Myanmar Network - MyanAung

Myanmar Network - MyanAung ၀န်ဆောင်မူအကောင်းဆုံးနှင့် အမြန်ဆုံး ဖိုက်ဘာ အင်တာနက်

ကျွန်ုပ်တို့အနေနဲ့ မိုးမိပြီး ပြန်လာတဲ့အခါမှာ ခြေလက်တွေကို ချက်ချင်းဆေးကြောဖို့ ဘာကြောင့် လိုအပ်တာလဲ..... ???        🌧️ ...
25/05/2026

ကျွန်ုပ်တို့အနေနဲ့ မိုးမိပြီး ပြန်လာတဲ့အခါမှာ ခြေလက်တွေကို ချက်ချင်းဆေးကြောဖို့ ဘာကြောင့် လိုအပ်တာလဲ..... ???
🌧️ မိုးရွာချလိုက်တဲ့အခါ လေထုထဲက ဖုန်မှုန့်တွေတင်မကဘဲ လမ်းမပေါ်မှာ ဝပ်နေတဲ့ ညစ်ပတ်တဲ့ ရေအိုင်တွေ၊ မြောင်းရေတွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေ ရောနှောသွားတတ်ပါတယ်။ အထူးသဖြင့် မိုးဦးကျကာလမှာ လမ်းပေါ်က ရေဝပ်တဲ့နေရာတွေကို ဖြတ်သန်းရတဲ့အခါ ကျွန်တော်တို့ရဲ့ ခြေထောက်နဲ့ လက်တွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဗက်တီးရီးယား (Bacteria) နဲ့ မှိုပိုး (Fungi) မွှားတွေ ကပ်ငြိပါလာနိုင်ပါတယ်။
ကျွန်တော်တို့တွေဟာ မိုးမိပြီး အိမ်ပြန်ရောက်တဲ့အခါ အဝတ်အစားလဲပြီး ခြေလက်တွေကို သေချာမဆေးဘဲ ဒီအတိုင်း ခြောက်အောင်ပဲ သုတ်လိုက်တာမျိုးက ပိုးမွှားတွေကို မွေးမြူထားသလို ဖြစ်စေပါတယ်။ စိုထိုင်းဆကြောင့် ပိုးမွှားတွေ ပိုမိုပေါက်ပွားလာပြီး အောက်ပါ အရေပြားပြဿနာတွေ ကြုံရနိုင်ပါတယ် -
* သဲဝဲစားခြင်း (Athlete's Foot): ခြေချောင်းကြားတွေ ယားယံတာ၊ အရေပြားလန်တာနဲ့ အဖတ်တွေကွာကျတာ။
* မှိုပိုးဝင်ခြင်း (Fungal Infections): စိုစွတ်မှုကြောင့် ခြေသည်း၊ လက်သည်းတွေ အရောင်ပြောင်းပြီး မှိုစွဲတာ၊ သန်ကောင်ကွင်း (ပွေး) နာ ဖြစ်တာ။
* ဝဲနာနှင့် ယားနာများ: ညစ်ပတ်တဲ့ရေကြောင့် အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်ပြီး တကုတ်ကုတ်နဲ့ ယားယံတာ။
ဒီလိုရောဂါတွေမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့တွေဟာ မိုးထဲရေထဲက ပြန်လာပြီးတာနဲ့ ကျွန်တော်တို့ရဲ့အရေပြားကို ကာကွယ်ဖို့ ဒါလေးတွေကို အမြန်ဆုံး လုပ်ပေးရမှာပဲဖြစ်ပါတယ် ။
ရိုးရိုးရေနဲ့တင် မဟုတ်ဘဲ ပိုးသတ်ဆပ်ပြာ (သို့မဟုတ်) မိမိသုံးနေကျ ဆပ်ပြာနဲ့ ခြေဖဝါး၊ ခြေချောင်းကြားတွေကို သေချာပွတ်တိုက် ဆေးကြောပါ။ ဆေးကြောပြီးရင် ခြေချောင်းကြားတွေကို အစိုဓာတ်မကျန်စေဘဲ ခြောက်သွေ့တဲ့ တာဝါနဲ့ အခြောက်သုတ်ပါ။ *(အစိုဓာတ်ရှိရင် မှိုပိုးက ပိုပေါက်ပွားလွယ်လို့ပါ)*။ အသားပတ်တာ သို့မဟုတ် စိုစွတ်ပြီး ယားယံတာမျိုးမဖြစ်အောင် Moisturizer သို့မဟုတ် မှိုသတ်ပေါင်ဒါ အနည်းငယ် လူးပေးနိုင်ပါတယ်။
ကျွန်တော်တို့တွေဟာ ခြေလက်ဆေးရုံတင်မကဘဲ စိုစွတ်လာတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲလှယ်ရပါမယ်။ မိုးရေစိုထားတဲ့ ရှူးဖိနပ်၊ ကတ်ပါးဖိနပ်တွေကိုလည်း သေချာလျှော်ဖွတ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အခြောက်ခံထားမှသာ နောက်တစ်ကြိမ်စီးတဲ့အခါ အနံ့ဆိုးထွက်တာနဲ့ အသားအရေ ယားယံတာတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
မိုးရာသီမှာ အအေးမိတုပ်ကွေးတင်မကဘဲ အရေပြားကျန်းမာရေးကလည်း အရေးကြီးတာမို့ အပြင်ကပြန်လာတိုင်း ခြေလက်တွေကို သန့်ရှင်းအောင် ဆေးကြောဖို့ မမေ့ကြနဲ့နော်။ 🌧️👣

