Minthein Cele

Minthein Cele Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minthein Cele, Business service, Nam-Lin-Khan.

16/07/2020

Myanmar (Unicode):
ဆုကြီးတွေကံထူးရင်း ပိုပိုပြုံးပြီး ပိုပိုပျော်ဖို့ ready ပဲလား။
ဒါဆိုရင်တော့ တယ်လီနောရဲ့ "တုံ့ပြန်ကျေးဇူး ဆုတွေမြူး" အစီအစဉ်မှာပါဝင်ပြီး "ပိုပိုပြုံး"ဂိမ်းကို ဆော့လိုက်တော့နော်။ ကျပ်သိန်းသန်းပေါင်းများစွာ တန်ဖိုးရှိ သေချာပေါက် နေ့စဉ်ဆုလက်ဆောင်တွေ ၊အပတ်စဉ်ဆုလက်ဆောင်နဲ့ အထူးဆုကြီး ကို "ပိုပိုပြုံး"ဂိမ်းကစားရင်း ကံထူးလိုက်ပါ။ တယ်လီနောစတင်သုံးစွဲသူတွေအတွက်လည်း ပိုပိုပြုံးရဲ့ ဆုလက်ဆောင်တွေအပြင် အခြားလက်ဆောင်တွေလည်းရနိုင်မှာဖြစ်လို့ အားလုံးပိုပိုကံထူးပြီး ပျော်နိုင်ပြီပေါ့။
ဆုလက်ဆောင်တွေကို အသေးစိတ်သိရဖို့ ဒီဗီဒီယိုလေးကို အခုပဲ ကြည့်လိုက်နော်။
အသေးစိတ်သိရှိရန်- https://www.telenor.com.mm/my/personal/thank-you-myanmar-program
MyTelenor App ကိုရယူရန်- http://bit.ly/mytelenormm

English:
Thank You Myanmar!
As a token of thanks from Telenor now enjoy “Assured Rewards” with “Thank You Myanmar “ Offer.

Amazing rewards for both existing Telenor customers, as well as fantastic welcome rewards for all new Telenor customers!
If you are already a Telenor customer, then go to MyTelenor App now and play “Popo Pyone” to get assured instant and lucky mega reward.

And for all those still waiting to buy Telenor SIM, get your Telenor SIM now & start enjoying amazing welcome rewards from Telenor!
Check this video now to know more about the amazing “Thank You offer” from Telenor.
For more information, please visit- https://www.telenor.com.mm/my/personal/thank-you-myanmar-program
Click here to download/ update MyTelenor App- http://bit.ly/mytelenormm

ငှက်ကလေးတွေ လွှတ်ကြမလား….???ဒီအလေ့အကျင့် ဘယ်သူက ဘယ်အချိန်မှာ စခဲ့သည်လဲ ကျွန်တော် မသိ၊ အခုတော့ အတော်ကို တလွှဲ အသုံး ချနေက...
07/03/2020

ငှက်ကလေးတွေ လွှတ်ကြမလား….???

ဒီအလေ့အကျင့် ဘယ်သူက ဘယ်အချိန်မှာ စခဲ့သည်လဲ ကျွန်တော် မသိ၊ အခုတော့ အတော်ကို တလွှဲ အသုံး ချနေကြပါပြီ၊ လူတွေ သနားတတ်တာ ယုံကြည်မှု လွန်ကဲတာတွေကို ကောင်းကောင်း အသုံးချ၊ စီးပွါးရေး တစ်ခုအသွင် ဖြစ်လာသည်။ သူဌေးဖြစ် စီးပွါးရေး မဟုတ်ပေမင့် ပျက်စီးဆုံးရှုံးမှုကတော့ အတိုင်းအဆ မသိနိုင်။ သို့သော် ထိုပျက်စီးဆုံးရှုံးမှုကို လုပ်နေသူတွေအများစုက မသိကြပါချေ။ ထိုအလုပ်ကြောင့် ပျက်စီးဆုံးရှုံးသည် က သဘာ၀ပတ်၀န်းကျင်၊ ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီး၏ မှန်ကန်စွာ လည်ပတ်နေသော ဂေဟ စနစ် တို့ ဖြစ်သည်။ ထိုအလုပ်ကတော့ ငှက်များကို ဖမ်းကာ ဘေးမဲ့လွတ်လိုသူများထံ ပြန်လည် ရောင်းချခြင်း။

