Department of Archaeology and National Museum

Department of Archaeology and National Museum deptarnm

21/08/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရနှင့် ပြင်ဦးလွင်မြို့ရှိ နှစ်ပေါင်း(၁၀၀)နှင့်အထက် ရှေးဟောင်းအဆောက်အအုံများ ကမ္ဗည်းမော်ကွန်းကြေးပြား တပ်ဆင်ခြင်း အခမ်းအနား တက်ရောက်

20/08/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း အမျိုးသားပြတိုက်(ရန်ကုန်)အား ကြည့်ရှုစစ်ဆေး၊ ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ဗည်းမော်ကွန်း တပ်ဆင်ခြင်းအခမ်းအနား တက်ရောက်

ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်း အဝေးပြုလုပ်-----...
17/08/2026

ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်း အဝေးပြုလုပ်
--------------------------------------------------------------------------
၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့ နံနက်(၉:၀၀)နာရီအချိန်တွင် ရှေးဟောင်းဝတ္ထုပစ္စည်း အပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားတိုးမြှင့်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၌ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဦးလွင်၊ ရှေးဟောင်းသုတေသန အကြံပေးပညာရှင်များနှင့် ဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေဖြင့် ရှေးဟောင်းဝတ္ထုပစ္စည်းများ အပ်နှံရာတွင် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအလိုက် ဆုကြေးငွေများ ပေးအပ်လျက်ရှိရာ ယခင်ဆုကြေးငွေနှုန်းထားများသည် ခေတ်ကာလနှင့် လျော်ညီမှုမရှိတော့ပါသဖြင့် ခေတ်ကာလနှင့် လျော်ညီသည့် ဆုကြေးငွေနှုန်းထားတိုးမြှင့် ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်နှင့် ခေတ်ပြိုင်များ၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ဟံသာဝတီခေတ်၊ မြောက်ဦးခေတ်၊ ကုန်းဘောင်ခေတ်နှင့် ကိုလိုနီခေတ် ရှေးဟောင်းဝတ္ထုပစ္စည်းများကို ပစ္စည်းအမျိုးအစားအလိုက် ခွဲခြား၍ ယခင်ဆုချီးမြှင့်ခဲ့သည့် မူလတန်ဖိုး၊ ခေတ်ကာလတန်ဖိုး၊ ခေတ်လက်ရာတန်ဖိုးများအပြင် ထပ်ဆောင်း တန်ဖိုးနှင့် ရှားပါးအနုပညာလက်ရာတန်ဖိုးများပါထပ်ဆောင်းချီးမြှင့်ပေးနိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။
ရှေးဟောင်းဝတ္ထုပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ ထိန်းသိမ်းကာကွယ်စောင့်ရှောက် နိုင်ရန်နှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများမှ တစ်ဆင့် ပြည်ပနိုင်ငံများသို့ မရောက်ရှိစေရေး ရည်ရွယ်၍ ရှေးဟောင်းဝတ္ထုပစ္စည်းအပ်နှံခြင်းအတွက် ဆုကြေးငွေနှုန်းထားများ တိုးမြှင့်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအနဖြင့် မိမိတို့၏ ပတ်ဝန်းကျင်၊ လယ်ယာမြေ (သို့မဟုတ်) ရှာဖွေတွေ့ရှိထားသောပစ္စည်းများနှင့် ဝါသနာအလျောက်စုဆောင်းထိန်းသိမ်း ထားရှိသည့် ရှေးဟောင်းဝတ္ထုပစ္စည်းများရှိပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ် အပ်နှံကြရန်နှင့် မိမိတို့၏ အဖိုးတန် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များကို အမျိုးသားရေးတာဝန်တစ်ရပ်နေဖြင့် ပူးပေါင်းပါဝင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးအခမ်းအနား(Awareness on Cultural Heritage in Bagan) ကျင်းပခြင်း......
15/08/2026

ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေးအခမ်းအနား(Awareness on Cultural Heritage in Bagan) ကျင်းပခြင်း....................................................................................................................................................
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ရွှေစည်းခုံဘုရား၊ဝေဇယန္တာတန်ဆောင်း
မြန်မာနိုင်ငံသည် ရှေးကျသော သမိုင်းကြောင်းနှင့် ကြွယ်ဝသော ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်ဝ သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဘုရားပုထိုးများ၊ ရှေးဟောင်းအဆောက်အအုံ များ၊ အနုပညာလက်ရာများ နှင့် ရိုးရာဓလေ့များသည် ကျွန်ုပ်တို့၏ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များ ဖြစ်ကြသည်။ ဤအမွေအနှစ် များသည် နိုင်ငံ၏ ဂုဏ်ယူဖွယ်ရာသမိုင်းကို ထင်ဟပ်ပြသနေပြီး၊ နောင်လာနောက်သား များအတွက် အဖိုးတန်သော အသိပညာပေးရင်းမြစ်များလည်း ဖြစ်ပါသည်။ ဤယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန်မှာ နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်ပါသည်။ ထို့ကြောင့် ယဉ်ကျေးမှုအမွေအနှစ်များ၏ တန်ဖိုး၊ ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်ပေါ်လာပုံ၊ ဘုရားသမိုင်းအမှန်များ၊ ရှေးဟောင်း အဆောက်အအုံများတွင် လိုက်နာရမည့် စည်းကမ်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းဖြစ်ပါ သည်။
ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အသိပညာပေး(Awareness on Cultural Heritage in Bagan)အခမ်းအနားကို (၁၄.၈.၂၀၂၆)ရက်နေ့တွင် ညောင်ဦးမြို့၊ ရွှေစည်းခုံဘုရား၊ ဝေဇယန္တာ တန်ဆောင်း တွင် ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မန္တလေးတိုင်း ဒေသကြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဝင်များ၊ ပုဂံဒေသရှိ ဂေါပကရှိသော ဘုရားများ မှ ဂေါပကအဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာနများ ဝန်ထမ်းများ တက်ရောက် ခဲ့ကြပါသည်။
အသိပညာပေးအခမ်းအနားတွင် ညွှန်ကြားရေးမှူး (ကိုယ်စား)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်နန်းနွယ် က အဖွင့်စကားပြောကြားခြင်း နှင့် အမွေအနှစ်ဒေသများလိုက်နာ ရမည့်စည်းမျဉ်း များ၊ စီမံခန့်ခွဲမှု စနစ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစိုးစိုးလင်း(ညွှန်ကြားရေးမှူး-ငြိမ်း)က ယဉ်ကျေးမှုအမွေ ပုဂံမြေ ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဒေါ်စန်းစန်းမြင့်(လက်ထောက်ညွှန်ကြားရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန-ပုဂံရုံးခွဲ)က ခရီးသွားလုပ်ငန်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာ မျိုးညွှန့်အောင် (မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဝင် ) က ရှေးဟောင်းသုတေသနဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဇော်ဝိတ် (Bagan Heritage Trust အသင်း ဥက္ကဌ)က ယဉ်ကျေးမှုနှင့် ဘုရားသမိုင်း ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေး ကြပါသည်။
ဆက်လက်၍ ဒေါက်တာအိရွှေစင်မြင့်(ဒုတိယညွှန်ကြားရေးမှူး)က အသိပညာပေး ဟောပြောပွဲ ကျင်းပရ သည့် ရည်ရွယ်ချက် နှင့် Cultural Tourism ကို အခြေခံ၍ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ရေရှည် တည်တံ့စေရေး အတွက် အားဝိုင်းဝန်း စောင့်ရှောက်ပေးကြပါရန် မေတ္တာရပ်ခံ ပြောကြားပြီး အခမ်းအနားကို နေ့လည် (၁၃း၃ဝ)မိနစ်တွင် အောင်မြင်စွာ ပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

07/08/2026

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြိုရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်၊ ရှေးဟောင်းအဆောက်အအုံ ကြေးပြား ကမ္ပည်းမော်ကွန်း တပ်ဆင်ခြင်း အခမ်းအနားများသို့တက်‌ရောက်

28/07/2026

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အမျိုးသားပြတိုက်(ရန်ကုန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
21/07/2026

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

05/07/2026

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် ...........................
အပိုင်း - ၃

05/07/2026

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)......................................................
အပိုင်း - ၂

05/07/2026

ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)...........................
အပိုင်း - ၁

Address

Naywedaw
9567

Alerts

Be the first to know and let us send you an email when Department of Archaeology and National Museum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Department of Archaeology and National Museum:

Shortcuts

Share