Department of Archaeology and National Museum

Call Directions Website Contact the business

Department of Archaeology and National Museum deptarnm

10/10/2026

မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ ပဉ္စမအကြိမ် အစည်းအဝေး ကျင်းပ

18/09/2026

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊
မန္တလေးဌာနခွဲတွင် "ရတနာပုံခေတ်ရှေးဟောင်းမြန်မာ့နန်းတော်ရှိနန်းဓလေ့အသုံးအဆောင်များနှင့်မင်းခမ်းတော်ပစ္စည်းများ လေ့လာမှုသင်တန်း" ဖွင့်လှစ်သင်ကြား

ရှေးဟောင်းပစ္စည်းအပ်နှံခြင်းအတွက် ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကျင်းပစက်တင်ဘာ  ၁၈၊ ပြည်.....
18/09/2026

ရှေးဟောင်းပစ္စည်းအပ်နှံခြင်းအတွက် ချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကျင်းပ
စက်တင်ဘာ ၁၈၊ ပြည်..................................................................................................
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ လင်းရွာကျေးရွာနေ ဦးထိန်လင်းဦး ဆိုသူမှ အလေးချိန်(၁.၀၃၈ ဂရမ်)ရှိ ပျူခေတ် ရွှေခြင်းလုံးငယ်(၁)လုံး အပ်နှံခဲ့သည့်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ချီးမြှင့်ငွေကျပ် (၅၄၉,၅၂၅/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကို (၁၈.၉.၂၀၂၆) ရက်နေ့ နေ့လည်(၂:၀၀) နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကမ္ဘာ့အမွေအနှစ် ဒေသများဌာနခွဲ၊ သရေခေတ္တရာဌာနစု၌ ကျင်းပပြုလုပ်ခဲ့ရာ သရေခေတ္တရာဌာနစုမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် သရေခေတ္တရာဌာနစုတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးက အဖွင့်အမှာစကား ပြောကြားရာတွင် ရှေးဟောင်းပစ္စည်းများသည် နိုင်ငံတော်၏ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုကို ဖော်ထုတ်ရာ၌ အရေးပါသော အထောက်အထားများဖြစ်သည့်အတွက်
မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါကြောင်း၊ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဖျက်ဆီးခြင်း၊ တရားမဝင်ရောင်းချခြင်းများ ပြုလုပ်ပါက နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ နည်းဥဒေတို့အရ အရေးယူခံရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း ဒေသခံပြည်သူများအား အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် တာဝန်သိစိတ်ရှိစွာဖြင့် ရွှေထည်နှင့်အခြား ရှေးဟောင်းဝတ္ထုပစ္စည်းများအား နိုင်ငံတော်ပိုင် ပစ္စည်းအဖြစ်အပ်နှံပါက လွှဲပြောင်းပေးအပ်သူကို အကျိုးခံစားခွင့်ရှိသူအဖြစ်သတ်မှတ်၍ ကာလတန်ဖိုးအပြင် ထပ်ဆောင်းတန်ဖိုးငွေပါ တွက်ချက်ပြီး ချီးမြှင့်ငွေများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးလျက်ရှိပါကြောင်း၊ ယနေ့ လာရောက် အပ်နှံသည့် ဒေသခံပြည်သူကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပျူခေတ် ရွှေခြင်းလုံးငယ်(၁)လုံးကို တာဝန်သိစိတ်ရှိစွာဖြင့် လာရောက် အပ်နှံခဲ့သော ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ မှော်ဇာကျေးရွာအုပ်စု၊ လင်းရွာကျေးရွာနေ ဦးထိန်လင်းဦး အား ဂုဏ်ပြုချီးမြှင့် ငွေကျပ်(၅၄၉၅၂၅/-)နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ် ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

ထိုင်းနိုင်ငံ Cultural Relationship of Mainland Southeast Asia(CRMA) ResearchCenter မှ Thermo Droneနှင့် Mavic - 2 Zoom ...
08/09/2026

