The LAMP

The LAMP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The LAMP, 67C*39 street, Monywa.
(1)

05/03/2026

သွေးတိုးရောဂါ (သို့)
အသံတိတ် လူသ_တ် သမားအကြောင်း

03/02/2026

01/02/2026

👉🩺🩹💉👈

28/01/2026

❌မီးမီးက Online ကနေ ဆေးကုပေးနေတာ မဟုတ်ဘူးနော် 🙈🙈

#အကြောင်းကြောင်းကြောင့်_ဆေးရုံမတက်ဘဲအိမ်မှာနေရင်းဆေးထိုးချင်
#ဆေးရုံဆေးခန်းသွားဖို့တက်ရောက်ဖို့အဆင်မပြေသူများ
#အိမ်မှာပဲနေပြီးဆေးထိုး_ဆေးထည့်ချင်သူများ
#နှာခေါင်းပိုက်_ဆီးပိုက် အသစ်ထည့်/ပြန်လဲ
#အနာဆေးထည့်
#ကိုယ်ဝန်တာဆေးထိုးချင်သူများ

💢အိမ်ကနေ အထက်ပါအချက်တွေအတွက် လိုအပ်နေပြီဆိုရင်တော့

မနှေးအမြန်ဆက်သွယ်ရန် 👇

ဆီကို လာခဲ့ပါရှန်

26/01/2026

#မန္တလေးမြို့


Diploma and BNSC ပြီး သူနာပြု ပါ
Experience _ over 10 years ပါရှင့်

✓✓Injection (ဆေးထိုးခြင်း) IV/IM
✓✓Cannulation (ဆေးထိုးပိုက်တပ်ခြင်း)
✓✓Ryle Tube Insertion (နှာခေါင်းပိုက်ထည့်ခြင်း)
✓✓Catheterization (ဆီးပိုက်ထည့်ခြင်း)
✓✓Dressing (အနာဆေးထည့်ခြင်း)

စသည်တို့အတွက် အကြောင်းကြောင်းကြောင့် #ဆေးရုံဆေးခန်းသွားဖို့တက်ရောက်ဖို့အဆင်မပြေသူများ
#အိမ်မှာပဲနေပြီးဆေးထိုး_ဆေးထည့်ချင်သူများ
#နှာခေါင်းပိုက်_ဆီးပိုက် တပ်/လဲ ဖို့အတွက်လိုအပ်သူများအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးဖို့ လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ရှင့်။

Vb/Tg_09797551784

Cannula Care ကလည်း လူနာတစ်ယောက်ရဲ့ ကျန်းမာခြင်းအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုကနေပါဝင်နေတယ်။ ရောဂါသက်သာပျောက်ကင်းဖို့အပြင် သူ့...
20/01/2026

Cannula Care ကလည်း လူနာတစ်ယောက်ရဲ့ ကျန်းမာခြင်းအတွက် အရေးပါတဲ့ ကဏ္ဍတစ်ခုကနေပါဝင်နေတယ်။ ရောဂါသက်သာပျောက်ကင်းဖို့အပြင် သူ့ကြောင့်ရောဂါပိုးမဝင်အောင်ပါ ဂရုစိုက်ရတာမို့အအထူးသတိပြုရမယ့် အချက်ပါပဲ။

အခြေခံလိုက်နာရမယ့် အချက်တွေကို မျှဝေပေးပါရစေ

၁။ သန့်ရှင်းမှုရှိပါစေ
* Cannula ထည့်ထားတဲ့နေရာကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးရပါမယ်
* ပိုက်ပတ်တီးကို အမြဲတမ်း ခြောက်သွေ့သန့်ရှင်းအောင် ထားပါ။
၂။ ရေမစိုပါစေနဲ့
* ရေချိုးတဲ့အခါ Cannula နေရာကို ရေမဝင်အောင် ပလတ်စတစ် (သို့) ရေလုံအိတ်တစ်ခုခုနဲ့ သေချာပတ်ပြီးမှ ချိုးပါ။

