စီးပွားတိုးတက်ရေး

စီးပွားတိုးတက်ရေး knowledge of bussiness

25/12/2022
06/12/2022

လူတိုင်းမှာ စံနှုန်းဆိုတာရှိကြတယ်။

တချို့တွေက စာမေးပွဲအောင်ရုံ
တချို့က ဂုဏ်ထူး၊
တချို့က အမှတ်ပြည့်။

ဘဝမှာ ပညာရေး၊ ငွေရေးကြေးရေး၊
အလုပ်အကိုင်၊ အချစ်ရေးအရာရာမှာ
စံနှုန်းတွေ ရှိထားကြတတ်ကြတယ်။

ကိုယ်လိုချင်တဲ့ စံနှုန်းမရောက်ရင်
လက်လျော့လိုက်မည့်အစား
နည်းလမ်းရှာပြီး အားထုတ်မှုပိုလုပ်တာ
မှန်ကန်တဲ့နည်းလမ်းပဲ။

စံနှုန်းကို မလျော့လိုက်နဲ့။

ℙ𝕙𝕪𝕠 Paing @ Derek

30/10/2022

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "
၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။
၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။
၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။
၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။
၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။
၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။
၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။
၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။
၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။
၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။
၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။
၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။
၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။
၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။
၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။
၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။
၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။
Credit

စိတ်ညစ်မခံပါနဲ့ ဦးနှောက်နဲ့ ဆန့်သလောက်ပဲတွေးပါကိုယ့် စိတ် ကျယ်ဝန်းသလောက်ပဲ ခံစားပါကိုယ် သိသလောက်ပဲ ပြောပါစိတ်ညစ်မခံပါနဲ့...
23/07/2022

စိတ်ညစ်မခံပါနဲ့
ဦးနှောက်နဲ့ ဆန့်သလောက်ပဲတွေးပါ
ကိုယ့် စိတ် ကျယ်ဝန်းသလောက်ပဲ ခံစားပါ
ကိုယ် သိသလောက်ပဲ ပြောပါ

စိတ်ညစ်မခံပါနဲ့
မြင်နိုင်ခွင့် ရှိသလောက်ပဲ ငေးမောပါ
ဆုံဆည်းခွင့် ရှိသလောက်ပဲ ကျေနပ်ပါ
ရပိုင်ခွင့် ရှိသလောက်ပဲ ယူလိုက်ပါ

စိတ်ညစ်မခံပါနဲ့
ကိုယ်သိသင့် သလောက်ပဲ နားထောင်ပါ
သူနားထောင်ချင် သလောက်ပဲ ကိုယ်ပြောပါ
ကိုယ် လုပ်နိုင်သလောက်ပဲ ဂတိပေးပါ

စိတ်ညစ်မခံပါနဲ့
လူတိုင်းအမှားနဲ့ မကင်းတာကို သတိရပါ
လူတိုင်းမှာ အခက်အခဲ ရှိတာကို လက်ခံပါ
လူတိုင်းက ကိုယ် မဟုတ်ဘူးဆိုတာ နားလည်ပါ

စိတ်ညစ်မခံပါနဲ့
ကိုယ် သွားနိုင်သလောက်ပဲ ခရီးဆန့်ပါ
ကိုယ် မနစ်နာ တဲ့အထိပဲ သုံးစွဲပါ
နောင်တ ရစရာတွေနဲ့ မဆုံခင် လှည့်ပြန်ပါ

စိတ်ညစ်နေလည်း ပျော်စရာတွေက
ကိုယ့် စိတ်ထဲ အလိုလို ရောက်လာမှာ မဟုတ်လို့
စိတ်ညစ်မနေပါနဲ့

အတိတ်က ကြည်နူးစရာလေးတွေကို
တစ်ခုစီ ပြန်ရှာကြည့်ပါ
နာကျင်စရာ ဘဝ စာမျက်နှာတွေကို
ကျော်ဖတ်ပါ
စိတ်ညစ်စရာဆိုတာ နေ့တိုင်း မရှိနိုင်ဘူးလို့
ပေါ့ပေါ့ပါးပါး
ဖြည့် တွေးကြည့်လိုက်ပါ
💔
ကိုယ့် စိတ်ပျော်အောင် လုပ်နိုင်တာ
ကိုယ် ကိုယ်တိုင်ပဲ ဆိုတာ
မြင်ရပါလိမ့်မယ်...။. 😊
ဲ့ခရီးသည်

သူဌေးမဖြစ်ခင်အသုံးစွဲ မကြမ်းနှင့်မရင်းနှီးသေးလျှင်အစနောက်မသန်နှင့်အပြောကောင်းနေ၍လွယ်လွယ်နဲ့မယုံနှင့်ခံတွင်းကောင်းတိုင်းပ...
18/06/2022

သူဌေးမဖြစ်ခင်
အသုံးစွဲ မကြမ်းနှင့်

မရင်းနှီးသေးလျှင်
အစနောက်မသန်နှင့်

အပြောကောင်းနေ၍
လွယ်လွယ်နဲ့မယုံနှင့်

ခံတွင်းကောင်းတိုင်း
ပလုပ်ပလောင်းမစားနှင့်

မိမိကမှန်သည်ယူ၍
ပစ်ပစ်ခါခါ မပြောနှင့်

ဆင်းရဲနေ၍
အထင်သေးစကားမပြောနှင့်

ချမ်းသာနေ၍လည်း
အထင်ကြီးစကားမပြောနှင့်

မရှိသည်ဂုဏ်ကိုလဲ
သွားမမြှောက်နှင့်

အစားမှား၍
သေသောသူလည်းများစွာရှိ၏

စကားမှား၍
အခြေနေ နိမ့်ကျသွားသူလဲ
များစွာရှိ၏

ပညာရှိဖြစ်ဖို့အတွက်
ပါးစပ်ပေါက်ကို အရင်ပြင်ရ၏

မျက်နှာ၌ ကန့်လန့်ပါသောပါးစပ်ဖြစ်တော့လည်း
ပါးစပ်က ပြောသည့် စကား
ပါးစပ်က စားသည့် အစာ ကန့်လန့်မဖြစ်အောင်
လိုက်လျောညီထွေ ဖြစ်အောင် သတိပြုအပ်၏

ထို့ကြောင့်
စကား မပြောခင် စဥ်းစားပါ
အစားမစားခင်သုံးသပ်ပါ။

crd #

03/06/2022

ကိုယ်တိုင်လဲအရက်သောက်ပီး ခု၂နှစ်လောက်အတွင်းရော မနေ့တစ်နေ့ကပါ အရက်ကြောင့်ဆုံးသွားတဲ့သူငယ်ချင်းတွေအတွက်ရော ဆက်သောက်နေအုံးမဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေအတွက် ရည်ရွယ်ပါတယ်

(ဒေါက်တာ) Kyaw Swe ၏
ပို့စ် ၂ ခုကို စုစည်းတင်ပြထားခြင်းဖြစ်ပါသည်။
--------------------------------------------
အရက် ဆိုသည်မှာ (၁)
23 April 2017
--------------------------------------------