ထိုင်းနိုင်ငံ Cultural Relationship of Mainland Southeast Asia(CRMA) Research
Center မှ Thermo Droneနှင့် Mavic - 2 Zoom Drone တို့အား ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လှူဒါန်းသည့် အခမ်းအနားကို စက်တင်ဘာလ ၇ ရက်နေ့ အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ထိုင်းနိုင်ငံ CRMA အဖွဲ့မှ Director Dr. Surat နှင့် အဖွဲ့ဝင်များ၊ ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို Thermo Drone နှင့် Mavic-2 zoom drone တို့ကို လှူဒါန်းပေးတဲ့အတွက် CRMA မှ Dr.Surat နှင့်အဖွဲ့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလက်ခံရရှိသည့် Drone များသည် သာမာန် Drone များနှင့်မတူဘဲ အရည်အသွေးကောင်းမွန်၍ နည်းပညာမြင့် Drone များ ဖြစ်သည့်အတွက် မိမိတို့နိုင်ငံရှိ ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်း site များအား ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် များစွာအထောက်အကူပြုသော ပစ္စည်းများ ဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့်လည်း အဆိုပါ Thermo Drone များကို အသုံးပြု၍ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီး ရလဒ်အသစ်များရရှိအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
မိမိတိုဌာနအနေဖြင့်လည်း အဆိုပါ Thermo Drone များကို အသုံးပြု၍ ရှေးဟောင်း အဆောက်အအုံများ ကာကွယ်ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ပြီး ရလဒ်အသစ်များရရှိအောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါ သည်။
ဆက်လက်၍ ထိုင်းနိုင်ငံ Cultural Relationship of Mainland Southeast Asia(CRMA) Research မှ Director Dr.Surat က Drone များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခဲ့ပြီး ၎င်းတို့အဖွဲအစည်းက LIDAR Scanner အသုံးပြု၍ သုတေသနလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် နည်းပညာဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ ထိုင်းနိုင်ငံ Cultural Relationship of Mainland Southeast Asia(CRMA) Research အဖွဲ့က Thermo Drone နှင့် Mavic-2 Zoom Drone တိုအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ရာ ဌာနမှဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

ရွှေမန္တလေးနှင့်ရတနာပုံနန်းမြို့ရိုးရေရှည်တည်တံ့ရေး မန္တလေးရွှေမြို့တော်ကြီးကို အမရပူရကနေရွေ့ပြောင်းဖို့ မပြောင်းဖို့ မင...
27/08/2026

ရွှေမန္တလေးနှင့်ရတနာပုံနန်းမြို့ရိုးရေရှည်
တည်တံ့ရေး

မန္တလေးရွှေမြို့တော်ကြီးကို အမရပူရကနေရွေ့ပြောင်းဖို့ မပြောင်းဖို့ မင်းနဲ့အမတ်ပညာရှိတွေ အတော်လေးဆွေးနွေးခဲ့ကြပုံပေါ်ပါတယ်၊ အဲ့လိုမျိုးအချိန်မှာ ဆရာတော်ကြီးများရဲ့ အကြံအညဏ်များလည်း ဘုရင်က မလွဲမသွေတောင်းခံရမှာ အမှန်ပါပဲ။

ဘုရင်က ဘာလို့ အမရပူရကနေ ပြောင်းချင်တာလဲ လေ့လာတဲ့အခါ ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ နယ်လှည့်ရာဇဝင်အတွဲ၂ ထဲမှာတော့ အောက်ပါအတိုင်းတွေ့ရှိပါတယ်...။