မိုးဦးကာလမှာ ရောဂါဘယကင်းဝေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨

#မိုးတွင်းကျန်းမာရေး #အရေပြားစောင့်ရှောက်မှု #မှိုပိုးအန္တရာယ်

24/05/2026

ကြံခင်းမြို့မှကြိုဆိုပါ၏။
#ကြံခင်း #ဧရာဝတီတိုင်း #မြန်မာ #ဝန်ဆောင်မှုအကောင်းဆုံး #အင်တာနက်

``🏆🍾 Gunners တို့ အဆင်သင့်ပဲလား....? 🍾🏆 "       လာမည့် တနင်္ဂနွေနေ့ (မေလ ၂၄ ရက်၊ ၂၀၂၆) မြန်မာစံတော်ချိန် ည ၉:၃၀ နာရီမှာ ...
22/05/2026

``🏆🍾 Gunners တို့ အဆင်သင့်ပဲလား....? 🍾🏆 "
လာမည့် တနင်္ဂနွေနေ့ (မေလ ၂၄ ရက်၊ ၂၀၂၆) မြန်မာစံတော်ချိန် ည ၉:၃၀ နာရီမှာ ကစားမည့် အာဆင်နယ် နှင့် ခရစ္စတယ်ပဲလေ့စ် တို့ရဲ့ ပွဲစဉ်ဟာ သာမန် ပရီးမီးယားလိဂ် ပွဲစဉ်တစ်ခု မဟုတ်ပါဘူး။ ၂၂ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် ဖလားကို အာဆင်နယ်တို့ ကိုင်မြှောက်မည့်အချိန်ပဲဖြစ်ပါတယ်။
ဒီနှစ်မှာတော့ အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ "Invincibles" ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲအပြီးမှာ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် (Martin Odegaard) က ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်ပြမှာဖြစ်လို့ ဒါဟာ ဆယ်စုနှစ် နှစ်ခုကျော် စောင့်စားခဲ့ရတဲ့ သမိုင်းဝင် အခိုက်အတန့်ပဲ ဖြစ်ပါတယ်။
ဒါအပြင် သမိုင်းတစ်လျှောက် ပထမဆုံး အဝေးကွင်းမှာ ဖလားလက်ခံရယူမယ့် အာဆင်နယ်ဟာ အရင်က ချန်ပီယံဖြစ်ခဲ့စဉ်တွေမှာ အိမ်ကွင်း (Highbury) မှာပဲ ဖလားရယူခဲ့တာပဲဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ မန်စီးတီးအသင်း ရမှတ်လျော့နည်းသွားတာကြောင့် ပဲလေ့စ်နဲ့ ကစားမယ့် Selhurst Park ကွင်းမှာပဲ ဖလားပေးအပ်ပွဲ အခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒါဟာ အာဆင်နယ် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် အဝေးကွင်းမှာ ပရီးမီးယားလိဂ် ဖလားကို လက်ခံရယူတဲ့ ထူးခြားမှု ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ ရာသီပိတ်ပွဲ ဖြစ်သလို၊ နောက်တစ်ပတ် မေလ ၃၀ ရက်နေ့မှာ ကစားမယ့် PSG အသင်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ (Budapest) အတွက် အသင်းရဲ့ စိတ်ဓာတ်ပိုင်းနဲ့ ကစားအားကို ပြသရမယ့် ပွဲလည်း ဖြစ်ပါတယ်။ဒါအပြင် "Double" (ဖလားနှစ်လုံး) အိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အသင်းသားတွေရဲ့ နောက်ဆုံးပြင်ဆင်မှုကို ဒီပွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲဟာ ရမှတ်အတွက် ကစားရမယ့် ပွဲထက်စာရင် အာဆင်နယ်ဖန်တွေရဲ့ ၂၂ နှစ်တာ ငတ်မွတ်မှုကို အဆုံးသတ်ပေးမယ့် "အောင်ပွဲခံပွဲစဉ်" ဖြစ်တာကြောင့် အာဆင်နယ်ပရိသတ် (Gunners) တစ်ယောက်အနေနဲ့ ဘယ်လိုမှ လက်လွှတ်မခံသင့်တဲ့ ပွဲတစ်ပွဲ ဖြစ်ကြောင်း တင်ပြပေးလိုက်ပါတယ်။