၃။ ထိခိုက်မှုမရှိအောင် နေပါ
* Cannula ထည့်ထားတဲ့ လက်ဘက်ကို အလေးအပင် မပါနဲ့။
* ပိုက်ကို မဆွဲမိ၊ မခါမိအောင် ဂရုစိုက်ပါ။ အဝတ်အစားလဲတဲ့အခါ ပိုက်နဲ့မငြိအောင် ဖြည်းဖြည်းချင်းလဲပါ။ ဆေးပိုက်ရှိတဲ့ဘက်ရဲ့ လက်ကို အရင်လျှိုဝတ်ပါ။


🖲️ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်/သူနာပြုကို အကြောင်းကြားရမလဲ?
အောက်ပါ လက္ခဏာတွေရှိလာရင် အမြန်ဆုံး အကြောင်းကြားဖို့ လိုအပ်ပါတယ် -
‼️ နာကျင်ခြင်း: ဆေးသွင်းတဲ့အခါ ဒါမှမဟုတ် ဒီအတိုင်းနေရင်းနဲ့ ပိုက်ထည့်ထားတဲ့နေရာက အရမ်းနာလာရင်။
‼️ ရောင်ရမ်းခြင်း: ပိုက်ပတ်လည်မှာ ဖောင်းပြီး ရောင်လာရင်။
‼️ နီမြန်းခြင်း: သွေးကြောတစ်လျှောက် နီလာရင် (သွေးကြောရောင်တဲ့ လက္ခဏာဖြစ်နိုင်ပါတယ်)။
‼️ သွေးထွက်ခြင်း (သို့) ဆေးရည်စိမ့်ခြင်း: ပိုက်ထည့်ထားတဲ့နေရာက သွေးထွက်လာရင် (သို့) ဆေးရည်တွေ ပြန်ထွက်နေရင်။
‼️ ဖျားခြင်း: အကြောင်းရင်းမရှိဘဲ ချမ်းတုန်ပြီး ဖျားလာရင်။

မှတ်ချက်: ပုံမှန်အားဖြင့် Cannula တစ်ခုကို ၇၂ နာရီ #၃ရက်ထက်ပိုပြီး မထားသင့်ပါဘူး။ ၃ ရက်ပြည့်ရင် (သို့) အထက်ပါ ပြဿနာတစ်ခုခုရှိရင် နေရာအသစ် ပြောင်းထည့်ဖို့ လိုအပ်ပါတယ်။

Cannula နဲ့ပတ်သက်ပြီး တခြားသိချင်တာ (ဥပမာ- ဆေးသွင်းနေရင်း ရပ်သွားတာမျိုး) ရှိသေးရင် မေးမြန်းနိုင်ပါတယ်။

ဒီနေ့တော့ ထိုးရင်း N/A ညီမလေးကို အကြောင်းလေပစ်ခဲ့ 💁🌪️
#မန္တလေးမြို့တွင်းအိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှု လိုအပ်သူတိုင်း အားမနာတမ်းဆက်သွယ်နိုင်ကြောင်းပါနော်

Vb/Tg_09797551784
Vb_09258966374

19/01/2026
19/01/2026

#မန္တလေးမြို့


Diploma and BNSC ပြီး သူနာပြု ပါ
Experience _ over 10 years ပါရှင့်

✓✓Injection (ဆေးထိုးခြင်း) IV/IM
✓✓Cannulation (ဆေးထိုးပိုက်တပ်ခြင်း)
✓✓Ryle Tube Insertion (နှာခေါင်းပိုက်ထည့်ခြင်း)
✓✓Catheterization (ဆီးပိုက်ထည့်ခြင်း)
✓✓Dressing (အနာဆေးထည့်ခြင်း)