" နေရာဟောင်းမှာမနေချင်တော့လို့ ဆိုတဲ့အဖြေကလွဲပြီးတခြားကြေနပ်လောက်တဲ့ အဖြေတော့ရှာမတွေ့ပါ။ ထုံးစံအတိုင်း လူကြားကောင်းလောက်အောင်အဖြေရှာကြံကြဘို့ မင်းရော မင်းတိုင်ပင်အမတ်နဲ့ လူပညာရှိ၊ရဟန်းပညာရှိအခေါ်ခံသူတွေပါကျိုးစားရှာဖွေကြပါတယ်။ သူတို့ပေးတဲ့အဖြေတွေခဏထားပြီး အမရပူရမြို့တော်မှာ မင်းတုန်းမင်းဟာ ဘာပြုလို့ဆက်မနေချင်တော့တာလဲလို့စဉ်းစားရပါမယ်။ ခန့်မှန်းချက်အရ (၁) အမပူရမှာနေတုန်း ၁၈၅၂ခုအင်္ဂလိပ်နဲ့စစ်ဖြစ်ပြီး စစ်ရှူံးတယ်။ (၂) စစ်ရှူံးတဲ့မင်းဟာနန်းကျတယ်။ (၃) ဒီလိုပြည်တွင်းပြည်ပအသရေညှိုးတဲ့နေရာမှာ မင်းအသစ်ဟာ ဘယ်နေချင်မလဲ အဖြေထွက်ပါတယ်။ ဒါပေမယ့် မင်းလုပ်သူက ဒါကြောင့်ဆက်မနေချင်ဘူးဆိုတာကိုပြီပြီသသမပြောပါဘူး။ ဒါပေမယ့်နေရာအသစ်မှာအောင်မြင်မှုအသစ်ဖြစ်ပေါ်မယ်လို့တော့ အများကြီးအားထားတာတွေ့ရတယ်။ ဒီနည်းနဲ့လှည့်စဉ်းစားရင် မြို့သစ်တည်တာ အကျိုးရှိပါတယ်။ စိတ်ဓါတ်ကြံ့ခိုင်ရေးကိုလည်း ရခဲ့ပါတယ်။ တိုင်းပြည်နိုင်ငံတစ်ဝှမ်းလုံးမှာ စိတ်ဆင်းရဲနေတာ ခေတ္တခဏရွှင်ပြခွင့်ရကြမယ်။

ပြည်တွင်းညီညွတ်မှုရအောင် နိုင်ငံခြားမှာအ​ကြောင်းရှာပြီး နယ်ချဲ့စစ်တိုက်ခဲ့တဲ့ ဂျပန်ဟာ ယာယီအောင်မြင်မှုစိတ်ချမ်းသာမှုရခဲ့သလိုပဲ နိုင်ငံခြားသားနဲ့ ရင်ဆိုင်တိုက်ပွဲမှာအ​ရေးမသာလို့မျက်နှာပန်းမလှတဲ့အခါ ' နန်းတော်အသစ်တည်ထောင်ဖန်ဆင်း ' နိုင်တယ်လို့ မင်းကလည်းဂုဏ်ယူပြီး တကယ့်စိတ်မချမ်းမသာဖြစ်စရာအချက်ကို မေ့လိုက်ချင်တယ်၊ ပြည်သူကလည်းရောင်ပြီး မင်းနဲ့အတူကြေနပ်ပြီး မင်းအသစ်ပေါ်မှာအထင်ကြီးလာမယ်။ "

