Moe Nandar Aung-Digital Business

Moe Nandar Aung-Digital Business I aim to educate, entertain and inspire other

16/01/2025

Hello! မင်္ဂလာပါရှင်Moe Nandar Digital Business ကနေကြိုဆိုပါတယ်ရှင်😊
အသေးစိတ် သိချင်တယ် ၊ လေ့လာကြည့်ချင်တယ်ဆိုရင် အဆင့် (၂) ဆင့်နဲ့ လေ့လာရမှာဖြစ်ပါတယ်

ပထမအဆင့်မှာတော့ ကျမရဲ့ website ဖြစ်တဲ့ www.moenandaraung.com
Name နဲ့ Email ထည့်ပြီး register လုပ်ရပါမယ်
Website ထဲမှာ ရှိနေပြီးသား free webnier ကို လေ့လာပါ ။ register လုပ်ပြီးသွားရင် မြန်မာလို လေ့လာရမယ့် video လေးပြန်ပို့ပေးပါတယ်။ အဲဒီ video လေး မှာတော့ Digital Marketing ရဲ့ plam တွေကိုအဆင့်လိုက်ရှင်းပြပေးထားပါတယ်

ဒုတိယအဆင့်မှာတော့ လက်တွဲလုပ်ရမယ့် Company အကြောင်း၊ အရင်းအနှီးနဲ့ အကျိုးအမြတ်၊ အခွင့်အလမ်းနဲ့ ရပိုင်ခွင့်တွေ ဒါတွေကို အသေးစိတ်လေ့လာဖို့အတွက် Visa Card နဲ့ 149$ deposit တင်လေ့လာရပါမယ်။

လေ့လာချိန် ရက်ပေါင်း (၃၀) ရပါတယ်
English/ မြန်မာ နှစ်ဘာသာနဲ့ လေ့လာရပါမယ်
အသေးစိတ် လေ့လာပြီးမှ ကိုယ်နဲ့မသင့်တော်ဘူး ထင်ရင် တင်ထားတဲ့ deposit ကို refund ပြန်တောင်းပြီး ထွက်လိုက်လို့ ရပါတယ်
Company ဘက်က 149$ ကို အတိကျပြန်ပေးပါတယ်

အဲဒီတော့ Digital စနစ်ကို အသုံးပြုပြီး ဘယ်လိုစီးပွားရေးလုပ်မလဲ? ၊ အကျိူးအမြတ်ကရော ဘယ်လိုရမှာလဲ?၊ တစ်ကယ်ပဲ Life Changing ဖြစ်စေနိုင်တဲ့အထိ ကောင်းကျိုးပေးတဲ့ Business လား?၊ ကိုယ်နဲ့ရော ကိုက်ညီမှု ရှိနိုင်မလားဆိုတာကို အခုပဲ action ယူ လေ့လာကြည့်ဖို့ အကြံပြုပါတယ်ရှင့်

Good Day to you ကောင်းသောနေ့ လေးဖြစ်ပါစေရှင့်

www.moenandaraung.com

Moe Nan Dar Aung
09 785750944

🙏 မနက်ခင်းဆုတောင်း🙏 မင်္ဂလာရှိသော နေ့သစ်လေးပါ ချစ်ခြင်း မေတ္တာတွေနဲ့ နိုးထတဲ့       မနက်ခင်းလေး ပိုင်ဆိုင်နိုင်ကြပါစေ .....
16/01/2025

🙏 မနက်ခင်းဆုတောင်း🙏

မင်္ဂလာရှိသော နေ့သစ်လေးပါ

ချစ်ခြင်း မေတ္တာတွေနဲ့ နိုးထတဲ့
မနက်ခင်းလေး ပိုင်ဆိုင်နိုင်ကြပါစေ ... 🙏

ဒေါသ မောဟ လောဘ မာန်မာနကင်းပြီး
မေတ္တာတရားနဲ့ ခွင့်လွှတ်တတ်ခြင်တရားကို
လက်ကိုင်ထားနိုင်ကြပါစေ ... 🙏

နေ့သစ်တစ်ခုရဲ့ ယခု အချိန်အခါ ကောင်းကစပြီး
နေ့ရက်တိုင်း စိတ်အေးချမ်းကြည်လင်ခြင်းများနှင့်သာ ဖြတ်သန်းခွင့် ရကြပါစေ...🙏