ဒီနေ့ ရွာက တပည့်တယောက်က တောအရက် ၂ ပုလင်းနဲ့
ပျားရည် ၁ ပုလင်း၊ လာ ကန်တော့တယ်။ ကန်တော့တယ်ဆိုတာထက်
လက်ဆောင်ပေးတယ် ပြောရမှာပဲ။
တပည့်လာပေးတဲ့ အရက်ပုလင်းတွေကို ကြည့်ရင်း
လူက လေတက်လာတယ်။ ပျားရည်ပုလင်းကို အမေ့ ပေးလိုက်ပြီး
အရက်ပုလင်းတွေကိုတော့ ဗီဒိုထဲ ချောင်ကပ် သိမ်းထားလိုက်တယ်။
ညနေပိုင်းရောက်လာတော့ လက်က သိမ်းထားတဲ့နေရာ
အလိုလို ရောက်သွားတယ်။ ဒါနဲ့ စာရေးဖို့ အာရုံစိုက်ရင်း
အပြင်ထွက် ထိုင်နေလိုက်တယ်။
ဒီကနေ့ လူ အတော်များများက အရက်ကို ဧည့်ခံပွဲတည်စရာအဖြစ်
မြင်နေကြတယ်။ ပျော်လို့လည်း သောက်တယ်။ ပျင်းလို့လည်း သောက်တယ်။
အလှူ မင်္ဂလာဆောင်ကနေ အသုဘချ ဆွမ်းသွတ်အထိ
အရက်နဲ့ ဧည့်ခံနေကြတယ်။
အရက်မသောက်တဲ့သူက လူရာမဝင်သလို
အရက်ဝိုင်းဝင်မှ မိတ်ဆွေ ထင်နေကြတယ်။
အရောင်းအဝယ်ကနေ မင်္ဂလာစကားစပ်အထိ အရက်ဟာ
ဧည့်ခံဝိုင်း ဖြစ်နေကြပြီ။ ဒါကြောင့် အရက်အကြောင်း ပြောပြချင်လို့
ဒီစာကို ရေးလိုက်တာပါ။
သောက်သုံးလို့ ရတဲ့ အရက်ဆိုတာ Ethanol ကို ခေါ်တာပါ။
ဓာတုဖွဲ့စည်းပုံက CH3CH2OH ဖြစ်ပါတယ်။
အရက်ဟာ သဘာဝအတိုင်း ဖြစ်ပေါ်နိုင်တဲ့ ဟိုက်ဒရိုကာဗွန် ကွန်ပေါင်းတခု ဖြစ်ပါတယ်။ သကြားကို တဆေး (Yeast) မှာပါတဲ့ ဘက်တီးရီးယားပိုးများ၏ အောက်ဆီဂျင်မဲ့ အသက်ရှူခြင်းဖြစ်စဉ်ကနေ ထွက်လာတာ ဖြစ်ပါတယ်။
ဒါသည် သဘာဝအရက် ဖြစ်ပါတယ်။ စိမ်ရည်နဲ့ ဝိုင်ဟာ သဘာဝ အတူတူပါပဲ။
ဒီစိမ်ရည်ကို ပေါင်းခံနည်းနဲ့ ချက်တဲ့ အခါမှာ အရက်ကို ရရှိပါတယ်။

ဒီလို ပေါင်းခံ ချက်လုပ်တဲ့ အချိန်မှာ ပြဿ နာ တက်တာပါပဲ။ Ethanol ကနေ
အဆိပ်ဖြစ်တဲ့ Methnol အဖြစ် ဓာတ်ပြောင်းသွားလို့ ဖြစ်ပါတယ်။
ချက်အရက်ထဲမှာ Methnol ဟာ 5-12% အထိ ပါဝင်နေပါတယ်။
ပေါင်းခံမှု အပူချိန်မြင့်လေ Methnol ပါဝင်မှု များလေ ဖြစ်ပါတယ်။
Ethanol နဲ့ Methnol ကို အလွယ်တကူ ခွဲခြားဖို့ မလွယ်ပါဘူး။
သဘာဝအတိုင်း အငွေ့ပြန်မှုနဲ့သာ ဖယ်ရှားနိုင်ပါတယ်။
ဒါကြောင့် အရက်တွေကို သစ်သားစည်တွေထဲမှာ
နှစ်ရှည် သိုလှောင်ထားရတာ ဖြစ်ပါတယ်။
Methanol ပါဝင်မှု ရာနှုန်းဟာ အရက်ရဲ့ တန်ဖိုးနဲ့ ပြောင်းပြန် အချိုးကျပါတယ်။ Methanol ပါဝင်မှု နည်းလေ အရက်ဟာ စျေးကြီးလေ၊ အန္တရာယ်လည်း လျော့ပါးလေ ဖြစ်ပါတယ်။
တောရောက်တုန်း ချက်အရက်ဝယ်လာပြီး ဖန်ပုလင်းနဲ့ အဖုံးအသေပိတ်နဲ့
နှစ်တစ်ရာ ထားလည်း Methanol ပမာဏ မလျော့သွားနိုင်ပါဘူး။
တောချက်အရက်ဆိုပြီး အန္တရာယ်ကင်းတယ် မထင်ပါနဲ့။
Methanol ပိုပါနိုင်လို့ ပိုအန္တရာယ် များပါတယ်။
100% Ethanol ရဖို့ အရက်အဆီ သို့မဟုတ် ဦးရည်ကို သစ်သားစည် သို့မဟုတ် ဖန်ပုလင်းမှာ အဖုံးအဖြစ် အဝတ်စ စည်းပြီး ထားလျှင်
၇ နှစ် လောက်အကြာမှာ ရနိုင်ပါတယ်။
Medical Use အဖြစ် Ethanol 100% ကို ဝယ်လို့ရနိုင်ပါတယ်။
၁ လီတာကို ၂၅၀၀၀ ကျပ် စျေးလောက် ရှိပါတယ်။ ဒါကို ရေနဲ့ ၁း၂.၅ စပ်ရင်
အန္တရာယ်နည်းတဲ့ အရက်ကောင်းရပါလိမ့်မယ်။ ၃၅% V/V ဆိုတာ
လက်ရှိ နာမည်ကျော် အရက်တွေအားလုံးထက် သာပါတယ်။
ဒီလိုပြောလို့ အရက်သောက်ဖို့ မြှောက်ပေးနေတာ မဟုတ်ပါဘူး။
အရက်မသောက်တာ အကောင်းဆုံးပါ။
မသောက်ပါနဲ့ တားလို့လည်း ထိရောက်မည် မဟုတ်ပါ။
ဒီကနေ့ အစိုးရအနေနဲ့ အရက်အပ်ါမှာ အခွန်တွေ တိုးကောက်နေပါတယ်။
အရက်ဆိုင် လိုင်စင်တွေလည်း အသစ်ချထားပေးတာ ပိတ်ထားပါတယ်။
အရက်ပုန်း ရောင်းသူတွေကိုလည်း ဖမ်းဆီး အရေးယူနေတာ များပါပြီ။
ဒါပေမယ့် အရက်သောက်သူ ဦးရေ၊ အရက် သောက်နှုန်း လျော့ကျသွားတာ
မတွေ့ရသေးပါဘူး။ ၂၀၁၅-၂၀၁၆ အတွင်း ပြည်တွင်း အရက်ထုတ်လုပ်မှု ဂါလံ ၁၈ သိန်း အထိ ရှိခဲ့ပြီး၊ နိုင်ငံခြားမှ တင်သွင်းမှု၊ အရက် လီတာ
၃ သိန်းကျော် ရှိခဲ့ပါတယ်။ ပြည်ပတင်ပို့မှုမှာ လီတာ ၁၈၀၀၀ ပဲ ရှိခဲ့ပါတယ်။
အရက်ထုတ်လုပ်မှုအပေါ် အခွန်တိုးကောက်တာကို အခုထက်
ပိုလုပ်သင့်သလို ထုတ်လုပ်တဲ့ အရက်တွေမှာ Methanol ပါဝင်မှု၊
အရက် ပြင်းအား တို့ကို စစ်ဆေးခြင်းဖြင့် သောက်သုံးသူကို
ကာကွယ်ရေးလည်း လုပ်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။
(အရက်နှင့် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုကို ဆက်ရေးပါမယ်)

-------------------------------------
အရက်ဆိုသည်မှာ (၂)
24 April 2017
-------------------------------------
အရက်ကို သောက်လိုက်တိုင်း၊ အဆိပ်ဖြစ်စေတဲ့ Methanol ဆိုတာ
% အနည်းငယ်တော့ သောက်လိုက်မိပြီဆိုတာ သတိထားဖို့ လိုပါတယ်။
စျေးအကြီးဆုံး အသန့်ဆုံး အရက်ဆိုတာတောင် Methanol မကင်းစင်ပါဘူး။
% အနည်း အများပဲ ကွာပါတယ်။ ဒီကနေ့ BE အဆီကို ဖျော်သောက်နေတဲ့
အရက်ကတော့ ပြောဖွယ်ရာ မရှိပြီ။

