Ready

Ready Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ready, Currency exchange, Myanmar Nan Street, No 4, Myawaddy Township, Kayin State, Myawadi.

သုံးစွဲရန်မသင့်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း(၂၀)မျိုးအား အများပြည်သူသိရှိရန် FDA က အသိပေးကြေညာဒီ...
06/12/2024

သုံးစွဲရန်မသင့်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း(၂၀)မျိုးအား အများပြည်သူသိရှိရန် FDA က အသိပေးကြေညာ

ဒီဇင်ဘာ ၅

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေသည့် အလှကုန်ပစ္စည်း (၂၀)မျိုးအား အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ကြောင်း FDA မှ အသိပေးကြေညာထားသည်။

အကယ်ဒမီ၊ အောင်သမာဓိ၊ ဇွဲထက်၊ဝိန့်စိန် ‌တို့လို မြန်မာနိုင်ငံရဲ့ အထင်ကရရွှေလုပ်ငန်းတွေက ပိုင်ရှင်တွေကို အရေးယူမယ်လို့ စစ်...
02/06/2024

အကယ်ဒမီ၊ အောင်သမာဓိ၊ ဇွဲထက်၊ဝိန့်စိန် ‌တို့လို မြန်မာနိုင်ငံရဲ့ အထင်ကရရွှေလုပ်ငန်းတွေက ပိုင်ရှင်တွေကို အရေးယူမယ်လို့ စစ်ကောင်စီကြေညာ

မြန်မာနိုင်ငံရဲ့ အထင်ကရ ရွှေဆိုင်နဲ့ရွှေလုပ်ငန်းရှင် ၅ ဦးထက်မနည်းနဲ့ ပွဲစားတွေအပါအဝင် ၁၀ ဦးကို ဥပဒေနဲ့အညီအရေးယူမယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့ ဇွန် ၂ ရက် ညပိုင်း စစ်ကောင်စီထိန်းချုပ်ရုပ်သံကကြေညာပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲ အကယ်ဒမီရွှေသန့်စင်လုပ်ငန်း၊ အောင်သမာဓိ၊ ဇွဲထက်၊ဝိန့်စိန် တို့လို ရွှေလုပ်ငန်းတွေကရွှေလုပ်ငန်းရှင်တွေ နဲ့ပွဲစားတွေ အပါအဝင် ၁၀ ဦးကို အမှန်တကယ်အရောင်းအဝယ်မဖြစ်တဲ့ ရွှေစျေးနှုန်းတွေနဲ့ စျေးကစားပြီး နိုင်ငံစီးပွားရေးမငြိမ်မသက်အောင်လုပ်ဆောင်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်အောင်လုပ်ပြီးတရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်တဲ့ပွဲစား‌တွေအပါအဝင် ၂၁ ဦးကို ဖမ်းဆီးစစ်ဆေးတာကနေ
အခုဖမ်းဆီးဖို့လုပ်ဆောင်နေတယ်ဆိုတဲ့ ရွှေလုပ်ငန်းရှင်နဲ့ ‌ပွဲစား ၁၀ ဦးကို ဖော်ထုတ်ခဲ့တာလို့စစ်ကောင်စီကပြောပါတယ်။

ဖမ်းဆီးထားတဲ့ ၂၁ ဦးကို အရေးယူမှာဖြစ်သလို ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွှေလုပ်ငန်းရှင်တွေ အပါအဝင် ၁၀ ဦးကို တွေ့ရှိသိရှိရင် သတင်းပေးဖို့ဆိုပြီးစစ်ကောင်စီထုတ်ပြန်ထားပါတယ်။