စီးပွား ချမ်းသာတိုးတတ်ပါစေ
လာဘ်ရွှင် လာဘ်ပေါ
ဝင်ငွေ တွေ ပေါများကြပါစေ
ဝင်လာသောငွေများလည်း မြဲပါစေ 🙏

**"ဘဝမှာ တွေ့ကြုံနိုင်တဲ့ လူ သုံးမျိုး"**၁။အရွက်နဲ့တူတဲ့လူ..၂။အကိုင်းနဲ့ တူတဲ့လူ..၃။အမြစ်နဲ့ တူတဲ့လူ..၁။ "အရွက်နဲ့တူတဲ့လ...
26/11/2024

**"ဘဝမှာ တွေ့ကြုံနိုင်တဲ့ လူ သုံးမျိုး"**

၁။အရွက်နဲ့တူတဲ့လူ..
၂။အကိုင်းနဲ့ တူတဲ့လူ..
၃။အမြစ်နဲ့ တူတဲ့လူ..

၁။ "အရွက်နဲ့တူတဲ့လူ"

ဒီလူတွေက မင်းရဲ့ဘ၀ထဲကို ရာသီတစ်ခုစာအနေနဲ့ရောက်လာတာ။သစ်ရွက်ကအားနည်းသလို သူတို့က ဟန်ဆောင်ပန်ဆောင်လူသားတွေမို့ မင်းဘဝအတွက် အားကိုးလို့ မရဘူး။ သူတို့ လိုချင်တာရှိလို့ မင်းအနားလာနေပေမယ့် လေတိုက်ရင် ရော်ရွက်ဝါတွေကြွေသလို မင်း အဆင်မပြေချိန် သူတို့က ထွက်သွားလိမ့်မယ်။
ဒီလူတွေကို သတိထားဖို့လိုတယ်။အဆင်ပြေတဲ့အခါ ဒီလူတွေက မင်းကိုချစ်နေပေမယ့် မင်းဘဝခက်ခဲကြမ်းတမ်းတဲ့အခါ အနားက နေ ထွက်သွားကြလိမ့်မယ်။

၂။ "အကိုင်းနဲ့ တူတဲ့လူ"

သူတို့က သစ်ရွက်ထက် သန်မာတယ် ။ ဒါပေမယ့် သူတို့ကိုလည်း သတိထားရမယ်။ မင်းဘဝက အရမ်းခက်ခဲလာရင် (သစ်ကိုင်းက ကိုယ်အလေးချိန် အလွန်အကျွံ မခံနိုင်တဲ့အခါ ကျိုးကျသွားသလို) မင်းနဲ့ ဝေးသွားတတ်ပါတယ်။
တစ်ချို့ရာသီတွေမှာ သူတို့က မင်းနဲ့အတူရှိနေနိုင်ပေမယ့် မင်းဘဝ ပိုခက်ခဲ ကြမ်းတမ်းလာတဲ့အခါ သူတို့က အဝေးကို ထွက်သွားကြမှာပါ။

၃။ "အမြစ်နဲ့ တူတဲ့ လူ"

အမြစ်နဲ့တူတဲ့လူက မင်းဘဝအတွက် သိပ်အရေးကြီးပါတယ်။
သူတို့က မင်းနဲ့ အတူရှိနေပေမယ့် မင်း မြင်အောင်မလုပ်တတ်ကြဘူး။
ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရရင်တောင်မှ သူတို့က ဖေးမကူညီကြပြီး သူတို့က မင်းနေရာက ရွေ့လျားမခံဘူး။ အမြစ်ကသစ်ပင်အတွက် ရေထောက်ပံ့သလိုပဲ သူတို့က မင်းကို ချစ်ကြတာ ပါ။
ဘဝမှာ မင်းတွေ့တဲ့လူအားလုံး မိတ်ဆွေကောင်းတွေမဟုတ်ပါဘူး ။
အမြစ်နဲ့ တူတဲ့ မိတ်ဆွေသာ မင်းနဲ့အတူရှိနေမှာပါ
။ဒါပေမယ့်လည်း မင်းကိုယ်တိုင်က အမြစ်လို လူသား ဖြစ်ဖို့လိုပါတယ်။