အရက် တခွက်သောက်ထားတာကို ၈ လ အထိ စစ်လို့ ရတယ်ဆိုတာ
Methanol အကြွင်းအကျန်ကို စစ်တာ ဖြစ်ပါတယ်။
Methanol သည် ခန္ဓာကိုယ်ထဲ တကြိမ်ဝင်ရောက်လာလျှင် အကုန်အစင်
ခန္ဓာကိုယ်က ဖယ်ရှားဖို့ အချိန် ၉ လ လိုအပ်ပါတယ်။ ခန္ဓကိုယ်အရေပြားမှ
အငွေ့ပြန်ခြင်းနှင့် အသက်ရှူလမ်းကြောင်းမှ အငွေ့ပြန်ခြင်းဖြင့်သာ ဖယ်ထုတ်နိုင်ပါတယ်။

အရက်သောက်လာတာနဲ့ အမျှ ခန္ဓာကိုယ်ထဲမှာ Methanol level
မြင့်တက်လာပါတယ်။ Methanol ကို ကျော်နိုင်ဖို့ Ethanol ပမာဏ
ပိုလိုလာပါတယ်။ ဒါကို ရေချိန်တက်လာတယ် ပြောကြတာပါ။
Ethanol ကို အသည်း Liver ထဲမှာ Hydroxylation ဖြစ်ပြီး ချေဖျက်ပါတယ်။
Methanol ကိုတော့ အသည်းက မချေဖျက်နိုင်ပါဘူး။ Methanol level မြင့်လေ အရက် သောက်နိုင်လေ ဖြစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ Methanol
level ကို Ethanol level က ကျော်တက်လာမှ အရက်ရဲ့ အရသာ ပေါ်လာပါတယ်။ ရီဝေဝေ၊ ရိပ်တိတ်တိတ် ခံစားမှုကို ပြောတာပါ။
Methanol level 1.5ml/1L BLOOD ရောက်လာချိန်မှာ အရက်မသောက်ရ
မနေနိုင်တဲ့ အဆင့်ကို ရောက်ပါတယ်။ ဒီအဆင့်ကို အရက်စွဲပြီလို့ သတ်မှတ်ပါတယ်။
အရက်ကို အပေါင်းအသင်းနဲ့ ကြုံတုန်းဆုံတုန်း တပတ်တကြိမ်၊ တလတကြိမ်
သောက်ဖြစ်ရုံနဲ့ မစွဲပါဘူး။ ဒါပေမယ့် တဖြေးဖြေး ရေချိန်တော့
တက်လာပါလိမ့်မယ်။ ဆေးဖြစ်ဝါးဖြစ် တပက်၊ နှစ်ပက်
သောက်ကြသူတွေလည်း ရှိပါတယ်။ ဒီလိုပုဂ္ဂိုလ်တွေမှာလည်း
ရေချိန်တက်လာမှာပါပဲ။ အရက်ကို တကြိမ် တကြိမ်ကြားမှာ
အနည်းဆုံး ၄၈ နာရီလောက် ခြားသင့်ပါတယ်။
တနေကုန် ခဏချင် တဇွတ်ဇွတ် သောက်နေရင် ပိုပြီး ဒုက္ခပေးပါတယ်။
အရက်ကို အသည်းက ချေဖျက်ချိန်မှာ Energy ထွက်လာပါတယ်။
ဒီ Energy ကို ခန္ဓာကိုယ်က အသုံးမပြုဘဲ အဆီအဖြစ် သိမ်းဆည်းထားပါတယ်။ ဒီအဆီတွေဟာ အသည်းပတ်လည်မှာ အခဲအဆီပြင်အဖြစ် ရှိနေပါတယ်။
ဒါကြောင့် အရက်သမားတွေ ဗိုက်ရွှဲလာတာ ဖြစ်ပါတယ်။
အရက်သောက်လိုက်ချိန်မှာ ပူနွေးတဲ့ အာရုံကို ခံစားရပါတယ်။
ဒါသည် အရက်က စွမ်းအင်တွေ ပေးနေလို့ မဟုတ်ပါဘူး။ အရေပြားတွေ
ကျယ်ပျံ့သွားပြီး ခန္ဓာကိုယ်မှ အပူစွမ်းအင်တွေ ဆုံးရှုံးနေတာ ဖြစ်ပါတယ်။
တချို့က အရက်သောက်ရင် ထမင်းပိုစားနိုင်တယ်လို့ ထင်ကြတယ်။
ဒါကတော့ အရက်ကြောင့် အစာအိမ် ကြွက်သားတွေ ပြေလျော့သွားပြီး
အစာအိမ်ပိုကျယ်လာလို့ အစာ ပို ဝင်တာ ဖြစ်ပါတယ်။ ဒီအချက်ကလည်း ကောင်းတဲ့ အချက်မဟုတ်ပါဘူး။
အဆိုးဆုံးကတော့ တချို့တွေက အရက်သောက်ရင် အမြည်း မပါဘဲ၊
ပါရင်လည်း အမြည်းနဲနဲ နဲ့ သောက်တတ်ကြတယ်။
ဒါဟာအန္တရာယ်ကို ဖိတ်ခေါ်နေတာ ဖြစ်ပါတယ်။
တချို့တွေ ညက အရက်အတူသောက်နေကြတာ၊ အခုမနက်ကြ သူသေပြီတဲ့ ဆိုတာမျိုး ကြားရရင် လန့်သွားတတ်ကြတယ်။ လန့်သွားလို့ အသောက်တော့
မပြတ်သွားကြပါဘူး။ အသောက်ပျက်ရင် အသက်ပျောက်မယ်ဆိုတာ
အရက်သမား စကားသာ ဖြစ်ပါတယ်။ အရက်ဆိုတာ အဆိပ်ဆိုတာ
မြင်မိရင် မြင်တဲ့ အချိန်ကစပြီး မသောက်ဖို့ လိုအပ်ပါတယ်။

အရက် မသောက်တာ အကောင်းဆုံးပါ။
သောက်ဖြစ်ခဲ့ရင်လည်း အလွန်အကျွံမသောက်မိဖို့ ထိန်းကြပါ။
အရက်ကို အမြည်းမပါဘဲ မသောက်ကြပါနဲ့။ သစ်သီးတွေကို အမြည်းလုပ်ခြင်းဟာ အန္တရာယ် လျော့နိုင်ပါတယ်။ အရက်များများ
သောက်ပြီးတိုင်း သကြားကို မြင်းခေါင်းဇွန်း ၂ ဇွန်းလောက် စားဖို့ မမေ့ပါနဲ။
အဝတ်မပါ၊ စောင်မခြုံဘဲ မအိပ်ပါနဲ့၊ အဲဒါနဲ့ပြောင်းပြန်
စောင်ခေါင်းမြီးခြုံပြီးလည်း မအိပ်ပါနဲ့။

မိသားစုတိုင်းလိုလို အဖေ၊ ဦးကြီး၊ ဦးလေး၊ အစ်ကို၊ ညီ၊ မောင်
ဒါမှမဟုတ် ကိုယ်တိုင် သောက်နေမိတတ်ကြပါတယ်။
အသိသတိလေးနဲ့ စောင့်ကြည့်ရင်း အကြွေမစောစေဖို့ သတိထပ်ပေးလိုက်ပါတယ်။
Kyaw Swe

30/05/2022

" တကယ်​ကောင်းတဲ့​ဟော​ပြောပွဲတစ်ခု "

ကျနော်တို့ လူငယ်တစ်သိုက် ဟောပြောပွဲတစ်ခု သွားနားထောင်ရန်အတွက်
ချီတက်နေကြသည်။

တစ်လမှ လစာငွေ ငါးသိန်းသာရသောအဖေက ဒီဟောပြောပွဲကို သွားနားထောင်ရင်
ကျနော့်ကို မုန့်ဖိုး တစ်သိန်းပေးမယ်လို့
စည်းရုံးထားတယ်လေ။

လက်မှတ်ကြေးက တစ်စောင်ကို တစ်သောင်းနှုံး၊လက်မှတ်ငါးစောင်ဖြတ်ပေးလိုက်တယ်။
ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်
သူငယ်ချင်းတွေအတွက်ရောပေါ့။

ကျနော်ကြားဖူးနားဝ ဗုဒ္ဓဝင်ထဲကလို အသပြာတစ်ထောင်ပေးပြီး သားကို တရားနာခိုင်းတဲ့ သူဌေးကြီးလိုမျိုး။
.. သို့သော်

