Learn English with Tr. Grace

Learn English with Tr. Grace Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Learn English with Tr. Grace, Business service, Naypyidaw.

Writing တိုးတက်ဖို့ အခြေခံအကျဆုံးအချက်များ- ကျောင်းသား/ ကျောင်းသူတွေအများစုကို Writing ရေးခိုင်းလိုက်မယ်ဆိုရင် idea bloc...
31/08/2025

Writing တိုးတက်ဖို့ အခြေခံအကျဆုံးအချက်များ
- ကျောင်းသား/ ကျောင်းသူတွေအများစုကို Writing ရေးခိုင်းလိုက်မယ်ဆိုရင် idea block ဖြစ်တာတွေ ရှိကြတာကို ဆရာ/ဆရာမတွေအနေနဲ့ အမြဲကြုံဖူးကြမှာပါ
- ဒီလိုအချိန်မျိုးမှာ ဆရာ/ဆရာမတွေအနေနဲ့ အကောင်းဆုံးSupport လုပ်ပေးနိုင်တာကတော့ Scaffolding လို့ခေါ်တဲ့ ကျောင်းသားတွေအတွက် အကြောင်းအရာအသစ်တွေ ရေးတဲ့အခါမှာ idea ရအောင်လို့ ကူညီပေးနိုင်ပါတယ်
- အဲ့ဒီတော့ Scaffolding လို့ပြောတဲ့နေရာမှာ Bruner’s (1976) idea of scaffolding ကို အခြေခံပြီးတော့ ဒီPost မှာ ဆွေးနွေးသွားပါမယ်။ Scaffolding လုပ်တဲ့ နည်းလမ်း ၄ မျိုး ရှိတဲ့အနက်က ပထမဆုံးအချက်ကတော့ Written Guidelines ပေးခြင်းဖြစ်ပါတယ်။ ဥပမာပြောရမယ်ဆိုရင် ကျောင်းသားရေးရမယ့် အကြောင်းအရာမှာ အသုံးပြုမယ့် Tenses/ Vocabulary/ Structure of the paragraphs စတာတွေကို Writing စပြီး မရေးခင်မှာ ဆရာဘက်က Guidelines ပေးလိုက်ခြင်းမျိုးကို ဆိုလိုပါတယ်။
- ဒုတိယအချက်အနေနဲ့ကတော့ Graphic Organizers တွေကို Idea Brainstormingလုပ်တဲ့နေရာမှာ အသုံးပြုခြင်းပါပဲ။ ဒီနေရာမှာ ကျွန်မရဲ့အတွေ့အကြုံနဲ့ဆက်စပ်ပြီး ပြောရမယ်ဆိုရင် Graphic Organizers တွေဖြစ်တဲ့ T-Chart/ Story Map/ Venn Diagram/ Mind map စတာတွေကို သုံးလိုက်တဲ့အတွက် Draft Writing မှာ idea တွေက organize ဖြစ်သွားသလို ကျောင်းသားတွေကလည်း သူတို့ရေးရမယ့် Writing အပေါ်မှာ အချက်အလက်ပြည့်ပြည့်စုံစုံရသွားတယ်လို့ ခံစားရတာကြောင့် confidence ရှိသွားတာကို တွေ့ရပါတယ်။
- တတိယအချက်အနေနဲ့ Modelling ပြုလုပ်ခြင်းပါပဲ။ ဥပမာအနေနဲ့ ဆရာက Writing မှာရေးမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီး parts of speech/ word class စတာတွေကို draft writing အဆင့်မှာ modeling လုပ်ပြီးတော့ ရေးပေးတာမျိုးပဲဖြစ်ဖြစ်၊ ကျောင်းသားနဲ့အတူတူ ကူစဉ်းစားပေးတာပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။
- စတုတ္ထအချက်ကတော့ Prompts တွေပေးတာပဲ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ Wh-questions တွေ သုံးပြီးတော့ ကျောင်းသားဘက်က idea ရလာအောင် လမ်းပြမေးခွန်းတွေမေးပေးတာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။

Written by
Tr. Grace

“Intonation ဘာကြောင့် အရေးကြီးတာလဲ”Intonationကို မြန်မာလိုအခေါ်ဆိုရင် လေယူလေသိမ်းလို့ ပြောကြသလို အသံအတက်အကျလို့လည်း နားလ...
16/10/2024

“Intonation ဘာကြောင့် အရေးကြီးတာလဲ”

Intonationကို မြန်မာလိုအခေါ်ဆိုရင် လေယူလေသိမ်းလို့ ပြောကြသလို အသံအတက်အကျလို့လည်း နားလည်ထားကြပါတယ်။

Intonation ဆိုတာက အင်္ဂလိပ်ဘာသာတစ်ခုထဲမှာပဲ ရှိတာမဟုတ်ပါဘူး။

ဘာသာစကားအားလုံးမှာ သူ့နည်းသူ့ဟန်နဲ့ ရှိနေကြတာပါ။

အဲ့ဒီတော့ အင်္ဂလိပ်ဘာသာစကားကို လေ့လာတဲ့နေရာမှာ စကားလုံးရွေးချယ်မှုတွေသာမကပဲ Intonation ကလည်း အရေးပါတဲ့နယ်ပယ်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။

တကယ်လို့ လူတစ်ယောက်နဲ့ တစ်ယောက် Communicate လုပ်တဲ့နေရာမှာ Word Choice, Grammar, Speaking Patterns အစရှိတာတွေ မှန်နေပေမယ့်လည်း Intonation သာ မမှန်ကန်ဘူးဆိုရင် တစ်ဖက်လူဆီကို ကိုယ်ပေးချင်တဲ့ message မရောက်ပဲ နားလည်မှုလွဲတာတွေ၊ Communication Fail ဖြစ်တာမျိုးတွေ ဖြစ်ရမှာပါ။

English Learners တွေအနေနဲ့ Native Speaker တစ်ယောက်လို Intonation တွေ မှန်နေရမယ်လို့လည်း မဆိုလိုပါဘူး။

အဓိက အရေးကြီးတာကတော့ Learners တွေအနေနဲ့ Intonation Awareness ရှိနေဖို့လိုပါတယ်။

ဥပမာဆိုရင် Varied Intonation နဲ့ Flat Intonation ရှိပါတယ်။

Varied Intonation ဆိုတာကတော့ အလွယ်ပြောရမယ်ဆိုရင် ကိုယ့်ရဲ့ Feeling (ဒါမှမဟုတ်) Attitude ကို သေချာလေး Express လုပ်နိုင်တာပါပဲ။

Monotone လို့လည်း လူသိများတဲ့ Flat Intonation ကတော့ မျက်လုံးထဲမြင်သာအောင် ပြောရမယ်ဆိုရင် Robotic ဆန်ပါတယ်။ ဒါကြောင့် Communication တို့ Presentation တို့လုပ်တဲ့နေရာမှာ Flat Intonation ကိုသာ တောက်လျှောက်အသုံးပြုနေမယ်ဆိုရင်တော့ အောင်မြင်တဲ့Communication မဖြစ်စေနိုင်ပါဘူး။

နောက်ဆုံးအချက်အနေနဲ့ ESL Teachers တွေအတွက် ကျောင်းသားတွေကို Intonation Awareness ပေးတဲ့နေရာမှာ Grace အကြိုက်ဆုံးအချက်ကတော့ rising and falling intonation တွေကို Question Tags တွေနဲ့ လေ့ကျင့်ပေးတာကိုပါပဲ။

Reference: British Council (Teaching English)
Show quoted text

16/10/2024

Hello အားလုံးပဲ မင်္ဂလာပါရှင့်
Graceကတော့ အင်္ဂလိပ်ဘာသာစကား လေ့လာတဲ့နေရာနဲ့ သင်ကြားတဲ့နေရာမှာ passionate ဖြစ်သူတစ်ဦးဖြစ်ပါတယ်။
ဒီ pageကနေပြီးတော့ Grace အနေနဲ့ share လုပ်ချင်တဲ့informationတွေကို မျှ‌ေဝသွားမှာပါရှင့်💛

ပညာရပ်ဆိုင်ရာ သုတေသနစာစောင်တွေကို အောက်ပါ Web Portal "MERAL"မှာ အလွယ်တကူနဲ့ လေ့လာလို့ရနိုင်ပါပြီနော်👇👇👇👇
24/11/2020

ပညာရပ်ဆိုင်ရာ သုတေသနစာစောင်တွေကို အောက်ပါ Web Portal "MERAL"မှာ အလွယ်တကူနဲ့ လေ့လာလို့ရနိုင်ပါပြီနော်👇👇👇👇

အခမဲ့ သုတေသန ဝပ်ဆိုက် ပေါ်တယ် ‘MERAL’ မိတ်ဆက်။

အားလုံး အခမဲ့ လွတ်လပ်စွာ ဝင်ရောက် ကြည့်ရှုခွင့်ရှိတဲ့ အရှေ့တောင် အာရှမှာ ပထမဆုံး နိုင်ငံအဆင့် သုတေသန ဝပ်ဆိုက် ပေါ်တယ် ဖြစ်တဲ့ ‘ မြန်မာ့ပညာရေး၊ သုတေသနနဲ့ သင်ယူရေး ပေါ်တယ်-MERAL' နဲ့ မိတ်ဆက်ပေးပါရစေ။

MERAL မှာ ယနေ့အထိ မြန်မာနိုင်ငံရဲ့ တက္ကသိုလ် ၁၉ ခုက ပညာရပ် ဆိုင်ရာ သုတေသန စာစောင်တွေ၊ စာအုပ်တွေ၊ စာအုပ်တစ်ချို့က အချို့ အခန်းတွေအပါအဝင် စာအုပ်စာတမ်းပေါင်း ၅၆၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

မေလကနေ အောက်တိုဘာလ အတွင်း နိုင်ငံပေါင်း ၉၂ နိုင်ငံက လူပေါင်း ၁၄၃၇၂ ဦး ဝင်ရောက် လေ့လာကြည့်ရှု ကြတာ တွေ့ရပါတယ်။ MERAL ကို တည်ထောင်ဖို့ အဆင့်မြင့် ပညာရေး ဦးစီးဌာနနဲ့ ပါမောက္ခ ချုပ်များရဲ့ ကော်မတီကို ဒိန်းမတ်သံရုံးက ပံ့ပိုးခဲ့ပြီး ဒီ ပေါ်တယ် ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ပြည်တွင်း သုတေသီတွေအနေနဲ့ အွန်လိုင်းပေါ်က ပညာရပ်ဆိုင်ရာ စာတမ်းစာစောင်တွေကို ပို လက်လှမ်းမီလာစေဖို့နဲ့ ပြည်တွင်း သုတေသီတွေရဲ့ သုတေသန စာစောင်တွေ အွန်လိုင်းပေါ် တင်နိုင်ဖို့ အတွက် ဒိန်းမတ်နိုင်ငံက ကူညီပေးတာ ဖြစ်ပါတယ်။
ပေါ်တယ်ကိုတော့ အောက်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

https://meral.edu.mm

INTRODUCING A FREE AND OPEN RESEARCH PORTAL: ‘MERAL’
The Embassy of Denmark proudly introduces you to the Myanmar Education, Research and Learning Portal (MERAL) that is the first national free and open research portal in Southeast Asia. To date, more than 5,600 academic papers, books and book chapters from 19 Universities in Myanmar are available on MERAL.

From May to October 2020, MERAL reached 14,372 users from 92 countries. Denmark supported the Department of Higher Education and the Rectors’ Committee for the development of MERAL and we thank everyone who contributed to and participated in the development of the portal.

The portal is part of Denmark’s commitment to increase the access to free online academic resources for local researchers and to ensure that locally produced research papers are available online.

To explore the portal, please visit: https://meral.edu.mm

For those who want to join
22/11/2020

For those who want to join

သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကျောင်းဖို့ စိတ်ဝင်စားပါသလား။ ဒါဆိုရင်တော့ အခုလာမယ့် တနင်္ဂနွေနေ့၊ နိုဝင်ဘာ ၂၂ ရက် ရက်၊ ညနေ ၃:၀၀ ကနေ ၄:၃၀ အထိ အမေရိကန်စင်တာရန်ကုန် iNature သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကလပ် ကနေပြီး “သဘာဝပတ်ဝန်းကျင် နယ်ပယ်အတွင်းက အသက်မွေးဝမ်းကျောင်းမှုနှင့် ပညာသင်ဆု အခွင့်အလမ်းများ” ဆိုတဲ့ ခေါင်းစဥ်နဲ့ အွန်လိုင်းကတစ်ဆင့် ဆွေးနွေးပွဲ တစ်ခုကျင်းပမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ဖြစ်ကြတဲ့ ဦးလှနိုင်၊ ဒေါက်တာဥမ္မာခိုင်နဲ့ ကိုထက်လင်းနိုင်တို့က သူတို့ရဲ့အတွေ့အကြုံတွေမျှဝေ၊ အကြံပေးသွားမှာဖြစ်ပြီး iNature President ကိုကျော်ဇင်မြင့်သိန်းက အခမ်းအနား မော်ဒရေတာ ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကို မြန်မာလိုပဲ ပြောဆိုဆွေးနွေးကြမှာပါ။ မိတ်ဆွေတို့ အနေနဲ့ ကျွမ်းကျင်သူတွေကိုလည်း မေးခွန်းတွေ မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။ ဒီအထူးအစီအစဉ်ကို လက်မလွှတ်ကြစေလိုပါဘူးနော်။ Zoom ပေါ်ကနေပြုလုပ်မယ့် ဆွေးနွေးပွဲကို ဒီလင့် (https://forms.gle/M895VM5AmHasd7VM9) ကတစ်ဆင့်ပါဝင်ကြဖို့ဖိတ်ခေါ်ပါတယ်။ ကဲ တွေ့ကြမယ်နော်။

Are you interested in an environmental career? This Sunday, November 22 (3:00-4:30 pm), the American Center Yangon iNature environmental club will host a virtual panel discussion, "Career and Scholarship Opportunities in Environmental Fields." Environmentalists U Hla Naing, Dr. Ohnmar Khaing, and Ko Htet Lin Naing will share their experiences and offer advice. iNature President Ko Kyaw Zin Myint Thein will moderate the discussion, in Burmese language. You will also have an opportunity to ask questions of the experts. Don't miss this very special program! Follow this link (https://forms.gle/M895VM5AmHasd7VM9) to join the conversation on Zoom. See you there!

FYI
19/11/2020

FYI

သင့်ရပ်ရွာဒေသမှာတီထွင်ဆန်းသစ်ဖန်တီးမှုတွေ ရှင်သန်မွေးဖွားပေးနိုင်မယ့် mini Makerspace တစ်ခု စတင်တည်ထောင်နိုင်ဖို့ စိတ်ဝင်စားပါသလား? ဒါဆိုရင်တော့ အခွင့်အရေးတစ်ခုရှိပါတယ်။
အမေရိကန်စင်တာရန်ကုန်ရဲ့ “MakerTour in a Box” အစီအစဉ်ဟာ mini Makerspace တစ်ခု စတင်နိုင်ဖို့လိုအပ်တဲ့ 3D Printer, Arduino Kits, Micro:bit, Robot Kits အစရှိတာတွေကို ပံ့ပိုးပေးမှာပါ။
အရင်နှစ်ကလိုမြို့နယ်တွေ လှည့်လည်တဲ့ MakerTour အစား online ကနေ ပုံစံပြောင်းကျင်းပမှာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာပါဝင်မဲ့ဒေသခံအဖွဲ့တွေအနေနဲ့ သင်ထောက်ကူပစ္စည်း စက်ကိရိယာတွေကို လက်ခံရယူပြီး သင်တန်းတွေကိုတော့ Online ကနေပဲ ၂၀၂၁ ခုနှစ် ဇန်နဝါရီလထဲမှာ ရက်သတ်မှတ်ပြီးတော့ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါပြီးသွားပြီဆိုရင်တော့ သင်ထောက်ကူပစ္စည်း စက်ကိရိယာတွေနဲ့ ကိုယ့်ရပ်ရွာဒေသမှာ Mini Makerspace လေးတစ်ခုကို ဆက်လက်ပျိုးထောင်နိုင်မှာပဲဖြစ်ပါတယ်။

ဒီအစီအစဉ်မှာပါဝင်နိုင်တဲ့မိတ်ဖက်တွေကတော့ အောက်ပါအချက်တွေကို ဆောင်ရွက်ပေးနိုင်တဲ့ဒေသခံ maker အဖွဲ့တွေဖြစ်ပါတယ်။
1. သင်ထောက်ကူပစ္စည်း စက်ကိရိယာတွေကို တာဝန်ယူလက်ခံပြီး နေရာစီစဉ်ပေးရမယ်။
2. သတ်မှတ်ရက်မှာ သင်တန်းပြုလုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ စီစဉ်မှုတွေပြုလုပ်ပေးနိုင်ရမှာပါ။
3. ကိုယ့်ဒေသအတွက် Mini Makerspace ကို ရေရှည် အတွက်ဆက်လက်ပျိုးထောင်နိုင်ရပါမယ်။
အရေအတွက်အကန့်အသတ်ရှိတဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလင့်မှာ နိုဝင်ဘာ ၂၂အထိနောက်ဆုံးထားပြီး ဒီလင့်ခ်မှာ (https://bit.ly/2H7YL0X) စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
Are you a “maker” with a desire to start a mini makerspace for your community to promote tech creativity and innovation? Here’s your chance!
American Center Yangon “MakerTour in a Box” is a box of maker tools such as a 3D printer, Arduino kits, Micro:bit, and robotic kits to get you started.
Last year, ACY MakerTour was on the road; this year we’re going virtual. Selected partner groups will receive a maker box, followed by online workshops in January 2021. Your local group can then continue and grow a mini makerspace of your own!
Eligible partner groups are enthusiastic makers who can also:
1) Receive the maker tools and provide space for future workshops
2)Coordinate between the MakerTour team and local participants; and
3) Continue the mini Makerspace following the online workshops.
Interested?
Space and resources are limited. So, complete the application at this link (https://bit.ly/2H7YL0X) by Nov 22!

အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာ ဆရာမများအတွက် Macmillan က လုပ်ပေးမယ့် webinar series တွေကိုအောက်က link မှာ register လုပ်ပြီးတ...
18/11/2020

အင်္ဂလိပ်စာသင်ပေးနေတဲ့ ဆရာ ဆရာမများအတွက် Macmillan က လုပ်ပေးမယ့် webinar series တွေကိုအောက်က link မှာ register လုပ်ပြီးတက်နိုင်ပါတယ်
ရှင့်။

Address

Naypyidaw
15011

Website

Alerts

Be the first to know and let us send you an email when Learn English with Tr. Grace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share