2024 လည်းကုန်ဖို့မလိုတော့တဲ့အချိန်လေးမှာကုသိုလ် ဒါန သီလ လေးတွေပိုပြီးပြုလုပ်ပေးပါနော်။"နှုတ်ဝစီ" အထူးစောင့်ထိန်းပါငါးပါသ...
21/11/2024

2024 လည်းကုန်ဖို့မလိုတော့တဲ့အချိန်လေးမှာ
ကုသိုလ် ဒါန သီလ လေးတွေပိုပြီးပြုလုပ်ပေးပါနော်။
"နှုတ်ဝစီ" အထူးစောင့်ထိန်းပါ
ငါးပါသီလစောင့်ထိန်းပါနော်။
မိသားစုထဲမှာ ကြမ်းတမ်းသောစကားထွက်ဆိုတတ်တယ်၊ ဆဲဆိုတတ်တယ်ဆို စိတ်ရှိတိုင်းမပြောမိစေမို့သတိထားပါနော်။
မိမိကိုယ်ကို အကုသိုလ်တွေမလုပ်မိစေဖို့ကတိပေးပါနော်။
ကျေးဇူးရှိသောပုဂ္ဂိုလ်များကို အမြတ်ဒေါသဖြင့်တေးမှတ်ထားခြင်း၊ ဆဲဆိုခြင်း၊ ကျိန်ဆဲခြင်းများရှောင်ပါနော်။

မေတ္တာပွားပါ
ခင်ပွန်းကြီးဆယ်ပါးကန်တော့ပါ။
မွေးနေ့တိုင်း ဝက်သား အမဲသားရှောင်နိုင်ရင်ပိုကောင်းပါတယ်။
ဘုရားဂုဏ်တော်ပွားပါနော်။

ဒီကျန်တဲ့ ၂၀၂၄ အတွင်းမှာအရေးကြီးကိစ္စသွားရတယ် ပြောစရာရှိတယ်ဆိုရင် ဘုရားဂုဏ်တော် ၉ ခေါက်ရွတ်ပါ။
မြောက်အရပ်ကိုမျက်နှာမူပြီး အောင်ပြီ ၉ ကြိမ်ရွတ်ပြီးသွားပါ။
ငှက်ကလေးတွေအစာကျွေးပါ။
ခွေးလေးတွေအစာကျွေးပါ။

ဆရာတော်ဘုရားကြီးများရဲ့မေတ္တာဓာတ်ကိုခံယူပါ 🙏
ချစ်ခင်သူတွေကို အန္တရာယ်ကင်း ဘေးရှင်းဖို့မေတ္တာပို့ပါ 🙏

အန္တရာယ်ကင်း ဘေးရှင်း လိုရာဆန္ဒပြည့်ကြပါစေ

မဂ်လာနံနက်ခင်းလေးပါ🙏🙏🙏
09/11/2024

မဂ်လာနံနက်ခင်းလေးပါ🙏🙏🙏

Good Morning for all🙏
31/10/2024

Good Morning for all🙏

တခါက လယ်သမား တစ်ယောက်ဟာ…နှစ်စဉ် သီးနှံပြိုင်ပွဲကိုဝင်ပြိုင်တာ…သူဝင်ပြိုင်တိုင်း…ပထမ ဆုပဲ…ရသတဲ့။  တစ်နှစ်တော့ သတင်းသမား တ...
28/10/2024

တခါက လယ်သမား တစ်ယောက်ဟာ…နှစ်စဉ် သီးနှံပြိုင်ပွဲကိုဝင်ပြိုင်တာ…သူဝင်ပြိုင်တိုင်း…ပထမ ဆုပဲ…ရသတဲ့။

တစ်နှစ်တော့ သတင်းသမား တစ်ယောက် က လယ်သမားကြီးကို ဒီလို ပြောင်းဖူးအရည်အသွေး ကောင်းအောင် ဘယ်လိုစိုက်သလဲဆိုပြီး အင်တာဗျူး လာမေးသတဲ့။

ဒီလို အင်တာဗျူးရင်းနဲ့ စိတ်ဝင်စားစရာအချက် တစ်ခု ကို သိလာခဲ့မိတယ်။

လယ်သမားကြီးဟာ သူ့ပြောင်းမျိုးစေ့တွေကို ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အမြဲလိုလို ဝေမျှ ပစ်နေတယ် ဆိုတာပဲ။