ဒီနေ့ ဒီဟောပြောပွဲကို
တက်ရောက်ကြားနာခဲ့ခြင်းဟာ
ဘဝမှာ အမှန်ဆုံးအလုပ်တစ်ခုဖြစ်မယ်ဆိုတာ ကျနော်မသိသေးဘူး။

ခန်းမထဲမှာ လူတွေအပြည့်ပဲ။တချို့က မိသားစုလိုက်။တချို့က စုံတွဲခုတ်လာကြတယ်။
တချို့က ကျနော်တို့လို ဘော်ဒါအဖွဲ့။

စင်ပေါ်ကို လူတစ်ယောက် တက်လာတယ်။
မျက်နှာက ပြုံးပြုံးရွှင်ရွှင်နဲ့…
ထူးထူးခြားခြားတောက်ပနေတာက သူ့ရဲ့
ယုံကြည်မှုရှိတဲ့ ဟန်ပန်ပဲ။
နိုင်ငံသိ ကျော်ကြားအောင်မြင်သူဆိုတော့
လည်း ဒီလို confidence ရှိနေတာ မဆန်းပါဘူး။ဒါပေမယ့် သူက ဟိတ်ကြီးဟန်ကြီးမဟုတ်ဘူး။တကယ်ကို ပေါ့ပေါ့ပါးပါးနဲ့။
ဂျင်းဘောင်းဘီဝတ်ထားတယ်။
တီရှပ်တစ်ထည်ဝတ်ထားတယ်။
မြန်မာ့အဆင့် ၁သူဌေးကြီးလို့
ဘယ်သူထင်မှာလဲ။

"မင်္ဂလာပါ။ကျနော် ကျော်စွာပါ။”

မိတ်ဆက်ပုံက ဒီလောက်ပဲ။နိုင်ငံတော်က
ချီးမြှင့်ထားတဲ့ သူဌေးဘွဲ့ကို သူမရွတ်ပြဘူး။

"ကျနော်က ဟောပြောချင်တာမဟုတ်ဘူးဗျ။
ပြောပြချင်တာ။ဒီနှစ်ခုမတူဘူးနော်။
အပေါ်စီးကနေ သင်ကြားပေးချင်တာမဟုတ်ဘူး။နှလုံးသားက လာမယ့်စကားတွေကို
နှလုံးသားထဲ တိုက်ရိုက် မျှဝေပေးချင်တာ။

ကျနော်က စကားပြောသိပ်ကောင်းတာတော့ မဟုတ်ဘူး။ဒါကြောင့် ရူပါနဲ့ပဲ ထိန်းထားရတာ။”

အောင်မြင်တဲ့ နိဒါန်းပဲလား။လေးလံခမ်းနားတဲ့ ဘွဲ့တံဆိပ်တွေနဲ့ သီရိသုဓမ္မဘာညာသူဌေးကြီးက ဒီလို ပေါ့ပေါ့ပါးပါးလေး အရွှန်းဖောက်တော့ ပရိတ်သတ်က ပြုံးစိပြုံးစိဖြစ်သွားတယ်။

"ကျနော်က သူဌေးဖြစ်နည်းကို ဟောပြောမှာ မဟုတ်ဘူးနော်။ကျနော့်ညီ ကျနော့်ညီမတွေလို လူငယ်တွေအတွက် ဘဝနေနည်းလေး
အကြံပြုချင်တာပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးက အမတ်တွေကို ပြောတယ်။ကမ္ဘာအရပ်ရပ်က
လူသားသမိုင်းတွေကို လေ့လာချင်တယ်တဲ့။
အဲ့ဒိခေတ်က စာရွက်မပေါ်သေးလို့
ဆိတ်သားရေ၊နွားသားရေမှာ
စာရေးနေရတဲ့ခေတ်လေ။
ဘုရင့်နန်းတော်ရှေ့မှာ
လှည်းအစီးထောင်ပေါင်းများစွာဟာ
သားရေပြားတွေတင်ပြီး ရောက်နေတယ်။

ဘုရင်က အံ့သြတကြီးနဲ့
"အဲ့ဒါဘာတွေလဲ”ဆိုတော့ အမတ်ကြီးက
ကမ္ဘာအရပ်ရပ်က လူသားသမိုင်းတွေကို
သုံးနှစ်သုံးမိုးပြုစုထားတာပါတဲ့။

"ငါဘယ်လိုလုပ် ဖတ်နိုင်မှာလဲ အမတ်ကြီးရဲ့။
ခပ်တိုတိုလေး ပြန်ပြုစုပေး”

အဲ့ဒိအချိန်မှာ အမတ်ကြီးက သူဆောင်ယူလာတဲ့ သားရေပြားချပ်လေးကို ပေးလိုက်ရင်း
"ဒါကမ္ဘာအရပ်ရပ်က လူသားသမိုင်းပါ
အရှင်မင်းကြီး”

မင်းကြီးမျက်မှောင်ကုပ်သွားတယ်။
လူသားသမိုင်းတဲ့။ရေးထားတော့
စာကနှစ်ကြောင်းတည်း။
"သူတို့ မွေးဖွားလာကြသည်။
သူတို့ သေဆုံးသွားကြသည်။”

အဲ့ဒါဘဝပဲ။နိဒါန်းက မွေးဖွားခြင်း။နိဂုံးက
သေဆုံးခြင်း။သတ္တဝါတိုင်း အတူတူချည်းပဲ။

ကျနော်လည်း ဒီမွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့
ကြားကာလမှာ ရုန်းကန်ရွေ့လျားနေတဲ့
လူတစ်ယောက်ပဲ။ကျနော်ဘယ်လိုနေခဲ့လဲ။

ကျနော်လည်း ညီလေးတို့ ညီမလေးတို့လို ကျောင်းသားလူငယ်ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်။ဆိုးခဲ့ဖူးတယ်။တေခဲ့ဖူးတယ်။ပေခဲ့ဖူးတယ်။

ဘဝမှာ ကြက်ခြေခက်တွေအပြည့်နဲ့။
ဘဝပျောက်လောက်အောင်တော့
မဆိုးခဲ့ဘူးပေါ့။ကျနော့်အဖေကမှာတယ်။
မင်းကြိုက်သလောက်ပျော်ပါ။ဒါပေမယ့်
အိမ်ကိုတော့ ရောက်အောင်ပြန်ခဲ့ပါတဲ့။

ဒါကို ဒဿနတစ်ခုလို့ ကျနော်မသိဘူး။
အခွင့်အရေးတစ်ခု၊လွတ်လပ်ခွင့်တစ်ခုလို့ပဲ
ထင်ခဲ့တာလေ။ညလုံးပေါက် ဂစ်တာတွေတီး၊
သီချင်းတွေဆို၊ဘော်ဒါတွေနဲ့မူးယစ်ပျော်ပါး။
မနက်လေးနာရီလောက်မှ အိမ်ပြန်ဖြစ်တဲ့
နေ့တွေက မနည်းလှဘူး။

ရက်တွေကြာလာတော့ အဖေက ပြောတယ်။
"သား ကြိုက်သလောက်ပျော်ပါ။
သားအပျော်ကြူးတာနဲ့
တိုက်ရိုက်အချိုးတူစွာ အဖေတို့
စိတ်ပူရတယ်။ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် သားအတွက် ဘေးကင်းမယ့် ဒီအိမ်လေးမှာ
တစ်ထောက်ပြန်နားပါသား။

သားဘယ်နေရာမှာ မူးမှောက်ပြီး အိပ်ပျော်နေမလဲ။ဘယ်နေရာမှာ ရန်တွေဖြစ်ပြီး
အရိုက်အနှက်ခံနေရမလဲ။ဖေဖေတို့
စိတ်ပူနေရတယ်။မနက်လင်းလို့ အိပ်ရာပေါ်မှာ ဘေးကင်းကင်းနဲ့ အိပ်မောကျနေတဲ့ သားကိုမြင်မှ အဖေတို့ တစ်ရက်စာ စိတ်အေးရတယ်”တဲ့

ကျနော်မသိခဲ့ဘူး။ကျနော့်ရဲ့ ပျော်ပါးခြင်းဟာ မိဘကို စိတ်ပူပန်စေတယ်ဆိုတာ ကျနော်မသိဘူး။ကျနော်ပဲ ပျော်ချင်တာ။ကျနော့်တစ်ကိုယ်စာလေးပဲ ကျနော်တွေးခဲ့တာ။