မေလနှောင်းပိုင်းမှာ ‌ရွှေတစ်ကျပ်သားကို ပြင်ပပေါက်စျေး ကျပ်သိန်း ၆၀ နားအထိစျေးပေါက်ခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်းတွေမြင့်တက်ပြီး ကျပ်ငွေတန်ဖိုးဆက်တိုက်ကျဆင်းတဲ့နောက် စစ်ကောင်စီက နိုင်ငံခြားငွေလဲကောင်တာအချို့ကို အရေးယူခဲ့သလို ရွှေလောကသားတွေကိုခေါ်ယူစစ်ဆေးလိုက်တဲ့နောက်မှာ အခုလို ရွှေလုပ်ငန်းရှင်နဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေ ဖမ်းဆီးခံရတာနဲ့ ဝရမ်းထုတ်ခံရတာတွေဖြစ်လာတာပါ။

အခုဖမ်းဝရမ်းထုတ်ခံရတဲ့ရွှေလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်း‌တွေဘက်ကတော့ စစ်ကောင်စီထုတ်ပြန်ချက်နဲ့ပတ်သက်လို့ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။

#ဘီဘီစီမြန်မာပိုင်း #ရွှေဆိုင် #ရွှေလုပ်ငန်းရှင် #ဖမ်းဝရမ်းထုတ် #ရွှေစျေးနှုန်း

27/05/2024

ဝဋ်ပဲ
-------
ကျောင်းဆင်းခေါင်းလောင်းထိုးပြီးနောက် အိမ်ပြန်ရန်ပြင်နေသော ကျောင်းအုပ်ဆရာကြီး ဦးမြမောင်ထံ လက်ထောက်ဆရာ ကိုကြည်လွင်ကရောက်လာပြီး

“ဆရာကြီး အိမ်ကို တန်းပြန်မှာပဲလား” ဟုမေးလိုက်သည်။

“ဟုတ်တယ် ကိုကြည်လွင် ဘာဖြစ်လို့လဲ”

“ဆရာကြီးအတွက် သရက်သီးတွေထည့်ပေးလိုက်ချင်လို့ပါ။ ဒီနှစ်အိမ်မှာရှိတဲ့ သရက်ပင်တွေက အရမ်း သီးတာပဲ ဆရာကြီး။ ကျွန်တော်လာပို့မလို့ပါပဲ။ ဆရာကြီးလမ်းကြုံရင် ယူသွားနိုင်မလားလို့ပါ”

“ဪ ယူသွားမှာပေါ့။ လာလေဗျာ။ အတူတူပြန်ကြတာပေါ့”

ဆရာကိုကြည်လွင်အိမ်မှာ ကျောင်းအနီးတွင်ဖြစ်ပြီး ဦးမြမောင်အိမ်က နောက်ထပ် စက်ဘီးဖြင့် နာရီ ဝက်လောက်နင်းမှ ရောက်နိုင်သောနေရာတွင်ဖြစ်သည်။

သူတို့နှစ်ယောက် စက်ဘီးတစ်ယောက်တစ်စီးစီဖြင့် စကားတပြောပြောနင်းလာကြသည်။ ကိုကြည်လွင် ခြံထဲကို အရောက်တွင်

“ဆရာကြီး အိမ်ထဲဝင်ပါဦး” ဟု သူကဆိုသည်။

ဦးမြမောင်က စက်ဘီးကို ဒေါက်ထောက်လိုက်ပြီး ကိုကြည်လွင်နှင့်အတူ အိမ်ထဲကို လိုက်ဝင်သွားသည်။

“မအေးရေ ... ဒီမှာ ဆရာကြီး ပါလာတယ်ဟေ့” ဟု သူကအော်ပြောလိုက်ရာ ကိုကြည်လွင်၏ ဇနီးဖြစ်သူ မအေးက အိမ်နောက်ဖေးမှထွက်လာပြီး

“ကိုကြည် ပြန်လာပြီလား ... ပေး ပေးလွယ်အိတ်” ဟုပြောကာ သူ့ယောက်ျားလွယ်လာသော လွယ်အိတ်ကို လာယူပြီး စားပွဲပေါ်တင်ထားလိုက်သည်။

