S.S.A Foreign Languages Centre

S.S.A Foreign Languages Centre Languages & Vocational Training Centre

15/04/2026

“MEXT Scholarship 2027 လျှောက်ထားမည့် ကျောင်းသား/သူများထံသို့ အသိပေးခြင်း”
MEXT Scholarship 2027 အတွက် လျှောက်လွှာလက်ခံခြင်းအား ၂၀၂၆ ခုနှစ်၊ ဧပြီလလယ်မှ လကုန်အတွင်းတွင် တရားဝင်ကြေငြာချက်ထုတ်ပြန်နိုင်မည်ဟု သိရှိရပါသည်။ မြန်မာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ကျရောက် နိုင်သည်ဖြစ်ပါသဖြင့် လျှောက်ထားမည့်သူများအနေဖြင့် ပြီးခဲ့သည့်နှစ် MEXT Scholarship (2026) ၏ ညွှန်ကြားချက်များနှင့် ပြင်ဆင်ရမည့် စာရွက်စာတမ်းများကို ကိုးကား၍ ကြိုတင်လေ့လာပြင်ဆင်ထားကြပါရန် အသိပေးအပ်ပါသည်။
ကိုးကားရန်အတွက် အောက်ပါ Link များတွင် ကြည့်ရှုနိုင်ပါသည်။

Study in Japan Website Links
For Research Students Program – https://www.studyinjapan.go.jp/en/smap-stopj-applications-research.html

For Undergraduate Students Program - https://www.studyinjapan.go.jp/en/smap-stopj-applications-undergraduate.html

For College of Technology Students Program - https://www.studyinjapan.go.jp/en/smap-stopj-applications-technology.html

For Specialized Training College Students Program - https://www.studyinjapan.go.jp/en/smap-stopj-applications-specialized.html

MAJA Facebook Links
For Research Student Program - https://www.facebook.com/share/p/1EJ9pfFqXT/

For Undergraduate Students Program(s) - https://www.facebook.com/share/p/173zyiSP23/

မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း

21/01/2026

【ပညာတော်သင်ဆွေးနွေးပွဲ】
【留学アドバイザーによる留学相談会】

ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ ဖေဖော်ဝါရီလ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  The University of Electro-Communications က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့် အစီအစဉ်လည်း ရှိပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။
ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။

○ နေ့ရက်နှင့်အချိန်။ ။ ဖေဖော်ဝါရီလ ၄ ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့)
နေ့လယ် ၂နာရီ မှ ၄နာရီအထိ
※၂၀၂၆ခုနှစ် မတ်လ၏အချိန်စာရင်းကို မကြာမီ ကြေညာသွားပါမည်။
○ ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom)
○ စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/wdsH3X1ov7FEb5zL9
○ ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, The University of Electro-Communications

 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。2月の相談会は国立大学法人 電気通信大学の紹介セッションがあります。ご興味のある方はぜひご参加ください!
参加希望の方は以下の予約フォームリンクよりお申し込みください。

○日時: 2026年2月4日(水)14時~16時
     ※2026年3月の日程は後日お知らせ致します。

○開催形式: オンライン(Zoom)

○予約フォームリンク: https://forms.gle/wdsH3X1ov7FEb5zL9

○アドバイザー: MAJA、OJEIC
 
○ゲスト: 国立大学法人 電気通信大学

21/01/2026
21/01/2026
08/01/2026

(၂၁)ကြိမ်မြောက် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ၂၀၂၆ ခုနှစ်

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ(ကျွမ်းကျင်အဆင့်)နှင့် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ(အငယ်တန်းအဆင့်) တို့ကို အောက်ဖော်ပြပါ အစီအစဥ်အတိုင်း ကျင်းပသွားမည်ဖြစ်ပါသည်။

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (ကျွမ်းကျင်အဆင့်)
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (Japanese Literature Translation Contest) သည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ဂျပန်ခေတ်ပြိုင်စာပေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