အဲ့ဒိနောက်ပိုင်း တော်ရုံတန်ရုံအကြောင်းမရှိရင် ကျနော့်အိမ်ပြန်ချိန်တွေ ဉာဥ့်မနက်တော့ဘူး။ကျနော့်ကြောင့် မိဘကို
စိတ်ပူစေမယ့်ဘေးကို အတတ်နိုင်ဆုံး
အေးစေခဲ့တယ်။

အမေကတော့ အဖေ့ကို ပြောတယ်။
"ရှင့်နည်းက စွန့်စားလွန်းရာမကျဘူးလား။
၂နှစ်နီးပါးလောက် သားလေးကို ပရမ်းပတာ လွှတ်ပေးခဲ့တာ အန္တရာယ်သိပ်များတယ်။
ဒီကြားထဲ တစ်ခုခုဖြစ်သွားတော့
ဘယ့်နှယ့်လုပ်မလဲ”တဲ့။
ကျနော့် စိတ်ထဲမှာ စူးစူးနင့်နင့်နားလည်လိုက်တာက မိဘအိမ်ဆိုတာ သားသမီးတွေအတွက် လုံခြုံဘေးကင်းရာအရပ်ပဲ။

ညီလေးတို့ ညီမလေးတို့လည်း လူငယ်ပီပီ
ရူးမိုက်ပျော်ပါးချင်လိမ့်မယ်။
ပျော်ပါးဖူးလိမ့်မယ်။ဒါပေမယ့် မိဘတွေဘက်က ဝင်တွေးကြည့်ပါ။မင်းတို့အတွက်
မိဘအိမ်ဟာ ဘေးကင်းလုံခြုံရာအရပ်ပဲ။
ရောက်အောင်ပြန်ပါ။

ကျနော်ဒုတိယနှစ်ရောက်တော့
ရည်းစားရနေပြီ။အရူးအမဲသား စားရသလိုပေါ့ဗျာ။အခုမှ ဣတ္ထိယနဲ့ ထိတွေ့ဖူးတော့
ကြားလေသွေးရင်တောင်
ဝေးတယ်လို့ ထင်မိတာမျိုး။

တစ်ရက်မှာ အဖေက မေးတယ်။
" သား ချစ်သူရပြီလား”တဲ့
"ဟုတ်ကဲ့”လို့ ဖြေတော့
"မင်းဘယ်မှာ နေမလဲ။ဘာအလုပ်လုပ်စားမလဲ။မင်းဘဝရည်မှန်းချက်က ဘာလဲလို့
မေးတယ်။မေးခွန်းက ရိုးရှင်းသလောက်
အဖြေကသိပ်ခက်တယ်။ခက်တာထက်ကို
ပိုပါတယ်။အဖြေက ရှိကိုရှိမနေတာ။

အဖေက ဘာမှဆက်မမေးတော့ဘူး။
ဟုတ်တယ်။ဒါက အဖေ ကျနော့်ကို မေးရမယ့် မေးခွန်းမဟုတ်ဘူး။ကျနော့်ကို ကျနော်မေးရမှာ။ငါဘာအလုပ်လုပ်မှာလဲ။ငါ့ရည်မှန်းချက်ကဘာလဲ။ကိုယ်လျှောက်မယ့်လမ်းတောင် ကိုယ်မဖောက်ရသေးတဲ့အဖြစ်ပါ။
တကယ်က လမ်းပျောက်နေတာမဟုတ်ဘူး။
လမ်းကို မရှိခဲ့တာ။

ညီလေးတို့ ညီမလေးတို့မှာရော
ရည်မှန်းချက်လမ်းတွေ ရှိကြပြီလား။

ဒီလိုနဲ့ စီးပွားရေးဘက်ကို အထူးပြုလေ့လာမယ်ဆိုပြီး စီးပွားရေးဘက်ကို စလေ့လာတယ်။
စာတွေဖတ်တယ်။ကိုယ်ပိုင်လုပ်ငန်း
လုပ်နေကြတဲ့သူတွေကို အောက်ကျို့ခံပြီး
မေးခွန်းတွေမေးတယ်။သင်ယူတယ်။
ပညာရှာ ပမာ သူတောင်းစားမဟုတ်လား။
သိလိုသူက မာန်ချထားရတယ်။

ပြဿနာ အသစ်တစ်ခု ထပ်တွေ့လာပြန်ရော။
သမီးရည်းစားပြဿနာပါ။ရွေးချယ်ခဲ့တုန်းက ရုပ်ရည်ကြိုက်လို့ ရွေးခဲ့တာလေ။သူ့အကျင့်၊သူ့စရိုက် ဘာကိုမှ လေ့လာပြီး ကြိုက်ခဲ့တာမဟုတ်ဘူး။သူကျနော့်ကို ဖြတ်သွားပြီး နောက်တစ်ယောက်တွဲသွားတယ်။
လူလည်း ရူးမလိုလို ကြောင်မလိုလို
ဖြစ်သွားသေးတယ်။
သစ္စာမရှိတဲ့ မိန်းမဘာညာပေါ့။ကျိမ်စာတွေတိုက်။အသဲတွေကွဲ၊အရက်တွေမူး။

အဲ့ဒိအချိန်မှာ အဖေကထပ်မေးတယ်။
"သူ့မှာ မင်းကို ဖြတ်ဖို့ အခွင့်ရေးမရှိဘူးလား”တဲ့

ဟုတ်တယ်။ဘာစာချုပ်စာတမ်းမှ
ရှိတာမဟုတ်ဘူး။တစ်သက်လုံးလက်တွဲပါမယ်လို့လည်း ကတိမပေးထားဘူး။
ကျနော့်ကို သူ မလိုချင်တော့ရင်၊မလိုအပ်တော့ရင် လမ်းခွဲဖို့ သူ့မှာ အခွင့်အရေးရှိနေတာပဲ။
ကျနော်လက်ခံပေးလိုက်တယ်။နောက်တစ်ခါများတော့ ရည်းစားထားမယ်ဆိုရင် သူ့ဘက်ကိုလည်း သေချာလေ့လာမယ်။ကိုယ့်ဘက်ကလည်း သေချာပြင်ဆင်မယ်။ဒီလိုတွေးဖြစ်လာတယ်။တစ်သက်လုံး ကိုယ့်အိပ်ရာဘေးမှာ ထားရမယ့် အမျိုးသမီး၊ကိုယ့် အိမ်ရှင်မဖြစ်လာမယ့် အမျိုးသမီးကို တွေ့ကရာမရွေးချယ်မိဖို့
ကိုယ့်ကိုယ်ကို ပြန်သတိပေးရတယ်။
ညီလေးတို့ ညီမလေးတို့ရော ကိုယ့်ကြင်ဖော်ကို ရွေးချယ်တဲ့အခါ စိတ်ခံစားချက်အတိုင်း ရွေးလိုက်တာလား။ဉာဏ်နဲ့ရော
ပိုင်းခြားစီစစ်ဖြစ်လား။

နောက်တစ်ကြိမ်ရွေးချယ်မှုကတော့ ကျနော့်အတွက် အကောင်းဆုံးဖြစ်ခဲ့တယ်။
အခုလက်ရှိ အိမ်သူသက်ထားပါပဲ။
လူနှစ်ယောက်ချိတ်ဆက်ဖို့ အတွက် တစ်ခုတည်းသော လိုအပ်ချက်က နားလည်မှုပဲ။
သူ့အပြစ် ကိုယ့်အပြစ်၊သူ့အမှား ကိုယ့်အမှား
သူ့အဆိုး ကိုယ့်အဆိုး၊သူ့အားနည်းချက် ကိုယ့်အားနည်းချက်ကို အပြန်အလှန် နားလည်ပေးခဲ့ကြတယ်။