“ဆရာကြီး ထိုင်ပါရှင်” ဟုပြောပြီး ဧည့်ဝတ်ပြုသည်။

မအေးက ရေတစ်ခွက်ပြေးခပ်ကာ

“ဆရာကြီး ရေသောက်ပါဦးရှင့်” ဟု ပေးလာသည်။

“မသောက်တော့ပါဘူးကွယ်” ဟု ဆရာကြီးက ပြောလိုက်ရာ

“ကိုကြည် ရေသောက်” ဟု သူ့ယောကျ်ားကို ရေခွက် ကမ်းပေးလိုက်သည်။

ဆရာကိုကြည်လွင်က ရေကိုသောက်ပြီး မအေးကို ရေခွက်ပြန်ပေးသည်။ မအေးက အိမ်ထဲပြန်ဝင်သွားပြီး ကိုကြည်လွင်ကို ပုဆိုးလေးတစ်ထည်လာပေးသည်။

“ကိုကြည် ပုဆိုး လဲလိုက်လေ” ဟုပြောကာ ကျောင်းစိမ်း ပုဆိုးကို ပြန်ယူသွားသည်။

“ဆရာကြီး ထမင်းစားပြီးမှ ပြန်ပါလား။ ဟင်းကျက်တော့မယ်။ မှိုရထားလို့ မှိုနဲ့ ကန်စွန်းရွက်လေး ကြော်ထား တယ်။ ရွာကအပြန် ငါးခြောက်လေးလည်း ရလာလို့ ငါးခြောက်ကြော်ထားတာလည်းရှိတယ်။ ထမင်းစားပြီးမှ ပြန်ရမယ်”

“နေပါစေကွယ် ... အိမ်ရောက်ရင် မိန်းမက သူချက်ထားတာ မစားလို့ စိတ်ကောက်နေဦးမယ်”

“ဪ ဟုတ်သားပေါ့နော် ... ကျွန်မလည်း ဒီအတိုင်းပဲ။ ကိုကြည်လေ အိမ်မှာ ထမင်းမစားရင် သိပ်ပြီး စိတ်ဆိုးတာ”

“မအေးရေ ... ဆရာကြီးအတွက် သရက်သီးတွေ ဆွဲခြင်းထဲထည့်ပါကွယ်။ ဆရာကြီးကို ပေးလိုက်ရအောင်”

“ဟုတ်ကဲ့ ကိုကြည်”

ဆရာကြီး ဦးမြမောင်က သူတို့လင်မယားနှစ်ယောက်ကိုကြည့်ကာ စိတ်ချမ်းသာနေမိသည်။

“ဆရာကြီး ပင်စင်ယူဖို့ နီးပြီဆို”

“အေး ကိုကြည်လွင်ရေ ... နောက်နှစ်ဆို ပင်စင်တင်တော့မှာ”

“ဆရာကြီး ပင်စင်သွားရင် ဘယ်သူတွေရောက်လာဦးမလဲ မသိဘူး”

“ခင်ဗျားလည်း သင်တန်းလေးဘာလေးတက်လေ။ ကျောင်းအုပ်ရာထူးလေးဘာလေးလျှောက်ပေါ့”

“ကျွန်တော်က ဘီအီးဒီအောင်ပြီးရင် အထက်တန်းပြပဲ လုပ်ချင်တာဆရာကြီး”

“ဒါလည်း ကောင်းပါတယ်လေ”

ထိုစဉ် မအေးက ဆွဲခြင်းတစ်လုံးကို ဆွဲထွက်လာသည်။

“ဆရာကြီးရေ ... ဖြစ်ပါ့မလား။ နည်းနည်းတော့များတယ်”

“ရပါတယ်ကွယ် ... စက်ဘီးနောက် ဖင်ထိုင်ခုံမှာတင်ပြီး ကြိုးတုပ်သွားမယ်”