ယခင်က ဘေးမဲ့လွှတ်ကြသည်ဆိုသည်က သားသတ်ရုံ၊ စျေးသည်၊ သို့မဟုတ် မုဆိုးတို့ထံမှာ အခကြေးငွေ ပေးကာ ၀ယ်ယူသည်။ ထို့နောက် ဘေးမဲ့ လွှတ်ကြသည်။ ယခုက ထိုသို့မဟုတ်၊ အထူးသဖြင့် ငှက်များကို ဘေးမဲ့လွှတ်လိုလျင် တန်းခိုးကြီး ဘုရားများနှင့် လူစည်ကားရာ နေရာများတွင် အလွယ်တကူ ရနိုင်သည်။ မိမိတတ်နိုင်သော ငွေကြေး၊ မိမိ လွှတ်လိုသော အရေအတွက် ကြိုက်သလောက် စီစဉ်နိုင်၏။ တစ်ချိန်တစ်ခါက နိုင်ငံတော်အခမ်းအနားကြီးများတွင်ပင် ငှက်ကလေးများ ဘေးမဲ့လွှတ်သည်ကို တွေ့ခဲ့ဖူးသည်။ ကောင်ရေ ရာဂဏန်း၊ ထောင်ဂဏန်း ချီကာ လွှတ်ကြခြင်း။ ငှက်လွှတ်သူများကတော့ ပျော်ပျော်ရွှင်ရွှင် ထိုငှက်ကလေး များကို လွှတ်လိုက်ကြသည်။ ထိုငှက်ကလေးတွေ ဘယ်ကရသည် ဘယ်လိုဖမ်းသည်ဆိုသည့် အကြောင်းကို ထိုငှက်လွှတ်သူများ စဉ်းစားမိပါရဲ့လား။

ငှက်ရောင်းသည့် လုပ်ငန်းသည် ပေါ့သေးသေးမဟုတ်တော့ပါ။ အထူးသဖြင့် ရန်ကုန်၊ မန္တလေး မြို့ကြိးများတွင် လက္ကားရောင်းသူများ ရှိကြသည်။ ဘုရားများ၊ လူစည်ကားရာ လက်ဖက်ရည်ဆိုင်၊ စျေး စသည်တို့တွင် လက်လီ ရောင်းချလိုသူများက ထိုလက္ကားဆိုင်များသို့ နံနက်စောစော သွားရသည်။ လိုသလောက် ၀ယ်ကာ မိမိ ရောင်းလိုသည့် နေရာတွင် ပြန်လည် ရောင်းချကြသည်။ အရှင်ရောင်း နိုင်မှ စျေးပိုရသည်။ သို့အတွက် မသေအောင်တော့ ဂရုစိုက်ရသည်။ အစာကျွေးသည်။ ရေတိုက်သည်။ မသေရန်သာ၊ အချို့ငှက်ကလေးများက ၀ယ်လွှတ်သူက လွှတ်သည့်တိုင်း မပျံနိုင်ကြ၊ လှောင်အိမ်အတွင်း ကြောက်လန့်ကာ ရုံးကန်နေခြင်းကြောင့် ပင်ပန်းနေကြသည်။ အတောင်ညောင်းကာ မပျံနိုင်။ အားမရှိကာ မပျံနိူုင်။ ဆိုးသည်က သဘာ၀အတိုင်း နေထိုင်ကျက်စားနေသော ငှက်ကလေးများကို သူတို့ ပတ်၀န်းကျင်နှင့် မတူညီသော မြို့ပြနေရာများအတွင်း ပြန်လွှတ်သည့်အခါ မရှင်သန်နိုင်၊ ရှင်သန်နိုင်ရာ ဒေသသို့ မရောက်ခင်မှာပင် သေကြသည်။ ဖမ်းမိစဉ်က ကြောက်စိတ်၊ လှောင်အိမ်အတွင်း ကြပ်ညပ်ကာ နေရခြင်း၊ ရုန်းကန်မှုကြောင့် အားအင်ကုန်ခန်းခြင်းတို့ဖြင့် အချို့က မလွှတ်ခင် သေကြသည်။ လက်လီရောင်းသူများ အတွက် ငှက်သေသွားလျင် အရှုံး၊ သို့သော် အချို့ကတော့ ဟင်းစား လုပ်လိုက်ကြတော့သည်။

