16/12/2020
💁🏻♀️ တင်းတိပ်နဲ့ မှဲ့ခြောက်နဲ့ အမဲစက်တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ 💁🏻♀️
တော်တော်များများ မေးလေ့ရှိတဲ့မေးခွန်းပါ ..
မျက်နှာမှာ အမဲစက်လေးတွေ ထွက်လာတာ ပျောက်အောင် ဘယ်လိုလုပ်ရမလဲ ဆိုပြီး မေးကြတယ်.. အထူးသဖြင့် မျက်လုံးထောင့်လိုနေရာမှာပေါ့နော် .. တချို့ကျ အစက်လေးတွေပဲ တချို့ကျ အကွက်လိုဖြစ်နေတာတွေပေါ့ ..
အမဲစက်လို့ပြောတဲ့အခါမှာ တင်းတိပ်လား မှဲ့ခြောက်လား? နေလောင်အမဲစက်တွေလား ? ဆိုပြီး အမျိုးမျိုး ရှိပါတယ် .. တင်းတိပ်က အညိုရောင် သို့ ခပ်ရင့်ရင့် အကွက်လေး ဖြစ်ပြီး မှဲ့ခြောက်ကတော့ အညိရောင်သို့ အမဲရောင်အစက်လေးတွေပါ.. ဒါပေမဲ့ ခြုံပြောရရင် အကုန်လုံးက အရေပြားရောင်ခြယ်ဆဲလ်တွေများလို့ ဒါမှမဟုတ် ရောင်ခြယ်ဆဲလ်တွေက Melanin လို့ခေါ်တဲ့ ဓါတ်တမျိုးကို ပိုထုတ်လို့ ဖြစ်ရတာပါ..
❓ အမဲစက်တွေ ဘာကြောင့် ဖြစ်တာလဲ
▪️ အဓိက ဖြစ်ရတဲ့အကြောင်းရင်းက နေရောင်ခြည်နဲ့ ကြာရှည် ခဏခဏ ထိတွေ့တာကြောင့်ပါ ..
▪️တချို့ကျ မျိုးရိုးလိုက်တာ နောက်ပြီး လူမျိုးနဲ့လည်း ဆိုင်ပါတယ် .. ဥပမာ လက်တင်နိုင်ငံက သူတွေနဲ့ အရှေ့အလယ်ပိုင်းက သူတွေဆို ပိုပြီး ထွက်လွယ်ပါတယ် .. မြန်မာပြည်မှာဆို တိုင်းရင်သားတွေထဲမှာ ရှမ်း နဲ့ ကချင် ကရင် စတဲ့ လူမျိုးတွေက ပိုထွက်တာတွေ့ရမှာပါ..
▪️ ဒါပေမဲ့ အဓိကကတော့ နေရောင်ခြည်ကြောင့် ထွက်တာမို့ ကိုယ့်မှာ မျိုးရိုးရှိတယ်ဆိုရင် အမဲစက် ပိုထွက်နိုင်တဲ့ risk ရှိပါတယ်..
▪️ နောက်တခုက ဟော်မုန်းအပြောင်းအလဲကြောင့် ထွက်တာပါ.. အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်ချိန်ဆို ဟော်မုန်းအပြောင်းအလဲတွေကြောင့် တင်းတိပ်တွေ ထွက်တတ်ပါတယ်..
⛔️ ဒါဆို ဘယ်လို ကာကွယ်ရမလဲ ?
🌞 Sunscreen လိမ်းခြင်းဖြင့် ကာကွယ်ပါ 🌞
နေရောင်နဲ့ထိလေ အမဲစက်တွေက ပိုထွက်လေ ပိုပွားလေမို့ မဖြစ်မနေ Sunscreen သုံးရပါမယ်.. မြန်မာနိုင်ငံလို နွေမိုးဆောင်း ပူနေတဲ့ နိုင်ငံမှာ sunscreen က လိမ်းကိုလိမ်းရမှာပါ.. Genetic (မျိုးရိုး) အရရော လူမျိုးအရရော တင်းတိပ်မှဲ့ခြောက်ထွက်လွယ်တဲ့သူတွေဆို sunscreen မလိမ်းပဲနဲ့ အပြင်တောင် မထွက်တာ အကောင်းဆုံးပါပဲ..
Sunscreen က အမဲစက်ကို ပျောက်စေတာမဟုတ်ပေမဲ့ ထပ်မထွက်လာအောင် ကာကွယ်ပေးတာပါ.. ထွက်နေတဲ့အမဲစက်ကို ပါးအောင် လုပ်ရတာ ပိုခက်ပါတယ်.. Prevention is better than cure ဆိုတဲ့အတိုင်း ကြိုတင်ကာကွယ်ပါ.. တင်းတိပ်မှဲ့ခြောက် ထွက်နေပြီဆိုရင်လည်း ပိုမပွားအောင် ခုချိန်ကစပြီး ကာကွယ်ပါ...