တအံ့တသြနဲ့ အင်တာဗျူးလုပ်သူဟာ လယ်သမားကြီး ကိုမေးခဲ့တယ်။

"ဘာလို့ ဒီလောက် ပြောင်းမျိုးကောင်းမျိုးသန့်တွေကို ကိုယ့်စိုက်ခင်းမဟုတ်တဲ့ဘေးက စိုက်ခင်းတွေဆီ လျှောက်ဝေရသလဲခင်ဗျ။ခင်ဗျားဆုံးရှုံးတာပေါ့။"

"မဟုတ်တာဗျာ။"
လယ်သမားကြီးက ရယ်လျက် ပြန်ဖြေတယ်။

"ပြောင်းမှည့်ပြီဆိုတာနဲ့ထွက်လာတဲ့ဝတ်မှုန်တွေကို လေတိုက်တဲ့အခါ လေက သယ်ဆောင်သွားတယ် မဟုတ်လား။ ဒီတော့ ခင်ဗျား စဉ်းစားကြည့်။

ကျုပ်ပတ်ဝန်းကျင်မှာသာ မျိုးမသန့်တဲ့ပြောင်းတွေ စိုက်နေခဲ့ရင်ကျုပ်အနေနဲ့ မျိုးကောင်း ဘယ်လောက်ပဲ စိုက်စိုက် ဝတ်မှုန်ကူးတာ များလာတာနဲ့အမျှ ကျုပ် ပြောင်းအရည်အသွေးပါ မကျပေဘူးလား။ ဒီတော့
ကျုပ် ပြောင်းအရည်အသွေးကောင်းဖို့ ပတ်ဝန်းကျင် မျိုးကောင်း ဖို့လဲ လိုတာပေါ့ မိတ်ဆွေရယ်။"

ဒီကနေရတဲ့သင်ခန်းစာကတော့……
ကိုယ်ကောင်းဖို့အတွက် ကိုယ်တိုင်ပြုပြင် အားထုတ် ရသလို…ပတ်ဝန်းကျင်ကိုလဲ မျိုးကောင်းတွေကြဲပေး… ဖို့လိုပါလိမ့်မယ်။

ပတ်ဝန်းကျင် မျိုးညံ့နေတဲ့ အခါမှာတော့…
ကိုယ်…ဘယ်လောက်ပဲ…ကောင်းအောင်…လုပ်နေ… လုပ်နေ…ပတ်ဝန်းကျင် သတ်လို့သေတဲ့… အထိကို ဖြစ်နိုင်ပါတယ်။

ပြောချင်တာ……
သင်…ကောင်းအောင် လုပ်ပါ။
နောက်ပြီး… သင့်ပတ်၀န်းကျင်…ကိုလည်း…
ကောင်းအောင်လုပ်ပါ။


CRD.

🙏🙏🙏
25/10/2024

🙏🙏🙏

ကိုယ်အခု မကြိုးစားရင်၊နောင်ကျရင် ကိုယ့်သားသမီးကပိုကြိုးစားရမယ်။ကိုယ်အခု ပေါ့ပေါ့နေရင်၊နောင်ကျရင် ကိုယ့်သားသမီးကပိုရုန်းက...
24/10/2024

ကိုယ်အခု မကြိုးစားရင်၊
နောင်ကျရင် ကိုယ့်သားသမီးက
ပိုကြိုးစားရမယ်။
ကိုယ်အခု ပေါ့ပေါ့နေရင်၊
နောင်ကျရင် ကိုယ့်သားသမီးက
ပိုရုန်းကန်ရမယ်။
တာဝန်ယူစိတ်မရှိတဲ့ မိဘသာလျှင်
သားသမီးတိုင်း သူ့ထိုက်နဲ့သူ့ကံရှိပြီးသား ဆိုတဲ့စကား ပါးစပ်ထဲအမြဲပြော
တယ်။
သားသမီးတွေရဲ့ကံဆိုတာ
မိဘခင်းပေးတဲ့လမ်း၊
မိဘခင်းပေးတဲ့ဘဝစမှတ်ပေါ်မှာ
အများကြီးမူတည်တယ်။

credit

13/10/2024

Address

Einme
Myaungmya

Website

Alerts

Be the first to know and let us send you an email when Moe Nandar Aung-Digital Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share