ယုမီ - use me

ယုမီ - use me thank u for your supporting

14/07/2026

ဒယ်အိုးနီတွေကို ကြာကြာအသုံးခံချင်ရင် ဒီလိုအသုံးပြုဖို့လိုပါတယ်

ဒယ်အိုးနီတွေကို ဟင်းချက်ဖို့ သုံးတဲ့အခါ အများစုကတော့ သုံးခါနီးမှ ဆေးကြောသန့်စင်ကြပါတယ်။ ပြီးရင် ပလပ်ထိုးမယ်၊ ခလုပ်ဖွင့်မယ်၊ မီးပူလာလို့ ဒယ်အိုးထဲက ဆေးကြောထားတဲ့ရေအကြွင်းအကျန်လေးတွေက အမြုပ်တစ်စီစီနဲ့ အငွေ့ပြန်ပြီး ခန်းလာတော့မှ ဒယ်အိုးထဲ ဆီဖြည့်ပြီး စချက်ကြပါတယ်။

‼️အဲ့ဒီကစပြီး မှားပါတယ်

အဲ့လိုလုပ်ခြင်းအားဖြင့် ဒယ်အိုးနီကို ပျက်စီးလွယ်စေပါတယ်။ တရုတ်ထုတ် ဒယ်အိုးနီတွေဆိုရင် ကွိုင်ပေါက်ပြီးတော့ မြန်မြန်ပျက်စီးမယ်။ ယိုးဒယားထုတ် ဒယ်အိုးနီဆိုရင် ကွိုင်ပေါက်ပြီး ဓာတ်ပါ လိုက်တတ်ပါတယ်။
ဒယ်အိုးပူပြီးမှ ဆီထည့်ခြင်းကို ရှောင်ပါ။ ဆေးကြောသန့်စင်ပြီးရင်လည်း အဝတ်သန့် အဝတ်ခြောက်နဲ့ ရေပြောင်အောင်သုတ်ပါ။ ပြီးဆီအရင်ထည့်ပြီးမှ မီးဖွင့်ပါ။ အဲ့လိုလုပ်ခြင်းအားဖြင့် ကြာကြာလည်း အသုံးခံမယ် တူးတာကပ်တာတွေလည်း သက်သာလာပါမယ်။

26/12/2025

"သင့်အချိန်တွေ အလကားမကုန်စေဖို့ ဒီ AI Prompts တွေကိုပဲ သုံးကြစို့"

ဒီ Prompts တွေကို Copy ယူပြီး ကိုယ်လိုချင်တဲ့နေရာမှာ Paste လုပ်၊ အချက်အလက်ဖြည့်ပြီး သုံးလိုက်ရုံပါပဲဗျာ့။

1.CV ပြန်ပြင်ရေးဖို့ (CV Rewrite)
သင့် CV ကို ATS (System) ဖတ်လို့လွယ်အောင်၊ သပ်ရပ်ပြီး Professional ဆန်အောင် ပြင်ချင်ရင် သုံးပါ။
Prompt:
Rewrite my CV to be ATS-friendly, clean, and tailored for remote jobs. Keep it simple and professional.
CV: [သင့် CV ကို ဒီမှာထည့်ပါ]

2.အလုပ်နဲ့က်ိုက်မလား စစ်ဖို့ (Job Matching)
ကိုယ့်မှာရှိတဲ့ Skill တွေနဲ့ ဘယ်လိုအလုပ်မျိုး လျှောက်သင့်လဲ၊ လစာ ဘယ်လောက်ရနိုင်လဲ မေးကြည့်မယ်။
Prompt:
Here are my skills. Suggest the best job roles for me and include an estimated salary range.
Skills: [သင့် Skill တွေကို ဒီမှာရေးထည့်ပါ]

3.အင်တာဗျူး လေ့ကျင့်ဖို့ (Interview Prep)

လျှောက်မယ့်အလုပ်အတွက် မေးလာနိုင်တဲ့ မေးခွန်း (၁၀) ခုနဲ့ ဖြေသင့်တဲ့ အဖြေတွေကို တောင်းလို့ရပါတယ်။
Prompt:
Give me 10 likely interview questions for this job and provide strong sample answers.
Job Description: [အလုပ်ခေါ်စာ (JD) ကို ဒီမှာထည့်ပါ]

4.Cover Letter ရေးဖို့အတွက်

ကိုယ့် CV နဲ့ လျှောက်မယ့်အလုပ်အပေါ် မူတည်ပြီး ထိမိတဲ့ Cover Letter ရေးခိုင်းနည်းပါဗျာ့။
Prompt:
Create a short, strong, and personalized cover letter based on my CV and this job description.
CV: [Paste CV]
JD: [Paste JD]

5.လိုအပ်တဲ့ Skill တွေ စစ်ဖို့ရန်အတွက်
ဒီအလုပ်ရဖို့ ကိုယ့်မှာ ဘာတွေလိုနေသေးလဲ၊ အလကား ဘယ်လိုသင်လို့ရမလဲ မေးဖို့ရန်အတွက်။
Prompt:
Tell me which skills I’m missing for this role and how I can learn them for free.
Desired Role: [လျှောက်ချင်တဲ့ ရာထူး]

6.လုပ်ရှာဖွေရေး အချိန်ဇယားဆွဲဖို့ရန်အတွက်
တစ်နေ့ ၁၀ မိနစ်ပေးရုံနဲ့ ထိရောက်တဲ့ အလုပ်ရှာဖွေမှုဖြစ်အောင် အစီအစဉ်ဆွဲခိုင်းမယ်။
Prompt:
Create a 10-minute daily job search routine that I can follow consistently.

7.အလုပ်တွေ စီမံခန့်ခွဲဖို့ရန်အတွက်

ရှုပ်ပွနေတဲ့ လုပ်စရာတွေကို နေ့စဉ်အချိန်ဇယားအဖြစ် ဦးစားပေးအလိုက် ဆွဲခိုင်းရန်အတွက်။
Prompt:
Turn these tasks into a realistic daily schedule with clear priorities.
Tasks: [လုပ်စရာတွေကို ဒီမှာရေးထည့်ပါ]

8.Career လမ်းကြောင်းဆွဲဖို့ရန်အတွက်

နောက် ၃ လအတွင်း ဒီနယ်ပယ်မှာ အလုပ်ရဖို့ ဘာတွေလုပ်ရမလဲ လမ်းကြောင်းဆွဲခိုင်းမယ်။
Prompt:
Create a 3-month roadmap to help me become job-ready in this field.
Field/Role: [နယ်ပယ်/ရာထူး ထည့်ပါ

Address

Monywa

Website

Alerts

Be the first to know and let us send you an email when ယုမီ - use me posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share