Star Gateway

Star Gateway 🌟 Starlink Billing & Tech Support 🌟
🚀 Your Gateway to Seamless Connectivity 🚀
🔧 Billing Assistance | 🛠️ Technical Support | 🌐 Reliable Internet

🚨 Starlink သုံးနေသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ မူဝါဒအသစ် 🚨လူကြီးမင်းက မြန်မာနိုင်ငံမှာ အသုံးပြုနေတယ်ဆိုရင် ဒီအပြောင်းအလ...
17/07/2026

🚨 Starlink သုံးနေသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ မူဝါဒအသစ် 🚨

လူကြီးမင်းက မြန်မာနိုင်ငံမှာ အသုံးပြုနေတယ်ဆိုရင် ဒီအပြောင်းအလဲက
သင့်ကို တိုက်ရိုက် သက်ရောက်နိုင်ပါတယ်။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ Starlink အသုံးပြုသူအများစုဟာ Foreign Account များနဲ့ Roam Unlimited Plan ကို အသုံးပြုနေကြတာဖြစ်ပြီး၊ အခု Policy အသစ်က အဲဒီအသုံးပြုပုံကို တိုက်ရိုက် သက်ရောက်လာလို့ ဖြစ်ပါတယ်။ Starlink ဘက်က International Travel Policy ကို update လုပ်လိုက်ပြီး
Roam Plan တွေအတွက် အသုံးပြုနိုင်တဲ့
စည်းမျဉ်းအသစ်တွေကို ပြောင်းလဲသတ်မှတ်လိုက်လို့ပါ။

📅 ဘယ်အချိန်ကစပြီး သက်ရောက်မလဲ?

✅ လက်ရှိ အသုံးပြုနေတဲ့ Account အဟောင်းများ
➡️ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့ မှ စတင် သက်ရောက်ပါမယ်။

⚠️ မြန်မာနိုင်ငံမှာ လက်ရှိ Roam Unlimited Plan အသုံးပြုနေသူများအတွက်

ဩဂုတ်လ ၁၇ ရက်နေ့ မှ စ နောက်ပိုင်းရက် ၃၀ ကျော်သွားတဲ့အခါ
အရင်လို Data Unlimited အသုံးပြုလို့ရမည့်
Roam Unlimited Plan မရတော့ဘဲ
Global Priority Plan ကိုပြောင်းလဲအသုံးပြုရကာ Roam 50GB, 100GB, 1TB, 2TB အစရှိသည့် Limited Data Package ဖြင့်သာ
ဆက်လက်အသုံးပြုနိုင်တော့မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

📌အကြံပြုချက်
သိုပါ၍ သင့် Account အမျိုးအစား၊ လက်ရှိအသုံးပြုနေတဲ့ Plan နဲ့ Subscription ကို ကြိုတင်စစ်ဆေးထားပါ။
လိုင်းပြတ်တောက်မှု မဖြစ်စေဖို ဩဂုတ်လ (၁၇) ရက်နေ့ မတိုင်မီ လိုအပ်တဲ့ Plan Upgrade (သိုမဟုတ်) ပြင်ဆင်မှုတွေကို အချိန်မီ ပြုလုပ်ထားဖို့ အကြံပြုလိုပါတယ်။

💬 မိမိ Account က ဘယ် Plan ဖြစ်နေလဲ၊ Upgrade လုပ်ဖို့ လို/မလို မသေချာသေးရင် Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
STARGATEWAY မှ သင့်ရဲ့ Starlink Account၊ Billing နဲ့ Plan Upgrade ဆိုင်ရာ ဝန်ဆောင်မှုများကို အမြန်ဆုံး ကူညီပေးနေပါတယ်။

15/07/2026

"သူက မေးတဲ့သူဆိုတော့ ပြုံးနိုင်တာပေါ့"🥲

"Region Restricted"!!!July 2 ရက်နေ့ကစပီး မြန်မာနိုင်ငံမှာရှိတဲ့ STARLINK စက်အကုန်နီးပါး ကြုံတွေ့ခဲ့ရတဲ့ crisis.ဒီပြဿနာကိ...
05/07/2026

"Region Restricted"!!!

