Nan Shwe Pyi Naypyitaw Dealer Services

Nan Shwe Pyi Naypyitaw Dealer Services Just choose us & boost your sales in Naypyitaw.

02/07/2024

👰 ရုံးဝန်ထမ်း အမျိုးသမီး(မ) တစ်ဦး
💸 လစာ ၂သိန်း၆ သောင်း၊ အမြဲတမ်းဝန်ထမ်း ဖြစ်သွားရင် ခရီးစရိတ်၊ လုပ်ငန်းဆုကြေး နှင့် အခြားခံစားခွင့်များရှိပါမည်။
⏰ အလုပ်ချိန် မနက် (၈:၃၀)နာရီ မှ ညနေ (၅:၃၀) နာရီ။
🗓 ပိတ်ရက် အပါတ်စဉ် တနင်္ဂနွေနေ့ နှင့် အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။

(၁) ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရမည်။
(၂) အခြေခံပညာ အထက်တန်း (၁၀) တန်းရှိသူဖြစ်ရပါမည်။
(၃) စာရင်းဇယားပိုင်းနှင့် Warehouse အလုပ်များ ကူညီလုပ်ကိုင်နိုင်သူဖြစ်ရမည်။
(၄) (PageMaker 7, Microsoft Word, Excel, internet, email, Social Media )များကို ကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်ရမည်။
(Photoshop အသုံးပြုနိုင် လျှင်ဦးစားပေးပါမည်။)
(၅) အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
(၆) အခြေခံကျန်းမာရေး ကောင်းမွန်ရပါမည်။
(၇) ဆက်ဆံရေးကောင်းမွန်ပြီး အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သူဖြစ်ရမည်။
(၈) မိမိအလုပ်ကို စိတ်ဝင်စားမှုရှိပြီး သွက်သွက်လက်လက်ဖြင့် ရိုးသား၊ ကျိုးစား ကာအလုပ်မှသက်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။
(၉) သင်ယူတက်မြောက်လိုစိတ်ရှိကာ အမှန်တကယ် အလုပ်လုပ်ချင်စိတ်ရှိပြီး ရေရှည်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။

🤝 အထက်ဖေါ်ပြပါအချက်အလက်များနှင့်ကိုက်ညီသော အလုပ်လျှောက်ထားလိုသူများသည်
📌 ၁။ CV Form (CV တွင် ဓါတ်ပုံ ပါရှိရမည်။)
📌 ၂။ လက်တလောပြုလုပ်ထားသော ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာ
📌 ၃။ လက်တလောပြုလုပ်ထားသော နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ
📌 ၄။ မှတ်ပုံတင်မိတ္ထူ အပြည့်အစုံဖြင့်

🏠 နန်းရွှေပြည် ကုမ္ပဏီ
အမှတ်(၂၆)၊ ဇမ္ဗူ့သပြေလမ်း၊ သပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်
၊ နေပြည်တော်တွင် ရုံးချိန်အတွင်း (တနင်္ဂနွေနေ့ မှအပ) လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါသည်။

ဖုန်းနံပါတ် 📞 09 50 77890 သို့ဆက်သွယ်နိုင်ပါသည်။

အလုပ်လျှောက်ထားသည့် CV Frorm များထဲမှ ကိုက်ညီမှုအရှိဆုံးသူများကို အင်တာဗျူး ရွေးချယ်ခေါ်ယူပါမည်။
အင်တာဗျူး မှာ အဆင်ပြေလျှင် Second Interview (၁)ရက်ရှိပါမည်။ (မှတ်ချက် Second Interview မှာ ရုံးဖွင့်ချိန်အတိုင်းဖြစ်ပါသည်။ ရုံး မှ နေ့လည်စာကျွေးပါမည်။ သွားလာစရိတ်(၁)သောင်းကျပ် ချီးမြှင့်ပါမည်။)
Second Interview အဆင်ပြေလျှင် အလုပ်သင်(၇)ရက်ရှိပါမည်။
(အလုပ်သင်ကာလမှာ (၁) ပါတ် (၇) ရက်ဖြစ်ပြီး ခံစားခွင့် အခြေခံလစာ၏ (၂၅) % ရရှိပါမည်။)
အလုပ်သင်(၇)ရက်မှာ အဆင်ပြေလျှင် လစာအပြည့်ဖြင့် အစမ်းခန့် (၃)လ ရှိပါမည်။
အစမ်းခန့် (၃)လမှာ အဆင်ပြေလျှင် အမြဲတမ်းဝန်ထမ်း အနေနဲ့ ခန့်ပါမယ် ။
👉 အကျင့် / စာရိတ္တ
👉 အရည်အချင်း
👉 အလုပ်ပြီးမြောက်မှု
👉 ရလာဒ်ကောင်းမှု
👉 ရေရှည် လက်တွဲ လုပ်ကိုင်မည့်သူ ဖြစ်မှု
အခြေအနေတွေအရအခြားခံစားခွင့်များကို ညှိနှိုင်းတိုးမြှင့် သတ်မှတ်ပေးမှုရှိပါမည်။
Interview အတွက်ရွေးချယ်ထားသူများအားလုံးကို Company ဘက်မှ ဆက်သွယ်အကြောင်းကြားပေးပါမည်။
ကျေးဇူးတင်ပါတယ်… 🥰

08/02/2024

နန်းရွှေပြည် ကုမ္ပဏီ ၏ လက်ခွဲ Page တစ်ခုဖြစ်ပါသည်။

18/10/2022

မဂ်လာပါ

18/10/2022
COVID-19 Pandemic  ကြောင့်  နာမည်ကြီး ခရီးသွားလုပ်ငန်းတွေ air line တွေ  Bankrupt ဖြစ်ကုန်ကြတယ် ရပ်တန့်ကုန်ကြတယ် စိတ်မကော...
21/12/2020

COVID-19 Pandemic ကြောင့် နာမည်ကြီး ခရီးသွားလုပ်ငန်းတွေ air line တွေ Bankrupt ဖြစ်ကုန်ကြတယ် ရပ်တန့်ကုန်ကြတယ် စိတ်မကောင်းစရာမြင်ရတဲ့ သတင်းတွေပေါ့ဗျာ…😢😢
ဒါပေမယ့် တစ်ဖက်မှာလဲ ခေတ်အနေအထားနဲ့သင့်တော်မယ့် New Normal အတွက် Business trend အသစ် တွေ ခေတ်စားလာပြန်ပါတယ် …၂၀၂၁ မှာ ဘယ်လို လုပ်ငန်းတွေကို လုပ်ကိုင်လာကြမလဲ … ဘယ်လိုလုပ်ငန်းတွေက တော့ ခေတ်စနစ်နဲ့ကိုက်ညီပြီး အကျိုးဖြစ်လာမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်

၁။ ဆေးဝါးထုတ်လုပ်မှု (Drug Development)🌍
COVID -19 ဟာ ဆေးနှင့်သုတေသန company တွေအတွက် ကြီးမားတဲ့ ရိုက်ခတ်မှုတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ တွေ့ရတဲ့အတိုင်းပဲ researcher တွေဟာ Test kit တွေ Vaccine တွေကို အမြန်ဆုံးနဲ့ သုံးရအလွယ်ကူဆုံးဖြစ်အောင် ထုတ်လုပ်နိုင်ဖို့ အားထုတ်နေကြပါတယ်။ 2021 မှာ ပိုမိုကောင်းမွန်တဲ့ Innovation တွေနဲ့အတူ ဆေးဘက်ဆိုင်ရာ သုတေသနနဲ့ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွေက Business trend တစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

၂။ videoconferencing platform🌍
2020 မှာ လုပ်ငန်းတော်တော်များများ မဖြစ်မနေသုံးလာကြတဲ့ platform တွေကတော့ Video conferencing platform တွေပဲဖြစ်ပါတယ်။ တက်နိုင်သမျှ လူစုလူဝေးကိုရှောင်ရှားဖို့အတွက်လုပ်ငန်းတွေရော အစိုးရအဖွဲ့အစည်းတွေပါ Zoom, Microsoft team ,Google hangouts ,စတဲ့ Video call platform တွေကိုအသုံးပြုလာကြပါတယ်။ အကျိုးဆက်အနေနဲ့ လုပ်ငန်းခွင်အထောက်အကူပြုTechnology တွေ Platform တွေက အသုံးများလာပြီး Develop ဖြစ်နေတဲ့ Business Trend တစ်ခုဖြစ်လာနေပါတယ်