🏆🍾 ပွဲစဉ်အချက်အလက်အသေးစိတ် 🍾🏆
🏆 ပွဲစဉ်: : ခရစ္စတယ်ပဲလေ့စ် vs အာဆင်နယ်
🗓️ နေ့ရက် : : မေလ ၂၄ ရက်၊ ၂၀၂၆ (တနင်္ဂနွေနေ့)
🕤 အချိန် : : မြန်မာစံတော်ချိန် ည ၉:၃၀ နာရီ
⚽ ကျင်းပမည့်နေရာ : :Selhurst Park (လန်ဒန်)

#အာဆင်နယ် #ဂန်းနား #ပရီးမီးယားလိဂ် #ချန်ပီယံ

21/05/2026

နွေရာသီလည်း.....ပူ☀️
မိုးရာသီလည်း......ပူ🌧️
ဆောင်းတွင်းလည်း.....ပူ❄️ဆိုတော့
တော်ပြီ ဒီလောက်ပူနေတဲ့အထဲ
ထပ်မပူရအောင် ရီးစားမထားတော့ဘူး......
တော်ကြာ ရီးစားပူပါမိနေပြီး
ငရဲကြသလိုဖြစ်နေမှာဆိုးလို့........

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

🌧️🍃🌧️ ဒီမိုးတွင်းမှာ မိုးကြီးလေကြီးလို့ အင်တာနက်လိုင်းပျက်မှာ၊လိုင်းမကောင်းမှာကို စိုးရိမ်နေရပါသလား....?       ဒါဆိုရင်တ...
20/05/2026

🌧️🍃🌧️ ဒီမိုးတွင်းမှာ မိုးကြီးလေကြီးလို့ အင်တာနက်လိုင်းပျက်မှာ၊လိုင်းမကောင်းမှာကို စိုးရိမ်နေရပါသလား....?
ဒါဆိုရင်တော့ ဝန်ဆောင်မှုကောင်းပြီး လိုင်းဆွဲအားကောင်းတဲ့ ကျွန်မတို့ Myanmar Network အင်တာနက်ကို ရွေးချယ်အသုံးပြုဖို့ အကြံပြုလိုက်ပါရစေ....
ဘာလိုလဲဆိုတော့ လိုင်းဆွဲအား အကောင်းဆုံးအင်တာနက်ဖြစ်ပြီး ဝန်ဆောင်မှုမှာလည်း လူးကြီးမင်းတို့ လှည့်ကြည့်စရာကိုမလိုအောင် ဝန်ဆောင်မှုပေးနေတာကြောင့်ပဲဖြစ်ပါတယ်........
အသေးစိတ်သိရှိလိုပါက Chat Box (သို့) ရုံးဖုန်းသို့ ဆက်သွယ်၍ သော်လည်းကောင်း၊ ရုံးသို့ လာရောက် ၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်.........

Contact Number ☎️- 09 88 77 53 737 ၊ 09 88 77 53 939
အမှတ်(၈) ၊ ကျိတ္တန်းအနောက်လမ်း နှင့် ဆရာပုလမ်းထောင့်၊ အမှတ်(၂) ရပ်ကွက်၊ မြန်အောင်မြို့၊ ဧရာဝတီတိုင်း။


#ဝန်ဆောင်မှုအကောင်းဆုံး #အင်တာနက်

အမယ်.......သူက‌ 🏡အိမ်တွေဆောက်ပေးရမလား၊⭐ကြယ်တွေဖန်တီးပေးရမလား အကုန်လုပ်ပေးနိုင်တယ်တဲ့......အေးပေါ့ ဒင်းက သူ့လက်ထဲမှာ သားရ...
19/05/2026

အမယ်.......သူက‌
🏡အိမ်တွေဆောက်ပေးရမလား၊⭐ကြယ်တွေဖန်တီးပေးရမလား
အကုန်လုပ်ပေးနိုင်တယ်တဲ့......
အေးပေါ့ ဒင်းက သူ့လက်ထဲမှာ သားရေကွင်းရှိနေတော့
ပြောအားရှိတာပေါ့........