July 2 ရက်နေ့ကစပီး မြန်မာနိုင်ငံမှာရှိတဲ့ STARLINK စက်အကုန်နီးပါး ကြုံတွေ့ခဲ့ရတဲ့ crisis.
ဒီပြဿနာကိုဖြေရှင်းဖို့ လုပ်ကိုင်နေကြတဲ့သူ‌တွေလည်း
ကြံနေ,ဖန်နေ, ရှာနေဆဲပါ။

ဒါပေမယ့် ဒီပြဿနာကိုမဖြေရှင်းခင်နဲ့
အသုံးပြုနေသူတို့ ဗဟုသုတရစေရန်အလို့ငှာ
အဓိကဖြစ်တဲ့ "Region Restricted"ဆိုတဲ့အတိုင်း
Location ပြဿနာနဲ့ပက်သက်ပီး
Starlinkရဲ့ လုပ်ဆောင်ပုံလေးကို sharing လုပ်ချင်ပါတယ်။

ခုမြန်မာက စက်တွေမှာပြနေတဲ့ "Region Restricted" ဆိုတာ
STARLINK ဘက်မှာ Geofencing enforcement လိုခေါ်တဲ့
Policyနဲ့ သွားငြိနေလို့ပါ။
Geofencing က ဘာလဲဆိုတော့ virtual - geographic boundary (မြေမျက်နှာသွင်ပြင် အပိုင်းအခြား/နယ်နမိတ်) သတ်မှတ်ထားပီး STARLINK dish တွေကပို့လာတဲ့ GPS နဲ့ network data ပေါ်မှာမူတည်ပီး
သူတိုရဲ့ စည်းမျဉ်းတွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို စစ်ဆေးတဲ့စနစ်ဖြစ်ပါတယ်။

စက်ကဘယ်မှာရှိလဲဆိုတာကိုတော့ GPS ကတစ်ဆင့်သိတာဖြစ်ပါတယ်။
GPS ဘာလဲဆိုတာကတော့ Google Map သုံးဖူးတဲ့သူတိုင်းသိပီးသားဖြစ်မှာပါ။ အဲ့လိုပါပဲ ကျနော်တို့ရဲ့ STARLINK Dish မှာလည်း GNSS Receiver လို့ခေါ်တဲ့ Navigation System ပါဝင်ပါတယ်။ ဒီစနစ်ထဲမှာမှ ပါဝင်တဲ့ GPSက စက်ရဲ့ (လတ်တီကျု , လောင်ဂျီကျု ,Altitude လို ခေါ်တဲ့ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်) ကို မှန်းခြေပြပေးပါတယ်။
တစ်ခြား function လေးတွေလည်း ပါပါတယ်။
ခုကတော့ ပြဿနာနဲ့ဆိုင်မယ့် Beam Selectionဆိုတဲ့
လုပ်ဆောင်ချက်ကိုပဲ ထပ်ရှင်းပြချင်ပါတယ်။

