မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေး မြိတ်မြို့

  • Home
  • Myanmar
  • Myeik
  • မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေး မြိတ်မြို့

မြတ်သင့်ထူး  ဆန်ရောင်းဝယ်ရေး မြိတ်မြို့ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေး မြိတ်မြို့, Business, Tanintharyi, Myeik.

အခြေခံလစာ(၃၅၀၀၀၀)၃လလုပ်သက်ပြည့်လျင် လစာထပ်ဆောင်းတိုးပေးမည်ကုန်ထမ်းလုပ်သားဝန်ထမ်းကျား (၄)ဦးအလိုရှိသည်- ဆန်အိတ်များကို ထမ်...
01/03/2025

အခြေခံလစာ(၃၅၀၀၀၀)
၃လလုပ်သက်ပြည့်လျင် လစာထပ်ဆောင်းတိုးပေးမည်
ကုန်ထမ်းလုပ်သားဝန်ထမ်းကျား (၄)ဦးအလိုရှိသည်
- ဆန်အိတ်များကို ထမ်းပိုးနိုင်ရပါမည်
-မှာယူသည့်အော်ဒါများ ပေးပို့ရမည့်စာရင်းများကို သေချာမှတ်သား လုပ်နိုင်ရပါမည်

- စကားအပြောအဆိုပြေပြစ်၍ အများနှင့်ပေါင်းသင်းဆက်ဆံတတ်သူဖြစ်ရပါမည်။

- အသက် (25မှ 35) နှစ်အတွင်းဖြစ်ရမည်။

လျှောက်ထားလိုသူများသည်
- CV Form ၊ လိုင်စင်ဓာတ်ပုံ(၁)ပုံ၊ မှတ်ပုံတင်မိတ္တူ ၊ အိမ်ထောင်စုမိတ္တူ နှင့်တကွ မိမိလျှောက်ထားလိုသည့် ရာထူး၊ မျှော်မှန်းလစာ အပြည့်အစုံ ရေးသား၍အောက်ပါလိပ်စာအတိုင်း လာရောက် လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်လိပ်စာ- အမှတ်(၄၇)ဗဟိုလမ်း မြစ်ငယ်ရပ်
မြတ်သင့်ထူးဆန်ဆိုင် မြိတ်မြို့
PH -095641379

25.1.2025 (၃:၃၀)PMမြတ်သင့်ထူးဆန်ဆိုင်ဆန်စျေးနူန်းများ⬇️⬇️⬇️စူပါဆန်ဆင်းသုခ- 48kg=24ပြည်=82000ကျပ်စူပါဆန်ဆင်းသုခ-44kg=22ပြ...
25/01/2025

25.1.2025 (၃:၃၀)PM
မြတ်သင့်ထူးဆန်ဆိုင်ဆန်စျေးနူန်းများ⬇️⬇️⬇️

စူပါဆန်ဆင်းသုခ- 48kg=24ပြည်=82000ကျပ်
စူပါဆန်ဆင်းသုခ-44kg=22ပြည်=76000ကျပ်
စူပါဆန်ဆင်းသုခ-24kg=12ပြည်=41500ကျပ်
စူပါဆန်ဆင်းသုခ-20kg=10ပြည်=34700ကျပ်
စူပါဆန်ဆင်းသုခ-12kg=6ပြည်=21000ကျပ်
စူပါဆန်ဆင်းသုခ-10kg=5ပြည်=17500ကျပ်
ရွှေသိင်္ဂီရွှေဘိုအသစ်-48kg=24ပြည်=165000
ရက်၉၀ဟောင်း-48kg=24ပြည်=110000ကျပ်
ပေါ်ကျွဲးဟောင်း-48kg=24ပြည်=95000ကျပ်
မှော်ဘီအသစ်-48kg=24ပြည်=90000ကျပ်
ဧရာမင်းအဟောင်း-48kg=24ပြည်=90000ကျပ်
စူပါဆန်အနွဲ့ပခမ်း-48kg=24ပြည်=95000ကျပ်
ကောက်ညှင်းဆန်-102ပေါင်=24ပြည်=130000

