျွန်တော်တို့လူငယ်တွေ ဘာလုပ်သင့်လဲဆိုတာ မဖြေကရှင်းလှပါတယ်။
စာဖတ်ခြင်း လူတယောက်ရဲ့ နှလုံးသားနဲ့ဦးနှောက်ကို အာဟာရဖြစ်စေပါတယ်။
စာဖတ်မှစာတတ်တာမို့ နေ့စဉ်စာဖတ်ခြင်းက အသက်ရှင်သန်နေပြီး အသိဉာဏ်မသေအောင် ကြိုးစားနေခြင်းဖြစ်တယ်။

လူကောင်းလူတော် မိတ်ဆွေကောင်းတွေနဲ့ပေါင်းသင်းရခြင်းကလည်း
အကောင်းဆုံးသောရလဒ်တွေရရှိစေပြီး အောင်မြင်ဖို့အတွက် လိုအပ်နေတဲ့ ခွန်အားဖြည့်လှေကားထစ်များဖြစ်စေပါလိမ့်မယ်။

2025 အတွက် ဒီနေ့ပဲ စတင်ကြမယ်။


13/04/2023

Business and Management Training

What are the functions of HR and Admin Department?HR ဌာန နဲ့ Admin ဌာန ရဲ့ မတူညီတဲ့လုပ်ငန်း‌လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မ...
12/04/2023

What are the functions of HR and Admin Department?

HR ဌာန နဲ့ Admin ဌာန ရဲ့ မတူညီတဲ့လုပ်ငန်း‌လုပ်ဆောင်ချက်တွေက ဘာတွေဖြစ်မလဲ။
ဘယ်လိုလုပ်ငန်းစဉ်တွေ လုပ်ဆောင်ကြရသလဲဆိုတာ လေ့လာကြည့်ကြရအောင်


🙏  #နှစ်သစ်ဆုတောင်း 🙏ယခုနှစ် မြန်မာသက္ကရာဇ် ( ၁၃၈၄ - ၈၅) ခုနှစ် , ခရစ်သက္ကရာဇ် 2023 ခုနစ် April ( တခူးလ )သင်္ကြန်ရက်မြတ်...
12/04/2023

🙏 #နှစ်သစ်ဆုတောင်း 🙏

ယခုနှစ်
မြန်မာသက္ကရာဇ် ( ၁၃၈၄ - ၈၅) ခုနှစ် , ခရစ်သက္ကရာဇ် 2023 ခုနစ် April
( တခူးလ )သင်္ကြန်ရက်မြတ်မှသည်
နောင်နှစ်ပေါင်းများစွာတိုင်

ကျွန်တော်၏ သူငယ်ချင်းမိတ်ဆွေများနဲ့
မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူပြည်သားများအားလုံး
ကိုယ်ရော / စိတ်ပါ
ကျန်းမာ / ချမ်းသာနိုင်ကြပါစေ၊
ဘဝမှာ ...
လုပ်သမျှအလုပ်တိုင်းအရာထင်လို့
ကြိုးစားသမျှတိုင်းအောင်မြင်ပါစေကြောင်း
ဆုတောင်းသူ / ဆုပေးသူများနဲ့
မင်္ဂလာရှိ​သောနှစ်သစ်ကို
ပျော်ရွှင်စွာ ဖြတ်ကျော်နိုင်ကြပါစေ ကြောင်း
BVBM Institute Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#နှစ်သစ်ဆုတောင်း
#နှစ်သစ်ကူး
#အတာသကြင်္န်
#ဆုတောင်းစကား

Branding နဲ့ Marketing ဘာကွာသလဲ ဆိုတာ လေ့လာကြည့်မယ်။Branding ဆိုတာ Marketing ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို Marketing ဟာလ...
12/04/2023

Branding နဲ့ Marketing ဘာကွာသလဲ ဆိုတာ လေ့လာကြည့်မယ်။
Branding ဆိုတာ Marketing ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်သလို Marketing ဟာလည်း Branding ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
‌သို့‌ သော် မတူညီတဲ့ ကွာခြားချက် လေးတွေရှိပါတယ် ။
လေ့လာကြည့်ကြရအောင် ....

စီးပွားရေးနဲ့ စီမံခန့်ခွဲမှု အကြောင်းတွေကို
အပြည့်အစုံလေ့လာနိုင်ရန် BVBM Institute မှာ အခုပဲ Like & Follow လုပ်ထားလိုက်တော့နော်....