Beam ဆိုတာက Satellite ကနေ ကမ္ဘာမြေကိုထုတ်လွှင့်ပေးတဲ့
radio လှိင်းတွေပါ။ Satellite တစ်ခုမှာ Beam တစ်ခုထပ်မက ထုတ်ပေးနိုင်ပြီး Beam တစ်ခုတည်းကို STARLINK dish ပေါင်းများစွာလာရောက်ချိတ်ဆက်နိုင်ပါတယ်။ ထို Beam တွေဟာ တစ်နေရာတည်းကို ရောက်ရှိနေတာမျိူး မဟုတ်ဘဲ နေရာအကွာအဝေးတစ်ခုကို ဖြန့်ကျက်ရောက်ရှိနိုင်ပါတယ်။ ဉပမာ Beam.A = Myanmar , Beam.B = Bangkok , Beam.C = Bangladesh. ဒါက ဘာဆိုင်လို့လဲဆိုရင်တော့ Starlink dish မှ GNS receiverနဲ့
ချိတ်ဆက်ကာ မမှန်မကန်အသုံးပြုမှုတို့အတွက် Starlink တို့ဘက်မှ
ကာကွယ်နိုင်ရန် ဖြစ်ပါတယ်။ ဘယ်လိုလဲဆိုတော့
ခုဖြစ်နေတဲ့ ပြဿနာနဲ့ပက်သက်ပီး စက်ကို GPS ပြောင်းဖို့စိတ်ကူးရင်တောင် နည်းပညာအရ စက်ရဲ့ GPSက တစ်ခြားခွင့်ပြုထားတဲ့ နိုင်ငံကလာသည်ဖြစ်နေပါစေ, အမှန်တကယ်ထားရှိနေသည့်စက်က မြန်မာနိုင်ငံပေါ်မှာရှိတဲ့ STARLINK ရဲ့ Satellite Beam နဲ့ချိတ်ဆက်နေသရွေ့
Network အရ STARLINK ဘက်မှသိရှိနိုင်ပီး ကိုက်ညီမှုမရှိဟုဆိုကာ
ဖြတ်ချနိုင်ပါသည်။
တစ်ချို့စက်တွေဘာလို့ ရနေလဲဆိုရင်တော့ မဖြစ်သေးလို့ပါပဲ။

မည်သို့ပင်ဆိုစေကာမူ ရရှိနိုင်ရန် ဉာဏ်အားရှိသမျှ တတ်နိုင်တာထက်ပိုပီး လုပ်ဆောင်နေပါကြောင်းနှင့် မျှော်လင့်နေပါကြောင်း။

30/06/2026

"ဒေါ်လာစျေးတွေတက်ပီး bill ဖိုးများနေလို့
လူကြီးမင်းတို့ကိုယ်စား သွားပြောပါပီ"😁

မှတ်ချက်။ ။ AI ဖြင့်ထုတ်ထားသော Video ဖြစ်ပါတယ်ခင်ဗျာ။

27/06/2026

"STARLINK အသုံးပြုနေကြတဲ့လူကြီးမင်းတို့ မင်္ဂလာပါ"🥰🙏

"အလုပ်လုပ်နေတုန်း အင်တာနက်လိုင်း ရုတ်တရတ်ပြတ်သွားရင် ဘယ်လိုလုပ်မလဲ?"အင်တာနက်လိုင်းပြတ်သွားမှ သတိရတာထက်၊ အချိန်မီ ငွေပေးခ...
15/06/2026

"အလုပ်လုပ်နေတုန်း အင်တာနက်လိုင်း ရုတ်တရတ်ပြတ်သွားရင် ဘယ်လိုလုပ်မလဲ?"

အင်တာနက်လိုင်းပြတ်သွားမှ သတိရတာထက်၊
အချိန်မီ ငွေပေးချေထားတာက ပိုအဆင်ပြေပါတယ်။

✅ အလုပ်လုပ်နေရင်း
✅ Online Meeting တက်နေရင်း
✅ Game ဆော့နေရင်း
✅ Netflix ကြည့်နေရင်း

ရုတ်တရက် Service ရပ်သွားတာမျိုး မဖြစ်စေဖို့
ဒီလရဲ့ STARLINK Subscription ကို အခုပဲ စစ်ဆေးပြီး
STARGATEWAYနဲ့ ဘေလ်ဆောင်လိုက်ပါ။

💳 အချိန်မီပေးချေပြီး အင်တာနက်ကို အဆက်မပြတ် အသုံးပြုနိုင်ရန်
ငွေပေးချေမှုသက်တမ်းစစ်ဆေးဖို့အတွက် အကူအညီလိုအပ်ပါက
Page Chat Box မှာ အခု ပဲ ဆက်သွယ်မေးမြန်းလိုက်ပါ။

