Mahn Hein

Mahn Hein ပစ္စည်းမှန် စျေးမှန်တဲ့ မာန်ဟိန်းရဲ့ ဝန်ဆောင်မှု🤍

နေရာတိုင်းမှာ အသုံးဝင်တဲ့ cable tie တွေပါ။   Internet company မှာ သုံးတဲ့ fiber ကြိုးတွေကို ချည်မလားWater pipe တွေ အတွက်...
13/03/2024

နေရာတိုင်းမှာ အသုံးဝင်တဲ့ cable tie တွေပါ။
Internet company မှာ သုံးတဲ့ fiber ကြိုးတွေကို ချည်မလား

Water pipe တွေ အတွက်သုံးမလား

မီးကြိုးတွေချည်ဖို့အတွက် သုံးမလား

ပြန်ရောင်းချင်သလား

ကြိုက်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။

📞 09795717700

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)  တွင်မြန်မာနိုင်ငံသားများအားလုံး စိတ်နှလုံး ချမ်း​မြေ့ပြီး တရားဘာဝနာ ကုသိုလ်ထူးများ ပွားမျာ...
31/07/2023

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) တွင်မြန်မာနိုင်ငံသားများအားလုံး စိတ်နှလုံး ချမ်း​မြေ့ပြီး တရားဘာဝနာ ကုသိုလ်ထူးများ ပွားများနိုင် ကြပါ​စေကြောင်း Mahn Hein မိသားစုမှ ဆု​တောင်း​မေတ္တာပို့သလိုက်ပါတယ်ခင်ဗျ 🙏

🤘🏾
29/06/2023

🤘🏾

Order ပြန်မှာလို့ရပြီနော် 😊😊📞 09759980003📱 09777686646
28/06/2023

Order ပြန်မှာလို့ရပြီနော် 😊😊
📞 09759980003
📱 09777686646

မီးပျက်တဲ့ အချိန် wifi ဘယ်လိုသုံးကြမလဲ???
လွယ်ပါတယ်။ အမေးရှိရင် အဖြေရှိပါတယ်။😁
အဖြေကတော့ Yookie power bank နဲ့ ချိတ်သုံးထားလိုက်ရုံပါပဲ။ mAh 10000
ပါတယ်။ ၃/၄ နာရီကတော့ အေးအေးဆေးဆေး။ တချို့ စက်တွေ power bank နဲ့ မနိုင်ဘူးလို့ ပြောကြပါတယ်။ Yookie ကတော့ အေးအေးဆေးဆေး ပါပဲ။ စက်မရွေးပါ😁။ အကြောင်းစုံ သိချင်ရင်တော့ …
📞09759980003

 Price - 35000ကျွန်တော်တို့ အခေါ်များတဲ့ wifi အပွါးစက်ပေါ့။ wifi ရဲ့ အသုံးပြုနိုင်မည့် ဧရိယာကို ချဲ့ပေးတဲ့ ပစ္စည်းပါ။Wif...
27/06/2023


Price - 35000

ကျွန်တော်တို့ အခေါ်များတဲ့ wifi အပွါးစက်ပေါ့။ wifi ရဲ့ အသုံးပြုနိုင်မည့် ဧရိယာကို ချဲ့ပေးတဲ့ ပစ္စည်းပါ။

Wifi Company တွေကနေပြီးတော့ တပ်ဆင်ပေးတဲ့ အခါ အိမ်အပေါ်ထပ် အောက်ထပ် အသုံးပြုလို့ မကောင်းတာတွေ၊

Wifi ကို အခန်းအပြင်ဘက်မှာ တပ်ဆင်ထားပြီး အခန်းထဲမှာ လိုင်းကောင်းကောင်း အသုံးမပြုနိုင်တာတွေ၊

