Less Investment And Earn Easy Money Online

Less Investment And Earn Easy Money Online အရင်းနည်းနည်းနဲ့ဖုန်းရှိရုံနဲ့ရင်းနှီးမြုပ်နှံပြီးလွယ်လွယ်ကူကူနဲ့ငွေရှာနိုင်ပါပြီ။

မြိတ်မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ အအေးဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေဆိုင် နာမည်လေးကတော့ ချစ်ဦးမေ တဲ့နေရာကတော့ ပေါ်တော်မူဘ...
26/02/2020

မြိတ်မြို့မှာ အသစ်ဖွင့်လှစ်လိုက်တဲ့ အအေးဆိုင်လေးနဲ့ မိတ်ဆက်ပေးပါရစေ

ဆိုင် နာမည်လေးကတော့ ချစ်ဦးမေ တဲ့

နေရာကတော့ ပေါ်တော်မူဘုရားအလွန်၊ ဘိုးဘွားရိပ်သာနံဘေးက သေနတ်ပစ်ကွင်းထဲမှာပါ။

အေးချမ်းတယ်၊ တိတ်ဆိတ်တယ်၊ အအေးတွေလဲ စုံတယ်၊ အသုပ်တွေ၊ တခြားစားစရာတွေလဲ ရတယ်။

ဆေးလိပ်၊ အရက် လုံးဝမရောင်းတဲ့ အပြင် လူမျိူးဘာသာမရွေးစားသုံးနိုင်အောင် လုပ်ပေးထားလို့ အေးအေးဆေးဆေး လာရောက် အနားယူလို့ ရတယ်။

သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီး ဂိမ်းဆော့မလား ရတယ်။

စာမေးပွဲနီးလို့ စာတွေ အေးဆေး လာလုပ်ချင်လား ရတယ်။

ကိုယ့်ချစ်သူလေးနဲ့ တန်ဖိုးရှိတဲ့ အချိန်လေး အတူကုန်ဆုံးချင်လား ရတယ်။

အလုပ်ကိစ္စ၊ အရေးကြီးကိစ္စတွေ ဆွေးနွေးချင်သလား ရတယ်။

ချစ်စရာ ဘန်ဂလို အဆောင်လေးတွေနဲ့ ကျယ်ဝန်းလှတဲ့ ခြံဝန်းထဲ ပန်းပင်တွေကြားမှာ စားဖွယ်စုံ အအေးလေးနဲ့ လာရောက် စိတ်အပန်းဖြေဖို့ ဖိတ်ခေါ်ပါရစေ။

ဆိုင်ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် 27.2.2020 မှ 29.2.2020 ရက်အတွင်း လာရောက်စားသုံးသူ customer များကို 50% off အထူးစျေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်.......

မှတ်ချက် ..မနက်ဖြန် 27.2.2020ကို ဆိုင်ဖွင့်ပရိတ်တရားနာမည်ဖြစ်သောကြောင့် 2:00pmမှစ၍
ည7:00ထိ ဖွင့်ပါမည်။ .

ဆိုင်ဖွင့်ချိန်နံနက် ၁၀နာရီမှည ၈နာရီ

PUBG ထဲကလို လက်တွေ့စစ်တိုက်ဖို့ သင့်SQUADနှင့် အတူပျော်ရွှင်စရာအခိုက်အတန့်တွေ လာဖန်တီးလိုက်ပါ။💣 ဆေးရောင်ခြယ် သေနတ်ပစ်ကစား...
07/09/2019

PUBG ထဲကလို လက်တွေ့စစ်တိုက်ဖို့ သင့်SQUADနှင့် အတူပျော်ရွှင်စရာအခိုက်အတန့်တွေ လာဖန်တီးလိုက်ပါ။

💣 ဆေးရောင်ခြယ် သေနတ်ပစ်ကစားနည်း (Paintball) ဆိုတာကတော့ တစ်ဖွဲ့ကို လူဦးရေ ၂ ဦးမှ ၅ ဦးပါဝင်တဲ့ အသင်း နှစ်သင်းခွဲပြီး စစ်တိုက်တမ်း ကစားရတဲ့နည်းဖြစ်ပါတယ်... ပေ ၁၂၀ * ပေ ၁၆၀ ကျယ်တဲ့ ကွင်းထဲမှာ ကားအပျက်များ, တာယာအပုံများနှင့် အကာအကွယ်လုပ်ထားပေးတဲ့အတွက် တစ်ကယ့် စစ်မြေပြင်မှာရန်သူနဲ့ တိုက်ခိုက်ရသလို စိတ်လှုပ်ရှား ပျော်ရွှင်မှု ရစေမှာ အသေအချာပါပဲဗျာ..