ကျွမ်းကျင်အဆင့်ဘာသာပြန်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း Zoom online system ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
လျှောက်ထားရမည့်ကာလ : ၅.၁.၂၀၂၆ မှ ၁၈.၁.၂၀၂၆ အထိ
ပြိုင်ပွဲကျင်းပမည့်ရက် : ၁၄. ၂. ၂၀၂၆ (စနေနေ့)
ပြိုင်ပွဲကျင်းပမည့်အချိန် : ၉:၀၀ - ၁၂:၀၀
ပါဝင်လိုသူများ အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။

URL : https://forms.gle/MQdbWQKGJB4VUNbFA

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်)

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ (အငယ်တန်းအဆင့်) (Japanese Literature Translation Entry Level Contest) သည် ဂျပန်ဘာသာအရည်အချင်း N3 အဆင့်ရှိသည့်ဂျပန်စာလေ့လာနေသူများ ဂျပန်စာပေအ‌ပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန်အတွက်ရည်ရွယ်ပြီး လွယ်ကူရိုးရှင်းသောဂျပန်ဘာသာစကားဖြင့် ရေးသားထားသည့် စာမူကိုမြန်မာဘာသာသို့ ပြန်ဆိုရမည့်ဘာသာပြန်ပြိုင်ပွဲဖြစ်ပါသည်။

မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား N3 အဆင့်ရှိသည့်ဂျပန်စာလေ့လာနေသူများ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
(*ဂျပန်ဘာသာအရည်အချင်း N1, N2 အဆင့်ရှိသူများ လျှောက်ထား၍မရပါ။)

အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း Zoom online system ဖြင့် ကျင်းပမည်ဖြစ်ပါသည်။
လျှောက်ထားရမည့်ကာလ - ၅.၁.၂၀၂၆ မှ ၁၈.၁.၂၀၂၆ အထိ
ပြိုင်ပွဲကျင်းပမည့်ရက် - ၁၅. ၂. ၂၀၂၆ (တနင်္ဂနွေနေ့)
ပြိုင်ပွဲကျင်းပမည့်အချိန် : နံနက် ၉:၀၀ မှ နေ့လည် ၁၁:၀၀
ပါဝင်လိုသူများ အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်ပါသည်။
URL: https://forms.gle/JT85vTiNApSykL6X9

*ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓါန်ကို အသုံးပြုနိုင်ပါသည်။*

(ပြိုင်ပွဲနှင့် ပတ်သက်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ မေးလ်ဖြင့် ပြိုင်ပွဲရက်မတိုင်မီ ပေးပို့ပါမည်။)

စုံစမ်းမေးမြန်းရန်
Myanmar Association of Japan Alumni (MAJA)
09-428612151, 09-262602121

12/10/2025

(Japanese version is below.)

၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲ နောက်ဆုံးအဆင့်တွင်ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိသော ပြိုင်ပွဲဝင်များ၏ အမည်စာရင်း ကြေညာခြင်း

၂၆ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲကို မြန်မာနိုင်ငံတစ်ဝန်းမှ ဂျပန်ဘာသာစကား လေ့လာနေသူများ ပါဝင် လျှောက်ထားခဲ့ကြပြီး
လျှောက်လွှာများကို သေချာစိစစ်ကြပ်မတ်ရွေးချယ်ခဲ့ပြီး ပဏာမအဆင့်ပြိုင်ပွဲကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင် အွန်လိုင်းမှ 
ကျင်းပပြုလုပ်ခဲ့ရာ အောက်ပါ ပြိုင်ပွဲဝင် ၁၅ ဦးမှာ နောက်ဆုံး အဆင့်ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ကြရမည်ဖြစ်ပါသည်။
အသေးစိတ်ကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
https://www.mm.emb-japan.go.jp/itpr_my/250926B.html
နောက်ဆုံး အဆင့်ပြိုင်ပွဲကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။
ထိုနေ့တွင် live ထုတ်လွှင့်မည် မဟုတ်သော်လည်း ပွဲပုံရိပ်များကို နောင်တွင် YouTube စသည်တို့တွင် ထုတ်လွှင့် သွားမည်ဖြစ်ပါသည်။
**********************************
【第26回日本語スピーチコンテスト本選出場者の発表】

