12/08/2022
နှလုံးသားဖြင့် တီဗီ တစ်လုံး ရွေးချယ်ပါ
ယခု မြန်မာနိုင်ငံ ဈေးကွက်ထဲတွင် အများဆုံးတွေ့ရတဲ့ တီဗီ အမျိုးအစားအလိုက်
ကိုဖော်ပြပေးသွားပါမည် ။ သုံးစွဲ မည့် ငွေကြေးအပေါ် မူတည်ကာ အရည်အသွေး
ပိုမို ကောငိးမွန်တဲ့ ရလဒ်တွေ ကွာသွားနိုင်ပါတယ် ။
Budget Rate
များသောအားဖြင့် တရုတ် မိတ် ဈေးသက်သာ သော Tv အမျိုးအစား နဲ့
တခြား တံဆိပ်များလဲလာပါတယ် ။Company အာမခံ ပါသော အမျိုးအစား များကို
ဝယ်ယူတာ မမှားပါဘူး ။ Budget Range မှာပါဝင်တဲ့ Tv တွေကတော့
Fuji , Syinix , Alpha , Samsonic , T. Home , changhong နှင့် တခြား တံဆိပိ တွေလဲ တွေ့ရနိုင်ပါတယ် ။ Fuji ,Samsonic နှင့် Changhong တို့ဟာ အသုံးများဆုံး အဖြစ် ရပ်တည်နေပါလျှက် ရှိပါသည် ။
Mid-range Budget
Andriod အမျိုးအစားလဲ သုံးချင်တယ် SmartTv ဆိုလဲ ကြိုက်တဲ့လူတွေ
ရွေးချယ်စရာအများကြီး ရပါမယ် ။ ဈေးအများ ကြီးသုံးစရာမလိုဘဲ
ရနိုင်တာတွေကတော့ Syinix , TCL , Alfa , Nikoki , Itel , Hisense ,Skyworth ,
Aconatic ,phillips တို့ပဲဖြစ်ပါသည် ။
Price to performance အရဆိုရင် TCL , Alfa , Aconatic , Hisense တို့ကို
ရွေးချယ်ဖို့ တိုက်တွန်းချငိပါတယ် ။4K နှင့် Full HD Display ရွေးချယ်လို့ ရတာ က
အားသာချက်တစ်ခုပါ ။
Brilliant Budget
အကောင်းဆုံးဆိုတာတွေမျှော်နေသူအဖို့ အကောင်းဆုံးအရည်အသွေးတွေရှိနေမဲ့
TV အမျိုးအစားတွေကတေ့ာ Sony ရဲ့ HDR processor သုံးထားတာကြောင့်
4k , 8k ရုပ်ထွက်တွေဟာ အခြား Tv တွေ ထက်ပိုသာနေတာ တွေ့ရပါတယ် ။
Samsung ရဲ့ 2022 အသစ် ထွက် Neo QLed 8K Tv ကလဲ ပိုမို စိတ်ဝင်စား ဖို့ကောင်းမွန်ပါတယ် ။ အခြား ထွက်ရှိထားသော QLed , UHD , FHD တွေလို အမျိုးအစားတွေကလဲ သုံးစွဲသူအကြိုက်ဖြစ်ပါတယ် ။
Lg Series မှာတော့ Nano Smart Led,Qled 4K , UHD 4k အပြငိ magic removeလို အသစ်ပုံစံလေးက စိတ်ဝင်စားဖို့ကောင်းမွန်လှပါတယ် ။
Sharp , Panasonic နှင့် Toshiba တို့လို ခမ်မာမာ TV အမျိုးအစားထဲကလဲ
ရွေးချယ်ဝယ်ယူနိုင်ပါသေးတယ် ။
ဒါကြောင့် ကိုက်ညီတဲ့ နှလုံးသားနဲ့ Tv တစ်လုံး ရွေးချယ်ဖို့ မမေ့နဲ့နော် ။