01/07/2022
Pod ဆိုတာဘာလဲ ?
V**e Juiceနှင့် Pod Juice ဘာကွာလဲ ?
Podအကြောင်း မသိနားမလည်သူတွေအတွက် ရေးပေးခြင်းဖြစ်ပါတယ်
Pod နဲ့ V**e က System ကွာခြားပါတယ်.
Podဆိုတာက ဆေးလိပ်သာသာလောက်ပဲအငွေ့ထွက်ပြီး နီကိုတင်းများများပါဝင်တဲ့ Saltnicထည့်သောက်ရပါတယ် ....
V**eဆိုတာကတော့
အငွေ့ထွက်ကြမ်းပြီး ထည့်သောက်ရတဲ့ဆေးရည်တွေမှာ နီကိုတင်း *0mg 3mg 6mg 9mg 12mg* စသည်ဖြင့် ကိုယ်လိုချင်တဲ့ နီကိုတင်းပမာဏပါဝင်တဲ့ Juiceမျိုးတွေကို ရွေးချယ်သောက်သုံးကြပါတယ် ...
V**eအတွက် ဆေးရည်မှာ နီကိုတင်း လုံးဝမပါဝင်တဲ့Juiceမျိုးရွေးချယ်သောက်သုံးလို့ရပေမဲ့
Podအတွက်ကတော့ နီကိုတင်း *24mg*အနည်းဆုံးပါတဲ့ *Saltnic* မျိုးကို ထည့်သောက်မှသာ Flavour ကောင်းကောင်းပေါ်မှာပါ ...
Podအတွက် ဆေးရည်တွေကလဲ နီကိုတင်း *24mg* အနည်းဆုံးပါတဲ့* Saltnic* တွေပဲ လာပါတယ်
ဒီတော့ Podဆိုတာက အငွေ့နည်းနည်းပဲထွက်ပြီး နီကိုတင်းများများပါတဲ့ဆေးရည်မျိုးကိုထည့်သွင်းသောက်သုံးရတဲ့ အမျိုးအစားပါ😊
V**eဆေးရည်ကိုရော Podထဲ ထည့်သောက်လို့ မရဘူးလား ?....ဟုတ်ကဲ့ ထည့်သောက်လို့ရပါတယ် ဒါပေမဲ့ အငွေ့ပဲထွက်မှာဖြစ်ပြီး ဘာအရသာမှပေါ်လွင်မှာမဟုတ်သလို ဘာအရသာမှရှိမှာ မဟုတ်ပါဘူး Podအတွက်က Saltnicကို ထည့်သောက်မှသာလျှင် Flavourကောင်းကောင်းရပါမယ်😊
Podဆေးရည်ကိုရော V**eထဲ ထည့်သောက်လို့မရဘူးလား ?..ဟုတ်ကဲ့ ထည့်သောက်နိုင်ရင်တော့ သောက်ပါခင်ဗျာ
ဒါပေမဲ့ မစမ်းကြည့်ရင်တော့ ပိုကောင်းပါလိမ့်မယ်
24mgအနည်းဆုံးပါတဲ့ Saltnicကို V**eလိုအငွေ့ထွက်များတဲ့အရာမျိုးမယ် ထည့်သွင်းသောက်သုံးမယ်ဆိုရင်တော့ဖြင့် တစ်ဖွာလောက်နဲ့ပဲ ချောင်းတွေဆိုး လည်ချောင်းတွေစပ် နှာရည်တွေထွက် မျက်ရည်တွေတောက်တောက်ကျပြီး ဖင်ထိုင်ကျသွားနိုင်ပါတယ်လို့ 😇
ဒါကြောင့်မို့ Podအတွက်က Saltnic သာအကောင်းဆုံးဖြစ်ပြီး
V**eအတွက် V**e Juice သူ့ဟာနဲ့သူသာအကောင်းဆုံးဖြစ်ပါတယ်
ဆေးလိပ်ဖြတ်ချင်သူတွေအတွက်တော့ V**eထက် Podကပိုပြီး ထိရောက်အဆင်ပြေစေလိမ့်မယ်လို့ ထင်ပါတယ်...
အနောက်နိုင်ငံတွေမှာတော့ V**eအစား Podကိုပြောင်းလဲသုံးစွဲလာကြတာတွေ့ရပါတယ်
ဘာလို့လဲဆိုတော့ ဘယ်ဆောင်ရသေးငယ်လွယ်ကူပေါ့ပါ့ပြီးတော့ Publicတွေမှာသောက်ရင်လဲ အငွေ့အများကြီးမထွက်တဲ့အတွက် ဘေးလူတွေကိုအနှောက်အယှက် မဖြစ်စေတဲ့အတွက်ပါ
မြန်မာပြည်မှာလဲ Podကို စတင်ပြောင်းလဲသုံးစွဲလာကြပါပြီ ဒီလောက်ပါပဲ