17/06/2026
Silk Screen Printing နဲ့ DTF Printing အကြောင်း – Customer တွေ မကြာခဏ အထင်မှားနေတဲ့ အချက်များ
ဒီနေ့ခေတ် printing လုပ်ငန်းမှာ Silk Screen Printing နဲ့ DTF Printing ဆိုတာ အများဆုံးအသုံးပြုနေတဲ့ နည်းပညာနှစ်ခုပါ။
ဒါပေမယ့် customer တွေက ဒီနှစ်ခုရဲ့ ကွာခြားချက်ကို မသိတာကြောင့် “ဈေးနှုန်းဆိုင်အရာထင်မှားမှု” နဲ့ “quality ပိုင်းဆိုင်ရာ အထင်မှားမှု” တွေ ဖြစ်နေတတ်ပါတယ်။
အခုအကြောင်းအရာမှာ ဒီနှစ်ခုကို သိသလောက်နည်းနည်းရှင်းပြပေးထားပါတယ်။
Silk Screen Printing ဆိုတာဘာလဲ?
Silk Screen Printing ဆိုတာ design ကို mesh screen-ပိုးဇာဘောင်ပေါ်မှာ ပုံရိပ်ကူးပြောင်းမှုလုပ်ပြီး ဆေးရိုက်တဲ့ နည်းပညာပါ။ အရောင်တစ်မျိုးချင်းစီအတွက် ဇာဘောင်တစ်ခုစီ လိုအပ်ပါတယ်။
ပိုးဇာဘောင်ကူးခြင်းလုပ်ငန်းက သာမန်အားဖြင့် လွယ်သလိုထင်ရပေမယ့် လုံးဝမလွယ်ပါဘူးနော်..
တကယ်ကျွမ်းကျင်ဖို့လိုအပ်တဲ့ ပညာရပ်တစ်ခုပါ.. မကျွမ်းကျင်ပဲလုပ်လိုက်ရင် လျော်၍မဆုံးတပြုံးပြုံးဖြစ်သွားပါလိမ့်မယ်..
အသုံးပြုရမယ့် ဇာအမျိုးအစား၊ ကာလာခွဲခြင်း၊ ဆေးစပ်ခြင်းတွေဟာ လွယ်ကူတဲ့အလုပ်တွေမဟုတ်ပါဘူး
သေသေခြာခြာလေ့လာသင်ကြားမှသာ လုပ်နိုင်ပါလိမ့်မယ်..
အဓိကအားသာချက်ကတော့
အရေအတွက်များလာရင် တစ်ခုချင်းစျေး အရမ်းသက်သာသွားမယ်
ပညာသဘာအပေါ်မူတည်ပြီး အရောင်တည်ငြိမ်ပြီး ရေရှည်ခံနိုင်တယ်
bulk order (အထည်အများအပြား) အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်
ဒါပေမယ့်
အေရအတွက်နည်းတဲ့ အော်ဒါတွေမှာ setup cost ကြောင့် စျေးကြီးနိုင်တယ်
setup cost ဆိုတာ ဘောင်ဖေါက်ခြင်း ဒီဇိုင်းပြင်ဆင်ခြင်းတွေပါ..
design ပြောင်းတိုင်း ပိုးဇာဘောင် အသစ်လုပ်ရမယ်
color များရင် အလုပ်ပိုရှုပ်ပြီး ရိုက်နှိပ်ရတဲ့အချိန်ပိုကြာတတ်ပါတယ်
အော်ဒါအေရအတွက်များများနဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းတွေအတွက် မြန်ဆန်ပြီး ကုန်ကျစားရိတ်သက်သာတဲ့အတွက် အေရးကြီးတဲ့အခန်းကဣမှာ ရပ်တည်နေတဲ့လုပ်ငန်းတစ်ခုပါ........
DTF Printing ဆိုတာဘာလဲ?..........
DTF (Direct to Film) Printing ကတော့ design ကို film ပေါ်မှာ printer နဲ့ print လုပ်ပြီး powder adhesive နဲ့ heat press သုံးပြီး အဝတ်ပေါ် transfer လုပ်တဲ့ နည်းပညာပါ။
Graphic Design နဲ့ Heat Press Printing လုပ်ငန်းကို နားလည်ကျွမ်းကျင်တဲ့သူတွေအတွက် အရင်းအနီးနည်းနည်းနဲ့ လုပ်ကိုင်နိုင်တဲ့ ခေတ်သစ်ပုံနှိပ်တံဆိပ်ရိုက်လုပ်ငန်းတစ်ခုပါ..