😊 အမဲစက်တွေပါးအောင် ဘာတွေလိမ်းရမလဲ 😊
💁🏻♀️ Topical Cream
- Fading cream (or) Bleaching cream လို့ခေါ်တဲ့ Hydroquinone 2 % ပါတဲ့ cream တွေ လိမ်းလို့ရပါတယ် .. Side effects - အသားခြောက်တာ , လောင်တာ နဲ့ အသားရောင် မညီတာတွေ ဖြစ်တတ်ပါတယ်.. ( Dermatologist နဲ့ တိုင်ပင်ပြီးမှသာ ညွှန်းတဲ့အတိုင်း လိမ်းသင့်ပါတယ်.. )
- နောက်ပြီး အသားအရည်ကို Brightening & lightening ဖြစ်စေတဲ့ Vitamin C serum ဖြစ်ဖြစ် လိမ်းနိုင်ပါတယ်.. Vit C ရဲ့ effect ကို boost လုပ်ပေးဖို့ နေရောင်ခြည်က Infrared heat ကိုကာကွယ်ပေးနိုင်တဲ့ Niaciamide နဲ့လည်း တွဲလိမ်းနိုင်ပါတယ်..
💁🏻♀️ Aesthectic Procedures
အမဲစက်တွေက skincare နဲ့က ပါးတယ်ဆိုရုံပဲ ရပါတယ်.. အရှင်းလုံးဝပျောက်သွားတာ ရှားပါတယ်.. ဒါကြောင့် တချို့ အရမ်းများနေတဲ့သူတွေဆိုအလှအပနဲ့ အရေပြားဆေးခန်းတွေမှာ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး Aesthetic procedure တွေ လုပ်နိုင်ပါတယ်.. Procedure တခုချင်းကိုတော့ အသေးစိတ်မရှင်းပြတော့ဘူးနော်.. အရမ်းရှည်နေမှာစိုးတာရယ် .. ပုံမှန် လုပ်လို့ရတဲ့ skincare လေးတွေကိုပဲ အဓိက ရေးချင်တာမို့ ဗဟုသုတ ကြားဖူးတယ်ဆိုရုံပဲ ရေးလိုက်ပါတယ်..
1. Chemical Peeling
Chemical Peeling ကတော့ ခုနောက်ပိုင်း တော်တော်များများကြားဖူးပြီးသားနေမှာပါ.. Glycolic acid စတဲ့ acid အပျော့စားနဲ့ အပေါ်ယံအရေပြားကို exfoliate လုပ်လိုက်တဲ့သဘောပါ.. chemical peeling လုပ်ပြီးရင်တော့ ၃ ရက် နေပူထဲမထွက်ရဘူး .. မဖြစ်မနေထွက်မယ်ဆိုရင် နေရောင်ကာဖို့ Sunscreen ကို ထူထူလိမ်း, ဦးထုပ်ဆောင်း ထီးဆောင်း မျက်နှာကို mask တပ်ထားတာ အကောင်းဆုံးပါ... အပေါ်ယံအရေပြားလွှာမရှိတဲ့အတွက် နေရောင်ထိရင် sunburn ဆိုးပါတယ်.. side effect ကတော့ နည်းပါတယ်.. နီတာ ရောင်တာ ယားတာ စပ်တာတွေ ရှိတတ်ပါတယ်..
2. Laser treatment
Intensed pulse light therapy လို့ ခေါ်တဲ့ IPL ပစ်တာတွေ လုပ်လို့ရပါတယ်..
3. Cryosurgery
Cryosurgery ကတော့ ပုံမှန်မဟုတ်တဲ့ skin cells တွေကို liquid nitrogen နဲ့ ခဲပြီး ဖျက်လိုက်တာပါ.. ထုံဆေးမလိုသလို recovery time လည်း မြန်ပါတယ်..
💁🏻♀️ Natural Home Remedies
ဒါကတော့ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ နည်းလေးတွေပါ..
1. Acid ခပ်ပျော့ပျော့တွေပါတဲ့ Apple cider vinegar , ဒိန်ချဉ် , Buttermilk စတာတွေနဲ့ ပေါင်းတင်လို့ရပါတယ် ..
2. Baking soda နဲ့ ကြက်ဆူဆီနဲ့ ပေါင်းတင်တာ
3. Vitamin C ပါတဲ့ သံပုရာသီး , ကီဝီသီးစတာတွေကလည်း အမဲစက်သက်သာစေပါတယ်..
4. Vit A , C , E စတဲ့ antioxidants တွေပါတဲ့ rosehip oil ကလည်း အမဲစက်တွေကို သက်သာစေတဲ့အပြင်
5. ရှားစောင်းလက်ပက်ကလဲ နေလောက်တာကို သက်သာစေလို့ အမဲစက်အတွက် သုံးနိုင်ပါတယ်..
ကဲ ခုလောက်ဆို တင်းတိပ် မှဲ့ခြောက်စတဲ့ အမဲစက်တွေထွက်တာအတွက် ဘာတွေလုပ်လို့ရလဲ သိပြီဆိုရင် ဘယ် skincare brand တွေထဲကရော Spot corrector လေးတွေရှိလဲဆိုတာ Product နမူနာလေးတွေကို ပုံနဲ့ ပြောပြပေးမယ်နော် ..
နောက်လည်း ဘယ်လို skincare အကြောင်းအရာလေးတွေ ရေးဦးမလဲဆိုတာ စောင့်ပြီး ဖတ်ပေးပါဦးနော်... ☺️☺️☺️
Crd