လက္ကားရောင်းသူများကကော ငှက်များကို မည်သို့ ဖမ်းကြပါသနည်း။ စာဖတ်သူများ တွေ့ဖူးပါလိမ့်မည်။ အချို့ငှက်ရောင်းသူများထံတွင် ဇီးကွက်လို၊ လင်ကောင်ပိုး တို့လို ငှက်ကြီးများ ပါလာတတ်သည်။ ထိုငှက်များကို စျေးကြီးကြီး ရောင်းကြသည်။ သို့သော် အများစုဖမ်းကြသည်က အကောင်အရေအတွက် များများ ရနိုင်သော စာကလေး မျိုးစုံ၊ ဘွတ်ကလုံ၊ ဆက်ရက် စသည်များ။ သို့မှသာ နေ့စဉ် ရောင်းသည့် လက်လီသမားများကို ဖေါက်သည် ပေးနိုင်မည်။ သူတို့ ဖမ်းသည်က သတ်ရောင်းဖို့ မဟုတ်။ စားသောက်ဆိုင်သွင်းဖို့ မဟုတ်။ သို့သော် သူတို့ကလည်း စနစ်ကျသည်။ လုပ်ငန်းကြီးသည်ဟု ဆိုနိုင်သည်။ မည်သည့် နေရာတွင် မည်သည့် နေ့ရက်တွင် မည်သည့် ငှက်ဖမ်းမည်ဆိုသည်မျိုး အစီအစဉ် ရှိကြသည်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လို ငှက်တွေ သားပေါက်သည်ကို သူတို့ သိကြသည်။

ပိုဆိုးသည်က သူတို့ ငှက်ဖမ်းသည့် စနစ်များ၊ အချို့က ငှက်များ အိပ်တန်းတက်ရာ သစ်ပင်ကြီးများအနီးတွင် ဖမ်းကြသည်။ တစ်ဖက်က ပိုက်ထောင်ကာ တစ်ဖက်က မီးထွန်းသည်။ ငှက်များက လန့်ကာ မှောင်သည့်ဖက် သို့ ပျံကြသည်တွင် ပိုက်ကွန်အတွင်းသို့ ရောက်ကြရသည်။ ထို့ထက်ဆိုးသည်က မျိုးတူငှက်ကလေးများဖြင့် ထောင်ဖမ်းကြခြင်း။ ချိုး၊ ခါ စသော ငှက်ကလေးများကို ဖမ်းသည့်အခါတွင် မျိုးတူငှက်များဖြင့် ဖမ်းကြသည် ဟု ကြားဖူးခဲ့သည်။ တည်ငှက်များ၏ ခေါ်သံကြောင့် အနားရောက်လာသော ငှက်ကလေးများကို ဖမ်းခြင်းဖြစ်၏။

ယနေ့ခေတ်တွင် ထို့ထက် ဆိုးသည်။ စာ၊ ပျံလွှား စသော ငှက်ကလေးများကို ကြိုးတွင် တန်းကာ ချည်ထားသည်။ ထို့နောက် အစာရှိသော ကွင်းပြင်တွင် ကြိုးနှင့် ချည်ထားသော ငှက်ကလေးများကို ချထား လိုက်သည်။ ထိုငှက်ကလေးများက လွတ်မည်ထင်ကာ ပျံကြသည်။ ရုန်းကန်ကြသည်။ အမှတ်တမဲ့ ကြည့်က ငှက်ကလေးများ လွတ်လပ်စွာ သဘာ၀အတိုင်း အစာရှာနေသယောင်။ ငှက်ဖမ်းသူက အနီးအနား ချုံပုတ် စသည်တို့ကို အကာအကွယ်ယူကာ စောင့်နေသည်။ အဆင်သင့် တပ်ဆင်ထားသော ပိုက်ကွန်ကို ထိန်းချုပ်ထားသည့် ကြိုးကို ကိုင်လျက်။ အခြား မျိုးတူ ငှက်များကလည်း ထိုနေရာသို့ ရောက်လာ ကြချိန်တွင်မတော့ ပိုက်ကွန်ကြိုးကို ဆွဲလိုက်ရုံသာ။ နောက်တစ်မျိုး တွေ့ဖူးပါသေးသည်။ ငှက်သေများကို သစ်ကိုင်း၊ ဝါးစသည်တို့ဖြင့် ထိုးကာ ထောင်ထားကြ၏။ အဝေးက ကြည့်လျင် ငှက်ကလေးများ သစ်ကိုင်းပေါ်တွင် နားနေသယောင်ယောင်။ အခြားငှက်များ ရောက်လာချိန်တွင်မတော့ အထက်က အတိုင်း ပိုက်ကွန်ကြိုးကို ဆွဲလိုက်ရုံမျှသာ။