၃. Online Education🌍

ဒါကတော့ နိုင်ငံတိုင်းမှာ အစိုးရကရော Business တွေက ပါ အကောင်အထည်ဖော်လာတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ ကလေးလေးတွေက စလို့ Master degree တွေထိOnline ကနေ ထိထိရောက်ရောက်သင်ကြားနိုင်ဖို့ Curriculum တွေနဲ့ သုံးရလွယ်ကူတဲ့ နည်းပညာ တွေ ကို update လုပ်လာကြပါတယ်။ နိုင်ငံအများစုမှာ Online Education ကိုထိထိရောက်ရောက်လုပ်ဖို့ကြိုးစားလာကြတဲ့အတွက် Online Platform တွေ နည်းပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဟာလဲ Business Trend တစ်ခုဖြစ်လာနေပြီဖြစ်ပါတယ်၊
Ref –Inc Magazine

1. Nan Shwe Pyi က ဘာတွေဖြန့် ပါသလဲ ?  ဆေးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ကိုယ်စားလှယ် ယူပြီးနေပြည်တော်မှာဖြန့်ချိပေးနေပါ...
19/12/2020

1. Nan Shwe Pyi က ဘာတွေဖြန့် ပါသလဲ ?
ဆေးနဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေကို ကိုယ်စားလှယ် ယူပြီးနေပြည်တော်မှာဖြန့်ချိပေးနေပါတယ်ရှင်

2.ဘယ်လိုပုံစံ ဖြန့်ဖြူး ပါသလဲ...
လူကြီးမင်းတို့ရဲ့ လိုချင်တဲ့ Product နဲ့ပတ်သက်ပြီး ဖုန်းနံပါတ်
09 788 000001~2 ကို သာ ဆက်လိုက်ပါရှင့်။ ဆိုင်အရောက်. အိမ်အရောက်ပို့ဆောင်ပေးမှာပါ ရှင်

3. ဘယ် မြို့နယ်ထိ ပို့မှာလည်း . . ?
နေပြည်တော် မြိုနယ်တွေ နဲ့ ပျဉ်းမနား လယ်ဝေး မြို့နယ်တွေကိုပို့ဆောင်ပေးပါတယ်။

4. Payment အကြောင်းလေး လည်း စိတ်ဝင်စားကြမယ် ထင်ပါတယ်?
CD (or) Credit (or) Consignment နဲ့ လူကြီးမင်း တို့
သင့်တော် အဆင်ပြေတဲ့ နည်းလမ်းနဲ့ ပေးချေနိုင်အောင် စီစဉ်ထားပါတယ်

5.ဘာကြောင့် နန်းရွှေပြည် နဲ့ ဝယ်သင့်လဲ
ယုံကြည်စိတ်ချရတဲ့ ကုန်ပစ္စည်း တွေကို ကိုယ်စားလှယ် ယူပြီးေ စျေးနှုန်းမှန်ကန်စွာဖြင့်ရာင်းချပေးနေတာဖြစ်ပါတယ်။ လူကြီးမင်းတို့ထံ အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုတွေနဲ့ ပို့ဆောင် ရောင်းချသွားမှာ မို့ စိတ်ကျေနပ်မှု အပြည့်ဝ ရရှိစေမှာ ဖြစ်ပါတယ်ရှင်

ဒီနေ့ပြောပြပေးသွားတာတွေကတော့ နန်းရွှေပြည်ကို အမေးများတဲ့ မေးခွန်းလေးတွေပဲဖြစ်ပါတယ်. အခြားသိချင်တာလေးတွေရှိရင် ယခု comment မှာမေးမြန်းနိုင်သလို့ Messenger (or )
ဖုန်း 09 507 7890 သို့လဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်...

တစ်ခါတစ်လေမှာအကြံကောင်းတွေဆိုတာမထင်မှတ်ထားတဲ့အချိန်မှာရလာတတ်ပါတယ်။😇 ဉပမာ ရုပ်ရှင်ကားကောင်းတစ်ကားကိုကြည့်ရင်းဖြစ်ဖြစ် စာအ...
17/12/2020

တစ်ခါတစ်လေမှာအကြံကောင်းတွေဆိုတာမထင်မှတ်ထားတဲ့အချိန်မှာရလာတတ်ပါတယ်။😇 ဉပမာ ရုပ်ရှင်ကားကောင်းတစ်ကားကိုကြည့်ရင်းဖြစ်ဖြစ် စာအုပ်ကောင်းတစ်အုပ်ဖတ်ရင်းဖြစ်ဖြစ်ပေါ့….😇
ဒီတစ်ပတ်မှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အတွေးကောင်းတွေပေးနိုင်မယ့်ရုပ်ရှင်ကောင်းလေးတွေကိုညွှန်းပေးသွားမှာဖြစ်ပါတယ်။
အားလပ်ချိန်မှာအပန်းဖြေရင်း စီးပွားရေးအတွေးအခေါ်တွေလေ့လာချင်သူတိုင်းအတွက် အဆင်ပြေမယ့် ရုပ်ရှင်လေးတွေဖြစ်ပါတယ်။
ဒီ Movie လေးတွေကိုကြည့်ရင်းကိုယ့်အတွက်အကြံကောင်းတွေရလာမယ်လိုမျှော်လင့်ပါတယ်။

👉Contactless payment ဆိုတာ ကတော့ Debit card တွေ Credit Card တွေ စတဲ့ Bank card တွေ ကိုအသုံးပြုပြီး ငွေပေးချေခြင်းဖြစ်ပါတ...
09/12/2020

👉Contactless payment ဆိုတာ ကတော့ Debit card တွေ Credit Card တွေ စတဲ့ Bank card တွေ ကိုအသုံးပြုပြီး ငွေပေးချေခြင်းဖြစ်ပါတယ်။ Bar code ဖတ်ပြီးပေးရတဲ့ Pay တွေဖြစ်တဲ့ KBZ pay, CB pay, Wave Pay တိုလဲပါဝင်ပါတယ်။ အဓိကတော့ Cash အသုံးမပြုပဲနဲ့ ငွေပေးချေခြင်းဖြစ်ပါတယ်။👈

ဒါကို လုပ်ငန်းတော်တော်များများကအသုံးများလာကြတာကို သတိထားမိမှာပါ။
COVID-19 အခြေအနေကြောင့် Customer အများစုကလဲ ငွေကြေးအသုံးပြုမှုထက် Mobile banking အသုံးပြုမှု contactless payment အသုံးပြုမှုတွေများလာကြပါတယ်။

✨✨တရုတ်နိုင်ငံမှာဆိုရင် လေ့လာမှုတွေအရ 80% ဈေးဝယ်သူတွေက contactless payment တွေသုံးလာကြတယ်လို သိရပါတယ်။

မြန်မာနိုင်ငံကလုပ်ငန်းတွေတော်တော်များများမှာလဲ အကောင်အထည်ဖော်ပြီးသားဖြစ်နေပါတယ်…

Digital transformation ကတဖြည်းဖြည်းအရှိန်မြင့်လာမှာဖြစ်သလို အသုံးပြုသူတွေလဲ တိုးလာမှာဖြစ်တဲ့အတွက်…..…မလုပ်ရသေးတဲ့လုပ်ငန်းတွေအနေနဲ့လဲ စတင်ပြီးအကောင်အထည်ဖော်သင့်တယ်လိုထင်ပါတယ်။
အခုအချိန်မှာတော့ မဖြစ်မနေမဟုတ်သေးပေမယ့် ရွေးချယ်စရာတစ်ခုအနေနဲ့စတင်ပြီးအသုံးပြုသင့်ပါတယ်လိုအကြံပေးလိုပါတယ်.

Address

No. 26, Pyinmana-Taungnyo (Zabuthapyay) Road, Thapyaygone Ward, Near LINN Mobile Shop, Zabuthiri Tsp, Naypyitaw Pyinmana, Myanmar
Naypyidaw
15011

Alerts

Be the first to know and let us send you an email when Nan Shwe Pyi Naypyitaw Dealer Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nan Shwe Pyi Naypyitaw Dealer Services:

Share