Red Mountain Estate, Vineyard and Winery

Red Mountain Estate, Vineyard and Winery Nestled in the heart of Myanmar, Red Mountain Estate has been crafting premium wines since 2003.
(1311)

🍷 Mandalay, Something Special is PouringMyanmar ရဲ့ အရသာတွေကို တစ်နေရာတည်းမှာ ခံစားရမယ့် Taste of Myanmar  Golden Land M...
21/08/2026

🍷 Mandalay, Something Special is Pouring

Myanmar ရဲ့ အရသာတွေကို တစ်နေရာတည်းမှာ ခံစားရမယ့် Taste of Myanmar Golden Land Mandalay မှာ
Red Mountain Estate လည်းရှိနေပြီနော်။🍷

Wine ကောင်းတစ်ခွက်၊ အရသာကောင်းကောင်းနဲ့ Mandalay ရဲ့ အမှတ်တရအခိုက်အတန့်တွေကို အတူတူဖန်တီးကြရအောင်။

📅 DATE
22 – 23 August 2026

📍 VENUE
MCC Mandalay(Mandalay Convention Centre)

Come for the taste.
Stay for the experience.
Raise a glass with Red Mountain. 🍷✨

See you at Taste of Myanmar Golden Land Mandalay!

ဝါဆိုလပြည့်နေ့ ချိန်ခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံကာ စိတ်နှ...
29/07/2026

ဝါဆိုလပြည့်နေ့ ချိန်ခါသမယတွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းတို့နှင့်ပြည့်စုံကာ စိတ်နှလုံးအေးချမ်း
ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်လိုက်ပါတယ်။

May all the Myanmar people be peaceful in mind and filled with happiness on the full moon day of Waso.

🍷 Red Mountain at Tastes of the Golden Land 2026 🇲🇲Myanmar ရဲ့ အရသာ၊ ယဉ်ကျေးမှုနဲ့ ဒေသထွက်ထုတ်ကုန်များကို အတူတကွ မိတ်ဆက်...
28/07/2026

🍷 Red Mountain at Tastes of the Golden Land 2026 🇲🇲

Myanmar ရဲ့ အရသာ၊ ယဉ်ကျေးမှုနဲ့ ဒေသထွက်ထုတ်ကုန်များကို အတူတကွ မိတ်ဆက်ပေးခဲ့တဲ့ Tastes of the Golden Land 2026 ပွဲကြီးမှာ Red Mountain Estate လည်း ဂုဏ်ယူစွာ ပါဝင်ခဲ့ပါတယ်။ ✨

ပွဲအတွင်း Red Mountain ရဲ့ ထူးခြားတဲ့ wine များကို မိတ်ဆက်ပေးရင်း၊ Myanmar မှာ စိုက်ပျိုးထုတ်လုပ်ထားတဲ့ အရည်အသွေးမြင့် wine culture ကို ဧည့်သည်များနှင့်အတူ မျှဝေနိုင်ခဲ့တဲ့ အမှတ်တရအချိန်လေးများ ဖြစ်ခဲ့ပါတယ်။ 🍇🍷

လာရောက်အားပေးခဲ့ကြတဲ့ ဧည့်သည်များ၊ Red Mountain wines ကို စိတ်ဝင်စားပြီး အတူတကွ အရသာခံစားခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။

From the Hills of Southern Shan State to Your Glass: Celebrating the Taste of Myanmar. ❤️

🍷

ဒီညတော့ အိပ်ရေးပျက်ရကျိုး နပ်မယ့်ပွဲကြီးပွဲကောင်းပဲ ဘရားသားတို့! 🏴󠁧󠁢󠁥󠁮󠁧󠁿 🆚 🇦🇷 "Hand of God" ဂိုးတွေ၊ ဒေးဗစ်ဘက်ခမ်းရဲ့ အန...
15/07/2026

ဒီညတော့ အိပ်ရေးပျက်ရကျိုး နပ်မယ့်ပွဲကြီးပွဲကောင်းပဲ ဘရားသားတို့! 🏴󠁧󠁢󠁥󠁮󠁧󠁿 🆚 🇦🇷
"Hand of God" ဂိုးတွေ၊ ဒေးဗစ်ဘက်ခမ်းရဲ့ အနီကတ်တွေနဲ့ သမိုင်းတစ်လျှောက် တွေ့တိုင်း မီးပွင့်ခဲ့တဲ့ ရန်ဘက်ဟောင်းကြီး နှစ်သင်း ပြန်တွေ့ကြပြီ။
သမိုင်းကြွေးတွေ၊ မာန်မာနတွေအပြည့်နဲ့ ရင်ဆိုင်ရမယ့် ဒီပွဲမှာ ဒီတစ်ခါကော ဘယ်သူက အသာရသွားမလဲ? 🤔🔥
အင်္ဂလန်ရဲ့ ခံစစ်တံတိုင်းကို အာဂျင်တီးနား တိုက်စစ်က ဖောက်နိုင်မလား၊ ဒါမှမဟုတ် အင်္ဂလန်ကပဲ ကစားကွက်အသာနဲ့ ပွဲဖြတ်သွားမလား?
ဒီအတိုင်း ထိုင်ကြည့်နေရင် ပျင်းစရာကြီးမို့ "ဘယ်သူနိုင်မလဲ + ဘယ်နှစ်ဂိုး ဂိုးပြတ်မလဲ" ဆိုတာ Comment မှာ အပျော်တမ်း ဝင်ဆွေးနွေးသွားကြဦး။
ကိုယ်ထင်တဲ့ Scoreline လေးတွေ မန့်ခဲ့ကြပါဦးဗျာ။ 😎👇

