29/11/2024
** ဒီလို Post မျိုးက ဒါပထမဆုံး ရေးတာပါ **
- ဘယ်ပစ္စည်းတွေကို မသုံးပါနဲ့လို့ မပြောခဲ့ဖူးပေမယ့် ဒီတစ်ခါတော့ ပြောမှ ရပါမယ်
- ဈေးနည်းပစ္စည်းတွေက အစုံလာပါတယ်
- ဥပမာ စပေါ့ကတ် ဈေးနည်းသုံးမိတယ် အရည်သွေးညံ့လို့ ခဏနဲ့ စပေါ့ကတ်ကျသွားတယ် နောက်တစ်ခါ ပြန်လဲပေါ့
- စတပ်ခလုပ်လိုဟာတွေ ဟွန်းတွေ စသည်ဖြင့် မြင်သာ သိသာတာတွေရယ် တစ်ခုတည်းထိခိုက်မယ့်ဟာမျိုး ရေရှည်မခံဘူးဆိုတာပေါ်လွင်တာမျိုးက ပြဿနာမဟုတ်ပါဘူး
- ဒီအမျိုးစားရဲ့ သက်တမ်း နဲ့ အရည်သွေးကိုသိတယ် သိသိနဲ့ အခြေနေအရ ရွေးရတာမျိုးထက် ဘာမှ မသိပဲ ရမ်းဝယ်တာမျိုး ကပိုဆိုးပါတယ်
- အဓိက ပြောချင်တာက အင်္ဂျင်ဝိုင်ပါ ဈေးနည်း ချက်ဆီတွေဝယ်လာကြတယ် ဘယ်လိုမှကို အရည်သွေးမရှိ ဒါကို Userတွေက ထည့်မောင်းတယ် ချက်ချင်းကြီး ကောက်ပျက်တာမဟုတ်တော့ အဲ့တာရဲ့ဆိုးကျိုးတွေကိုမသိဘူး
- စက်လည်ပတ်တာနဲ့အမျှ အင်္ဂျင်ကိုထိခိုက်နေပြီး အင်္ဂျင်ရဲ့ သက်တမ်းတွေကို စုပ်ယူနေတာပါ
- တချို့ နောက်လိုက်ပစ္စည်းတွေက ရေရှည်မခံတာကလွဲရင် တခြားအရာတွေကို ဆိုးကျိုးမပေးပါဘူး
- အင်္ဂျင်ဝိုင်ကတော့ အင်္ဂျင်တစ်ခုလုံးကို ဆိုးကျိုးပေးပါတယ် ဒါလေးကိုသတိပေးတာပါ
- နှစ်မကုန်ခင် Online class gp တက်ရောက်ချင်တဲ့ ညီကိုများလည်း တက်ရောက်လို့ရပါတယ်ဗျ Comment ကLink မှာဖတ်ကြည့်ပေးပါဗျ။
** Khant Hmhwe Swe **