"လုပ်ငန်းအတွက် Starlink ဝယ်ဖို့ စဉ်းစားနေပါသလား? Standard Dish နဲ့ High Performance Kit ကြားမှာ စျေးကွာသလောက် Performanc...
11/06/2026

"လုပ်ငန်းအတွက် Starlink ဝယ်ဖို့ စဉ်းစားနေပါသလား?
Standard Dish နဲ့ High Performance Kit ကြားမှာ စျေးကွာသလောက် Performance က တကယ်တန်ရဲ့လား? မဝယ်ခင် သိထားသင့်တဲ့
လက်တွေ့အသုံးပြုအချက်တွေကို မျှဝေလိုက်ပါတယ်"

ပုံမှန်မြင်‌တွေ့နေကြ starlink Standard dish တွေနဲ့မတူပဲ
အခြားတစ်ဖက်မှာရှိတဲ့ Starlink High Performance Kit လိုလူသိများကြတဲ့ High Peformance Model တွေအကြောင်းကို
လူကြီးမင်းတို့ရဲ့ businessအတွက် အသုံးပြုဖို့လိုအပ်လာခဲ့ရင်
လက်တွေ့မှာဘယ်လို အခြေနေရှိလဲဆိုတာကို
သိရှိထားပီးဖြစ်ရန် ရည်ရွယ်ပါတယ်။

High Performance ဆိုတဲ့ နာမည်အတိုင်း သူ့ရဲ့ ထွက်လာတဲ့
Generation တိုင်းက ပုံမှန် Starlink Standard Dish တွေထက်
Performance ( လုပ်ဆောင်နိုင်စွမ်း )
Durability ( ခံနိုင်ရည်ရှိမှု )
Reliability ( တည်ငြိမ်မှု ) ပိုင်းတွေမှာ ပိုပီးသာလွန်မှုရှိနေမှာ ဖြစ်ပါတယ်။
သို့ပေမယ့်လည်း High Performance Kit က Gen1 နဲ့ Standard က Gen3 နဲ့ စျေးနှုန်းအရအရမ်းကွာခြားနေတာမျိုးတွေ မဟုတ်ဘဲ ယှဉ်ပီးရွေးချယ်ရတာမျိုးတွေ ရှိလာတဲ့အခါမှာ အောက်မှာဖော်ပြ‌ပေးမယ့် လက်တွေ့ အပြင်က အတွေ့အကြုံတွေကို သိထားရင် ဝယ်ပီးမှ
ဟိုဟာကပိုကောင်းမှာမျိုးတွေ မဖြစ်မှာပါ။

Starlink High Performance Model(Kit) လို့သိကြတဲ့ Dishတွေဟာ Generation (၃)မျိုးရှိပါတယ်။

1. High Performance Gen1
အရွယ်အစားပိုကြီးသွားပီး ပုံမှန် Standard Model Gen2 လို
Motorized base ဖြစ်တာကြောင့် Auto Alignment ဖြစ်ပီး
လိုက်ချိန်ပေးနေစရာမလိုပါ။ Internet Speed အားဖြင့်တော့ ဖော်ပြချက် အရ 100Mbps to 300Mbps ထိရတယ်လို့ဆိုပါတယ်။ Gen2နဲ့ ယှဉ်ရင်တော့ အနည်းငယ်သာပီး(ကျွန်တော်တိုအသုံးပြုချက်အရ) Mbps 150ကျော်ကျော်သာ။ စျေးနှုန်းအရတော့ Standard Gen2ထက်များမှာသေချာပီး
အမျိုးမျိုးရှိနိုင်တာမို လုပ်ငန်းအတွက် ကောင်းကောင်းသုံးဖိုသာ ဆိုရင်တော့ စျေးလည်းအများကြီးမကွာမယ့်
Standard Gen3 ကိုသာထပ်တိုးအသုံးပြုစေချင်ပါတယ်။