ကိုကြည်လွင်က စက်ဘီးနောက်ကို ဆွဲခြင်းတင်ပြီး ကြိုးနှင့်သေချာစွာ တုပ်ပေးလိုက်သည်။

“ဆရာကြီး ဒီအထုပ်လေးပါယူသွားပါဦး”

“ဘာများလဲ မအေး”

“ငါးနုသန်းခြောက်လေးတွေ ဆရာကြီး ရွာကရလာတာ”

“ကောင်းတာပေါ့ကွယ်”

ဦးမြမောင်က ငါးခြောက်ထုပ်ကို လွယ်အိတ်ထဲထည့်ပြီး

“ကဲ သွားတော့မယ်ကွယ်” ဟု ပြောကာ စက်ဘီးကို တွန်းထွက်သွားပြီး ခြံဝရောက်မှ စက်ဘီးကို နင်းသွားသည်။

ညနေခင်း နေကပူနေသဖြင့် ဦးမြမောင်တစ်ယောက် ချွေးပြန်အောင် စက်ဘီးကို နင်းကာ အိမ်ကိုရောက်လာ သည်။

အိမ်တွင်တိတ်ဆိတ်နေသဖြင့်

“မခင်မြင့်ရေ ... ဟေ မခင်မြင့်” ဟု သူ့မိန်းမကို အော်ခေါ်လိုက်သည်။

ပြန်ထူးသံမကြားရသဖြင့် စက်ဘီးကို ဒေါက်ထောက်ကာ စက်ဘီးပေါ်မှ သရက်သီးဆွဲခြင်းကိုဖြုတ်ပြီး အိမ်ပေါ်ကို ဆွဲတက်သွားသည်။

“မခင်မြင့်”

ဆရာကတော်က ဘုရားစင်အောက်တွင် အိပ်နေသည်။

“မခင်မြင့်”

“ဘာလဲ ... ဘာဖြစ်လို့ တကြော်ကြော်ခေါ်နေရတာလဲ”

“ဒီမှာ ဆရာကိုကြည်လွင်တို့အိမ်က မချစ်စု သရက်သီးတွေပေးလိုက်တယ်ကွယ့်”

“အဲဒါ ကျွန်မက ဘာလုပ်ရမှာလဲ”

ဆရာကြီး ဦးမြမောင်အနည်းငယ် စိတ်ခုသွားသည်။ တကယ်ဆိုလျှင် ယောက်ျားခေါ်လျှင် ထွက်လာပြီး မအေးလို လွယ်အိတ်လောက်တော့ အနည်းဆုံးလာယူသင့်သည်ဟုထင်နေသည်။ သို့သော် တစ်သက်လုံး ထုံးစံမရှိပြီ။

“မခင်မြင့်ရယ် မောလိုက်တာ .. ရေလေးတစ်ခွက်လောက်”

အိမ်နောက်ဖေးကို အိမ်မှုန်စုံမွှားဝင်သွားသော သူ့မိန်းမကို လှမ်းအော်လိုက်ခြင်းဖြစ်သည်။

တစ်ဖက်ကတုံ့ပြန်သံကပြတ်သည်

“ကိုယ့်ဘာသာကိုယ် ခပ်သောက်” ဟူ၏။

ဆရာကြီးက ကျောင်းတွင်သာ အမိန့်ပေး၍ရကောင်း ရနိုင်သည်။ အိမ်တွင်တော့ သူအမိန့်ပေးနိုင်တာ တစ်ယောက်မျှ မရှိပြီ။

ဦးမြမောင်က ရေထသောက်ပြီး အဝတ်အစားလဲသည်။

“မခင်မြင့်ရေ”

“ဘာတုန်း”

“ထမင်းစားမယ်ကွာ ... မအေးက ငါးနုသန်းခြောက်လေး ပေးလိုက်တယ်။ အဲဒါလေးကြော်ကွယ်”