ဘေးချင်းကပ်လျက်အိမ်နှစ်လုံး သုံးချင်တာတွေ အတွက် လုံးဝ အဆင်ပြေတဲ့ ပစ္စည်းလေးပါ။

မိမိ တစ်နိုင်တစ်ပိုင် အသုံးပြုနိုင်တဲ့ ပစ္စည်းလေး။

Wifi တပ်ဆင်ထားပြီး လိုင်းကောင်းကောင်းမသုံးရရင်လည်း စိတ်ညစ်စရာ😥

အဲ့တော့ ပေးရသလောက် အပြည့်အဝ အသုံးပြုနိုင်အောင် ကူညီပေးမဲ့
Xiaomi Repeater Pro လေးပါ။


📱 09759980003
📞 09777686646

Wifi Cable DC 5V to 12V USBကျွန်တော်တို့ မီးပျက်တဲ့ဒေသတွေမှာ wifi အသုံးပြုသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းပါ။ *ဒီca...
26/06/2023

Wifi Cable DC 5V to 12V USB
ကျွန်တော်တို့ မီးပျက်တဲ့ဒေသတွေမှာ wifi အသုံးပြုသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းပါ။

*ဒီcable ကြိုးတွေမှာ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေလည်းရှိပါတယ်။

ကောင်းကျိုးတွေကတော့ မီးပျက်တဲ့အချိန် power bank နဲ့ တွဲပြီး သုံးလိုက်ရုံပါပဲ။ power bank အပေါ်မူတည်ပြီး အသုံးပြုနိုင်သည့်အချိန် ကွဲသွားပါမယ်။ ဘယ်စက်မျိုးမဆို အသုံးပြုလို့ရပါတယ်။ huawei router, Fiber Home router အစရှိသဖြင့် အသုံးပြုလို့ရပါတယ်။

အခုလောလောဆယ် ပြဿနာတက်နေတာက Fiber home router တွေ အသုံးပြုလို့ မရဘူးဆိုတဲ့ အချက်ပါ။ အခုလောလောဆယ် ကျွန်တော်တို့ စမ်းသပ်ကြည့်သလောက်တော့ တေည်တော်များများအသုံးပြုလို့ရပါတယ်။ power bank အပေါ်မှာပဲ မူတည်သလို တွေ့ရပါတယ်။

ကျွန်တော်တတ်နိုင်သလောက်တော့ အားလုံးနဲ့အဆင်ပြေတဲ့ကြိုးလေးကိုတော့ ရှာထားပါတယ်ဗျ။ လိုချင်ရင်ဆက်သွယ်လိုက်ပါဗျ။

📱 09759980003
📞 09777686646

Solar သုံးဖို့ စဉ်းစားနေသူများအတွက် Solar အကြောင်း💡Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။(၁)ဘက်ထ...
08/05/2023

Solar သုံးဖို့ စဉ်းစားနေသူများအတွက် Solar အကြောင်း💡

Solarဝယ်ရုံနဲ့ မီးလုံးထွန်း၊TVကြည့်၊ကွန်ပြူတာသုံးလို့ မရပါဘူး။
(၁)ဘက်ထရီအိုး ဝယ်ရမယ်
(၂)အင်ဗာတာ ဝယ်ရပါမယ်။

Solarရဲ့သဘောက နေရောင်ခြည်အသုံးပြုပြီး ဘက်ထရီအိုးကို အားသွင်း‌ပေးရုံသက်သက်ပါ။

အဓိကက ဘက်ထရီအိုးနဲ့အင်ဗာတာပါ။

1. ဘက်ထရီအိုး ရွေးပါ။

ဘက်ထရီအိုးကို သူရဲ့ Ah(Ampere hour)ကိုကြည့်ပြီး100Ah(၁၀၀အိုး)၊200Ah(၂၀၀အိုး)စသဖြင့်ခေါ်ပါတယ်။

ဘယ်ဘက်ထရီအိုးဖြင့်ဖြင့် ရာနှုန်းပြည့် သုံးစွဲခြင်းကို ရှောင်ပါ။၈၀%လောက်ပဲ သုံးစွဲပါ။လုံးဝ အားကုန်သွားသည်အထိ မသုံးပါနဲ့။

နောက်ပြီး တနေ့ကို ဘယ်နှစ်နာရီအသုံးပြုမယ်ဆိုတာကို သတ်မှတ်ပါ။၃နာရီလား?၄နာရီလား?