第26回日本語スピーチコンテストはミャンマー国内の日本語学習者からご応募をいただき、厳正な書類審査を行いました。
予選大会は9月13日にオンラインで実施され、審査の結果、以下15名が本選に出場することに決定しました。
詳細は、以下のホームページをご覧ください。
https://www.mm.emb-japan.go.jp/itpr_ja/250926A.html
本選は10月18日に実施されます。後日大会の模様をYouTube等で公開予定です。

17/09/2025

သုတေသနပညာရပ်များကို စိတ်ဝင်စားသောလူငယ်များနှင့် တက္ကသိုလ်၊ ပညာသင်ဆုများ လျှောက်ရာတွင် လိုအပ်သော research proposal များရေးသားရာတွင် အထောက်အကူပြုရန်အတွက် မာဂျာပညာရေးစင်တာ (MAJA Education Centre) မှ Research Proposal Writing and Basic Research Methodology Seminar လေး စီစဉ်ပေးလိုက်ပါတယ်။ 🙌

ဒီ Seminar မှာ ပါဝင်ဆွေးနွေးပေးမယ့်သူကတော့ ဂျပန်နိုင်ငံ နီးဂတတက္ကသိုလ်မှ လက်ထောက်ပါမောက္ခ ဒေါက်တာကောင်းမြတ်သွင်ပဲဖြစ်ပါတယ်။ ✨

✅ ဆရာဟာဆိုရင် နိုင်ငံတကာ သုတေသနဂျာနယ်များတွင် သွားဘက်ဆိုင်ရာ သုတေသနဆောင်းပါးများစွာ ရေးသားတင်ပြနေသူဖြစ်ပြီး လက်ရှိတွင်လည်း သုတေသန ပရောဂျက်များစွာလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒီ Seminar လေးကို (သင်တန်းကြေး - အခမဲ့) စာရွက်စာတမ်းကြေး - ၁၀,၀၀၀ ကျပ်ဖြင့် အောက်ပါအတိုင်း စီစဥ်ကျင်းပသွားမှာပဲဖြစ်ပါတယ်။

📌နေ့ရက်။ ။၂၇/၉/၂၀၂၅ (စနေနေ့)
📌အချိန်။ ။နံနက် ၉နာရီမှ နေ့လည် ၁၂နာရီထိ
📌နေရာ။ ။ MAJA Education Centre (HALL ROOM)
အမှတ် (၄၄၀၊ ဘီ)၊ ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

‼️သင်တန်းသားဦးရေ “(၅၀) ဦးအထိ” သာလက်ခံသွားမှာမို့ ဂျပန်နိုင်ငံတွင် ဘွဲ့လွန်သင်တန်း တက်ရောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အောက်ပါ Google Form မှတဆင့် အချိန်မီ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါတယ်။

🔗 Google Form >> https://forms.gle/uNcusehn14m1MzMX6

(**သတ်မှတ်လူဦးရေအတိုင်း လက်ခံသွားမည်ဖြစ်သောကြောင့် အခြားသူများ နစ်နာမှုမရှိစေရန် လျှောက်လွှာတင်ပြီးပါက မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး Cancel လုပ်ခြင်းများ မပြုလုပ်ကြပါရန် ကြိုတင်အသိပေးမေတ္တာရပ်ခံအပ်ပါသည်။**)



17/09/2025

🎉The Japan Foundation, Yangon နှင့် MAJA တို့ ပူးပေါင်းကာ ဂျပန်ဘာသာစကား သီးခြားစွမ်းရည်သင်ကြားရေးနည်းစနစ် မွမ်းမံသင်တန်း ကျင်းပခြင်း 🎉

