13/08/2023
Overloadနှင့်Timerအား Settingချိန်ညှိခြင်း
————————————————————-
Overload နဲ့ TimerတွေကိုSettingချိန်ညှိဖို့အတွက်
Formulaတွေ Theoryတွေ
အတွက်အချက် အယူအဆတွေလိုပါတယ်။
အခုပေးမယ့်နည်းက ကျတော့
အသေးစိတ် (Fine Tune)မချိန်ရသေးခင်
အဆင်ပြေဆုံးနဲ့ အနီးစပ်ဆုံး၊Safeဖြစ်အောင်
ချိန်ညှိတဲ့ နည်းလေးပါ။
Overload Settings ကိုအရင်ပြောပါမယ်။
ပထမဆုံး o/l Settingကို Motor Rated Currentရဲ့
ထက်ဝက်ကျော်ခန့် ထားပါ။Motorကို စမောင်းပါ။
Motorလည်တာနဲ့ o/l Setting ကို Tripဖြစ်တဲ့အထိ တဖြည်းဖြည်းလျှော့ပါ။ပြီးရင် Trip Settingထက် နည်းနည်းပိုတိုးပြီး ချိန်ထားလိုက်ပါ။O/l Setting ကို
အနီးစပ်ဆုံး ချိန်ညှိပြီးဖြစ်ပါသည်။
Timer Settingချိန်နည်းလေးက ဒီလိုပါ။
Motorကို စမောင်းပါ။Ammeterကိုကြည့်ပါ။
Startခလုတ်နှိပ်လို့ Motor စလည်တာနဲ့
StartingCurrentက ထောင်တက်ပါလိမ့်မယ်။
စက္ကန့်အနည်းငယ်ကြာတဲ့အခါမှာ Currentဟာ
အမြင့်ဆုံးကနေ ပြန်လျော့ပါလိမ့်မယ်။
Motor စလည်လည်ချင်းကနေCurrentအမြင့်ဆုံးကနေပြန်လျော့တဲ့အထိ ကြာချိန်ဟာ
အဲဒီ Motorအတွက် အနီးစပ်ဆုံး Time Setting
ပါပဲ။
သိထားသမျှလေးတွေ မျှဝေပေးခြင်းသာ
ဖြစ်ပါတယ်။ပိုမိုကောင်းမွန်တဲ့ နည်းစံနစ်တွေ
ရှိရင်လည်း မျှဝေပေးစေချင်ပါတယ်။
အမှားပါရင်လည်း ထောက်ပြပေးစေချင်ပါတယ်။
Credit: