Aung Myat Photo Dry & Slipway Dock

Aung Myat Photo Dry & Slipway Dock Aung Myat Phyo Dock

09/09/2025

အလုပ်နဲ့ အတွေးကို ဂရုစိုက်ပါ

ငါကံဆိုးတယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ငါကံကောင်း နိုင်သေးတယ်လို့ပဲ တွေးပါ။

ငါဆင်းရဲလိုက်တာ မငြီးတွားပါနဲ့။
ငါချမ်းသာနိုင်သေးတယ်ဆိုတဲ့အသိနဲ့ ကြိုးစားပါ။

ငါအဆင်မပြေဘူးလို့ မတွေးပါနဲ့။
ငါအဆင်ပြေ နိုင်သေးတယ်လို့ပဲ တွေးပါ။

ငါလုပ်လို့ မရနိုင်တော့ဘူးလို့ မငြီးတွားပါနဲ့။
ငါ ဆက်လုပ်နေမယ်ဆိုရင်
အောင်မြင်မယ်ဆိုတဲ့အသိနဲ့ ကြိုးစားပါ။

အတွေးတွေကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်
ကောင်းတဲ့ အတွေးအမြင်တွေကသာ
သင့်ကို ကောင်းတဲ့ဘဝဆီ ခေါ်ဆောင်သွားမှာပါ။

ထို့အတူ အလုပ်ကိုလည်း ဂရုစိုက်ဖို့ လိုပါတယ်။
ကောင်းမွန်စွာ ကြိုးစားလုပ်ကိုင်ခြင်းကသာ
သင့်ကို ကောင်းတဲ့ဘဝဆီ ခေါ်ဆောင်သွားမှာပါ။

with respect - C r d

09/09/2025
09/09/2025

✨ အလုပ်ခွင်အတွင်းထားရှိရမည့်လူ့ကျင့်ဝတ်များ✨

အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုဟာ ဝန်ထမ်းတိုင်းရဲ့ လုပ်ဆောင်ပုံနဲ့ တာဝန်ခံမှုပေါ်မူတည်ပါတယ်။ အလုပ်ခွင်တွင်းလူ့ကျင့်ဝတ်က တကယ့်အားသာချက်တစ်ခုပါ။

✅ စွန့်စားလက်ခံနိုင်မှု
တာဝန်ပေးအပ်တာကို အပြည့်အဝဖြည့်ဆည်းနိုင်ရန် ကြိုးစားပါ။

✅ အချိန်ထိန်းသိမ်းမှု
အချိန်မှန်ခြင်းက ကိုယ်ပိုင်တာဝန်ယူမှုကို ပြသနေပါတယ်။

✅ စွမ်းဆောင်ရည်မြှင့်တင်မှု
မသိတာများကို လေ့လာ၊ တိုးတက်ရန် အစွမ်းကုန် ကြိုးစားပါ။မသိတာမေးဖို့မကြောက်ပါနဲ့။

✅ ယုံကြည်စိတ်ချရမှု
ပြောတာနဲ့ လုပ်တာ တူညီပြီး လိုအပ်ချိန်မှာ မိမိကို အားကိုးနိုင်စေပါ။

✅ အချင်းချင်းလေးစားမှု – အဖွဲ့လိုက် စည်းလုံးပြီး တစ်ဦးချင်း အဆင့်တန်းကိုလည်း လေးစားပါ။

💡 Ethic က တန်ဖိုးတစ်ခုသာမက ကိုယ့်အနာဂတ်အောင်မြင်မှုအတွက် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

09/09/2025
09/09/2025
09/09/2025
09/09/2025
09/09/2025

အလုပ်ကလူတွေကို မချစ်ပါနဲ့ 🤢🤢
အလုပ်ကလူတွေဆိုတာ ဝင်လာလိုက်ထွက်သွားလိုက်နဲ့ မမြဲတဲ့သဘောတွေပါ
လူသစ်တွေရောက်လာလိုက် လူဟောင်းတွေထွက်သွားလိုက်နဲ့ အလုပ်နေရာဟာ ယာယီနားခိုရာဇရပ်နဲ့တူပါတယ် တွေ့တုန်းအဆင်ပြေအောင်ကြိုးစားပြီး
မတွေ့တော့ရင်လည်း အမုန်းတွေပါမသွားအောင်သာ သတိထားပါ ။

အလုပ်ကိုချစ်ပါ
ကုမ္ပဏီကိုမချစ်ပါနဲ့ ၊ ရုံးကိုမချစ်ပါနဲ့
သူတို့ဟာ သင့်ကာယဉာဏအားတွေကို အသုံးချပြီး
လုပ်ငန်းလည်ပတ်အောင်လုပ်နေကြတာမျိုးပါ
သင်လုပ်နေနိုင်သေးသရွေ့ အခကြေးငွေပေးနေမယ်
ချီးမြှင့်မြှောက်စားနေမယ် ၊ ပွဲထုတ်နေမယ် ။
သင့်လုပ်အားလျော့သွားတဲ့တနေ့
သင့်ကို ဘေးဖယ်ထားလိုက်မှာဖြစ်ပါတယ်
မေတ္တာထားတယ်တို့ စေတနာထားတယ်တို့ဆိုတာ
အခုခေတ် ၉၉% သောအလုပ်တွေမှာမရှိပါဘူး
ဆန်ပေးလို့ ဆီပြန်ပေးနေကြတာချည်းပါပဲ ။

အလုပ်ကိုချစ်ပါ
အလုပ်ကိုကျွမ်းကျင်အောင်သာလေ့လာပါ
အလုပ်အပေါ် စေတနာထားပါ
ဘယ်အလုပ်ပဲလုပ်လုပ် အလုပ်ကိုလေးစားပါ
သင်ကျွမ်းကျင်နေရင် ဘယ်ကုမ္ပဏီပြောင်းပြောင်း
ဘယ်ရုံးပြောင်းပြောင်း ဘယ်နိုင်ငံရောက်ရောက်
ဘယ်နေရာမှာ ဘာရောင်းရောင်း သင့်အတွက်နေရာတစ်နေရာ အမြဲရှိနေမှာပါ

အလုပ်ကိုချစ်ပါ

အလုပ်နဲ့ရုံး
အလုပ်နဲ့ကုမ္ပဏီ
အလုပ်နဲ့လူ
သေချာခွဲခြားတတ်သွားရင်
ဘယ်ဟာက အဓိကလဲဆိုတာ သိလာပါလိမ့်မယ်

နှစ်သက်သဘောကျလို့ ကူးလာပါတယ် Credit To Owner

09/09/2025

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Aung Myat Photo Dry & Slipway Dock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share