အခကြေးငွေ ပေးကာ ငှက်လွှတ်ကြသူများ တွေးကြည့်စေချင်ပါသည်။ ငှက်ဖမ်းသူများ၏ စီးပွါးရေးကို အားပေးသင့်၊ မသင့် စဉ်းစားစေချင်ပါသည်။ အခကြေးငွေ ပေးကာလွှတ်လိုက်သည့်အခါ ရှင်သန်လွတ်မြောက် သွားကြသော ငှက်ကလေးများ ရှိသည်ကို နားလည်ပါသည်။ လက်ခံပါသည်။ သို့သော် ငှက်ဖမ်းသူများက ၀ယ်သူရှိနေလျင် သူတို့အတွက် ၀င်ငွေ ရှိနေလျင် ငှက်ကလေးများကို ဆက်ဖမ်းနေကြပါဦးမည်။ သေသည့် ငှက်ကလေးများ သေကြပါဦးမည်။ ထိုထက်ဆိုးနိုင်သည်က သဘာ၀ ဂေဟစနစ်ကို ပျက်ယွင်းစေခြင်း…။

မေးစရာ ရှိပါ၏။ တို့က ငှက်ကလေးကို ပိုက်ဆံပေး ၀ယ်လွှတ်တာ ကုသိုလ်ရချင်လို့.. ဘယ်လိုဘယ်အကြောင်း ကြောင့် သဘာ၀ ဂေဟစနစ်ကို ထိခိုက်စေပါသနည်း….။ သာမန်ကြည့်လျင်တော့ မသက်ဆိုင်ဘူးဟု ထင်နိုင် ပါသည်။ ကျွန်တော် ပညာရှင်တစ်ယောက် မဟုတ်ပါ။ နားလည်သမျှ ပြောပါမည်။
သမင်သည် ကျား၏ အစာဖြစ်သည်။ ငါးသည် ဗျိုင်း၏ အစာဖြစ်ပါသည်။ ထိုအချက်များကို ကျွန်တော်တို့ လူသားများ လက်ခံရပါသည်။ ငါးကြီးသည် ငါးအငယ်လေးများကို စားမည်သာ။ သဘာ၀တရားက ဖြစ်တည်နေ ခြင်းဖြစ်သည်။ လိပ်ပြာဖြစ်မည့် ပိုးလောင်းများကို ငှက်များက စားသော်လည်း လိပ်ပြာလေးတွေ ရှိနေမြဲ ဖြစ်သည်။ လိပ်ပြာများရှိလျင် ပန်းတွေ ပိုပွင့်သလို သစ်ပင်များ ပိုသီးကြသည်။ အသီးမှတဆင့် အပင်သစ်များ ဖြစ်လာသည်။ ထိုအပင်များတွင် ငှက်ကလေးများ နေကြသည်။ လိပ်ပြာလေးတွေ သားပေါက်တော့ ပိုးလောင်း များက ငှက်ကလေးများအတွက် အစာ….။ ထိုအရာသည် သဘာဝြဖစ်တည်မှု။