2. High Performance Gen2
ဒီ Modelကတော့ တကယ်ကိုအကြမ်းပါ၊ High Performance ဆိုတဲ့အဓိပ္ပာယ်ကို ဒီမှာ သေချာပြသပေးပါတယ်။ Design အားဖြင့် အရွယ်အစားကြီး Flat ဖြစ်သွားပီး, Alignment ကို Standard Gen3 Mountသလိုပဲ လုပ်ရမယ်။ Internet Speed ကတော့ Speed Testလိုက်တိုင်းမှာ "300+"ပဲ။ ပြီးတော့ Reliability ဆိုတာကို ဒီမှာတွေ့ရတယ်, Standard Gen2သုံးနေပီး မိုးရွာလို့ လိုင်းခနကျသွားတဲ့အခြေနေမျိုးမှာပဲ High Performance Gen2 သုံးနေရတဲ့အခါမှာ လိုင်းကျသွားတာမျိုးမဖြစ်ဖူးပါဘူး။(ဒါကတော့ Personally အမြင်ပါ၊ အတိကျကြီးထပ်တူကျတာမျိုးကတော့ နေရာ ရာသီဉတုတွေ မတူညီနေတာမို့လို့) Business အတွက်ကတော့ ISP(Internet Service Provider) typeမျိုးမှ မဟုတ်ရင် ဒီ Model က တစ်လုံးတည်းနဲ့ ကောင်းကောင်းအဆင်ပြေပါလိမ့်မယ်။

3. High Performance Gen3
.......
ဒီ Model ကတော့ စျေးကွက်ထဲမှာ တွေ့ရအနည်းဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ JUNE 2025ခုနှစ်က ဖြန့်ဖြူးရောင်းချခဲ့ပီး ရှေ့က Generationတွေထက် ပိုသေး,ပိုပေါ့,ပိုအကြမ်းခံပီး ပါဝါစား ပိုသက်သာမယ့် designကို ပြန်လည်ပြုပြင်ထားတယ်လို့သိရပါတယ်။ Internet Speed အနေနဲ့ကတော့ STARLINK ဘက်ကဖော်ပြချက်အရ 475 Mbps Download / 70 Mbps Upload ထိကို ရမယ်ပြောပါတယ်၊ ဒီ့အတွက်ကတော့ သေချာလက်တွေ့ အသုံးမပြုရသေးတာမို့ နောက်ပိုင်းမှာ အသုံးပြုဖြစ်ခဲ့ရင် ဆက်လက် Sharing လုပ်ဆောင်ပေးသွားပါအူးမယ်။

လစဉ်ကြေး Billing အတွက်ကိုတော့
မည်သည့် Model, Service Plan ဖြစ်စေ
‌ဆောင်ရွက်ပေးနေတာမို့ Starlinkနဲ့ပက်သက်ပီး အကူညီလိုအပ်ခဲ့ရင်ဖြင့်
ကျွန်တော်တို့ "STARGATEWAY"ကို ဆက်သွယ်လိုက်ပါ။

chat us, trust us, get us. 🤝

🌧 “မိုးရွာရင် လိုင်းပျက်တတ်တယ်” ဆိုတဲ့ စိတ်ညစ်စရာကို ဒီမိုးရာသီမှာ အဆုံးသတ်လိုက်ပါ။မိုးရာသီရောက်လာပြီဆိုတာနဲ့ လေပြင်းတို...
03/06/2026

🌧 “မိုးရွာရင် လိုင်းပျက်တတ်တယ်” ဆိုတဲ့ စိတ်ညစ်စရာကို ဒီမိုးရာသီမှာ အဆုံးသတ်လိုက်ပါ။

မိုးရာသီရောက်လာပြီဆိုတာနဲ့ လေပြင်းတိုက်တာ၊ မိုးသက်မုန်တိုင်းကျတာတွေကြောင့် လျှပ်စစ်မီးခဏခဏပျက်ပြီး အင်တာနက်လိုင်းတွေပါ
ပျက်တောက်ကုန်လို့ စိတ်ညစ်နေရပါသလား?