စသည်တို့အတွက် အကြောင်းကြောင်းကြောင့် #ဆေးရုံဆေးခန်းသွားဖို့တက်ရောက်ဖို့အဆင်မပြေသူများ
#အိမ်မှာပဲနေပြီးဆေးထိုး_ဆေးထည့်ချင်သူများ
#နှာခေါင်းပိုက်_ဆီးပိုက် တပ်/လဲ ဖို့အတွက်လိုအပ်သူများအတွက် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးဖို့ လိုအပ်ပါက ဆက်သွယ်နိုင်ပါတယ်ရှင့်။

Vb/Tg_09797551784
Vb-09258966374

29/12/2025

Metformin 500mg
Gliclazide 30/60/80mg

လိုအပ်သူများ မှာယူနိုင်ပါတယ်

ခေတ်သစ်ရောဂါဆိုး သို့မဟုတ် Upper Cross Syndrome အကြောင်းThe Modern Hunchback (Upper Cross Syndrome)ဖုန်းကြည့်လွန်းလို့ က...
29/11/2025

ခေတ်သစ်ရောဂါဆိုး သို့မဟုတ် Upper Cross Syndrome အကြောင်း
The Modern Hunchback (Upper Cross Syndrome)
ဖုန်းကြည့်လွန်းလို့ ကုန်းနေတဲ့ကျောကို ပြင်ဖို့ လိုအပ်တဲ့ ကြွက်သား ၂ ခု။ (Kyphosis & Upper Cross Syndrome)

မှန်ထဲကြည့်လိုက်ရင် ခင်ဗျားရဲ့ ပခုံးတွေက နားရွက်ဆီကို တက်ကပ်နေသလား? ခေါင်းက ကိုယ်လုံးထက် အရှေ့ကို ရောက်နေသလား? (Forward Head Posture)။
ဒါကို လူတွေက "ကျောကုန်းတယ်" လို့ ပြောကြပေမဲ့၊ ဆေးပညာအရတော့ "Upper Cross Syndrome" လို့ခေါ်ပါတယ်။ ဒါဟာ အရိုးတွေ ကောက်နေတာ မဟုတ်ပါဘူး။ ကြွက်သားတွေရဲ့ "ဆွဲအား မညီမျှမှု" (Muscle Imbalance) ကြောင့် အရိုးပုံစံ ပျက်သွားတာပါ။
၁။ Kyphosis နဲ့ Lordosis ဆိုတာ ဘာလဲ?
ကျောရိုးမကြီး (Spine) မှာ သဘာဝ Curve (အကွေး) တွေ ရှိပါတယ်။
Kyphosis - အပြင်ဘက်ကို ကွေးထွက်နေသော အပိုင်း (Convex)။
နေရာ- Thoracic Spine (ရင်ဘတ်ပိုင်း ကျောရိုး)။
ပြဿနာ-ပုံမှန်ရှိရမယ့် 20-40 ဒီဂရီထက် ပိုကွေးသွားရင် Hyper-kyphosis (ကျောကုန်းခြင်း) ဖြစ်လာပါတယ်။
Lordosis - အတွင်းဘက်ကို ကွေးဝင်နေသော အပိုင်း (Concave)။
နေရာ- Cervical Spine (လည်ပင်း) နှင့် Lumbar Spine (ခါး)။
ပြဿနာ-လည်ပင်းက အရှေ့ထွက်သွားတဲ့အခါ Lordosis ပျက်စီးပြီး လည်ပင်းအရိုး တောင့်တင်းသွားတတ်ပါတယ်။