💣သေနတ်အမျိုးအစားကတော့ ဆေးရောင်ခြယ်သေနတ်တွေဖြစ်ပါတယ်....ဆေးရောင်ပါဝင်တဲ့ ကျည်လုံးလေးတွေထည့်ပစ်ရပြီးတော့ ပစ်မှတ်ကို မှန်လျှင် ဆေးရောင်များစွန်းသွားစေမှာပါ....ဆေးစွန်းသူကို တိုက်ပွဲကျတယ်လို့ သတ်မှတ်ပါတယ်...

💣ကစားတဲ့အခါ အန္တရာယ်ကင်းစေဖို့ ကျည်ကာ,မျက်နှာကာ, အဝတ်အစားများကို အပြည့်အစုံအခမဲ့ငှားရမ်းပေးပါတယ်...ကွင်းဝင်ကြေးလည်း free ပါပဲ....
ကစားမည့်သူ အနေနဲ့ကျည်ဆံကိုပဲ ဝယ်ရမှာပါခင်ဗျာ...ကျည်အလုံး ၁၀၀ကို ၈၀၀၀ကျပ် သတ်မှတ်ထားပြီးတော့ လိုအပ်ရင်လည်း ကျည်ပိုထက်ဝယ်လို့ရပါတယ်.... ၁ဦးကိုအနည်းဆုံးကျည်(၁လုံး)စဝယ်ရပါတယ်

💣ကစားပွဲတစ်ပွဲရဲ့ ကြာချိန်ကို သတ်မှတ်ထားခြင်းမရှိဘဲ ၁ပွဲပြီး၁ပွဲ ကျည်မကုန်မချင်း ဆက်လက် ကစားနိုင်ပါတယ်ခင်ဗျာ...

💣ကစားနည်းကတော့ ၃ မျိုးရှိပါတယ်...
(1)ကျည်မှန်သူထွက် ကစားနည်း (ကျည်တစ်ချက်ထိတာနဲ့ အဲ့ဒီပွဲမှာသေတယ်လို့သတ်မှတ်ပါတယ်..တစ်ဖက်ကအသင်းသားအားလုံးကိုကျရှုံးအောင်အနိုင်ယူပစ်ခတ်ရတဲ့နည်းပါ)
(2) အလံလုကစားနည်း (တစ်ဖက် အသင်းရဲ့ အလံကို အရင်လုနိုင်တဲ့ အသင်းက နိုင်ပါတယ်)
(3)အချက်ရေတွက်နည်း (ကျည်ကုန်ထိပစ်လို့ရပြီး အချက်အရေအတွက်များများမှန်အောင်ပစ်နိုင်တဲ့ အသင်းကနိုင်ပါတယ်)

💣ဒီ ကစားနည်းဟာ အသင်းအဖွဲ့နဲ့ ကစားရပြီး တစ်ဖက်နဲ့ တစ်ဖက် အကြိတ်အနယ် ယှဉ်ပြိုင်ရတာမို့ အလွန်ပဲစိတ်လှုပ်ရှားပျော်ရွှင်ဖွယ် ကောင်းပါတယ်...
ကဲ..သူငယ်ချင်းတွေစုပြီး ကစားကွင်းကို အခုပဲသွားကစားဖို့ ဘိုကင်လုပ်လိုက်တော့ဗျာ!!
ဖုန်း 09446464484(မနက် ၉ - ညနေ ၅နာရီအတွင်း)

မှတ်ချက်။ ဆုကြေးငွေ ၃သိန်းရမယ့် ပြိုင်ပွဲကိုလည်း လာမည့်ပွင့်လင်းရာသီမှာ ကျင်းပပေးမှာဖြစ်တဲ့အတွက် မပါလိုက်ရဘူး မဖြစ်ရလေအောင် ကြိုတင်စာရင်းပေးထားနိုင်ပါသည်။ အသေးစိတ်ကိုတော့ Battlefield paintball club ရဲ့
chatboxမှာမေးမြန်းနိုင်ပါသည်။

photo credit to customers.

"ဟေ့ကောင်...... .ရှေ့မှာလေ............ပစ်..ပစ်.......ပုန်းမနေနဲ့.......ရှေ့ကိုတက်...........ပစ်"PUBG /COUNTER STRIKE ကစာ...
27/06/2019

"ဟေ့ကောင်...... .ရှေ့မှာလေ............ပစ်..ပစ်.......ပုန်းမနေနဲ့.......ရှေ့ကိုတက်...........ပစ်"

PUBG /COUNTER STRIKE ကစားနေတာ တော့မဟုတ်ဘူး။

ဂိမ်းတွေ၊ ပွဲတွေ ထဲကနေ လက်တွေ့ဘဝထဲ ကိုယ့်ရဲ့ အပစ်အခတ် စွမ်းရည် ကို စမ်းသပ်ကြည့်ဖို့ အချိန် ရောက်ပြီ။

နိုင်ငံတကာ ရန်ကုန် နဲ့ မန္တလေး တို့မှာ လူကြိုက်များနေတဲ့ Paintball ကစားနည်းကို မြိတ်မြို့ မှာပါ ဖွင့်လှစ်သွားမှာပါ။

BATTLEFIELD Paintball Club
Best Game For Maximum Excitement

တည်နေရာကတော့ ဘိုးဘွားရိပ်သာလမ်း၊ ဘိုးဘွားရိပ်သာ နံဘေး၊ ကလွင် မှာပါ။

ကွင်းဝင်ကြေးကတော့ မိုးရာသီကာလ အတွင်း 50% Discount ချပေးထားပါတယ်။

ကွင်းဝင်ကြေးရော၊ ဝတ်စုံငှါးခအပြည့်အစုံရော၊ ပြီးတော့ ကျည် ၃၀ ရောမှ ၂၅၀၀ ကျပ်ထဲပါ။

အရမ်းကို တန်နေပြီနော်။

အထူးသတိပြုရမှာကတော့ ကစားလျှင် လက်မှတ်ဝယ်ပြီးမှ ကစားရမှာပါ

ဘာကြောင့်လက်မှတ်ဝယ်ပြီးမှ ကစားရမလဲ။

လက်မှတ်ဝယ်ထားရင် ကိုယ့်သူငယ်ချင်းတွေကို ကြိုတင်ချိန်းထားလို့ ရတဲ့အပြင် ကွင်းရောက်မှ ဟိုလူနောက်ကျ ဒီလူမလာ ဖြစ်အောင် ကာကွယ်ပြီးသားဖြစ်တာပေါ့။ ပြီးတော့ လူနည်းနေတဲ့ အသင်းတွေကိုလဲ ကြိုတင်လက်မှတ်ဝယ်ထားသဖြင့် တခြား အသစ်တွေနဲ့ ချိန်းပေးပြီး ပြိုင်ပွဲတွေ လုပ်ပေးရတာပေါ့။

ကဲ လက်မှတ်တွေ ဝယ်ရမယ့်နေရာတွေကတော့

The only 3D Cinema in Myeik
Hello 3D Cinema
ရုံဟောင်းလမ်း၊ မြစ်ငယ်ရပ်
Ph: 09770009554/ 09444465253

No.1 Fashion Shop
Genji Fashion House
ကန်ဖျားမြေနီလမ်း၊ မိုးလုံလေလုံအရှေ့၊ ကန်ဖျားရပ်

The first Paintball Club in Myeik
BATTLEFIELD Paintball Club
ဘိုးဘွားရိပ်သာနံဘေး၊ ကလွင်ရပ်
Ph: 09446464484

Paintball ကစားနည်းဟာ ဘာလဲ။
Paintball ကစားနည်းဟာဆိုရင် ပေ (၁၀၀*၁၂၀) ကျယ်တဲ့ ပစ်ကွင်းထဲမှာ ကားအပျက်များ၊ တိုင်ကီများနဲ့ တာယာပုံများ ခင်းကျင်းထားပြီး တစ်ဖက်လျှင် လူ (၃) ဦးမှ (၆) ဦးအထိ အဖွဲ့နှစ်ဖွဲ့ ခွဲကာ တကယ့်စစ်မြေပြင်မှာ ရန်သူကို တိုက်ခိုက်ရသလို ဆေးရောင်ခြယ်သေနတ်ဖြင့် ပစ်ခတ်ရတဲ့ အားကစားနည်းပါ။

Paintball သေနတ်ကတော့ လေအားကို အသုံးပြုပြီး မောင်းဆွဲစရာမလိုဘဲ ဆက်တိုက်ပစ်ခတ်ရတဲ့ သေနတ်အမျိုးအစားပါ။

Paintball ကျည်ကတော့ အခွံမာမာ နဲ့ ဆေးရောင်ပါဝင်တဲ့ ဘောလုံးလေးတွေ ဖြစ်ပြီး ပစ်မှတ်မှန်လျှင် ခန္ဓာကိုယ် ပေါ်မှာ အရောင်တွေစွန်းသွားစေပါတယ်။ ဘောလုံးထဲကအရည်တွေကို ဘေးဥပဒ် မရှိတဲ့ ရေမှာပျော်ဝင်နိုင်တဲ့ ဆိုးဆေးတွေသုံးထားပြီး ပါးစပ် ထဲဝင်သွားရင်တောင် ဘာမှမဖြစ်ပါဘူး။