မြို့သစ်တည်ဖို့အတွက် မန္တလေးရက်စဉ်သမိုင်းမှာ ၁၂၁၈ ခု တန်ဆောင်မုန်းလဆန်း ၃ ရက် ( 30 Oct 1856) မှာ မြို့အသစ်တည်မည့်နေရာကိုသွားကြည့်ပြီး တပို့တွဲလဆန်း ၈ရက် (1 Feb 1857) မှာ မြို့သစ်တည်မည့်နေရာကို စတင်တောခုတ်ပြီး ပရိတ်ရွတ်ပါတယ်။ 13 Feb 1857 လပြည့်ကျော် ၅ ရက်နေ့မှာ မြို့၊ နန်းနဲ့ကျူံးနေရာကို ပန္နက်ချပါတယ်။ တပေါင်းလဆန်း ၃ရက် ( 25 Feb 1857 ) ရက်နေ့မှာ မြေညှိ၊ မြေပြင် ပြီး ၁၂ ရက်နေ့ ( 6 Mar 1857 )ရက်နေ့မှာ မြို့ကွက်ရာ၊ နန်းရာ တို့ကို ရွှေထွန် ငွေထွန်နဲ့ထွန် ပြီး လပြည့်ကျော် ၅ ရက်(14 Mar 1857) ရက်နေ့မှာ နန်းမြို့ရာအတွင်းအနောက်မြောက်တောင့်မှ ယာယီ စံနန်းတော်စတင်ဆောက်ပါတယ်။

မင်းတုန်းမင်းကြီးဟာ မြို့အသစ်တည်ရတဲ့အတွက် ဘဏ္ဍာရေးအနေနဲ့အတော်လေးသုံးစွဲခဲ့ရမယ်ထင်ပါတယ် မြို့အသစ်တစ်ခုတည်ခြင်းဟာတကယ်တမ်းဘယ်လွယ်ကူနိုင်ပါ့မလဲ၊ မြို့အသစ်တည်ဆောက်ဖို့ အတွက် အစစအရာရာစဉ်းစားတွေးတောချိန်စရမှာပဲ အဲ့ဒီအချိန်ကာလ အမရပူရဒေသကို စွဲလမ်းရစ်တွယ်နေကြတဲ့ အမတ် ဝန်ကြီး အမှုထမ်းများလည်းရှိကြမယ်ထင်ပါတယ် ဘုရင်လုပ်တဲ့သူက မြို့အသစ် နန်းတော်အသစ်နဲ့နေချင်နေတဲ့သောကကို ဒီလူတွေ စိတ်မပါ့တစ်ပါဖြည့်စည်းပေးခဲ့ကြရမယ်ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် မင်းတုန်းမင်းတရားကြီးလက်ထက်မှာ မြန်မာနိုင်ငံရဲ့ နောက်ဆုံး နန်းမြို့ပေါ်ပေါက်လာပါတယ် ၊ မန္တလေးနန်းမြို့ကိုတည်ဆောက်တဲ့နေရာမှာ တဘောင်အဖြစ် အသက်ကလေးရယ်ရှည်စေလိုမန်းတောင်ရိပ်ခို ဆိုသည့်အတိုင်း မန္တလေးတောင်ခြေမှာပဲ မြို့သစ်ကိုတည်ခဲ့တာဖြစ်ပါတယ်။

မင်းတုန်းမင်းတရားကြီးဟာ ရတနာပုံ (မန္တလေး) နန်းမြို့ကို ၁၈၅၇ ခုနှစ်တွင် စတင် ပန္နက်တင် တည်ထောင်ခဲ့ပြီး ၁၈၅၉ ခုနှစ်တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြီးစီးခဲ့သဖြင့် စုစုပေါင်း ၂ နှစ် (ခန့်မှန်းခြေ ၁၅ လမှ ၁၈ လခန့်) ကြာမြင့်ခဲ့ပါတယ်။

မန္တလေးရတနာပုံမြို့သစ်ကြီးကို လေးတောင့်ပုံစက်စက်ဖြစ်ပြီး၊ မြို့ရိုးတစ်ဖက်လျင် တာ ၆ရာ ရှိပါတယ်၊ မြို့ရိုးမျက်နှာတစ်ဖက်တွင် တံခါးပေါက် ၃ပေါက်ပါရှိပြီး မြို့ရိုးလေးတောင့်တစ်ပတ်တွင် တံခါး၁၂ပေါက်ပါရှိပါတယ်။