ဆန်—2kg==1ပြည် နူန်းဖြင့်တွက်ချက်ပြီးဝယ်ယူအားပေးနိုင်ပါသည်။ဆန်စျေးနူန်း အကုန်စျေးကျ၍ အရောင်းအဝယ်အေးပါသည်။
တစ်ဆင့်ပြန်လည်ရောင်းချခြင်သူများအရောက်ပို့စနစ်ဖြင့်လက်ကားစျေးသီးသန့်ရှိပါသည်။

ဆက်သွယ်ရန် -09428760911/09259818911

25/08/2024

မြေကိုမပြင်ဘဲ အပင်ကိုပြင်နေသမျှ လိုရာပန်းတိုင်နဲ့ ဝေးနေဦးမှာပဲဗျ။...............................

မြန်မာနိုင်ငံအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ခရမ်း၊ သုံးခွ၊ သက္ကလ နယ်မြေများ၊ ဧရာဝတီတိုင်း အချို့ဒေသများ၊ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ဒေသများမှာ ပဲပင်များ တဖြည်းဖြည်း ညှိုးခြောက်ပြီး အကွက်လိုက်သေသွားတဲ့ ပြဿနာတွေ အများဆုံးတွေ့ရပါတယ်။

သိသာထင်ရှားစေတာကတော့...

မျိုးစေ့နှုန်း တစ်တင်းနှုန်းနဲ့အထက် သုံးနေရခြင်းဟာ အပင်ကွက်ကြားသေလို့ ကာမိအောင် မျိုးစေ့ ပိုကြဲနေရခြင်းပါ။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ကဝမြို့နယ်က ခေတ်မီလယ်သမားတဦးဖြစ်တဲ့ ကိုခိုင်ဇော်ကတော့...

"မျိုးစေ့နှုန်းက အရင်က ၈ ပြည် - ၁၀ ပြည်(၈ လုံးကိုက် -ပြည်) ကြဲရာကနေ ခုက အပင်တွေ အသေများလာတော့ ဒီနှစ် ၁၆ ပြည်လောက်ကြဲနေရတယ်" လို့ ဆိုလာပါတယ်။

အုန္နဲရွာက နောက်ထပ်တောင်သူကြီးတယောက်ဖြစ်တဲ့ ဦးခင်ဝမ်းကလည်း...

စာရေးသူ ကွင်းဆင်းရင်းနဲ့ သူ့တဲ အလည်ရောက်ရင်း စကားစပ်မိတော့...

" ပဲပင်လေးတွေက စထွက်လာတုန်းတော့ စိမ်းစိုလှပနေပြီး ၁၅-၂၀ ရက်သားရောက်ရင်တော့ အရွက်လေးတွေ ဝါ၊ အောက်ရွက်တွေခြောက်၊ တဖြည်းဖြည်း သေကုန်ရော. ဆရာရေ..အဲဒါဘာဖြစ်လို့ပါလဲဆရာ" တဲ့။

"မှိုသတ်ဆေး တွေရော မဖျန်းဘူးလား..ဦးလေး..." ဆိုတော့..

"ဘယ်နေမလဲ..ဆရာ...

မှိုသတ်ဆေးတွေ စုံနေအောင်ဖျန်းတာ၊ အသေမရပ်ဘူးဆရာရေ..."တဲ့။

စာရေးသူလည်း... သာမန် ခါးရိ/ညှိုးသေ လို့မှတ်ပြီး... မှိုသတ်ဆေးတွေ ညွှန်တော့မလို့...

တောင်သူ့အသံ ကြားလိုက်တော့မှ..ဒီပြဿနာဟာ.. မြေဆီလွှာရဲ့ ပြဿနာ ဖြစ်နိုင်တယ်..လို့ တွေးမိသွားတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ဆိုတော့ကာ... ကဲ..ဦးခင်ဝမ်းရေ..