ကမ္ဘာ့အဆင့်မြင့် ဂြိုဟ်တုနည်းပညာသုံး Starlink ဟာ မိုးရွာရုံတင်မကဘဲ နှင်းဖုံးတဲ့ ရာသီဥတုအထိပါ ခံနိုင်ရည်ရှိအောင် ဒီဇိုင်းထုတ်ထားတာမို့
ရာသီဥတုဆိုးရွားတဲ့ ရက်တွေမှာလည်း အခြားအင်တာနက်တွေထက်
ပိုမိုငြိမ်သက်ပြီး လိုင်းဆွဲအားကောင်းမွန်နေမှာပါ။

ဒါပေမဲ့ မိုးရာသီမှာ သင့်ရဲ့ Starlink စက်ပစ္စည်းလေးတွေ
ရေရှည်စိတ်ချရအောင် ဒါလေးတွေကိုတော့
သတိပြုပေးဖို့ လိုအပ်ပါတယ်ခင်ဗျာ -

⛈ မိုးကြိုးအန္တရာယ် ကာကွယ်ပါ: မိုးသက်မုန်တိုင်းပြင်းထန်ပြီး
မိုးကြိုးအချက်ရေ များလာတဲ့အခါ Router နဲ့ စက်ပစ္စည်းတွေကို
ခေတ္တပလပ်ဖြုတ်ထားပေးပါ။

💨 အထိုင် ခိုင်ခံ့ပါစေ: လေပြင်းဒဏ်ကြောင့် Starlink Dish အနေအထား ရွေ့လျားမသွားစေဖို့ ကေဘယ်ကြိုးနဲ့ Stand တပ်ဆင်မှုတွေကို
သေချာစစ်ဆေးထားပါ။

🔌 မီးအားမြှင့်စက် သုံးစွဲပါ: မိုးရာသီမှာ မီးအားအတက်အကျ ခဏခဏဖြစ်တတ်လို့ စက်ပိုင်းဆိုင်ရာ Error မတက်အောင် UPS သိုမဟုတ်
မီးအားထိန်းစက် (Stabilizer) နဲ့ တွဲဖက်သုံးစွဲပေးပါ။

ရာသီဥတု ဘယ်လောက်ပဲ ဆိုးရွားပါစေ...
လူကြီးမင်းတို့ရဲ့ အင်တာနက် လစဉ်ကြေး ပေးဆောင်ဖို့နဲ့
စက်ပိုင်းဆိုင်ရာ အခက်အခဲမှန်သမျှအတွက်ကိုတော့
STAR GATEWAY က မိုးရာသီတစ်လျှောက်လုံး ဘေးနားကနေ အဆင်သင့် ကူညီဆောင်ရွက်ပေးနေမှာပါ!

မိုးရာသီရဲ့ အေးမြတဲ့ရက်တွေမှာ အိမ်ထဲမှာပဲ အလုပ်လုပ်ရင်းဖြစ်ဖြစ်၊
ရုပ်ရှင်ကြည့် အပန်းဖြေရင်းဖြစ်ဖြစ် လိုင်းကောင်းကောင်း သုံးနိုင်ဖို့
အခုပဲ ကျွန်တော်တို့ဆီမှာ Starlink Bill အတွက် ဆက်သွယ်လိုက်ပါခင်ဗျာ။ 🌧

chat us, trust us, get us 🤝

"ယခုလမှစ ငွေကြေးနှုန်းထားအပြောင်းအလဲ အသိပေးချက်" 📢လူကြီးမင်းခင်ဗျာ... ကမ္ဘာ့ဒေါ်လာဈေးနှုန်း အတက်အကျနှင့် Starlink ရဲ့ ဒေ...
23/05/2026