ဂျပန်ဘာသာ သင်ကြားနေသော မြန်မာလူမျိုးဆရာ၊ ဆရာမများ မျှော်လင့်တောင်းဆိုနေကြတဲ့ ဂျပန်ဘာသာစကား သီးခြားစွမ်းရည်သင်ကြားရေးနည်းစနစ် မွမ်းမံသင်တန်းကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

ယခုတစ်ကြိမ်မှာတော့The Japan Foundation, Yangon နှင့် MAJA တို့ ပူးပေါင်းကာ -

📌 ဂျပန်ဘာသာသင်ယူနေသူများရဲ့ စကားပြောစွမ်းရည်ကို ဘယ်လို ပျိုးထောင်ပေးရမလဲ၊
📌 Level အလိုက် လေ့ကျင့်သင်ကြားနည်းလမ်းတွေကို ဘယ်လိုပြောင်းလဲအသုံးပြုသင့်လဲ စတာတွေကို မိတ်ဆက် လေ့ကျင့်ဝေမျှသွားမှာ ဖြစ်ပါတယ်။

ပျော်ရွှင်စရာကောင်းပြီး ထိရောက်တဲ့ အတန်းလေးတွေကို ဘယ်လိုဖန်တီးနိုင်မလဲ ဆိုတာ လေ့လာနိုင်ဖို့ ဂျပန်စာသင်ကြားသူ ဆရာ/ဆရာမများအားလုံး တက်ရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ပါရစေ။ 🙌

✅ နေ့ရက်
– ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့)
✅ အချိန်
– ၉:၀၀ မှ ၁၂:၀၀ အထိ (မြန်မာစံတော်ချိန်)
✅ တက်ရောက်နိုင်သူများ
– ဂျပန်ဘာသာသင်ကြားနေသော ဆရာဆရာမများ
(JLPT N3 နှင့်အထက်) (※ဂျပန်ဘာသာသင်ယူနေသော ကျောင်းသားများ ပါဝင်၍မရပါ။)
✅ ကျင်းပမည့်နည်းလမ်း
– လက်တွေ့အပြင်သင်တန်း (face-to-face)
✅ သင်တန်းကြေး.
– အခမဲ့
✅ နေရာ
– MAJA Education Centre - အမှတ် (၄၄၀-ဘီ)၊ဇေယျ (၁၄) လမ်း၊ (၁၀) ရပ်ကွက်၊ သစ္စာလမ်းမအနီး၊ တောင်ဥက္ကလာပမြို့နယ်။
✅ ဘာသာစကား
– ဂျပန်ဘာသာစကားကို အဓိကအသုံးပြုပြီး ကျင်းပမည်ဖြစ်သည်။

(မေတ္တာရပ်ခံချက် – တက်ရောက်လိုသူများသည် လျှောက်လွှာ Registration ကို ပြုလုပ်ရမည်ဖြစ်ပြီး
*လူဦးရေ (၃၅) ဦးသာ သတ်မှတ်ထားပါသဖြင့် လျှောက်ထားသတ်မှတ်ရက်ထက်စော၍ ဖောင်ပိတ်ခြင်းများလည်း ဖြစ်နိုင်ပါသည်။
*ပါဝင်ခွင့်ရရှိကြောင်း အကြောင်းကြားသည့် Email သည် Spam Folder သို့ ရောက်နေတတ်ပါသဖြင့် စစ်ဆေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)

လျှောက်ထားခြင်း – အောက်ဖော်ပြပါ Link မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။
🔗 လျှောက်ထားရန် – https://forms.gle/fm1zS4APouZR4RiT6

‼️နောက်ဆုံးလျှောက်ထားနိုင်သောနေ့ရက် – စက်တင်ဘာလ ၂၂ ရက် (တနင်္လာနေ့) ညနေ ၄နာရီ (မြန်မာစံတော်ချိန်)

ဆက်သွယ်စုံစမ်းရန် – MAJA Education Centre
ဖုန်း - 09-428 613 848

Address

(189)Aungtheikdi Street , 3 Road Ward, Mayangone , Yangon
Myaungmya

Website

Alerts

Be the first to know and let us send you an email when S.S.A Foreign Languages Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share