ကျနော်ထင်တာမမှားဘူးဆိုရင်..ဦးလေး မြေကြီးတွေ

ပျက်နေပြီ။ လာ..ကျနော်ပြမယ်..ဆိုပြီး

စာရေးသူပါလာတဲ့ pH မီတာလေးနဲ့ အစိုဓာတ်များတဲ့နေရာ ၅ နေရာ တိုင်းကြည့်ပါတယ်။

ပျမ်းမျှ.... ၃.၈ ပဲရှိတယ်။ တွေ့လား ဦးခင်ဝမ်း... မြေကြီးက အက်ဆစ်ဆန်နေပြီ။

မြေချဉ်ခြင်းနှင့် ပဲပင်သေ ပြဿနာ...

တောင်သူ ။ ။ မြေတွေချဉ်တာနဲ့ ပဲပင်သေတာ ဘယ်လို သက်ဆိုင်တာလဲဆရာ..

ဒို့ဦးလေး။ ။ ဒါ..မေးသင့်တဲ့မေးခွန်းပါပဲ...

အရင်ဦးဆုံး မြေချဉ်/ငန် pHအကြောင်း နည်းနည်းရှင်းပြမှဖြစ်မယ်။

pH မှာကိန်းဂဏန်းအရ ၀-၁၄ အထိ ရှိတယ်။ pH-7 ဆိုရင် သမမျှတမှု သင်္ကေတ(Neutral point)..ဖြစ်ပြီး pH -7 ထက် များရင်တော့ မြေငန်၊ pH-7 ထက် နည်းရင်တော့ မြေချဉ်တယ်လို့ မှတ်ပါ။

အနည်းဆုံး pH 6 နဲ့ 8 အကြားမှာ ရှိနေမှ မြေမှန်တယ်လို့ ယူဆနိုင်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ဆိုတော့ကား..

အခုနက မေးခွန်းပြန်ကောက်ရရင်..

မြေချဉ် (pH-5 အောက်) ရင် မြေကြီးထဲမှာရှိနှင့်ပြီးသား မြေဆောင်မှိုရောဂါ(Soil borne diseases)တွေကို ပိုမိုပွားများစေပါတယ်။

နောက်တခုက မြေချဉ်ရင် မြေကြီးထဲ ဖော့စ်ဖရပ်၊ ပိုတက်စီယံ၊ ကယ်လ်စီယံ စတဲ့ ဓာတ်ဖိုအိုင်းယွန်းတွေကို အပင်က မစားနိုင်အောင် ထိန်းချုပ်ခံရခြင်းပါ။

တောင်သူ။ ။ သြော်..ဒါကြောင့် ပဲပင်တွေက အာဟာရချို့တဲ့သလို စဖြစ်လာတာကိုးဆရာရဲ့။

"ဒါပေမဲ့..မှိုသတ်ဆေးဖျန်းရက်နဲ့ ဘာလို့ ဆက်သေရတာလဲ ဆရာ၊ အဲဒါလည်း ရှင်းပေးပါဦး"

ဒို့ဦးလေး။ ။ မြေဆောင်မှိုရောဂါတွေမှာ မှိုသတ်ဆေးနဲ့ နှိမ်နင်းရခက်တဲ့ ရောဂါတွေရှိတယ် ဦးခင်ဝမ်းရဲ့။

ဥပမာ.. ဖျူဆေရီယံ ခါးရိရောဂါနဲ့ Rhyzoptonia လို့ ခေါ်တဲ့ အမြစ်ခြောက်ဆွေး ရောဂါတွေဟာ ကြိုတင်ကာကွယ်နည်းနဲ့သာ အဆင်ပြေပြီး၊ ကုသဖို့ခဲယဉ်းတဲ့မှိုအမျိုးအစားတွေ ဖြစ်ပါတယ်။

တောင်သူ။ ။ မှိုသတ်ဆေးတွေက မစွမ်းဘူးလားဆရာ...။

ဒို့ဦးလေး ။ ။ မှိုဆေးတွေက မစွမ်းလို့တော့မဟုတ်ပါဘူး၊ မှိုရောဂါတွေက ရေသောက်မြစ်ကနေတဆင့် ရေကြောစည်းထဲ ဝင်တိုက်ခိုက်တာရယ်၊ မှိုသတ်ဆေးက ရောဂါရှိတဲ့ဆီကို မရောက်နိုင်တာလည်းပါလို့ မထိရောက်တာပါ။