Knowledge နဲ့ Skill ဘာကွာသလဲဆိုရင် Knowledge ဆိုတာက Knowing what to do ဘာလုပ်ရမလဲဆိုတာကို သိခြင်းဖြစ်ပြီး၊ Skill ဆိုတာကတ...
26/03/2023

Knowledge နဲ့ Skill ဘာကွာသလဲဆိုရင် Knowledge ဆိုတာက Knowing what to do ဘာလုပ်ရမလဲဆိုတာကို သိခြင်းဖြစ်ပြီး၊ Skill ဆိုတာကတော့ Knowing how to do ဘယ်လိုလုပ်ရမယ်ဆိုတာကို သိခြင်းဖြစ်ပါတယ်။
BVBM INSTITUTE



လူငယ်တွေအတွက် အောင်မြင်မှုတွေရဖို့ လိုအပ်တဲ့Skill (၃) ခု ================================လူငယ်တစ်ယောက်အနေနဲ့ ဘဝမှာ အောင်...
27/08/2022

လူငယ်တွေအတွက် အောင်မြင်မှုတွေရဖို့ လိုအပ်တဲ့
Skill (၃) ခု
================================

လူငယ်တစ်ယောက်အနေနဲ့ ဘဝမှာ အောင်မြင်မှုတွေ ရဖို့ ၊ တိုးတက်စေဖို့အတွက် မဖြစ်မနေ ဖြည့်ထားရမဲ့ Skill ( ၃ ) ခု ရှိပါတယ်။
သင်က အခု အခြေအနေမှာ ဘယ်လို အခြေအနေမျိုးပဲ ဖြစ်ပါစေ ဒီ Skill ( ၃ ) ခု ရှိထားမယ်ဆိုရင် သင်ဟာ တစ်နေ့မှာ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်မှာလည်း ဖြစ်ပါတယ်။

ပထမဆုံး

၁ ) Personal Development Skill .

ဒီ Skill ကနေ လူငယ်တစ်ယောက်
အောင်မြင်ရေးအတွက်မရှိမဖြစ် လေ့လာထားရမဲ့ / ရှိထားရမဲ့ Skill ပဲ ဖြစ်ပါတယ်။
Personal Development မှာ ဘာတွေ ပါဝင်မလဲ ဆိုရင်...
- ကိုယ့်ရဲ့ ဝါသနာတွေ ၊ Passion တွေ ၊ Skill တွေက ဘာတွေလဲ ?
- ကိုယ်တကယ်ဖြစ်ချင်တဲ့ ဘဝရည်ရွယ်ချက်ကဘာလဲ ?
- ဘယ်လို Marketable Skill တွေ ရှိလဲ ?
- အချိန်တွေကို ဘယ်လို သုံးနေလဲ ?
( Time Management )
- Goal Plan စတာတွေပါဝင်ပါတယ်။
ဒီလို Personal Development Skill တွေ ရှိထားမှ အချိန်တွေ ကို သေချာ အသုံးချတတ်လာပြီး သတ်မှတ်ထားတဲ့ ဘဝရည်ရွယ်ချက်တွေကိုလည်း သိကာ ကြိုးစားဖြစ်လာပြီး အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီကာလမှာ လူငယ်တွေ အနေနဲ့ ...
လမ်းပျောက်တာ ၊ လမ်းများတာ ၊ ရည်ရွယ်ချက် ပျောက်ဆုံးတာ ၊ ဘဝမှာ ဘာတွေ ဖြစ်ချင်မှန်းမသိတာ စတာတွေဟာ
" Personal Development Skill " ဖြည့်ဆည်းဖို့ လိုအပ်နေတဲ့ အဆင့်ဖြစ်ပါတယ်။

ဘာကြောင့် Personal Development Skill ကို ဖြည့်ထားဖို့လိုအပ်သလဲ ဆိုရင် ဒီ Skill ရှိမှ ဘဝအောင်မြင်ရေးအတွက် ကြိုးစားနိုင်မှာဖြစ်ပါတယ်။


၂ ) Professional Development Skill .