၂။ The Upper Cross Syndrome (Dr. Vladimir Janda's Theory)
ချက်သမ္မတနိုင်ငံသား နာမည်ကျော် ဆရာဝန် Dr. Vladimir Janda က ဒီအခြေအနေကို "Upper Cross Syndrome" လို့ နာမည်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ "X" (ကြက်ခြေခတ်) ပုံစံ ကြွက်သားအားပြိုင်မှု ဖြစ်နေလို့ပါ။
Line A-The Tight Line (တင်းပြီး တိုနေသော ကြွက်သားများ)
-Pectoralis Major/Minor (ရင်ဘတ်)-ဖုန်းကြည့်၊ စာရေး ကုန်းနေရလို့ ရင်ဘတ်ကြွက်သားတွေက အမြဲတမ်း ကျုံ့ပြီး တိုနေပါတယ်။
Upper Trapezius & Levator Scapulae (လည်ပင်းအနောက်/ပခုံး)-ခေါင်းမကျသွားအောင် လည်ပင်းနောက်က ကြွက်သားတွေက အမြဲတမ်း ဆွဲထားရလို့ တောင့်တင်းနေပါတယ်။

Line B- The Weak Line (အားနည်းပြီး လျော့ရဲနေသော ကြွက်သားများ)
Deep Neck Flexors (လည်ပင်းအရှေ့ကြွက်သား) မေးစေ့မော့ပြီး အရှေ့ထွက်နေတာကြောင့် လည်ပင်းအရှေ့ကြွက်သားတွေက အလုပ်မလုပ်တော့ဘဲ အားနည်းသွားပါတယ်။ (Sleeping Muscles).
Rhomboids & Lower Trapezius (ကျောလယ်နှင့် ကျောအောက်) ပခုံးအရှေ့ကွေးသွားတာကြောင့် ကျောဘက်က ကြွက်သားတွေက ဆွဲဆန့်ခံလိုက်ရပြီး အားမရှိတော့ပါဘူး (Locked Long).

၃။ The Physics of Text Neck
Client ကို နားလည်အောင် ရှင်းပြဖို့ ဒီ Physics ကို သုံးပါ။
-လူ့ခေါင်းက ပုံမှန်အားဖြင့် ၁၀-၁၂ ပေါင် လေးပါတယ်။ (ခါးရိုးပေါ်တည့်တည့်ရှိနေရင်ပေါ့)။
-ဖုန်းကြည့်ဖို့ ခေါင်းကို ၁၅ ဒီဂရီ ငုံ့လိုက်တာနဲ့ လည်ပင်းပေါ်သက်ရောက်တဲ့ ဝန်က ၂၇ ပေါင် ဖြစ်သွားပါတယ်။
-၆၀ ဒီဂရီ ငုံ့လိုက်ရင် (ဖုန်းကို ရင်ခွင်ထဲထားကြည့်ရင်) ဝန်က ၆၀ ပေါင် အထိ ဖြစ်သွားပါတယ်။
Visualization(မြင်ယောင်ကြည့်ပေါ့ဗျာ) ၈ နှစ်အရွယ် ကလေးတစ်ယောက်ကို လည်ပင်းပေါ် ခွစီးခိုင်းထားတာနဲ့ တူတူပါပဲ။ ဒါ့ကြောင့် ဇာတ်ကြောတက်တာပါ။
၄။ ကုစားနည်း (The Corrective Strategy)
အရည်အချင်းရှိ Trainer တစ်ယောက်က "ကျောကုန်းနေရင် ရင်ဘတ်ကော့" လို့ပဲ မပြောပါဘူး။ "Stretch the Tight, Strengthen the Weak" (တင်းတာလျှော့၊ ပျော့တာတင်း) ဆိုတဲ့ မဟာဗျူဟာကို သုံးပါတယ်။
အဆင့် (၁) - Release the Brakes (တင်းနေတာကို အရင်လျှော့)
Pec Stretch-တံခါးဘောင်မှာ လက်ထောက်ပြီး ရင်ဘတ်ဖွင့်ပါ။ ရင်ဘတ်ကြွက်သား (Pecs) တွေကို အရင်လျှော့မှ ပခုံးက အနောက်ရောက်မှာပါ။
Upper Trap Stretch-ခေါင်းကို ဘေးစောင်းပြီး လည်ပင်းဘေးကြောတွေကို လျှော့ပါ။
အဆင့် (၂) - Rebuild the Engine (အားနည်းနေတာကို ပြန်တည်ဆောက်)
-Face Pulls / Band Pull Aparts-ဒါက Upper Cross အတွက် "ဆေးခါး" ပါပဲ။ Rhomboids နဲ့ Rear Delts တွေကို သန်မာစေပြီး ပခုံးကို အနောက်ဆွဲစေပါတယ်။
Chin Tucks-"မေးစေ့ နှစ်ထပ်ဖြစ်အောင် လုပ်တာ" ပါ။ ခေါင်းကို အနောက်ဆွဲသွင်းပြီး Deep Neck Flexors တွေကို ပြန်နှိုးပါ။
Y-W-T Exercises-ကြမ်းပြင်မှာမှောက်၊ လက်ကို Y, W, T ပုံစံလုပ်ပြီး မြှောက်ပါ။ Lower Traps တွေကို သန်မာစေပါတယ်။