ဘက်ထရီအိုးရွေးဖို့ ကိုယ့်အသုံးပြုမဲ့ မီးလုံးရဲ့ Watt၊TVရဲ့Watt၊ကွန်ပြူတာရဲ့Wattအားလုံးကို ပေါင်းပါ။
ဥပမာ-မီးလုံး-18W+18W
TV -90W
ကွန်ပြူတာ-45W
အဲ့ဒါတွေအားလုံး
ပေါင်း(18+90+45+18)171W။

စုစုပေါင်း171Wကို Ampereပြန်ပြောင်းတော့171/12=14.25A
စု‌စုပေါင်းအသုံးပြုချိန်က၄နာရီဆိုပါစို့-
14.25A x4h=57Ahအနီးစပ်ဆုံး60Ahလောက်စဉ်းစားထား။
Lossesတွေအတွက်က 25%လောက် ထပ်ဆောင်းပါ။အဲ့တော့ (60 x 0.25=15Ah)
ထို့ကြောင့်
ဘက်ထရီအိုးSizeက=60+15Ah=75Ah

👉အနီးစပ်ဆုံး80Ahဝယ်ပါ။

(171Wကို ၄နာရီကြာအောင်သုံးမယ်ဆိုရင်80Ahအိုးကကောင်းကောင်းနိုင်ပါတယ်။)

2. အင်ဗာတာ ရွေးပါ။

ဘယ်အင်ဗာတာကမှလည်း ရာနှုန်းပြည့်ယူသုံးလို့မရပါဘူး။ပျှမ်းမျှ၇၀%ပါပဲ။
အင်ဗာတာရွေးဖို့ ကိုယ့်ရဲ့Total Loadကို ပျှမ်းမျှ၇၀%နဲ့စားပါ။
ဥပမာ-171/0.7=244.3

👉 အနီးစပ်ဆုံး 300W inverterသုံးပါ။

3. Solar ရွေးပါ။

Solarက ဘက်ထရီအားသွင်းဖို့ပါ။အချိန်ဘယ်လောက်နဲ့ပြည့်ချင်လဲဆိုတာကိုကြည့်ပြီးSolarဆိုဒ်ကို ဝယ်ရမှာပါ။
ဥပမာ-မိမိရဲ့ 80Ahအိုးကို ၄နာရီလောက်နဲ့ပြည့်ချင်တယ်ဆိုရင်-80Ah/4h=20A x 12V=240W

👉 အနီးစပ်ဆုံး 300WSolarဝယ်ပါ။

အချုပ်ပြောရရင်-
စုစုပေါင်း 171Wကို ၄နာရီကြာအသုံးပြုဖို့အတွက်
Solar-300W
Battery-80Ah
Inverter-300W လိုပါမယ်။

WIFI တပ်ထားပြီး တန်အောင်ဘယ်လိုသုံးကြမလဲ?ကျွန်တော်တို့ wifi ရဲ့ ပျမ်းမျှဧရိယာအကျယ်ဟာ ပေ ၆၀ ပတ်လည်အတွင်းပဲ အသုံးပြုလို့ကော...
05/02/2023

WIFI တပ်ထားပြီး တန်အောင်ဘယ်လိုသုံးကြမလဲ?