ကိုခိုင်ဇော်။ ။ ဒါဆိုရင် ဒီပြဿနာရဲ့ သော့ချက်က မြေကြီးပြင်ဖို့အဓိကပေါ့ဆရာ...နော။

ဒို့ဦးလေး ။ သိပ်မှန်တာပေါ့ ကိုခိုင်ဇော်ရေ။ ကျနော်အဓိကပြောချင်တာ အဲဒါပဲ။

တောင်သူအများစုက #မြေကိုမပြင်ဘဲ #အပင်ကိုပြင်နေသမျှ လိုရာပန်းတိုင်နဲ့ ဝေးနေဦးမှာပဲဗျ။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ပဲပင်ကွက်သေတွေကို ဘယ်လိုကျော်လွှားရမလဲ

တောင်သူ။ ။ ကျနော့ကို ရှင်းအောင်ပြောပြခဲ့ပါဆရာ။ လာမယ့်နှစ် ဒီလိုမဖြစ်အောင် ဘယ်လို ကာကွယ်လုပ်ဆောင်ရမလဲ..ဆိုတာ..

ဒို့ဦးလေး ။ ။ သတ္တဝါတိုင်းမှာ အမေ တွေရှိကြသလို၊ ပြဿနာတိုင်းမှာလဲ..အဖြေတွေရှိပါတယ် ဦးခင်ဝမ်းရယ်။

လိုက်နာဆောင်ရွက်ဖို့ပဲ လိုပါတယ်။

တောင်သူ။ ။ မလုပ်လို့မရတော့ဘူးဆရာ.. အနာတခြား၊ ဆေးတခြားဖြစ်ပြီး ကြာရင် လယ် သမားတွေ ဆေးဖိုးနဲ့ မွဲလိမ့်မယ်။

ဒို့ဦးလေး။ ။အကြောင်းမကောင်းခဲ့လို့ အကျိုးမကောင်းတာဆိုတော့ ဖြစ်ရခြင်းအကြောင်းရင်းတွေကို ဖြေရှင်းလိုက်ရုံပါပဲ။ ဆိုတော့...

သဘာဝမြေဆွေးများများ(ချနိုင်သလောက်များများ)ထည့်ပါ။
၁ ဧက အတွက် မဖောက်ထုံး ၅၀ ကီလို ၁၀ အိတ်နှုန်း ၃ နှစ်ဆက်တိုက်ထည့်ပါ။
ထယ်ရေး၊ ထွန်ရေး နက်နက်ညက်ညက် ပြုပြင်ပါ။
မျိုးကောင်းမျိုးသန့် အသုံးပြုပါ။

မစိုက်မီ မျိုးစေ့ကို ဆေးလူးစိုက်ပါ။

#အင်ဒေါင်း(မက်တလက်ဇီး+အေမီဒါ)

(မက်တလက်ဇီးသည်၊အမြစ်ပုပ်ရောဂါအတွက်အကောင်းဆုံး လူးနယ်ဆေးဖြစ်ပြီး မြေကြီးအတွင်း ကြာရှည်စွာနေနိုင်ပါသည်။)

သို့မဟုတ်

ထရိုင်ကိုဒါးမား/ ရိုင်ဇိုဘီယံ လူးနယ်စိုက်ပါ။

ပေါင်းသတ်ဆေး ဓာတ်ကြွင်းများက၊ မြေကြီးကို ပိုချဉ်စေ/ပိုပျက်စေပါတယ်။

မြေကြီး အတွင်း၊ ဓာတ်ကြွင်းများလျော့ပါးစေရန် အီးအမ် ဘိုကာရှီကဲ့သို့ မြေတွင်းအကျိုးပြု မိုက်ခရုပ်များ မွေးမြူပါ။

ကဲ..ဘယ်နှယ့်လဲ... ဦးခင်ဝမ်း..လုပ်နိုင်ပါ့မလား။

တောင်သူ။ ။ ဖြစ်အောင်လုပ်ရမှာပေါ့ ဆရာရယ်။

အခုလို စိတ်ရှည်လက်ရှည် ရှင်းပြပေးတာကိုပဲကျေးဇူးတင်ပါတယ်..ဆရာ..