၅။ အချုပ်
"Posture is not a position; it's a dynamic pattern."
(ကိုယ်နေဟန်ထားဆိုတာ ငြိမ်နေတဲ့ ပုံစံမဟုတ်ပါဘူး၊ လှုပ်ရှားမှု ပုံစံတစ်ခုပါ။)
ခင်ဗျားရဲ့ Client ကို ပြောပြပါ။ Gym မှာ တစ်နေ့ ၁ နာရီ Face Pull လုပ်ရုံနဲ့ မရပါဘူး။ ကျန်တဲ့ ၂၃ နာရီမှာ ဖုန်းကို မျက်လုံးနဲ့ တစ်တန်းတည်း (Eye Level) ထားကြည့်မှ၊ ရင်ဘတ်ကို ကော့ထားမှ Upper Cross Syndrome ပျောက်မှာပါ။
မတ်တပ်ရပ်တဲ့အခါ "ခေါင်းပေါ်မှာ ရေခွက်ရွက်ထားသလို နေပါ" ဆိုတဲ့ Cue ကို ပေးပါ။ ဒါဟာ အကောင်းဆုံး Posture ပါပဲ။Daily posture awareness အနေနဲ့ ergonomic setup (screen height), movement breaks (၃၀ မိနစ်တိုင်း ၂ မိနစ်လောက် လှုပ်ရှားခိုင်း
တာမျိုးက ပိုကောင်းပါတယ်ဗျ)။
ဝါသနာကို ဝင်ငွေအဖြစ်ပြောင်းဖို့ သင့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝကို MFTA ကနေစတင်ပါ။

ကျန်းမာကြပါစေ။
လေးစားလျက်-
နိုင်ဦး-၁၁၉
#ဝိတ်ချခြင်းအနုပညာ
MFTA Education Team

🌷ပြန်လည်မျှဝေပါသည်🌷

🧊 ဒဏ်ရာဖြစ်ရင် ရေခဲကပ်ရမလား.....?ရေနွေးအိပ်ကပ်ရမလား.......?♦ကြွက်သားတွေ အရိုးအကြောတွေနဲ့ပတ်သတ်ပြီး ဒဏ်ရာတစ်ခုခုရလာရင် ရေ...
28/11/2025

🧊 ဒဏ်ရာဖြစ်ရင် ရေခဲကပ်ရမလား.....?
ရေနွေးအိပ်ကပ်ရမလား.......?