မန္တလေးရတနာပုံမြို့ကြီးသည် ၁၈၅၇ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည့်အတွက် ယခုအခါတွင် နှစ်ပေါင်း ၁၆၉နှစ်ကျော် သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပြီး ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များကိုအကြိမ်ကြိမ်ခံစားရင်း မြေပေါ်တွင် မားမားမတ်မတ်တည်ရှိနေဆဲဖြစ်ပါတယ်။

ထိုသို့ မန္တလေးရတနာပုံနန်းမြို့ရိုးကြီးဆက်လက်တည့်တန့်နေရန်အတွက် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့်ထိန်းသိမ်းလျက်ရှိသော်လည်း မန္တလေးရတနာပုံနန်းမြို့ရိုးကြီး၏ ပတ်ဝန်းကျင်ပြောင်းလဲမှု၊ အများပြည်သူလည်ပတ်၊ အပမ်းဖြေရန်ရည်ရွယ်ပြီး မြို့ရိုးနဘေးတစ်လျောက် ကတ္တရာလမ်းဖေါက်လုပ်ခြင်း၊ အဆိုပါကတ္တရာလမ်းသစ်နှင့် မြို့ရိုးကြား အလှမြက်များစိုက်ပျိုးခြင်း၊ ပန်းခြံများတည်ဆောက်ခြင်း စသည့် မြေယာပြုပြင်မှုများလာခြင်း၊ အထူးသဖြင့် မြက်ခင်းများဖန်တီးပေးခြင်းသည် အလွန်ကောင်းမွန်သော်လည်း မြက်ခင်းများရေလောင်းရာတွင် Springler ဖြင့်လောင်းခြင်းကြောင့်မြို့ရိုးအောက်ခြေပိုင်းတွင်ရေများ ထွက်ပေါက်မရှိပဲစုပြုံနေသဖြင့် မြို့ရိုးပျက်စီးမှုပိုမြန်အောင် ဆောက်ရွက်ပေးနေသကဲ့သို့ရှိပြီး ကျုံးအတွင်းသို့ ရေကောင်းစွာစီးဆင်းခြင်းမရှိပဲ မြို့ရိုးအောက်ခြေပတ်လည်တွင် ရေဝတ်ခြင်း၊ ရေအိုင်ခြင်းများဖြစ်ပေါ်မှု ကြောင့်နန်းမြို့ရိုးကြီး၏ တည်ဆောက်ထားသည့်အုတ်ရိုးတစ်လျောက် ရေငွေ့များ ရိုက်၍ မြို့့ရိုးအတွင်းရှိ ဝမ်းစာအုတ်များအတွင်းသို့ ရေငွေ့များဝင်ရောက်ပြီး အတွင်းအုတ်များဆွေးမြေ့ခြင်းတို့ကြောင့် မကြာခန ပြို့ကျမှုများဖြစ်ပေါ်လျက်ရှိလာသည်ကိုတွေ့ရှိရပါတယ်။