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

19/05/2026

Myanmar Network Internet




☀️🌨️☀️ အခုလို မိုးရာသီအကူးအပြောင်းကာလဟာ ရာသီဥတုက ရုတ်တရက်အေးလာလိုက်၊ ပူလိုက်နဲ့ စိုထိုင်းဆများတာကြောင့် ကိုယ်ခံအားကျပြီး...
18/05/2026

☀️🌨️☀️ အခုလို မိုးရာသီအကူးအပြောင်းကာလဟာ ရာသီဥတုက ရုတ်တရက်အေးလာလိုက်၊ ပူလိုက်နဲ့ စိုထိုင်းဆများတာကြောင့် ကိုယ်ခံအားကျပြီး ရောဂါဘယတွေ အဖြစ်များတဲ့ အချိန်ဖြစ်ပါတယ်။
နွေအကုန် မိုးအကူး ရာသီအကူးအပြောင်းကာလ ရောက်လာပြီဆိုတော့ လေထုထဲမှာ စိုထိုင်းဆတွေပြောင်းလဲပြီး ပတ်ဝန်းကျင်ကလည်း ရုတ်တရက် အေးစိမ့်လာတတ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ်ခံအားနည်းရင် ရောဂါပိုးမွှားတွေ ဝင်ရောက်ဖို့ အလွန်လွယ်ကူသွားတတ်ပါတယ်နော်။
ဒါကြောင့် မိုးရာသီအကူးအပြောင်းကာလမှာ အဖြစ်များဆုံး ရောဂါ (၄) မျိုးအကြောင်းကို အထူးသတိထားနိုင်အောင် ပြောပြပေးလိုက်ပါတယ်။
🦠 ရာသီတုပ်ကွေး (Influenza)
နှာစေး၊ ချောင်းဆိုး၊ ဖျားနာတာတွေအပြင် ကိုယ်လက်ကိုက်ခဲတာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေနဲ့ လူကြီးမိဘတွေမှာ ပိုပြီး အဖြစ်များပါတယ်။
🦟 သွေးလွန်တုပ်ကွေး (Dengue Fever)
မိုးရွာပြီး ရေတင်ကျန်တဲ့နေရာတွေကနေ ခြင်ကျားတွေ ပေါက်ဖွားပြီး သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနိုင်ပါတယ်။ အဖျားအရမ်းတက်တာ၊ အနီစက်တွေထွက်တာမျိုး ရှိနိုင်လို့ သတိထားဖို့ လိုပါတယ်။
🦟 ငှက်ဖျားရောဂါ (Malaria)
ခြင်ကိုက်ခံရမှုကနေတစ်ဆင့် ကူးစက်တတ်ပြီး တုန်လှုပ်ချမ်းတုန်ကာ ဖျားတာမျိုး ဖြစ်တတ်ပါတယ်။
💧 ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea)
မိုးရာသီမှာ ရေနဲ့ အစားအစာတွေကတစ်ဆင့် ရောဂါပိုးမွှားတွေ ကူးစက်ဖို့ ပိုလွယ်ကူပါတယ်။ လမ်းဘေးစာတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ ရေတွေကို ရှောင်ကြဉ်ရပါမယ်။
💡🚫🦠🚫🦟 ဒီလိုရောဂါတွေမဖြစ်ပွားအောင် ကာကွယ်ဖို့ဆိုရင်........
👉🏻 အပြင်ကပြန်လာတိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။
👉🏻 ရေကို ကျိုချက်သောက်သုံးပြီး ချက်ပြုတ်ထားတဲ့ အစားအစာတွေကို အဖုံးအုပ်ထားပါ။
👉🏻 နေအိမ်ပတ်ဝန်းကျင်မှာ ရေတင်ကျန်နိုင်တဲ့ ခွက်တွေ၊ တာယာဟောင်းတွေကို မှောက်ထားပြီး ခြင်နှိမ်နင်းပါ။
👉🏻 အာဟာရပြည့်ဝတဲ့ အစားအစာတွေ စားသုံးပြီး အိပ်ရေးဝဝ အိပ်စက်ပါ။
ဒီလိုတွေပြုမူနေထိုင်မယ်ဆိုရင် သင့်နှင့်သင့်ပတ်ဝန်းကျင်ဟာ ဒီလိုရောဂါတွေမဖြစ်ပွားတော့ဘဲ ပိုမိုကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်.........