ဖုန်းတစ်လုံး အားသွင်းဖို့ adapterလိုတယ်မဟုတ်လား။Adapterဆိုတာ powerကိုမပေးဘူး။
Powerကိုလည်းမယူဘူး။ပေးသူနဲ့ ယူသူကြားမှာ အဆင်ပြေအောင် ချိန်ညှိပေးတဲ့
deviceတစ်ခုပဲ။
နိုင်ငံရဲ့ power supply systemက 220AC
ဖုန်းကလိုချင်တာ 5amp(အမ်ပီယာ) current.
Adapterမခံဘဲ တိုက်ရိုက် joinလိုက်ရင် ဖုန်းပဲ ဂိသွားလိမ့်မယ်။ဒါဟာ ပေးသူရဲ့အမှားမဟုတ်သလို ယူသူရဲ့ အားနည်းချက်လည်း မဟုတ်ဘူး။မတူညီ ကွဲလွဲခြင်းသာ။နားလည်မှု adapterလည်း ကြားခံလိုက်တော့ အပေးအယူမျှတသွားရော။ဒါကြောင့် ညီလေးတို့
ညီမလေးတို့ ပေါင်းသင်းဆက်ဆံတဲ့အခါ
သူငယ်ချင်းအချင်းချင်းပဲဖြစ်ဖြစ်၊မိဘနဲ့ပဲဖြစ်ဖြစ်၊ချစ်သူချင်းပဲဖြစ်ဖြစ် နားလည်မှုရှိကြပါ။
နားလည်မှုမရှိဘဲ ပေါင်းစပ်လို့ လုံးဝမရဘူး။
အဆီအငေါ်မတည့်ရင် နှစ်ဦးနှစ်ဖက် ထိခိုက်ရတတ်တယ်။မိဘက adapterမခံဘဲ 220AC voltageပေးလိုက်လို့ လောင်ကျွမ်းသွားတဲ့
ပျက်စီးသွားတဲ့ ဖုန်းလိုမျိုး သားသမီးတွေ
ဘယ်လောက်တောင် ရှိနေမလဲ။

ဒီလိုနဲ့ စီးပွားရေးကို အစပြုရင်း ဖြတ်လမ်းနည်းတွေနဲ့ အောင်မြင်ချင်လာတယ်။
သူဌေးကြီးတစ်ယောက်ကို မေးဖူးတယ်။
အောင်မြင်ဖို့ အမြန်ဆုံးနည်းပြောပြပါလို့။
သူဌေးကြီးဖြေသွားတာ သိပ်လှတာပဲ။
သမိုင်းဖြစ်ရပ်လေးတစ်ခုနဲ့ ဥပမာပေးသွားတာ။ညီတို့ ညီမတို့ကို ဗဟုသုတအဖြစ်၊messageတစ်ခုအဖြစ် မျှဝေချင်ပါတယ်။

မက်ဆီဒိုးနီးယား စစ်ဘုရင် အလက်ဇန်းဒါး
သေဆုံးပြီးနောက်မှာ သူပိုင်တဲ့နယ်မြေတွေကို သူ့စစ်သူကြီးတွေက ခွဲဝေယူတယ်။
အီဂျစ်မြေကိုယူတဲ့ တော်လမီ ၁ လက်ထက်မှာ
ဘုရင် တော်လမီကGeometryပညာရှင် ယူကလစ်ဆီက geometryပညာကို အလွယ်သင်ဖို့ ကမ်းလှမ်းတယ်။

ယူကလစ်ရဲ့အဖြေက သိပ်ရိုးရှင်းတယ်။
သိပ်ရဲရင့်တယ်။
"Geometryပညာကိုသင်ဖို့ ရှင်ဘုရင်အတွက် အထူးနည်းလမ်းမရှိပါဘူး”တဲ့။

ဒါကြောင့် ကျနော်တို့ ဘယ်ပညာကိုပဲ သင်ယူသည်ဖြစ်ဖြစ် ဝီရိယထည့်ဖို့လိုတယ်။
ခြေထောက်ကနေ ခြေလှမ်းဖြစ်ပြောင်းသွားတာ ဝီရိယကြောင့်ပဲ။ဦးတည်ရာကို ရွေးချယ်တာက ဉာဏ်ရည်ပေါ့။လျှောက်လမ်းမှာ
ခလုတ်မထိ ဆူးမငြိဖို့က သတိတရားရဲ့
လုပ်ဆောင်ချက်။

ဒီလိုနဲ့ စီးပွားရေးတစ်ခုကို ဇောက်ချလုပ်ဖြစ်လာတယ်။အတော်အတန်
အောင်မြင်လာတယ်။ကျနော်နဲ့ ခင်မင်လာတဲ့ သူဌေးကြီးတစ်ယောက်က ကျနော့်ကို
မေးတယ်။စာဖတ်ဖြစ်လားတဲ့။
အချိန်လည်း သိပ်မအားတာနဲ့ မဖတ်ဖြစ်ဘူးလို့ ပြောတော့ သူဌေးကြီးက
"မင်းအလုပ်ချိန်တွေက ဘယ်လောက်တောင် တန်ကြေးရှိနေလို့ စာမဖတ်ရတာလဲ။
မင်းရဲ့ နှစ်နာရီလုပ်အားခက တစ်သိန်းလား
နှစ်သိန်းလား။စာတစ်ပုဒ်ကပေးမယ့် အသိတရားက မင်းရှာနိုင်တဲ့ ငွေထက် အမြဲတန်ဖိုးကြီးတယ်ဆိုတာ မှတ်ထား”တဲ့
တပည့်လိုဖြစ်နေလို့ ခပ်ကြမ်းကြမ်းပြောတယ် ထင်ပါတယ်။နောက်မှ လေသံပျော့သွားပြီး
"ငါ့ညီ ကျော်စွာ ဘေဂိတ်ကြရဲ့ တစ်နာရီလုပ်အားခက တို့ထက် အပုံကြီးသာလိမ့်မယ်။
ဒါပေမယ့် ဘေဂိတ်ဇောက်ချလုပ်နေတာ
စာဖတ်ခြင်းပဲ။

လင်ကွန်းကပြောတယ်။ကျုပ်ကို သစ်ပင်ခုတ်ဖို့ အချိန် ခြောက်နာရီပေးရင် လေးနာရီက ပုဆိန်သွေးနေမှာတဲ့။ငါတို့ အလုပ်လုပ်နေတယ်ဆိုတာ ဉာဏ်ပုဆိန်နဲ့ သစ်ပင်ခုတ်နေတာ။
စာဖတ်တယ်ဆိုတာ အဲ့ဒိဉာဏ်ပုဆိန်ကို
သွေးနေရတာ။မင်းပုဆိန်သွေးဖို့ မပျက်ကွက်နဲ့။ပုဆိန်တုံးလာလိမ့်မယ်”တဲ့။

ဒီတော့ ညီလေးတို့ ညီမလေးတို့ကို
ကျနော်ကပြောမယ်။ကျနော့်အဆင့်နဲ့ အချမ်းသာဆုံးသူဌေးဖြစ်နေရတာ
ကျနော်ဂုဏ်မယူဘူး။
ကျနော့်ထက် ပိုချမ်းသာတဲ့သူပေါ်
လာလို့လည်း
ကျနော်စည်းစိမ်လျော့မသွားဘူး။
နံပါတ် တစ်ဖြစ်နေခြင်းက နှိုင်းရတန်ဖိုးပါ။
ပကတိမှမဟုတ်တာ။ကျနော်ထက် ပိုချမ်းသာသူပေါ်လာရင် ကျနော်ထက်ပိုပြီး နိုင်ငံသားတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ
ဖန်တီးပေးနိုင်လိမ့်မယ်။ကျနော့်နိုင်ငံကြီး
ဒီထက်ပိုတိုးတက်လာလိမ့်မယ်။

ကျနော်မျှော်လင့်တယ်။ညီတို့ ညီမတို့လည်း
ပျော်ကြပါ။ဒါပေမယ့် ဘေးကင်းပါစေ။

ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။
ဒါပေမယ့် ရည်မှန်းချက်ရှိပါစေ။

ချစ်ကြပါ။ဒါပေမယ့် နားလည်မှုရှိပါစေ။

အလုပ်လုပ်ကြပါ။ဒါပေမယ့်
စာဖတ်ဖို့ အချိန်ရှိပါစေ။

အောင်မြင်ခြင်းမှာ ဂုဏ်ယူကြပါ။ဒါပေမယ့်
မာန်မာနတော့ ကင်းပါစေ။

နိုင်ငံအနာဂတ်အတွက် ညီတို့ညီမတို့ ကိုပဲ
ကျနော်က အားကိုးမျှော်လင့်နေမှာပါ။

ဟုတ်ကဲ့ ကျနော့် စကားကို စိတ်ဝင်တစား နားထောင်ပေးကြလို့ ကျနော် ကျော်စွာက အားလုံးကို ကျေးဇူးတင်ပါတယ်။