“ထမင်းတောင်မချက်ရသေးဘူး။ ငါးခြောက်ကြော်တာ ရေနဲ့ကြော်လို့မရဘူး။ ဆီမရှိဘူး"

“ကဲပါကွယ် ... ငါ ခေါင်ညှပ်ရင်းနဲ့ ဆီဝယ်ခဲ့ပါမယ်။ ပုလင်းပေးလိုက်”

“ကိုယ့်ဘာသာ ထယူတော့ ဘာဖြစ်သွားမှာလဲ”

ဦးမြမောင်တစ်ယောက် စိတ်ပျက်လက်ပျက်နှင့် ဆီပုလင်းကိုထယူပြီး လမ်းထိပ်ကိုထွက်ခဲ့သည်။

သူက လမ်းထိပ်ရှိ ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ဝင်ညှပ်သည်။ သူ့ရှေ့တွင်တစ်ယောက်ရှိနေသဖြင့် စောင့်နေရ သေးသည်။ ဆံပင်ညှပ်ပြီးနောက်ဆီဝယ်ကာ အိမ်ပြန်လာသည်။

“မခင်မြင့်ရေ ထမင်းကျက်ပြီလား”

“ကျက်တော့မယ်”

“ရော့ ဒီမှာ ဆီပုလင်း”

“ထားလိုက်”

ဦးမြမောင်က သက်ပြင်းကြီးချကာ ဆီပုလင်းကိုထားပြီး အိမ်ရှေ့ကို ထွက်လာသည်။ ထို့နောက် ရေဆင်းချိုးပြီး ပက်လက်ကုလားထိုင်တွင်ထိုင်နေသည်။ မှောင်လာပြီဖြစ်သဖြင့် မီးထဖွင့်ကာ

“မခင်မြင့်ရေ ထမင်းခူးတော့လေကွာ”

“ကိုယ့်ဘာသာကိုယ်ထည့်စားတော့ ... ကျွန်မ အပြင်သွားလိုက်ဦးမယ်”

“မိုးကြီးချုပ်မှ ဘယ်သွားမှာလဲ။ ထမင်းစားပြီးမှ သွားလေကွယ်”

“ဝမ်းချင်းဆုံတာကျနေတာပဲ။ ကျွန်မ မဆာသေးဘူး”

မခင်မြင့် အိမ်ပေါ်က ဆင်းသွားသည်။

ဦးမြမောင်က ထမင်းကို ကိုယ့်ဘာသာကိုယ် ခူးစားလိုက်ရသည်။ သူက ခေတ္တရောက်ခဲ့သည့် ဆရာ ကိုကြည်လွင်တို့အိမ်လေးကို သတိရရင်း ငါးပိရည်နှင့် ထမင်းကိုနယ်ကို ငါးခြောက်ကြော်ကို ကိုက်ဝါးပြီး ထမင်းစားနေသည်။
မကြာမီ မခင်မြင့် အိမ်ပေါ်ကို ပြန်တက်လာသည်။

“မခင်မြင့်ရေ”

“ဘာလဲ”

“သရက်သီးလေး ခွဲပါလားကွယ်။ မှည့်တဲ့အလုံးတွေပါတယ်”

“သရက်သီးတွေ မရှိတော့ဘူး”

“ဟ .. ဘယ်ရောက်သွားလို့လဲ”

“ခုပဲ ဈေးဆိုင်မှာ သွားရောင်းလိုက်ပြီ”

“ဟာ သူများက စားစေချင်လို့ လက်ဆောင်ပေးလိုက်တာ ဘာဖြစ်လို့ သွားရောင်းလိုက်တာလဲ မင်းကွယ်”

“ဒီနေ့ ချဲမပေါက်လို့ စိတ်ညစ်နေတာ။ ချဲဖိုး ပေးစရာ ပိုက်ဆံမရှိလို့ သရက်သီးတွေ သွားရောင်းလိုက်တာ”

“မခင်မြင့်ရာ လုပ်ရက်လိုက်တာ ... မင်းကွာ”

“စကားများမနေနဲ့ ... အိမ်မှာချိုးရေမရှိဘူး။ ရေသွားထမ်းလိုက်ဦး။ ကျွန်မ ရေချိုးချင်လို့”

“တောက်”

“ရှင်က ဘာတွေကို တောက်ခတ်နေရတာလဲ”

ဦးမြမောင်တစ်ယောက် ပေါက်ကွဲရပြီ။ ထုံးစံအတိုင်း ရေပုံးနှစ်ပုံးနှင့် ထမ်းပိုးကိုယူကာ ရေကန်ကိုထွက်ခဲ့သည်။

ခေါင်းရင်းအိမ်က မွေးထားသော နွားကြီးက

“ဝမ်းဘဲ” ဟုအော်သည်။

သူနားထဲတွင်တော့

“ဝဋ်ပဲ” ဟုသာကြားနေမိသည်။

တင်ညွန့်

၂၇.၅.၂၀၂၄

03/05/2024

နိုင်ငံကြီးသား တွေတော့
စတိုင် ပြောင်းကြပြီ

ဒီနေ့ ဘီဘီစီ သတင်း
ဖတ်ရင်းက
စိတ်ဝင်စား စရာ
သတင်းလေး တစ်ပုဒ်
ဖတ်ဖြစ်ပါတယ်

အင်္ဂလန်မှာ
ဒုတိယ ကမ္ဘာစစ်
နောက်ပိုင်း ခေတ်စားတဲ့
ဘဏ်ချေးငွေ နဲ့
အိမ် ကြီးကြီး
ကား ကောင်းကောင်း တွေ
ဝယ်ပြီး နေတဲ့
လူနေမှု ပုံစံကနေ

တော်သင့်သလောက်
အိမ်လေးရယ်
မရှိမဖြစ် လိုမှဝယ်တဲ့
ဂျပန်ကားလေး ကိုစီးပြီး

အကြွေး မထူ လူမပူရဘဲ
ခပ်အေးအေး နေတဲ့ပုံစံကို
ပြောင်းလဲ လာပါတယ်တဲ့

အဲ့ဒီလို ကြွားဝါရမယ့်
ကိစ္စတွေမှာ ငွေမသုံးပဲ

မရှိမဖြစ် တာလေးကို
စီစစ်ပြီး သုံးတာကို

အင်္ဂလိပ်လို
Frugal Living လို့
ခေါ်ပါတယ်

စားစရာ ဝတ်စရာ
စတာတွေမှာ
ငွေကုန်ကြေးကျ များတဲ့
ဇိမ်ခံပစ္စည်း တွေမလိုအပ်ပဲ

ဝါသနာအရ
ဝယ်တာကို လျှော့ပြီး
သင့်တင့် မျှတအောင်
နေတာပါ

အရင်းရှင်စနစ် ရဲ့
ကျောရိုး ဖြစ်တဲ့
လောဘ အလျှောက်
အလွန်အကျွံ ဝယ်ယူ
သုံးစွဲတဲ့ အကျင့်
ကနေ ရှိတာလေး နဲ့

လှအောင် ဆင်ပြီး
ရိုးရိုး ရှင်းရှင်း နဲ့
နေလာ ကြပါတယ်

ဒီလို နေကြည့်တော့
ဘာသွား တွေ့သလဲ
ဆိုတော့

ဘဏ် တွေကနေ
အကြွေး ယူရတာ
အတိုး ပေးရတာ
နည်းသွားပြီး

သူတို့နိုင်ငံ
ကလူတွေ အတွက်ဆို
အသက် (၄၀) လောက်မှာ

ငွေကြေး စုမိ
ဆောင်းမိ ဖြစ်သွားပြီး
ပင်စင်ယူ ကိုယ်ဝါသနာ ပါရာ
လုပ်ပြီးနေနိုင် သွားပါတယ်

