28/09/2026
စီးပွားရေးဆိုတာ ဆုံးခန်းတစ်ခု ကြိုသတ်မှတ်ထားတဲ့ ခရီးမဟုတ်ဘူး ပင်လယ်ပြင်လိုပဲ ကျယ်ဝန်းပြီး အဆက်မပြတ် လှုပ်ရှားနေတယ်။ သင်္ဘောက ဘယ်ဆိပ်ကမ်းမှာ ရပ်မလဲဆိုတာကို ပင်လယ်က မပြောဘူး၊ သင်္ဘောသားက ရွေးရတယ်။ စီးပွားရေးလည်း အဲဒီလိုပဲ ဘာကြောင့်လဲ
(၁)လူ့လိုအပ်ချက်နဲ့ ဈေးကွက်က အဆုံးမရှိ။ တစ်ခုပြီးတစ်ခု ပေါ်လာတယ်၊ ပြောင်းလဲတယ်။
(၂)နည်းပညာ၊ ပြိုင်ဆိုင်မှု၊ စီးပွားရေးအခြေအနေတွေ အမြဲရွေ့နေတယ်။ ဒါကြောင့် “ဒီမှာဆို ဆုံးပြီ” ဆိုတဲ့ နေရာ မရှိဘူး။
(၃)အောင်မြင်မှုဆိုတာ လူတစ်ဦးနဲ့တစ်ဦး မတူဘူး။ တစ်ယောက်အတွက် ငွေအများကြီးရတာက ဆိပ်ကမ်း၊ နောက်တစ်ယောက်အတွက် မိသားစုနဲ့အချိန်ရတာက ဆိပ်ကမ်း။
(၄)ကျောက်ချတယ်ဆိုတာ ရည်မှန်းချက်၊ အနားယူမှု၊ အမြတ်ယူမှု၊ စွန့်စားမှုထိန်းချုပ်မှုကို ကိုယ်တိုင်သတ်မှတ်တာ။ ကျောက်ချမထားရင် လှိုင်းနဲ့ရေစီးကြောင်းလိုက် မျောနေမယ်။
(၅)ဒါပေမဲ့ လွတ်လပ်လွန်းတယ်လို့ မဆိုလိုဘူး။ ဥပဒေ၊ ကျင့်ဝတ်၊ အရင်းအနှီး၊ ကျန်းမာရေး စတဲ့ ကန့်သတ်ချက်တွေရှိတယ်။
ဒါကြောင့် ကိုယ်ရွေးချယ်နိုင်တဲ့ အတိုင်းအတာအတွင်းမှာ တာဝန်ယူပြီး ကျောက်ချရတာ။
စီးပွားရေးက ပင်လယ်လို ဆုံးမရှိဘူး။ ဒါပေမဲ့ သင်ဘယ်မှာရပ်မလဲ၊ ဘယ်အချိန်မှာ အနားယူမလဲ၊ ဘယ်ပန်းတိုင်ကို အောင်မြင်မှုလို့ သတ်မှတ်မလဲဆိုတာကို သင်ကိုယ်တိုင် ဆုံးဖြတ်ရတယ်။ အဲဒါကြောင့် “သငရပ်ချင်တဲ့နေရာမှာ သင်ကျောက်ချဖို့ပဲ လိုပါတယ်။
လေးစားခင်မင်စွာဖြင့်
မင်းထွန်းသိန်း