လူကြီးမင်းတို့ ဝယ်ယူလာတဲ့ လက်မှတ်တွေကို အရောင်းကောင်တာမှာ ဝယ်ဈေးအတိုင်း
ပိုက်ဆံပြန်ထုတ်သွားလို့ရပါတယ်။
ဒီနေ့ စကားပွဲလေးဟာ ငွေကြေးအကျိုးအမြတ် လိုချင်လို့ လုပ်တဲ့စကားပွဲမဟုတ်ဘူး။
ဒါပေမယ့် လေးနက်မှုတစ်ခုရချင်လို့ စည်းစနစ်ကျချင်လို့ ငွေနဲ့ ရောင်းတဲ့သဘောပါ။

လူကြီးမင်းတို့ ငွေပြန်မထုတ်လိုဘူးဆိုရင်လည်း ဒီငွေတွေဟာ မိဘမဲ့ကလေးကျောင်းကို
အလှုငွေအဖြစ် ရောက်ရှိသွားမှာပါ။
ငွေတစ်သောင်းဟာ တချို့လူတွေအတွက် သိပ်များနေသေးတဲ့ ပမာဏမို့လို့ ထုတ်ယူမယ်ဆိုရင်လည်း နားလည်ကြည်ဖြူမှာပါ။”

လက်ခုပ်သံများ မစဲအောင် ထွက်ပေါ်လာသည်။ကျနော်နဲ့ ကျနော့်သူငယ်ချင်းတစ်သိုက်လည်း လက်ခုပ်ကို အားရပါးရတီးဖြစ်ခဲ့သည်။
တကယ့် ဂါရဝလက်ခုပ်သံပါ။
မုဒိတာလက်ခုပ်သံပါ။
ကျေးဇူးတင်တဲ့ လက်ခုပ်သံပါ။

အိမ်အပြန်လမ်းမှာ ခြေလှမ်းတွေ
တက်ကြွနေသည်။ဘယ်နှစ်ကြိမ်မှန်းမသိ ကျေနပ်ပြုံးတွေ ပြုံးမိနေသည်။
လက်မှတ်ငါးစောင်အတွက် ငွေငါးသောင်းကို ကျနော်တို့ ပြန်မထုတ်ယူဖြစ်ခဲ့ပါ။
အဖေပေးမယ့် ငွေတစ်သိန်းလည်း ကျနော်
မလိုချင်တော့။ကျေးဇူးပါ ဖေဖေရယ်လို့
လိပ်ပြာသန့်သန့်ပြောနိုင်ဖို့
ငွေတစ်သိန်းကြောင့် အပျက်စီးမခံနိုင်ပါ။
နိုင်ငံအတွက်၊မိဘအတွက်၊မိမိအတွက် အသုံးကျတဲ့ နိုင်ငံသားအဖြစ်၊သားသမီးကောင်းအဖြစ်၊လူသားကောင်းအဖြစ် ကျနော်စတင်ရတော့မယ်။

Error(Sithu)

❝အလကားလိုချင်​သောလူများသာ ဖတ်ရန်❞လူတစ်ယောက်သည် တိရစ္ဆာန်ဥယျာဉ်နှင့် တွဲလျက် 🐆🦓ပျော်ရွှင်စရာ နေရာတစ်ခုကို တည်ထောင်ဖွင့်လှ...
20/02/2022

❝အလကားလိုချင်​သောလူများသာ ဖတ်ရန်❞

လူတစ်ယောက်သည်
တိရစ္ဆာန်ဥယျာဉ်နှင့် တွဲလျက် 🐆🦓
ပျော်ရွှင်စရာ နေရာတစ်ခုကို
တည်ထောင်ဖွင့်လှစ်လိုက်သည်။🎡🎠

သူသည်
တိရစ္ဆာန်ဥယျာဉ် ၀င်ကြေးကို
၅၀၀၀ ကျပ် ဟု သတ်မှတ် လိုက်သည်။💵
သို့သော် မည်သူမျှ မလာကြပေ။

ထိုအခါ ၀င်ကြေးကို ၄၀၀၀ ကျပ် ဟု
လျှော့ချ သတ်မှတ်လိုက်သည်။💵
မည်သူမျှ မလာကြသေးပေ။

သည်တစ်ခါတော့
၀င်ကြေးကို ၂၀၀၀ ကျပ်ဟု
စျေးလျှော့ လိုက်ပြန်သည်။💵
ထိုနည်း၄င်းပင်
သူ၏ တိရစ္ဆာန် ဥယျာဉ်အား
လာမည့် ဧည့်သည် မရှိပေ။

ဤတွင် ထိုလူသည် ၀င်ကြေးအား
အခမဲ့ ဟုကြေငြာလိုက်ရာ၊
သူ၏ တိရစ္ဆာန်ဥယျာဉ်အပြည့်
လူများလာရောက် လည်ပတ်ကြသည်။

ထိုအခါ ထိုလူသည်
သူ၏ တိရစ္ဆာန်ဥယျာဉ် အ၀င်တံခါးအား
တိတ်တဆိတ် သော့ခတ်လိုက်လေတော့သည်။🔐

ထို့နောက်
ခြင်္သေ့များထားသော ရုံကို၊
တံခါး ဖွင့်ပေးလိုက်ပြီးနောက် ....🦁
ထွက်ပေါက်တွင် စာကပ်ထားလိုက်သည်။
"အထွက်ကြေး = ကျပ် ၁၅၀၀၀၀"💰

ထိုအခါတော့ အတွင်းမှ လူများသည်
ငွေကို ရှောရှောရှူရှူနှင့် ပေး၍
ထွက်သွားကြလေသည်။

(သင်ခန်းစာ = ဘ၀မှာ အလကားရမည့်
ကမ်းလှမ်းချက်များသည်၊
တစ်ချိန်တွင် ဒုက္ခတွေ့နိုင်သည်။)

🙏မူရင်းရေးသားသူအား အစဉ်လေးစားလျက်🙏

Copy by
စာသားအထားအသိုနှင့်
စာလုံးပေါင်းသတ်ပုံတို့အား
ပြန်လည်စိစစ်၍ မျှဝေပါသည်။

13/01/2022

အမေရိကန်မှာ အရေးပေါ်ငွေ လိုအပ်လို့
သိကျွမ်းတဲ့ သူငယ်ချင်းတွေဆီက
ငွေချေးချင်လို့ မရပါ။
-
-
-
အားနာနာနဲ့ ငွေထုတ်ချေးသူ မရှိပါ။
အကြောင်းကတော့
ဒီမှာက ငွေကြေး တန်ဖိုးဟာ တကယ့်ကို
တန်ဖိုးရှိတဲ့ အရာ ဖြစ်နေလို့ပါ။

အမေရိကန်နိုင်ငံကိုရောက်နေတဲ့
လူတိုင်းနီးနီးဟာ
အိမ်ဝယ်ထားလို့ ၊
ကားအသစ်ဝယ်ထားလို့ ၊
ကွန်ပျူတာ အသစ်ဝယ်ထားလို့ ၊
ဖုန်းအသစ် ဝယ်ထားလို့ ၊
အိမ်သုံးပစ္စည်းတစ်ခုခု ဝယ်ထားလို့ ၊
လိုချင်တာတစ်ခုခုကို အတောမသတ်နိုင်အောင်ဝယ်ထားအတွက်
လူတိုင်းလိုလို ဘဏ် အကြွေးက ရှိနေတတ်တယ်။
ဒီတော့ ဘဏ်အကြွေးကို လတိုင်းဆပ်နေကြရတယ်။
လူတိုင်း အကြွေးနဲ့ မကင်းကြတဲ့အတွက်
လူတိုင်းမှာ ငွေပိုဆိုတာ မရှိတတ်ကြပါ။
ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက် ငွေချေးလို့ မရပါ။