ငှက်ဖမ်းသူ၊ ငှက်ရောင်းသူများထံတွင် မိန်ကောင် ခေါ် လင်ကောင်ပိုး ငှက်များကိုတွေ့ဖူးပါသည်။ တစ်ခါတစ်ရံ ဇီးကွက်များ ကိုလည်း တွေ့သည်။ လင်ကောင်ပိုးငှက်များ၏ အစာသည် လယ်ကြွက်များဟု ကျွန်တော် မှတ်သားမိပါ၏။ သို့ဆိုလျင် ထိုငှက်များ မရှိတော့လျင် သဘာ၀က ပေးထားသော အကာအကွယ်တစ်ခု ကျွန်တော်တို့ ဆုံးရှုံး သည်ဟု မဆိုနိုင်ပါသလော။ နောက်တွေ့ဖူးသော ငှက်တစ်မျိုးမှာ ဗျိုင်းအောက်နှင့် လင်း၀က် တို့ဖြစ်သည်။ မကြာခင်ကာလတစ်ခုက ရန်ကုန်မြို့ လှည်းတန်းစျေးတွင် ငဟစ် ငှက်ကြီးများ ရောင်းနေကြောင်း လူမှုကွန်ယက်စာမျက်နှာတွင် တွေ့မိသည်။ ဗျိုင်းစသော ငှက်များသည် လယ်ကွက်များတွင် ကျက်စားသည်။ ငါး၊ ပုစွန်၊ ဂဏန်းတို့ကို စားကြသည်။ ထို့အတူ ငဟစ်၊ ခရုစုပ်၊ ခရုတုပ်ငှက်များသည်လည်း ထိုလယ်ကွင်းများ ရေတိမ်ဒေသများတွင် ကျက်စားကာ ခရုအစရှိသော သတ္တဝါငယ်များကို စားကြသည်။ လယ်ကွင်းများတွင် ခရုများ အကောင်ငယ်များ များလွန်လျင် မကောင်းသည်က အသေအချာ၊ ထိုငှက်များသည် ကျွန်တော်တို့ လူသားများကို အကျိုးမပြုပါသလော။

ယခု ကျွန်တော် ပြောသမျှသည် သာမန်အသိ၊ သာမန်အတွေးသာဖြစ်သည်။ ပညာရှင်များ တတ်သိနားလည် သူများ ထိုထက်မက ပြောစရာ ရှင်းပြစရာတွေ ရှိကြပါလိမ့်မည်။ သေချာသည်က သဘာ၀အတိုင်း ရှင်သန်နေ ထိုင်ကြသော သတ္တဝါများကို အလွန်အကျူး ဖျက်ဆီးခြင်းသည် သဘာဝလောကကြီးအတွက် မကောင်းနိုင် ဆိုသည့် အချက်။ ထိုသဘာ၀ လောကကြီးအတွင်း ရှင်သန်နေထိုင်ကြသော ကျွန်တော်တို့ လူသားများအတွက် လည်း ဆိုးကျိုးများသာ ဖြစ်လာမည်မလွဲ။ သဘာ၀ကို သဘာ၀အတိုင်း ရှင်သန်စေသင့်ပါသည်။

သဘာ၀အတိုင်း ရှင်သန်စေလိုသည် ဆိုခြင်းအတွက် ဆက်စပ်သော အကြောင်းတစ်ခု တင်ပြပါဦးမည်။ အချို့သော စေတနာရှင်များက ငှက်ကလေးများကို အစာကျွေးကြသည်။ အထူးအားဖြင့် မြို့ကြီးများတွင် ဖြစ်၏။ အထင်ရှားဆုံး ဥပမာသည် ရန်ကုန်မြို့တွင် ခိုစာကျွေးကြခြင်း။ သဘာ၀အတိုင်း ရှာဖွေ စားသောက် သောအမူအကျင့်များ ပျက်ဆီးကာ လူသားတို့၏ ကျွေးမွေးသော အစာပေါ်မှီခိုလာကြသည်။ ရလာဒ်သည်ကား ဂေဟစနစ်ပျက်သုန်းခြင်း၊ ပုံမှန်အစားအသောက်မဟုတ်ပဲ တစ်မျိုးတည်းကိုသာ မှီခို စားသောက်ရသောကြောင့် ဇီ၀ကမ္မဖြစ်စဉ်များ ပြောင်းလဲကာ သားပေါက်နှုန်း တိုးလာခြင်းနှင့် ထိုမှတဆင့် လူသားတို့အတွက် အနှောင့် အယှက်တစ်ခု ဖြစ်လာခြင်းဖြစ်သည်။ အချို့သော နိုင်ငံများတွင် သဘာ၀အတိုင်း ရှင်သန်နေကြသော ငှက်များကို အစာကျွေးခွင့် မရှိ၊ ကျွေးလျင် ဒဏ်ရိုက်သည်။ အပြစ်ပေးသည် ဆိုသည်မှာ အထက်ပါ အကြောင်း များကြောင့် ဖြစ်ပါသည်။