ဒါ့အပြင်
အလုပ်ရဲ့ ကျေးကျွန်
လောဘရဲ့ သားကောင်
မဖြစ်တော့ပဲ

မိသားစု အတွက်
အရေးပါတဲ့ တစ်ဦးပေါ်
တစ်ဦး အချိန် ပိုပေး
လာနိုင်ပါတယ်

ဂျပန် မှာဆိုလည်း
Frugal living ဟာ
အလွန် ခေတ်စားပြီး

အျိမျတှမှော
မလိုတဲ့ ပစ္စည်းတွေ
အမှိုက်သရိုက် တွေ
ကိုရှင်း ပြစ်ပြီး

အိပ်ရာ ကိုတောင်
ကုတင်နဲ့ မအိပ်ပဲ
မွှေ့ရာလေး ကိုခင်းပြီး
ကြမ်းပေါ်မှာပဲ အိပ်

မနက်တိုင်း
နံရံကပ် ဘီရိုထဲ
ထည့်သိမ်း ကြပါတယ်

မလိုအပ်တဲ့ အရာဆို
သွားပွတ် တံထားတဲ့
ခွက်တောင် မထားပဲ

ရေချိုးခန်း နံရံစောင်း
မွာ စီထားတဲ့ အထိပါ

အဝတ်အစား
ဆိုလည်း ရှိတာကို
သပ်သပ် ရပ်ရပ်
ဝတ်ကြပြီး

စားပွဲတစ်လုံံး ထဲရှိတဲ့
ကြမ်းပြင်မှာ စုပြီး
စားကြ သောက်ကြ
စာဖတ် ကြပါတယ်

အရင်က ချမ်းသာတာကို
ငွေကြေး ဘယ်လောက်ရှိတယ်
ဆိုတာနဲ့ တိုင်းတာ ကြပေမယ့်

အခုခေတ် မှာတော့
ချမ်းသာတာကို
ဘယ်လောက် တင်းတိမ်ရောင့်ရဲ
နိုင်သလဲ ဆိုတာနဲ့
တိုင်းတာ ပါတယ်

အလို နည်းခြင်း
ဟာ ချမ်းသာခြင်း
အကြောင်း ဆိုတာကို
သူတို့တွေ သိလာ ကြပါပြီ

အားလုံးကျန်းမာကြပါစေ

Cd
#လူငယ်များအတွက့်စာကြည့်တိုက့်

ငွေမကုန်ပဲ ဘန်ကောက်မှာ ဘယ်လိုနေကြမလဲ???ဘန်ကောက်မြို့ ခေါက်ဆန် လမ်း ရဲ့ တဖက် ကားလမ်း ထီဆိုင်တွေရဲ့ထိပ်၊ ဘုန်းကြီးကျောင်းဘ...
05/04/2024

ငွေမကုန်ပဲ ဘန်ကောက်မှာ ဘယ်လိုနေကြမလဲ???
ဘန်ကောက်မြို့ ခေါက်ဆန် လမ်း ရဲ့ တဖက်
ကားလမ်း ထီဆိုင်တွေရဲ့ထိပ်၊ ဘုန်းကြီးကျောင်းဘေး

အဲ့နေရာ တွေကိုရောက်အောင် သွားပါ

၁၁ ခွဲ ဆို အလှူရှင်တွေ ကားတွေနဲ့ ထမင်း လာဝေပါတယ်

တနေ့ အနည်းဆုံး အလှူရှင် ၃ ဦးတော့ရှ်ပါတယ်

မနက်ည ၂ ဘူး ယူ လို့ရပါတယ်
တချို့ဆို ၃/၄ ဘူး ယူပါတယ်

အိပ်ရင် လည်း အဲ့ ပလက်ဖောင်းမှာအိပ်လို့ရပါတယ် အိပ်တဲ့ သူတွေ လည်းအများကြီးပါ ပျော်ဖို့ကောင်းပါတယ်