နောက်တစ်ခုက
တစ်ယောက် နဲ့ တစ်ယောက်
ရင်းနှီးလို့ လက်တို့ပြီး ငွေချေးတာဟာ
တရားဥပဒေနဲ့ မညီတဲ့အတွက်
ပေါက်ကြားသွားရင်နှစ်ဦးနှစ်ဖက်စလုံး
တရားစွဲတာ ခံရနိုင်တယ်။
ဒါကြောင့်လည်း ခင်မင်ရင်းနှီးတယ်ဆိုပြီးငွေချေးလို့ မရပါ။
ဒီမှာက တရားဥပဒေအလွန်စိုးမိုးပါတယ်...။

ငွေချေးလို့ ရနိုင်တဲ့နေရာ တစ်ခုတော့ ရှိတယ်။

အဲဒါကတော့ ဘဏ်ပါပဲ။
ဘဏ်က အတိုးစားချင်တဲ့အတွက် ငွေထုတ်ချေးပါတယ်။
ဒီလို ထုတ်ချေးဖို့အတွက်တော့
ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပျက်မရှိရပါ။
ကိုယ့်ဆီမှာ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှိရမယ်။
ငွေ ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင်ရှိရမယ်။
ဝင်ငွေ အနည်းအများပေါ်မူတည်ပြီး
ဘဏ်က ငွေချေးပေးပါတယ်။
ဘဏ်တိုး အနည်းအများကလည်း
ဘဏ်တစ်ခုနဲ့တစ်ခု မတူပါဘူး။

ကျနော်ဆီကို ဘဏ်လေးငါးခုက အိမ်ဝယ်ဖို့ငွေချေးမယ်ဆိုတဲ့ စာတွေ လစဉ်ရောက်ပါတယ်။
ကားအသစ်ဝယ်ဖို့ဘဏ် ငါးခု ခြောက်ခုက ငွေချေးမယ့်စာတွေလစဉ် ရောက်နေပါတယ်။
ဒေါ်လာ တစ်သိန်းနဲ့အထက် ငွေချေးမယ့်စာတွေစာတိုက်ပုံးထဲကတစ်ဆင့်
အိမ်ကို ပုံမှန် ရောက်နေပါတယ်။

ဘာကြောင့်ဆိုတော့
ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပျက် မရှိတာရယ်၊
ပြန်ဆပ်နိုင်တဲ့ အလုပ်အကိုင် ရှိတာရယ်ကြောင့်ပါ။
အဲဒီစာတွေကို လစဉ်ပုံမှန်
အမှိုက်ပုံးထဲကို ထည့်နေရပါတယ်။

အကြောင်းကတော့ ...
အကြွေးမရှိသူဟာ ကိုယ်၊စိတ် ချမ်းသာသူလို့ခံယူထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
နောက်တစ်ခုကတော့
အကြွေးရဲ့ဖိစီးမှုကို မခံချင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အချင်းချင်း ငွေချေးကြပါတယ်။
အဓိက အကြောင်းနှစ်ခုကို တွေ့ရပါတယ်။
တစ်ခုကတော့ ...
အတိုးများများလိုချင်လို့ ငွေချေးတာပါ။
နောက်တစ်ခုကတော့
အားနာလို့ ချေးလိုက်တာပါ။
နှစ်ခုစလုံးမှာပြဿနာတွေ ကိုယ်စီ ရှိပါတယ်။

အတိုးများများလိုချင်လို့ ချေးသူတွေက
ကိုယ့်လောဘနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။
အားနာလို့ ငွေချေးသူက
ကိုယ့်ဒေါသနဲ့ ကိုယ် ဒုက္ခရောက်ပါတယ်။

အားနာတယ်ဆိုတာ သဘောကောင်းတာ မဟုတ်ပါဘူး။
တစ်ဖက်သားရဲ့ အထင်အမြင် သေးမှာကို ကြောက်တာပါ။
အဲဒီကြောက်တဲ့စိတ်ကြောင့်
မရှိတဲ့ကြားထဲက ထုတ်ချေးလိုက်တာပါ။

ပြီးတော့ တစ်ချိန်လုံး ပူပန်ကြောင့်ကြနေရပါတယ်။
ပြောတဲ့အတိုင်း ဖြစ်မလာတော့ ဒေါသ ဖြစ်ရပါတယ်။
စိတ်ပျက်ရပါတယ်။
မိတ်ပျက်ရပါတယ်။
အားနာတဲ့စိတ်အခြေခံက စလိုက်တဲ့ကြောက်စိတ်ဟာ
ကိုယ့်ငွေနဲ့ကိုယ် တောက်လျှောက် ဒုက္ခရောက်နေရတာပါ။
ကြောက်တာဟာ
တရားကိုယ်အားဖြင့် ဒေါသ ပါပဲ။

အမေရိကန်နိုင်ငံမှာတော့
ငွေလိုချင်ရင် အလုပ်လုပ်ပါ။

အလုပ် ရှိရင် ငွေလည်း ရှိတယ်။
ပြီးရင်
ဘာမဆို ရှိနိုင်တယ်။
အစိုးရက ဘယ်သူမဆို အလုပ်လုပ်နိုင်အောင်
ဥပဒေနဲ့ အညီ
အလုပ်တွေကို ဖန်တီးပေးထားတယ်။

အသက်( ၁၆ )က စပြီး ကျောင်းသူကျောင်းသားတွေအတွက်
အချိန်ပိုင်း ( Part Time )အလုပ်တွေကို
စတင်နိုင်အောင် စီစဉ်ထားတယ်။
အချိန်ပိုင်းအလုပ်က တစ်ပတ်ကို
နာရီ ၂၀- ဝန်ကျင် လုပ်ခွင့်ရတယ်။

လခကို နာရီ နဲ့ သတ်မှတ်ထားတယ်။
အနည်းဆုံးလစာက
တစ်နာရီ ၁၀-ဒေါ်လာဖြစ်တယ်။
ပြည်နယ်တစ်ခုနဲ့ တစ်ခုတော့
အနည်းအကျဉ်းကွာခြားပါတယ်။

အမေရိကန်နိုင်ငံမှာ
အသက် ( ၆၅ )နှစ်မှာ ပင်စင်ပေးတယ်။
ကျန်းမာနေသေးရင်
အချိန်ပိုင်း အလုပ်လုပ်နိုင်သေးတယ်။
အပိုဝင်ငွေ ရှာနိုင်သေးတယ်။

အချိန်ပြည့် ( Full Time ) အလုပ်တွေဟာ
ကျန်းမာရေးဆိုင်ရာ အခွင့်အရေးတွေ
အပြည့်အဝ ရပါတယ်။
သက်ပြည့်ပင်စင်ကလည်း
အိုတဲ့အခါ စား၊ဝတ်၊နေရေးအတွက်
လုံလုံလောက်လောက်
သုံးစွဲနိုင်ပါတယ်..။
အချိန်ပြည့် ( Full Time )
အလုပ်တွေဆိုတာ တစ်နေ့ကို ရှစ်နာရီ၊
တစ်ပတ်ကို နာရီ ၄၀ သာလုပ်ရတယ်။
နှစ်ပတ်ကို တစ်ကြိမ် လခ ထုတ်ပါတယ်။

ဒီမှာက ငွေလိုချင်ရင်
အလုပ်လုပ်ပါ ဆိုတာကို
လူတိုင်းနားလည်အောင် လုပ်ထားတယ်။
လူတိုင်းရဲ့ အဖိုးတန်လုပ်အားတွေကိုလည်းနိုင်ငံတော် က ယူထားတယ်။
နိုင်ငံတော်က တန်ရာ တန်ဖိုးပြန်ပေးထားတယ်။

နိုင်ငံသားတွေရဲ့ လုပ်အားနဲ့တည်ဆောက်ထားတဲ့အတွက်ကြောင့်
အမေရိကန်နိုင်ငံဟာ
အတိုးတက်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်
ကာလတာရှည်စွာ ရပ်တည်နိုင်ခဲ့တာပါ။

အမေရိကန်နိုင်ငံဟာ
နိုင်ငံသားတွေရဲ့ လုပ်အားနဲ့ နိုင်ငံကို
သိက္ခာရှိရှိ တည်ဆောက်ခဲ့ကြပါတယ်။

Credit to original owner

Address

Monywa, Sagaing State
Monywa

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when စီးပွားတိုးတက်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to စီးပွားတိုးတက်ရေး:

Share