♦ကြွက်သားတွေ အရိုးအကြောတွေနဲ့ပတ်သတ်ပြီး ဒဏ်ရာတစ်ခုခုရလာရင် ရေခဲပဲကပ်ရမလား ရေနွေးအိပ်ပဲကပ်ရမလားဆိုပြီး လူတွေက ဇဝေဇဝါဖြစ်တတ်ကြပါတယ်.......
ကြားဖူးနားဝတွေနဲ့ လျှောက်လုပ်ပြီး ပိုဆိုးသွားတာတွေလည်းရှိပါတယ်.......
ဒါကြောင့် တစ်ခါတည်းနဲ့ မှတ်မိသွားအောင် ရှင်းပြပေးပါမယ်။

♦နာကျင်ကိုက်ခဲမှုက မကြာသေးခင်ကမှ ဖြစ်ခဲ့တာဆိုရင် ရေခဲကပ်ပါ....ခုပဲ ချော်လဲသွားတာ.....ခြေကျင်းဝတ် နာသွားတာ.....ဒူးကို ထိခိုက်မိတာ.....ပစ္စည်းတစ်ခုခု မ ပြီးပြီးချင်း ပခုံးရုတ်တရက် နာလာတာ...
ဒါမျိုးတွေဆိုရင် ရေခဲကပ်ပါ....

♦ဘာလို့ ရေခဲသုံးတာလဲ.....?
ရေခဲက ရောင်ရမ်းမှုကို ကျစေလို့ပါ....
ရေခဲက သွေးစီးဆင်းမှုကို နှေးစေတယ်.....
ဒါကြောင့် ထိခိုက်တဲ့နေရာက ချက်ချင်းကြီး ရောင်ရမ်းမလာတော့ပါဘူး.....

♦ဘယ်လိုအသုံးပြုမလဲ......?
ရေခဲကို အဝတ်နဲ့ထုတ်ပါ။
မိနစ် ၂၀ လောက်ကပ်ထားပါ။
ပြီးရင်ဖယ်လိုက်ပါ။
၄၈ နာရီအတွင်း ၃ နာရီခြားတစ်ခါ ထပ်ကပ်ပေးနိုင်ပါတယ်......

♦နောက်တစ်ခုက ရေနွေးအိပ်ကပ်တာပါ။
နာကျင်ကိုက်ခဲမှုက အဟောင်း ဖြစ်နေရင် ရေနွေးအိတ် သုံးပါ.....

♦အဟောင်းဆိုတာက -
ရက်သတ္တပတ်ချီပြီး နာနေတဲ့ နာကျင်မှု....
ကြွက်သားတွေ တောင့်တင်းနေတာ....
အထိုင်များရာကနေ ဖြစ်တဲ့ ခါးနာတာ...
ဖုန်းအကြည့်များလို့ ဇက်ကြောတွေတောင့်နေတာ...
ဒါတွေအတွက် ရေနွေးအိပ်ကပ်ပါ....

♦ဘာလို့ ရေနွေးအိတ်သုံးတာလဲ.....?
ရေနွေးအိတ်က သွေးစီးဆင်းမှုကို ကောင်းစေလို့ပါ...
ကြွက်သားတွေကို ပြေလျော့စေတယ်...
အနာကျက်မြန်စေတယ်...

♦ဘယ်လိုအသုံးပြုမလဲ....?
ရေနွေးအိတ်ထဲကို ရေနွေးထည့်ပြီး မိနစ် ၂၀လောက်ကပ်ထားပါ...
ကြွက်သားတွေ ပြေလျော့သွားအောင် ထားလိုက်ပါ...

♦ဒါကြောင့် အလွယ်မှတ်ထားပါ -
ဒဏ်ရာသစ်..... ရေခဲကပ်ပါ။
ဒဏ်ရာဟောင်း.... ရေနွေးအိတ်ကပ်ပါ။
မှားသုံးမိရင်တော့ ပိုဆိုးနိုင်ပါတယ်။
ကျန်းမာပျော်ရွှင်ကြပါစေ......

Credit original writter

#ကျန်းမာရေးဗဟုသုတ #ဗဟုသုတ #ရေနွေးအိတ်လားရေခဲအိတ်လား

Medicines for GE
24/11/2025

Medicines for GE

Address

67C*39 Street
Monywa
05031

Alerts

Be the first to know and let us send you an email when The LAMP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The LAMP:

Share