သူ့ကို Print တဲ့ Printer တွေကတော့ ဈေးနှုန်းကြီးမြင့်ပါတယ်..
ဒီနေ့မြန်မာနိုင်ငံမှာတော့ ဖလင်သီးသန့်ပုံနှိပ်ပေးတဲ့ စက်တွေအများကြီးရှိလာတဲ့အတွက် ကျွန်တော်တို့လို လုပ်ငန်းငယ်သမားတွေအတွက် တော်တော်အဆင်ပြေပါတယ်
အဓိကအားသာချက်ကတော့
1 piece-တစ်ထည်ခြင်း တစ်ခုခြင်းကနေ စပြီး လုပ်လို့ရပါတယ်
full color design ကာလာအပြည့်/ကာလာေရာင်ပြေးအနုအရင့်အစပ်တွေ အတွက်(photo, gradient) လုံးဝအဆင်ပြေလွယ်ကူပါတယ်
Design ပြောင်းလဲဖို့ လွယ်ကူပါတယ်.. ကွန်ပြူတာမှာပဲ ပြင်ဆင်လို့ရတာမို့ပါ
setup cost မလိုသလောက်နည်းခြင်း- အလွယ်တကူ ဖလင်တွေကိုမှာယူနိုင်ပါတယ်
ဒါပေမယ့်.........
bulk order-အေရအတွက်များကြီးဖြစ်တဲ့အော်ဒါ တွေမှာ တစ်ခုချင်းစျေး မသက်သာနိုင်ပါဘူး
Silk Screen လောက် ဈေးနှုန်းမသက်သာနိုင်ပါဘူး/ ဒါပေမယ့်လည်း နားလည်ကျွမ်းကျင်မှုရှိရင်ရှိသလို သက်သာအောင်လုပ်လို့ ရနိုင်ပါတယ်
fabric အချို့မှာ texture နည်းနည်းခံစားရနိုင်ပါတယ်
Customer တွေ မကြာခဏ မှားနေတဲ့အချက်တွေကတော့
“DTF က အမြဲဈေးသက်သာတယ်”ဆိုတာမဟုတ်ပါဘူး။ 1–10 ခုလိုမျိုး အတွက်သာ သက်သာပါတယ်။
အများအပြားဆို Silk Screen ပိုသက်သာနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုတဲ့ကာလာအပေါ်မူတည်ပြီး ဈေးက သိပ်မကွာတော့ပြန်ပါဘူး..
“Silk Screen က အမြဲ quality ပိုကောင်းတယ်” ဆိုတာလည်း မဟုတ်ပါဘူး။
simple logo-ကာလာတစ်ေရာင် နှစ်ေရာင်နဲ့ ရှင်းလင်းတဲ့ ဒီဇိုင်းတွေ Logo တွေအတွက်ကောင်းပြီး photo design ဆို DTF က ပိုကောင်းပါတယ်။
အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ လုပ်ငန်းသဘာဝအရမတူညီပါဘူး..
အကြိုက်တွေလည်း မတူညီကြပါဘူး.. တစ်ချို့ဒီဇိုင်းတွေက ပိုးဇာဘောင်ရိုက်ကူးမှုနဲ့ ပိုသင့်တော်သလို တစ်ချို့ဒီဇိုင်းတွေက DTF Printing နဲ့သာ ပိုပြီးကောင်းပါတယ်..
DTF Printing ကတော့ ဈေးလည်း သိပ်ပြီး မကြီးသလို သိပ်လည်းမသက်သာလှပေမယ့် ဒီနေ့ခေတ်မှာ မြန်ဆန်ပြီး အထည်မေရွး အေရအတွက်မေရွးလို့ လူကြိုက်များတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်
နေပြည်တော်မှာ DTF Printing အတွက် လိုအပ်လာပါက DPI Digital Printing ကို ဆက်သွယ်လိုက်ပါ..
အကောင်းဆုံးနဲ့ အမြန်ဆုံး ရိုက်နှိပ်ပေးနေပါပြီ
DPI Digital Printing - ပုဗ္ဗသီရိ
09425297064
09680569612
[email protected]