လူငယ်၊ လူလတ်၊ လူကြီး၊ ကျားမ မရွေး Paintball ကစားလို့ရပါတယ်။

Paintball ကစားတော့မယ်ဆိုရင် ကျည်ကာအဝတ်အစားတွေဖြစ်တဲ့ မျက်နှာဖုံး၊ လည်ကာ၊ ဝတ်စုံ၊ ရင်ကာ၊ လက်အိတ်၊ ဖိနပ် တို့ကို ကစားသမားတိုင်းဝတ်ဆင်ပြီးမှ ကစားရမှာပါ။ ဝတ်စုံပြည့် ဝတ်လိုက်တာနဲ့ ရှေ့တန်းထွက်တဲ့ စစ်သားပုံလို့ ဖြစ်သွားမှာသေချာတဲ့ အတွက် Selfie ဆွဲ လို့ ကောင်းမှာ အသေအချာပါဘဲ။

ကစားဖို့အတွက်ကျတော့ ကျောင်းနေဖက်သူငယ်ချင်းတွေ၊ မိသားစုတွေ၊ အမျိုးတွေ၊ ဝန်ထမ်းတွေ လုပ်ဖော်ကိုင်ဖက်တွေ စုပြီး လာခဲ့ယုံပါဘဲ။

ရာသီဥတု ကိုလဲ မစိုးရိမ်ပါနဲ့။ နွေရာသီဆိုလျှင် သစ်ပင်ရိပ်တွေ၊ ကင်းပုန်းစခန်းလို အမိုးအကာတွေရှိနေမှာဖြစ်ပြီး မိုးရာသီဆိုရင်တော့ နေမပူတဲ့အပြင် ငယ်တုန်းကလို မိုးရေထဲ ကစားရမှာဖြစ်တာကြောင့် ပိုပျော်စရာကောင်းမှာပါ။ မိုးရွာလို့ ရွံ့တွေ၊ ဗွက်တွေ ပေမှာစိတ်မပူပါနဲ့။ ရေချိုးခန်းအပြင် ဆပ်ပြာ၊ ခေါင်းလျှော်ရည် အကုန် ရှိတာမို့ ဆော့ပြီးလဲ သန့်ပြန့် စွာ ပြန်သွားလို့ရပါတယ်။

နေ့စဉ်နဲ့အမျှ မွန်းကြပ်နေတဲ့ မြို့ပြအဖွဲ့အစည်းမှာ သွားလာလှုပ်ရှားလုပ်ကိုင်ရတာ Stress တွေပိ၊ ငြီးငွေ့ လွန်းလှပါတယ်။ အလုပ်ခွင်ဆိုတာ ကိုယ်ရဲ့တနေ့တာရဲ့ သုံးပုံ တစ်ပုံကို ဖြတ်သန်းရတဲ့နေရာပါ။ အလုပ်ကလူတွေနဲ့လဲအဆင်ပြေချင်၊ သူငယ်ချင်းတွေနဲ့လဲ အချိန်ပေးချင်၊ ကျန်းမာရေးအတွက်လဲ အထောက်အကူ ပြုချင်တယ်ဆိုရင်တော့ Paintball. ကစားနည်း က အကောင်းဆုံးပါ။

Paintball မှာ သင်သတိမထားမိတဲ့ ကောင်းကျိုးတွေရှိပါတယ်။

1. အဖွဲ့လိုက်ကစားရတဲ့ကစားနည်းဖြစ်တဲ့အတွက် Teamwork ပိုကောင်းစေပြီး ကစားကွက်တွေကိုလဲ စဉ်းစားရတဲ့အတွက် လူမှုဆက်ဆံရေး၊ မိမိကိုယ်ကို ယုံကြည်မှု၊ လုပ်ကိုင်နိုင်စွမ်း၊ ဦးဆောင်နိုင်စွမ်း စကေးတွေကို မြင့်မားလာစေမှာပါ။

2. စိတ်ဖိစီးမှုကို ဖြေဖျောက်ပေးပြီး ငယ်ဘဝကို ပြန်ရောက်သွားစေမှာပါ။

3. ကွင်းထဲမှာ ဟိုပြေး၊ဒီပြေး ပုန်းလိုက်ထလိုက်နဲ့ဆိုတော့ GYM ဆော့သလို ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ရော၊ အပျော်ရော ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တာပေါ့။

ဒီလို ကာယ၊ဥာဏ တွေ ကောင်းမွန် မြင့်မားလာစေနိုင်တဲ့ Paintball ကစားနည်းကို

--------------------------28.6.19 (Friday)--------------------------

မှာ ဖွင့်တော့မှာ ဖြစ်သောကြောင့်
အားပေးကြပါလို့ လူတွေစုထားကြပါလို့ တောင်းဆိုချင်ပါတယ်။

28.6.19 (Friday) တွင် ပြိုင်ပွဲများ ကျင်းပမည်ဖြစ်သောကြောင့် လက်မှတ်များအား 29.6.19(Saturday) နှင့် နောက်ရက်တွေမှသာ ရောင်းချပေးသွားမှာပါ။

Address

Myeik

Website

Alerts

Be the first to know and let us send you an email when Less Investment And Earn Easy Money Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share