🌨️ ချစ်ခင်လေးစားရတဲ့ Myanmar Network Customer များအားလုံးလည်း ရာသီဥတုတွေ ဘယ်လိုပဲ ပြောင်းလဲပြောင်းလဲ မိမိရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်နိုင်ပြီး ပျော်ရွှင်စရာ မိုးရာသီလေးကို ဖြတ်သန်းကြပါစေ 🥰

အသက်ကြီးလာလို့လားမသိဘူး တော်ရုံကိစ္စတွေဆို မမှတ်မိတော့ဘူးတကယ်ပါ ကိုယ်ရစရာရှိတဲ့ဟာလောက်ပဲ မှတ်မိတော့တယ်🤣 #ဟာသစာတို  #ဟာသ ...
16/05/2026

အသက်ကြီးလာလို့လားမသိဘူး တော်ရုံကိစ္စတွေဆို မမှတ်မိတော့ဘူး
တကယ်ပါ ကိုယ်ရစရာရှိတဲ့ဟာလောက်ပဲ မှတ်မိတော့တယ်🤣

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

🌧️🐸🌧️ အခုလိုမိုးအေးအေးလေးမှာ 🏡 အိမ်ထဲမှာဇိမ်ကျကျနဲ့နေပြီး 🌍 ကမ္ဘာကြီးရဲ့ 🗓️ တစ်နေ့တစ်ခြား ဖြစ်ပျက်နေတာတွေပဲဖြစ်ဖြစ်၊ တို...
14/05/2026

🌧️🐸🌧️ အခုလိုမိုးအေးအေးလေးမှာ 🏡 အိမ်ထဲမှာဇိမ်ကျကျနဲ့နေပြီး 🌍 ကမ္ဘာကြီးရဲ့ 🗓️ တစ်နေ့တစ်ခြား ဖြစ်ပျက်နေတာတွေပဲဖြစ်ဖြစ်၊ တိုးတက်ပြောင်းလဲလာတာတွေပဲဖြစ်ဖြစ် 🕰️အချိန်နဲ့တပြေးညီ သိရှိဖို့ဆိုရင် (မြန်အောင်မြို့)ရဲ့ 👍🏻 ဝန်ဆောင်မှုအကောင်းဆုံးနဲ့ လိုင်းဆွဲအားအကောင်းဆုံးဖြစ်တဲ့ ကျွန်မတို့ရဲ့ Myanmar Network အင်တာနက်ကို ယုံကြည်စိတ်ချစွာ တပ်ဆင်အသုံးပြုလိုက်ပါနော်......
အသေးစိတ်သိရှိလိုပါက Chat Box (သို့) ရုံးဖုန်းသို့ ဆက်သွယ်၍ သော်လည်းကောင်း၊ ရုံးသို့ လာရောက် ၍သော်လည်းကောင်း စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်.........

Contact Number ☎️- 09 88 77 53 737 ၊ 09 88 77 53 939
အမှတ်(၈) ၊ ကျိတ္တန်းအနောက်လမ်း နှင့် ဆရာပုလမ်းထောင့်၊ အမှတ်(၂) ရပ်ကွက်၊ မြန်အောင်မြို့၊ ဧရာဝတီတိုင်း။


#ဝန်ဆောင်မှုအကောင်းဆုံး #အင်တာနက်
tay

အော် ...... ငါ့ဘဝကလည်းဟိုလူက လာ Play လိုက်.... ဒီလူက လာ Play လိုက်နဲ့Play ခံနေရာတာ ဒီအရွယ်အထိပဲ.....ဘယ်လောက်တောင် Play ခ...
13/05/2026

အော် ...... ငါ့ဘဝကလည်း
ဟိုလူက လာ Play လိုက်.... ဒီလူက လာ Play လိုက်နဲ့
Play ခံနေရာတာ ဒီအရွယ်အထိပဲ.....
ဘယ်လောက်တောင် Play ခံရလဲဆိုရင်....
အခုဆို လူတွေတင်မဟုတ်ဘူး........
ရာသီဥတုကပါ ငါ့လာ Play နေပြီ
နေပူလိုက် မိုးရွာလိုက် နေသာလိုက် မိုးအုံ့လိုက်နဲ့........

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

Address

No. 8, Corner Of Kyate Tan West Street And Sayar Pu Street, No. 2 Wards
Myanaung
10041

Alerts

Be the first to know and let us send you an email when Myanmar Network - MyanAung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share