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

ဒီဆောင်းပါးရေးဖြစ်အောင် အစစ ကူညီပေးခဲ့တဲ့ ကဝမြို့နယ်၊ အုန္နဲရွာမှ ကိုခိုင်ဇော်နဲ့ ဦးခင်ဝမ်းကိုကျေးဇူးတင်ပါကြောင်းနဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

TransformSoil သဘာဝမြေပြင်ဆေး
လက်လီလက်ကားဖြန့်ချီရေး
ကုမ္ပဏီတိုက်ရိုက်
စိုက်ပျိုးရေးဗဟုသုတ
TransformMyaPage

#မြေဆီလွှာ #စိုက်ပျိုးရေး

31/07/2024

မြိတ်မြို့တွင်တန်၄၀ဆန်စက်မောင်းရန်ကျွမ်းကျင်မေဆရာတစ်ဦးအလိုရှိသည်
ဆက်သွယ်ရန်-095641379

07/07/2024

"ကိုယ့်ကိုကိုယ် အထင်မသေးပါနဲ့"
==================
အလုပ်တစ်ခုကို ငါမလုပ်နိုင်ပါဘူးလို့
ဘယ်တော့မှ မတွေးလိုက်ပါနဲ့
ကိုယ့်ကို စွန့်ခွာသွားသူတစ်ယောက်ကို
ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့
သူများအလုပ် လုပ်ကိုင်နေရတော့
ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့
မတွေးလိုက်ပါနဲ့
ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့
ငါ တစ်ယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့
ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးတော့လို့
ငါ့ဘဝက အဓိပ်ပါယျမဲ့သှားပွီလို့ မတွေးလိုက်ပါနဲ့
ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့
ကိုယ့်ကိုကိုယ် အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့
ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း
ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့
ရောဂါဝေဒ နာတွေ ခံစားနေရလွန်းလို့
ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့
အဲဒိလို တွေးလိုက်မိပြီဆိုတာနဲ့ သင့်ဘဝက
တစ်ဝက်သေသွားတာ သေချာသွားပြီလေ
ပိုးစုန်းကြူးလို အကောင်သေးသေးလေးတွေတောင်
သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို
အလင်းရောင် ပေးစွမ်းနေကြတယ်
အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ
ဖိစီးနှိပ်ဆက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင်
လောကကြီးက မင်းကို ကောင်းကြီးပေးလာမှာ မဟုတ်ဘူးလေ
သူငယ်ချင်း.....ကိုယ့်ကိုကိုယ် အထင်သေးတဲ့တစ်နေ့
မင်းဟာ တန်ဖိုးမဲ့လူသားတစ်ယောက် ဖြစ်မှန်းမသိဖြစ်လာပြီး
လူ့လောကကို လက်ကမ်းကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို
အိုးမဲ သုတ်သလိုပဲ
ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့
တွေးတဲ့တစ်နေ့ မင်း သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်
ခံစားချက်တွေများလွန်းလို့ မခံမရက်နိုင် ဖြစ်နေရင်
တစ်ရက်တော့ ငိုပါ
ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါနော်
လေးစားစွာဖြင့်....
CRD

ဆန်လုံးညို က စားသင့် ပါသလား ?ဆန်လုံးညိုကို Free Delivery ဖြင့် မှာယူနိုင်ပါပြီ Healthy Diet ကို ကိုယ်တိုင်ပြုလုပ်လိုသူမျ...
25/04/2024

ဆန်လုံးညို က စားသင့် ပါသလား ?
ဆန်လုံးညိုကို Free Delivery ဖြင့် မှာယူနိုင်ပါပြီ
Healthy Diet ကို ကိုယ်တိုင်ပြုလုပ်လိုသူများ နှင့်
ဝိတ်မတက်ချင်သူများအတွက် ဆန်လုံးညိုလေးတွေက အသင့်တော်ဆုံးဖြစ်ပီး အဆာလဲခံတယ်နော်။