ငှက်များကို အလွန်အကျွန် ဖမ်းဆီးခြင်းနှင့် ပတ်သက်လျင် ထည့်သွင်း စဉ်းစားရမည့် အချက်တစ်ခုမှာ ရှားပါး ငှက်များ မျိုးတုန်း ပျောက်ကွယ်သွားနိုင်ခြင်း ဖြစ်ပါသည်။ ကမ္ဘာတွင် မျိုးတုန်းလုနီးပါ ဖြစ်နေသောကြောင့် ကာကွယ်ထားသော ငှက်မျိုများ များစွာရှိသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ထိုငှက်မျိုးစိတ်အချို့ ရှိသည်။ အချို့သော မျိုးစိတ်များက မြန်မာနိုင်ငံတွင် နေထိုင်ကြသည်။ အချို့က ဆောင်းတွင်းကာလတွင် ဆောင်းခိုလာကြသည်။ ထိုမျိုးစိတ်များကို ယခင်က တွေ့ဖူးသည့် မှတ်တမ်းများ ရှိသော်လည်း အချို့ကို ယခုနှစ် များတွင် မတွေ့ရတော့ပါ။ ငှက်ကြည့်ဝါသနာရှင်များ ပိုမိုများပြားလာသော ယနေ့ခေတ်တွင်ပင် မှတ်တမ်းတင်နိုင်ခြင်း မရှိတော့သော၊ ထပ်မံ မတွေ့ရတော့သော ငှက်မျိုးစိတ်များ ရှိနေပါပြီ။ ငှက်ဖမ်းသူ များထံတွင် ထိုငှက်ကလေးများ ပျောက်ကွယ်သွားကြ သလော ကျွန်တော်တို့ မသိနိုင်တော့ပါ။ ထိုငှက်ကလေးများက ဆောင်ရွက်ပေးနေသော သဘာ၀တာ၀န်များကို မည်သူက အစားထိုး ဆောင်ရွက်ကြမည်နည်း။

ဆောင်းခိုငှက်အကြောင်း ဆက်စပ်လာသောကြောင့် ပြောစရာ ရှိပါသေးသည်။ ကုသိုလ်ရဖို့ ငှက်လွှတ်သူများ အတွက် ဖမ်းရောင်းသူများ ရှိသလို စားသုံးသူ စျေးကွက်အတွက် ဖမ်းကြသည့် ငှက်များလည်း ရှိနေပါ၏။ ထိုငှက်များတွင် အဓိက ပါ၀င်သည်က ဆောင်းခိုလာရောက်ကြသော ဟင်္သာ၊ ဘဲရစ်၊ ဘဲကျား စသော ငှက်များ ဖြစ်ကြသည်။ သာမန်အားဖြင့် ကြည့်လျင် ထိုငှက်များသည် ကျွန်တော်တို့ လူသားများ မွေးမြူကာ စားသေက်ဆိုင်များတွင် ရောင်းချနေသော ဘဲများ ငန်းများနှင့် အတူတူပင်။ သို့အတွက်လည်း ထိုငှက်များကို သဘာ၀တွင် နည်းမျိုးစုံဖြင့် ဖမ်းကြသည်။ ငွေကြေး အရင်းအနှီး ထုတ်ပေးကာ ဆောင်းခိုငှက်များ နေထိုင် ကျက်စားသည့် နေရာဒေသများရှိ ဒေသခံများကို ဖမ်းခိုင်းသည်။ ပိုက်ဖြင့် ဖမ်းသည်။ အချို့ဆိုလျင် ငှက်များ ကျက်စားရာ ရေစပ်များတွင် အဆိပ်ချကာ ဖမ်းသည်ဟု ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။ ယခင်က ထိုငှက်များကို ဒေသဆိုင်ရာ စျေးများတွင်သာ ဟင်းစားအဖြစ် ရောင်းချကြသည်ကို တွေ့ခဲ့ဖူးပါ၏။ ယနေ့ခေတ်တွင်မတော့ အရှင်ဖမ်းမိသော ငှက်များကို ခြံဖြင့် မွေးကာ လိုအပ်ချိန်တွင် လိုအပ်သလို ရောင်းချ နေသည်များကို တွေ့ရသည်။ ထိုသို့ လက္ကားရောင်း၀ယ်ကြသူများက ဒေသခံများထံမှ ၀ယ်သည့်အခါ ဘဲ တစ်ကောင်ကို ကျပ် ၃၀၀၀ ခန့် ပေး၀ယ်သည်ဟု သိရသည်။ တစ်ည (တစ်ကြိမ်) ဖမ်းလျင် ၁၀ ကောင်ခန့် မိနိုင်သည့် လုပ်ငန်းအတွက် ဆောင်းခိုငှက်များ လာရောက်ချိန်တွင် သူတို့၏ ၀င်ငွေသည် တစ်ညလျင် အနည်း ဆုံး ၃၀၀၀၀ ကျပ်။ သူတို့ကို ဆောင်းခိုငှက်များ မဖမ်းသင့်ကြောင်း ပြောလျင် ထို ၃၀၀၀၀ ငွေကို ခင်ဗျား ပေးမလားဟု မေးပါ လိမ့်မည်။