ကျွန်တော်တို့ wifi ရဲ့ ပျမ်းမျှဧရိယာအကျယ်ဟာ ပေ ၆၀ ပတ်လည်အတွင်းပဲ အသုံးပြုလို့ကောင်းပါတယ်။ ဒီထက်ကျယ်သွားရင်လိုင်းအားကျတာတွေ ဖြစ်တတ်ပါတယ်။ ပေ၆၀ ဆိုတာက အကာအရံမရှိတဲ့ အကျယ်ကိုပြောတာပါ။ တကယ်လို့ ကြားခံနယ်တွေ ထူနေတဲ့အခါမှာ wifi ရဲ့ speed (Range)ကို အနှောက်အယှက် ပေးတာတွေ ဖြစ်တတ်ပါတယ်။ အဖြစ်များတဲ့ ဥပမာကတော့ အိမ်အပေါ်ထပ် အောက်ထပ် အသုံးပြုလို့မကောင်းတာမျိုးပေါ့။ wifi တပ်ထားပြီး လိုင်းကောင်းကောင်း အသုံးမပြုနိုင်တော့ဘူး။ အခုအချိန်က ဘာတွေ အသုံးများကြလဲဆိုတော့
ေစာသင်တာ
ေmeetingတက်တာ
ေစျေးရောင်းတာ
ပညါရေး၊ စီးပွါးရေး အစစအရာရာဟာ online ကနေပဲ လုပ်နေကြရတဲ့ ခေတ်ဖြစ်နေတာ။ ဒီကိစ္စတွေ အကုန်လုံးကလဲ wifi လိုင်းကောင်းမှ ချောချောချူချူ လုပ်နိုင်မှာ ဖြစ်ပါတယ်။ mobile data နဲ့ဆို မလွယ်ဘူး😁။

လိုင်းကောင်းအောင်ဆိုပြီး မူရင်းစက်နားအသုံးပြုမယ်ဆိုပြန်တော့လဲ မိသားစုဝင်တွေကရှိသေးတယ်။ ရှုပ်လို့ပြောတာတော့မဟုတ်ပါဘူး။ တစ်ယောက်ထဲအေးအေးဆေးဆေး အလုပ်လုပ်ချင်တဲ့သူတွေ အတွက်ကြတော့အဆင်မပြေတော့ဘူး။ (ကျွန်တော့လိုလူမျိုးပေါ့😉)။

Wifi လိုင်းကောင်းအောင် အပေါ်ထပ်တစ်လုံးထပ်တပ်ဆမယ်ဆိုပြန်တော့လဲ အဆင်မပြေဘူး။ တစ်လထဲ နှစ်လုံးစာ bill ဆောင်နေရမှာ။ ခေတ်ကာလက ငွေသုံးကောင်းတဲ့ အချိန်အခါလဲ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းရောက်ပြီ😁။ မူရင်းwifi ကနေ ထပ်ဆင့်ခွဲဖို့ပါပဲ။
မူရင်းWiFi စက်ကနေ Network Cable ကြိုးနဲ့ ခွဲမယ်။ ကိုယ်အသုံးပြုချင်တဲ့နေရာမှာ router တစ်လုံးထားရမယ်။
ဘေထပ်ဆောင်စရာမလိုဘူး။
မူရင်းစက်အတွက်ပဲ ဆောင်ရမယ်။
မူရင်းစက်အမြန်နှုန်းအတိုင်းပဲ ထပ်ခွဲထားတဲ့ router မှာလဲ အသုံးပြုနိုင်မယ်။
ကိုယ်အခန်းလေးနဲ့ကိုယ် ကောင်းကောင်းမွန်မွန် လိုင်းကောင်းကောင်း အသုံးပြုနိုင်မယ်။
တန်ရာတန်ကြေးပေးထားရတဲ့အတွက် တန်အောင်သုံးရမယ်😜။
ကောင်းကျိုးတွေကတော့အများကြီးပဲ။
သိချင်သေးရင် hello လိုက်။ စိတ်ရှည်ရှည်နဲ့ အကြာကြီးရှင်းပြပေးမှာ😍။ ဖုန်းနံပါတ်ကတော့ page မှာနော်📞🤍။