ဆီးချိုသမားများ ၊ သွေးတိုးသမားများ နှင့်
ကျန်းမာရေးလိုက်စားသူများ အတွက်တော့
အထူးအသင့်တော်ပါတယ်။

ဆီးချို ၊သွေးတိုးသမားများ၊ ဝိတ်ထိန်းနေသူများ ၊ကျန်းမာရေးလိုက်စားသူများ အတွက် သင့်​တော်​​သော ဆန်လုံးညိုလေး အကျိူးကျေးဇူးများကတော့

✅ဝိတ်ကျစေနိုင်တယ်
ဆန်လုံးညိုက အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အစာခြေစနစ် ကျန်းမာစေနိုင်သလို ကိုယ်အလေးချိန် ထိန်းညှိနေသူတွေနဲ့ အထူးသင့်တော်ပါတယ်။

✅သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်
ဆန်လုံးညိုမှာ ထမင်းထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေနဲ့ အဆီက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL ကိုလက်စထရော) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။

✅ဆန်လုံးညိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။

✅ကင်ဆာ ကာကွယ်ပေးတယ်
ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေသလို အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အမျိုးမျိုးသော ကင်ဆာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အူမကြီး နဲ့ ရင်သားကင်ဆာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

✅ဆန်လုံးညိုမှာပါတဲ့ ဒြပ်ပေါင်းတွေက ကင်ဆာဆဲလ်တွေ မပြန့်ပွားအောင် ထိန်းချုပ်ပေးပြီး ကင်ဆာဆဲလ်တွေကို ခုခံနိုင်စေဖို့ ကိုယ်ခံအားကို အားဖြည့်ပေးပါတယ်။ ဆီးကျိတ်ကင်ဆာ ကာကွယ်ဖို့အတွက်လည်း ဆန်လုံးညိုကို စားပေးလို့ရပါတယ်။

✅အာရုံကြောစနစ် ကျန်းမာစေနိုင်တယ်
ဆန်လုံးညိုမှာ အာရုံကြောစနစ်ကို ကျန်းမာစေဖို့ အားဖြည့်ပေးတဲ့ manganese ပါဝင်နေပါတယ်။ manganese က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ fatty acids နဲ့ ဟော်မုန်းတွေ ထွက်ရှိအောင် အထောက်အကူပြုပေးပါတယ်။ အာရုံကြောစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

✅ဆန်လုံးညိုမှာပါဝင်နေတဲ့ Magnesium က ကိုယ်တွင်းက ကယ်လ်ဆီယမ်ပမာဏကို ထိန်းညှိပေးပြီး အာရုံကြော နဲ့ ကြွက်သားတွေကို ထိန်းညှိရာမှာ အထောက်အကူပြုပေးပါတယ်။ ဗီတာမင် E ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ဦးနှောက် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ဆန်လုံးညိုက သိမြင်မှုစွမ်းရည်ကို ကောင်းစေသလို အယ်လ်ဇိုင်းမားမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

✅ကိုယ်ခံအား မြှင့်တင်ပေးတယ်
ဆန်လုံးညိုမှာ ကိုယ်ခံအားကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်တွေ နဲ့ အပင်ဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။
ဆန်လုံးညို စားသုံးပေးတာက လိုအပ်တဲ့ အမျှင်ဓာတ်ကိုရော fatty acids ကိုပါ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

✅နှလုံး ကျန်းမာစေနိုင်တယ်
ဆန်လုံးညိုမှာပါတဲ့ အမျှင်ဓာတ်က သွေးကြောတွေထဲက အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး သွေးစီးဆင်းမှု ကောင်းစေသလို နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ဆန်လုံးညို စားသုံးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါမဖြစ်အောင် ကာကွယ်ပေးပြီး နှလုံးသွေးကြောကျဉ်းတာ၊ ကင်ဆာနဲ့ ဆီးချိုလိုမျိုး နာတာရှည်ရောဂါတွေမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