ရေချိုးရင်အဲ့ဘေး ဘုန်းကြီးကျောင်းထဲ သွား ချိုးပါ

ပိုက်ဆံ စုမိ လို့ မနေ နိုင် ရင် အဲ့ဘေး လမ်းမှာ လည်း အပျော်မယ် အိမ်တွေ အတန်း လိုက်ရှိပါတယ်

Bkk မှာ ငွေမကုန် ဘဲ နေနိုင်ပါစေ🥰

-ကိုစိုးထိုက်အောင်၏ အတွေ့အကြုံအား
တဆင့်ပြန်လည်မျှဝေပါသည်။

crd

09 .10. 231110 ဘတ် ၁ သိန်းကျပ် - မြဝတီ 1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1150  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေ...
09/10/2023

09 .10. 23

1110 ဘတ် ၁ သိန်းကျပ် - မြဝတီ
1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1150 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

06.10. 231110 ဘတ် ၁ သိန်းကျပ် - မြဝတီ 1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1150  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေဖ...
06/10/2023

06.10. 23

1110 ဘတ် ၁ သိန်းကျပ် - မြဝတီ
1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1150 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

04.10. 231110 ဘတ် ၁ သိန်းကျပ် - မြဝတီ 1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1150  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေဖ...
04/10/2023

04.10. 23

1110 ဘတ် ၁ သိန်းကျပ် - မြဝတီ
1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1150 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

02.10. 231110 ဘတ် ၁ သိန်းကျပ် - မြဝတီ 1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1150  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေဖ...
02/10/2023

02.10. 23

1110 ဘတ် ၁ သိန်းကျပ် - မြဝတီ
1130 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1150 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

25 .09. 231080 ဘတ် ၁ သိန်းကျပ် - မြဝတီ 1100 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1120  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေ...
25/09/2023

25 .09. 23

1080 ဘတ် ၁ သိန်းကျပ် - မြဝတီ
1100 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1120 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

20 .09. 231065 ဘတ် ၁ သိန်းကျပ် - မြဝတီ 1090 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1110  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေ...
20/09/2023

20 .09. 23

1065 ဘတ် ၁ သိန်းကျပ် - မြဝတီ
1090 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1110 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

18 .09. 231055 ဘတ် ၁ သိန်းကျပ် - မြဝတီ 1080 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်1100  ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်မြန်မာပြည်သို့ ဖုန်းငွေ...
18/09/2023

18 .09. 23

1055 ဘတ် ၁ သိန်းကျပ် - မြဝတီ
1080 ဘတ် ၁ သိန်းကျပ်-ဘဏ်ထုတ်
1100 ဘတ် ၁ သိန်းကျပ်-အိမ်ထုတ်

မြန်မာပြည်သို့ ဖုန်းငွေဖြည်းပေးသည်

လူမျိုးမရွေး အလှူငွေများကို အခမဲ့ပို့ပေးသည်
ပို့ငွေများကလျှော့ပေးပါသည်။

ရန်ကုန်၊ထား၀ယ်မြို့နှင့် ရခိုင်ပြည်မြို့တိုင်းတွင် ဘဏ်ပိတ်ရက်များတွင်လည်း ထုတ်ယူနိုင်ပါသည်။

082 7332 692

K Bank
145 1662 194
MR-SAN LIN

Address

Myanmar Nan Street, No 4, Myawaddy Township, Kayin State
Myawadi

Opening Hours

Monday 06:00 - 21:00
Tuesday 06:00 - 21:00
Wednesday 06:00 - 21:00
Thursday 06:00 - 21:00
Friday 06:00 - 21:00
Saturday 06:00 - 21:00
Sunday 06:00 - 21:00

Telephone

+959791854525

Website

Alerts

Be the first to know and let us send you an email when Ready posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ready:

Share