"ယခုလမှစ ငွေကြေးနှုန်းထားအပြောင်းအလဲ အသိပေးချက်" 📢

လူကြီးမင်းခင်ဗျာ... ကမ္ဘာ့ဒေါ်လာဈေးနှုန်း အတက်အကျနှင့်
Starlink ရဲ့ ဒေသအလိုက် မူဝါဒအပြောင်းအလဲများကြောင့်
ယခုလမှစတင်၍ လစဉ်ကြေးပေးဆောင်ရမည့် မြန်မာငွေ (နှုန်းထား) အနည်းငယ် အပြောင်းအလဲရှိနိုင်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

💸 တိကျသော ယနေ့ပေါက်ဈေးနှင့် ဝန်ဆောင်မှုစရိတ်ကို သိရှိနိုင်ရန်:
ကျွန်တော်တို Page သို့ လူကြီးမင်းတို့အသုံးပြုနေသည့်
ပက်ကေ့ချ်အမျိုးအစား (Residential / Mobile-Regional) ကို ပြောပြ၍
အခုပဲ တိုက်ရိုက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

စျေးနှုန်းတွေ ဘယ်လိုပဲ ပြောင်းလဲပါစေ
STAR GATEWAY အနေနဲ့ အသုံးပြုသူများအတွက်
အသက်သာဆုံးနှုန်းထားနှင့် ငွေကြိုလွှဲစရာမလိုတဲ့
'ယုံကြည်စိတ်ချရမှု အပြည့်အဝ' ဝန်ဆောင်မှုကို
ဆက်လက်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

💬 အသေးစိတ်ကို Chatbox တွင် အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ပါပြီ။

Chat us, Trust us, Get us. 🤝

"ID မတင်ရသေးလို့ စိတ်ပူနေပါသလား? အချိန်မနှောင်းခင် အခုပဲ ဖြေရှင်းလိုက်ပါ။"အမျိုးတို့ IDတင်တဲ့ ကိစ္စနဲ့ပက်သက်ပီး အဆင်ပြေက...
17/05/2026

"ID မတင်ရသေးလို့ စိတ်ပူနေပါသလား? အချိန်မနှောင်းခင် အခုပဲ ဖြေရှင်းလိုက်ပါ။"

အမျိုးတို့ IDတင်တဲ့ ကိစ္စနဲ့ပက်သက်ပီး အဆင်ပြေကြရဲ့လားခင်ဗျာ
Starlink ဘက်ကသတ်မှတ်ထားတဲ့ ရက်‌တွေကလည်း တဖြည်းဖြည်းနဲ့ ကုန်ဆုံးနီးကပ်လာပီဆိုတော့ မသိသေးတဲ့အမျိုးတို့အတွက်
မဆုံရူံးသင့်တာ မဆုံးရူံးရအောင် ထပ်ပီး အသိပေး
အကြောင်းကြားခြင်းပါခင်ဗျ။
ID နဲ့ပက်သက်ပီး အကူညီလိုအပ်ရင်ဖြင့်
ကျနော်တို့ STARGATEWAY မှာ သေချာစွာဆောင်ရွက်ပေးနေတာကြောင့်
အဆင်မပြေမှုတစ်ခုခုကြုံခဲ့ရင်ဖြင့် ချက်ချင်းသာဆက်သွယ်လိုက်ပါ။

ယုံကြည်စိတ်ချစွာနဲ့ Service အပ်နှံခဲ့ကြတဲ့လူကြီးမင်းတို့ကိုလည်း
ကျေးဇူးအထူးပင်တင်ရှိပါကြောင်း....

chat us, trust us, get us.

Address

Naypyidaw

Alerts

Be the first to know and let us send you an email when Star Gateway posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share