ယခုကဲ့သို့ ပန်းဥယာဉ်ကဲ့သို့ဆောင်ရွက်ခြင်းသည် ပြည်သူများအနားယူ အပန်းဖြေရန်နှင့် ပြည်သူများရဲ့ အမောများကိုဖြေဖျောက်ပေးနိုင်သည့် အလွန်ကောင်းမွန်သောရလာဘ်များရှိပါတယ် သို့သော် တဖက်ကကြည့်လျှင်လည်း သက်ရောက်လာနိုင်မည့် Development pressure များနှင့် Impact များကို ကြိုတင်ဆန်းစစ်ပြင်ဆင်မှုလိုအပ်ခြင်း၊ အိုမင်းနေပြီဖြစ်သည့် အုတ်မြို့ရိုးများရဲ့ ခံနိုင်ရည်နှင့် သက်ရောက်မှုများကြောင့် ထိခိုက်လာမှုများကို သုံးသပ်ဖြည့်ဆည်းနိုင်မှုအားနည်းခြင်းတို့ကြောင့် မြို့ရိုးကြီးများ​၏ ကြံ့ခိုင်မှုများကျဆင်းလာပြီး နှစ်စဉ်ယိုယွင်းပျက်စီးမှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်လာခြင်းများတွေ့ရှိလာရသဖြင့် မြို့ရိုးမှ အုတ်ချပ်များအား အောက်ခြေမှအထက်အထိ တစ်ပေအမြင့်တိုင်းရှိ အုတ်ချပ်များ၏ ရေငွေ့ရှိနေမှုအခြေအနေကို မန္တလေးနည်းပညာတက္ကသိုလ်၏ အကူအညီဖြင့် ဓါတ်ခွဲခန်း၌ တိုင်းတာကြည့်ရာတွင် မြို့ရိုး၏ အောက်ခြေအလွှာများမှအုတ်ချပ်များသည် ရေငွေ့ရှိနေမှုလွန်စွာများပြားနေပြီး မြို့ရိုး၏ အပေါ်အလွှာသို့ရောက်ရှိသည့်အခါ ရေခိုးရေငွေ့ရာခိုင်နှုန်းနည်းပါးလာကြောင်းတွေ့ရှိရသဖြင့် မြို့ရိုး၏အောက်ခြေနှင့်ဆက်စပ်လျက်ရှိသည့် မြေလွှာပြုပြင်မှု၊ ရေထုတ်မြောင်းများကောင်းစွာရေမစီးဆင်းမှု များကို သေချာပြန်လည်စစ်ဆေးစေပြီးပြုပြင်ပေးခြင်း၊ တမင်ရည်ရွယ်ဆောင်ရွက်ခြင်းမဟုတ်သော်လည်း အလိုအလျှောက်ရေလောင်းစနစ်ထက် လူဖြင့်ရေလောင်းခြင်းက မလိုအပ်ပဲ မြို့ရိုးမခြေတွင် ရေများ စုပြုံနေပြီး အိုမင်းနေသောမြို့ရိုးအောက်ခြေသိုရေများစုပြုံဝင်ရောက်ကာ အုတ်များပိုမိုပျက်စီးခြင်းကို အတိုင်းအတာ တခုအထိကာကွယ်ပေးနိုင်မည်ဖြစ်ပြီး မြို့ရိုးကြီးကို အဓိက သက်ရောက်မှုဖြစ်စေသည် များကို ပြန်လည်လျော့ချခြင်းဖြင့် ရတနာပုံနန်းမြို့ရိုးကြီး ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါကြောင်းရေးသားလိုက်ပါတယ်။



Photo…..မူလပိုင်ရှင်များကို Credit ပေးပါတယ်။

21/08/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရနှင့် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း(၁၀၀)နှင့်အထက် ရှေးဟောင်းအဆောက်အအုံများ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနား တက်ရောက်

20/08/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း အမျိုးသားပြတိုက်(ရန်ကုန်)အား ကြည့်ရှုစစ်ဆေး၊ ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ဗည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနား တက်ရောက်

ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်း အဝေးပြုလုပ်-----...
17/08/2026

ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်း အဝေးပြုလုပ်
--------------------------------------------------------------------------
၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့် ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံရာတွင် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအလိုက် ဆုကြေးငွေများ ပေးအပ်လျက်ရှိရာ ယခင်ဆုကြေးငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ပါသဖြင့် ခေတ်ကာလနှင့် လျော်ညီသည့် ဆုကြေးငွေနှုန်းထားတိုးမြှင့် ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်များ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ဟံသာဝတီခေတ်၊ မြောက်ဦးခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပစ္စည်းအမျိုးအစားအလိုက် ခွဲခြား၍ ယခင်ဆုချီးမြှင့်ခဲ့သည့် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအပြင် ထပ်ဆောင်း တန်ဖိုးနှင့် ရှားပါးအနုပညာလက်ရာတန်ဖိုးများပါထပ်ဆောင်းချီးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ရန်နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ မရောက်ရှိစေရေး ရည်ရွယ်၍ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများ တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအနဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၊ လယ်ယာမြေ (သို့မဟုတ်) ရှာဖွေတွေ့ရှိထားသောပစ္စည်းများနှင့် ဝါသနာအလျောက်စုဆောင်းထိန်းသိမ်း ထားရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ် အပ်နှံကြရန်နှင့် မိမိတို့၏ အဖိုးတန် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ပူးပေါင်းပါဝင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးအခမ်းအနား(Awareness on Cultural Heritage in Bagan) ကျင်းပခြင်း......
15/08/2026