ဒီ Skill ကတော့ ပထမ ပြောခဲ့တဲ့ Personal Development Skill ရှိထားပြီဆိုရင် ကျွန်တော်တို့ ဖြစ်ချင်တဲ့ Goal ကို သိလာပြီ ဖြစ်ပါတယ်။
Goal ကို သိလာပြီဆိုရင် လိုအပ်တဲ့ Skill တစ်ခုခုကို ဆက်ဖြည့်ဖို့လိုပါတယ်။
Professional Development Skill ဆိုတာ ဘဝအတွက် တကယ် ပိုက်ဆံ ရှာပေးမဲ့ / ပိုက်ဆံ ရှာပေးနိုင်မဲ့ Skill မျိုးကို ပြောတာ ဖြစ်ပါတယ်။
Teaching Skill , Marketing Skill , Business Skill စသည်ဖြင့် Personal Life မှာ
Professional တစ်ယောက်လို ရပ်တည်နိုင်ဖို့အတွက် Professional Development Skill တစ်ခုခုကို ဖြည့်ထားဖို့လိုပါတယ်။

Professional Development Skill မရှိရင်ဘာဖြစ်မလဲ ဆိုရင်.....
တကယ့် Life မှာ ပိုက်ဆံ ရှာလို့မရဖြစ်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တကယ့်အောင်မြင်တဲ့ ဘဝဆိုတာ
Professional တစ်ယောက်လို ရပ်တည်နိုင်ဖို့လိုပါတယ်

Personal Development Skill နဲ့ Professional Development Skill ရှိပြီဆိုရင် တကယ်စီးပွားရေး စလုပ်လို့ ရပါပြီ။


၃ ) Business Development Skill .

Personal Development Skill , Professional Development Skill စတာတွေ ရှိနေပြီဆိုရင်
ဒါတွေ ကို သုံးပြီး စီးပွားရေး စလုပ်ဖို့အတွက်
Business Plan ရေးတာလို ၊ Marketing Plan ရေးတာလို စတဲ့ Business အတွက်လိုအပ်တဲ့ Documentary တွေ နိုင်နင်းတာမျိုး ၊ တွက်ချက်တတ်တာမျိုး စတဲ့ Business Development Skill တွေ ဖြည့်ထားဖို့လိုပါတယ်။

ဒါတွေကတော့ လူငယ်တစ်ယောက်အနေနဲ့ ဘဝမှာ အောင်မြင်မှု တစ်ခုရဖို့ / တိုးတက်ဖို့အတွက် မဖြစ်မနေ ဖြည့်ဆည်းထားရမဲ့ Skill ( ၃ ) ခုပဲ ဖြစ်ပါတယ်။

သင့်မှာ ဒီ Skill တွေ ရှိနေပြီလား ? သုံးသပ်ပါ။
မရှိနေသေးရင်အခုပဲ စပြီး ကြိုးစားဖြည့်ဆည်းဖို့ အခုကစပြီး ကြိုးစားလိုက်ကြရအောင်

Naing Zaw Moe (nzm)


မိဂဒါဝုန် တောမှာ ပဉ္စဝဂ္ဂီ ငါးဦးကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့တဲ့နေ့ရက်ဖြစ်တဲ့  ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ် အမြတ်ထာ...
12/07/2022

မိဂဒါဝုန် တောမှာ ပဉ္စဝဂ္ဂီ ငါးဦးကို
တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခဲ့တဲ့နေ့ရက်ဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ် အမြတ်ထားရာ
ဓမ္မစကြာ အခါတော်နေ့ ဝါဆိုလပြည့်မှာ ဒါန၊ သီလ၊ ဘာ၀နာ ကုသိုလ်တွေ ပြုလုပ်ပြီး ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာပါစေကြောင်း BVBM Institute မှ ဆုတောင်း​မေတ္တာပို့သအပ်ပါတယ်။

#ဝါဆိုလပြည့်

အနာဂါတ်တွေတောက်ပဖို့ BVBM မှာလေ့လာစို့။
12/06/2022

အနာဂါတ်တွေတောက်ပဖို့ BVBM မှာလေ့လာစို့။

မကြာမီ  စီးပွားရေး ၊ စီမံခန့်ခွဲမှု ဘာသာရပ်များအပြင် ဘာသာစကား သင်တန်းတွေကို ပညာဒါန  ဖွင့်လှစ်ပေးတော့မှာမို့ Page ကို Lik...
11/06/2022

မကြာမီ စီးပွားရေး ၊ စီမံခန့်ခွဲမှု ဘာသာရပ်များအပြင် ဘာသာစကား သင်တန်းတွေကို ပညာဒါန ဖွင့်လှစ်ပေးတော့မှာမို့ Page ကို Like & Follow လုပ်ထားပေးဖို့ မမေ့နဲ့နော် ။ 🥰🥰🥰

Hot Line - 09 958 295 576






Address

Monywa

Telephone

+959751249437

Website

Alerts

Be the first to know and let us send you an email when BVBM Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BVBM Institute:

Share