တချို့အရာတွေက မသိတာပဲကောင်းတယ် 😝
25/01/2023

တချို့အရာတွေက မသိတာပဲကောင်းတယ် 😝

ဒီနေ့တော့ wifi Range ချဲ့ 😊TV box join ☺️  😍
22/01/2023

ဒီနေ့တော့
wifi Range ချဲ့ 😊
TV box join ☺️
😍

မီးပျက်တဲ့ အချိန် wifi ဘယ်လိုသုံးကြမလဲ???လွယ်ပါတယ်။ အမေးရှိရင် အဖြေရှိပါတယ်။😁အဖြေကတော့ Yookie power bank နဲ့ ချိတ်သုံးထာ...
21/01/2023

မီးပျက်တဲ့ အချိန် wifi ဘယ်လိုသုံးကြမလဲ???
လွယ်ပါတယ်။ အမေးရှိရင် အဖြေရှိပါတယ်။😁
အဖြေကတော့ Yookie power bank နဲ့ ချိတ်သုံးထားလိုက်ရုံပါပဲ။ mAh 10000
ပါတယ်။ ၃/၄ နာရီကတော့ အေးအေးဆေးဆေး။ တချို့ စက်တွေ power bank နဲ့ မနိုင်ဘူးလို့ ပြောကြပါတယ်။ Yookie ကတော့ အေးအေးဆေးဆေး ပါပဲ။ စက်မရွေးပါ😁။ အကြောင်းစုံ သိချင်ရင်တော့ …
📞09759980003

17/01/2023

ကျွန်တော့်ရဲ့ MAHN HEIN page လေးကတော့ Network Accessories ပစ္စည်း တွေ ရောင်းမဲ့ page လေးပါ။
အထူးသဖြင့် WiFi နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေပါ။ Wifi နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ ရောင်းမှာဆိုတော့ Wifi နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုလည်း ပေးသွားမှာပါဗျ။
ဝန်ဆောင်မှုမှာ ဘာတွေ ပါဝင်မလဲဆိုတော့

၁။ wifi range ချဲ့မယ်။ wifi ရဲ့ သဘောက area အကျယ်ကြီး မလွှင့်ပေးနိုင်ပါဘူး။ ပျှမ်းမျှ ပေ ၆၀ ပတ်လည်ပဲ။ router ကောင်းရင်တော့ တမျိုးပေါ့။ အိမ်ပုံစံက အုတ်နံရံ တွေနဲ့ ဆို အိမ်အပေါ်ထပ် အောက်ထပ် လိုင်းကောင်း ဖို့ မလွယ်ကူပါဘူး။ အဲ့တော့ wifi range ချဲ့ ဖို့ လိုအပ်တာပေါ့။

၂။ wifi နဲ့ ပတ်သက်ပြီးလို့ တိုင်ပင်ဆွေးနွေးလို့ရမယ်။ သိသလောက် တတ်သလောက်တော့ ကျွန်တော် ရှင်းပြမှာပါ။ online class သင်နေတုန်း လိုင်းကျတာတွေ၊ meeting တက်နေတုန်း လိုင်းကျတာတွေ၊ wifi နဲ့ laptop join လို့မရတာတွေ အစရှိသဖြင့်ပေါ့ သိချင်တာတွေ လာမေးလို့ရမယ်။ service ပေးမယ်။

၃။ CCTV ပိုင်းဆိုင်ရာတွေလည်း service ပေးမယ်။

၄။ TV လိုင်း နဲ့ ပတ်သက်ပြီးတော့လည်း service ပေးမယ်။(TV နဲ့ wifi နဲ့ ချိတ်ပြီး သုံးချင်တာမျိုးပေါ့)

၅။ Hotel တွေမှာလည်း Wifi system ကောင်းဖို့လဲ Service ပေးမယ်။

ရောင်းမဲ့ ပစ္စည်းတွေကိုတော့ တစ်ခုချင်း page က တင်ပေးသွားမှာပါ။ ပစ္စည်းမှန်စေရမယ် စျေးမှန်စေရမယ်။ အားပေးကြပါအုံးလို့ တောင်းဆိုပါရစေ😁🙏🏿

Address

Myitta Street Yankin Quarter
Monywa

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Alerts

Be the first to know and let us send you an email when Mahn Hein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share