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးအခမ်းအနား(Awareness on Cultural Heritage in Bagan) ကျင်းပခြင်း....................................................................................................................................................
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ရွှေစည်းခုံဘုရား၊ဝေဇယန္တာတန်ဆောင်း
မြန်မာနိုင်ငံသည် ရှေးကျသော သမိုင်းကြောင်းနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝ သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဘုရားပုထိုးများ၊ ရှေးဟောင်းအဆောက်အအုံ များ၊ အနုပညာလက်ရာများ နှင့် ရိုးရာဓလေ့များသည် ကျွန်ုပ်တို့၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များ ဖြစ်ကြသည်။ ဤအမွေအနှစ် များသည် နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာသမိုင်းကို ထင်ဟပ်ပြသနေပြီး၊ နောင်လာနောက်သား များအတွက် အဖိုးတန်သော အသိပညာပေးရင်းမြစ်များလည်း ဖြစ်ပါသည်။ ဤယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုး၊ ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်ပေါ်လာပုံ၊ ဘုရားသမိုင်းအမှန်များ၊ ရှေးဟောင်း အဆောက်အအုံများတွင် လိုက်နာရမည့် စည်းကမ်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ပါ သည်။
ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး(Awareness on Cultural Heritage in Bagan)အခမ်းအနားကို (၁၄.၈.၂၀၂၆)ရက်နေ့တွင် ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရား၊ ဝေဇယန္တာ တန်ဆောင်း တွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်များ၊ ပုဂံဒေသရှိ ဂေါပကရှိသော ဘုရားများ မှ ဂေါပကအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနများ ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။
အသိပညာပေးအခမ်းအနားတွင် ညွှန်ကြားရေးမှူး (ကိုယ်စား)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ် က အဖွင့်စကားပြောကြားခြင်း နှင့် အမွေအနှစ်ဒေသများလိုက်နာ ရမည့်စည်းမျဉ်း များ၊ စီမံခန့်ခွဲမှု စနစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးစိုးလင်း(ညွှန်ကြားရေးမှူး-ငြိမ်း)က ယဉ်ကျေးမှုအမွေ ပုဂံမြေ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒေါ်စန်းစန်းမြင့်(လက်ထောက်ညွှန်ကြားရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန-ပုဂံရုံးခွဲ)က ခရီးသွားလုပ်ငန်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာ မျိုးညွှန့်အောင် (မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင် ) က ရှေးဟောင်းသုတေသနဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဇော်ဝိတ် (Bagan Heritage Trust အသင်း ဥက္ကဌ)က ယဉ်ကျေးမှုနှင့် ဘုရားသမိုင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ကြပါသည်။
ဆက်လက်၍ ဒေါက်တာအိရွှေစင်မြင့်(ဒုတိယညွှန်ကြားရေးမှူး)က အသိပညာပေး ဟောပြောပွဲ ကျင်းပရ သည့် ရည်ရွယ်ချက် နှင့် Cultural Tourism ကို အခြေခံ၍ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ရေရှည် တည်တံ့စေရေး အတွက် အားဝိုင်းဝန်း စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံ ပြောကြားပြီး အခမ်းအနားကို နေ့လည် (၁၃း၃ဝ)မိနစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

Address

Naywedaw
9567

Alerts

Be the first to know and let us send you an email when Department of Archaeology and National Museum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Department of Archaeology and National Museum:

Shortcuts

Share