✅သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
ဆန်လုံးညိုက ထမင်းဖြူလိုမျိုး သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆန်လုံးညိုက သကြားဓာတ် ပါဝင်မှုနည်းပြီး အဆာခံစေတာကြောင့် သွေးတွင်းသကြားဓာတ် ရုတ်တရက် မြင့်တက်တာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်ပါသည်

17/04/2024

မြတ်သင့်ထူး
ဆန်စက်နှင့်ဆန်ရောင်းဝယ်ရေး
မိသားစုမှ
နှစ်သစ်မင်္ဂလာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု
ဆုမွန်ကောင်းတောင်းလိုက်ပါသည်

13/04/2024

နှစ်သစ်မင်္ဂလာသကြင်္န်
ရွှင်လန်းချမ်းမြေ့ကြပါစေ
🙏🏻🙏🏻🙏🏻

နှစ်သစ် မင်္ဂလာသကြင်္န်ရွှင်လန်းချမ်းမြေ့ကြပါစေ🙏🏻🙏🏻🙏🏻
13/04/2024

နှစ်သစ် မင်္ဂလာသကြင်္န်
ရွှင်လန်းချမ်းမြေ့ကြပါစေ
🙏🏻🙏🏻🙏🏻

26/03/2024

ဆင်းရဲတဲ့ လူတွေအများစုက ဘဏ်ကိုစက်ဘီးနဲ့
သွားပြီး ငွေသွားစုကြပါတယ် ။

ချမ်းသာတဲ့ လူတွေအများစုက ကားအကောင်းစားတွေ
စီးပြီး ဘဏ်မှာ ငွေသွားချေးကြ ပါတယ် ။

ဆင်းရဲတဲ့လူတွေ ပိုက်ဆံကို
ယူပြီး စီးပွားပြန်လုပ်ပါတယ် ။

ဆင်းရဲတဲ့လူတွေကို ခေါ်ပြီး
ကိုယ့်အလုပ်မှာ ပြန်ခန့်ထားကြပါတယ် ။

အဲ့ဒါကတော့ တကယ့်အကြီးမားဆုံး လှည့်ကွက်ကြီးပါပဲ ။

ဆင်းရဲတဲ့လူတွေကတော့
ပိုက်ဆံအားနေပေမယ့် အလုပ် လုပ်နေရပါတယ် ။

ချမ်းသာတဲ့လူတွေကတော့
လူအားနေပြီး ပိုက်ဆံက
အလုပ်လုပ်နေပါတယ် ။

ဒါကြောင့် ဦးနှောက်ကို
မသုံးဘူးဆိုရင် ခြေအင်အား
လက်အင်အား ခန္တာကိုယ်
အင်အားတွေကို အသုံး
ပြုရပါလိမ့်မယ် ။

အားလုံးလည်း အဖြေတစ်ခုခုကို နားလည်ပါစေလို့ ဆန္ဒပြု
လိုက်ပါတယ် ။

Crd
တစ်ချို့စီးပွားရေးလုပ်တာက ငွေရှိဖို့အဓိက မဟုတ်ဘူး

မြတ်သင့်ထူးဆန်ဆိုင်တွင် သမာဓိ premium quality ရွှေဘိုပေါ်ဆန်းမွှေး ကောင်းကောင်း  ဝယ်ယူအားပေးနိုင်ပါပြီ PH- 098760911    ...
25/02/2024

မြတ်သင့်ထူးဆန်ဆိုင်တွင် သမာဓိ premium quality ရွှေဘိုပေါ်ဆန်းမွှေး ကောင်းကောင်း ဝယ်ယူအားပေးနိုင်ပါပြီ
PH- 098760911
09428760911
09259818911

Address

Tanintharyi
Myeik
2010

Telephone

+9595641379

Website

Alerts

Be the first to know and let us send you an email when မြတ်သင့်ထူး ဆန်ရောင်းဝယ်ရေး မြိတ်မြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category