သဘာဝဂေဟစနစ် မပျက်စီးအောင်၊ ရှားပါး သားငှက်များ မျိုးတုန်း ပျောက်ကွယ်ခြင်းက ကာကွယ်နိုင်အောင် ပညာပေးခြင်း နှင့် ဥပေဒအရ အရေးယူခြင်းများ ဆောင်ရွက်ရမည်ဖြစ်ပါ၏။ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် သားငှက် ဥပဒေ ရှိပါသည်။ မရှိမဟုတ်ပါ။ အဓိကအချက်အနေဖြင့် အရေးယူမှု အားနည်းခြင်းဖြစ်ပါသည်။ အစိုးရ မဟုတ်သော အဖွဲ့အစည်း အချို့က ဆောင်ရွက်သည်များ ရှိသော်လည်း ထိရောက်မှု အလွန် အားနည်းနေသည်ဟု မြင်မိပါသည်။ စည်းကမ်းမဲ့ ဖမ်းကြသည်။ သားငှက်ဥပေဒေ သတ်မှတ်ချက်အတိုင်း မဟုတ်ပဲ သဘာ၀ သားပေါက်များကို ဖမ်းဆီးကာ အိမ်မွေးအဖြစ်ပြန်ရောင်းကြ၏။ ဥပဒေအရ ထိန်းသိမ်း ကာကွယ်ထားသော သားငှက်များကို အိမ်မှာ မွေးကြသည်။ လူမှုကွန်ယက် (facebook) ပေါ်တွင် ကြော်ငြာများ အများအပြား တွေ့ရသည်။ လွတ်လပ်စွာ ရောင်း၀ယ်ကြသည်။ အိမ်မွေးအဖြစ် မမွေးသင့်သော သားငှက်များကိုပါ ရောင်း၀ယ်နေကြခြင်း။ မည်သည့် အရေးယူမှုမျှ မရှိပါချေ။

၀ယ်သူရှိက ဖမ်းကြမည်။ ရောင်းသူရှိကလည်း ၀ယ်နေကြဦးမည်သာ။ မုန့်လုံးစက္ကူကပ် အခြေအနေ ဖြစ်ပါသည်။ ထို့ကြောင့် သဘာ၀ ပတ်၀န်းကျင် ထိန်းသိမ်းရေး၊ ရှားပါး သားငှက်များ မျိုးတုန်း ပျောက်ကွယ်ခြင်းမှ ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာ တာ၀န်ရှိအဖွဲ့အစည်းများ၏ ထိရောက်စွာ အရေးယူဆောင်ရွက်မှု အဆောတလျင် လိုအပ်လျက် ရှိပါကြောင်း ကြေငြာမောင်း ခတ်လိုက်ရပါသည်။

ကိုသန့် (မန္တလေး)

ဓါတ်ပုံများ ပေးပို့ ကူညီပါသော အကိုကြီး Solo Mdy နှင့် ကို Mg Wunna တို့ကို အထူး ကျေးဇူးတင်ပါသည်။

မှတ်ချက်။ ယခု ဆောင်းပါးကို စံတော်ချိန် သတင်းစာတိုက်သို့ ၂၀၁၇ မတ်လအတွင်းက ပေးပို့ခဲ့ပါသည်။ သို့သော် သတင်းစာတွင် ဖေါ်ပြခြင်း ရှိမရှိ အတည်ပြုနိုင်ခြင်း မရှိသေးပါခင်ဗျာ။

07/03/2020

I will be own and built to more nice rare BIRDS House at POL with Blue & Gold Macaw

I will be own and built to more nice rare BIRDS House at POL with Golden Conure
07/03/2020

I will be own and built to more nice rare BIRDS House at POL with Golden Conure

28/08/2019
27/08/2019

Address

Nam-lin-khan

Website

Alerts

Be the first to know and let us send you an email when Minthein Cele posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share