ဘောလုံးဗဟုသုတ တကယ်ကြွယ်ပါတယ်ဆိုတဲ့ ဘရားသားတို့အတွက်⚽🏴 အင်္ဂလန်၊ 🇦🇷 အာဂျင်တီးနား၊ 🇪🇸 စပိန်၊ 🇫🇷 ပြင်သစ် ဒီ (၄) သင်းထဲက ကို...
14/07/2026

ဘောလုံးဗဟုသုတ တကယ်ကြွယ်ပါတယ်ဆိုတဲ့ ဘရားသားတို့အတွက်⚽

🏴 အင်္ဂလန်၊ 🇦🇷 အာဂျင်တီးနား၊ 🇪🇸 စပိန်၊ 🇫🇷 ပြင်သစ် ဒီ (၄) သင်းထဲက ကိုယ်အားပေးတဲ့အသင်းရဲ့ ကမ္ဘာ့ဖလား သမိုင်းကြောင်းကို "တကယ်" အကုန်သိတယ်လို့ ရဲရဲကြီး အာမခံရဲလား? 🤔

လွယ်မလိုလိုနဲ့ တော်တော်လေး ခေါင်းစားမယ့် World Cup သီးသန့် Quiz ဂိမ်းလေးတစ်ခု လုပ်ပေးထားပါတယ်။ ကိုယ်က Fan စစ်မစစ်၊ ဗဟုသုတ Level ဘယ်လောက်ရှိလဲဆိုတာ အခုပဲ သက်သေပြလိုက်ပါ။

🔥 ဘယ်လိုစိန်ခေါ်မလဲ?

၁။ ပုံထဲက QR ကို Scan ဖတ်ပြီး ဂိမ်းထဲဝင်ဖြေပါ။
၂။ ဖြေပြီးရင် ရတဲ့ ရမှတ်နဲ့ ကိုယ်အားပေးတဲ့အသင်းကို Comment မှာ လာကြွားဖို့လည်းမမေ့နဲ့နော်။
၃။ "ငါက ပိုသိတယ်" လို့ အမြဲဆရာလုပ်တတ်တဲ့ သူငယ်ချင်းတွေကိုပါ Mention ခေါ်ပြီး Challenge ခေါ်လိုက်ပါဦး။

ကဲ ဘယ်အသင်းက Fan တွေ သမိုင်းကြောင်း အသိဆုံးနဲ့ အမှတ်အများဆုံး ရမလဲဆိုတာ ကြည့်ကြရအောင်။ 😎👇

မျက်စိမှိတ်၊ အနံ့လေးခံပြီး အရသာကို မြည်းစမ်းကြည့်လိုက်တဲ့အခါ 🍷✨မနေ့က ကျင်းပခဲ့တဲ့ Red Mountain Estate ရဲ့ Signature Even...
18/06/2026

မျက်စိမှိတ်၊ အနံ့လေးခံပြီး အရသာကို မြည်းစမ်းကြည့်လိုက်တဲ့အခါ 🍷✨

မနေ့က ကျင်းပခဲ့တဲ့ Red Mountain Estate ရဲ့ Signature Event တစ်ခုဖြစ်တဲ့ "Guess My Wine" ပွဲလေးမှာ ဝိုင်ချစ်သူတွေအားလုံး စုံစုံလင်လင်နဲ့ ဆုံတွေ့ခဲ့ကြပါတယ်။

ဒီပွဲလေးက Red Mountain ရဲ့ အမြဲတမ်း လူကြိုက်အများဆုံးနဲ့ အမျှော်လင့်ရဆုံး Signature ပွဲဖြစ်တဲ့အတိုင်း ဝိုင်ချစ်သူတွေအားလုံး Blind Tasting လုပ်ရင်း ဘယ်ဝိုင်အမျိုးအစားဖြစ်မလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အကြိတ်အနယ် ခန့်မှန်းခဲ့ကြပါတယ်။

ဝိုင်တစ်ခွက်ချင်းစီရဲ့ ထူးခြားတဲ့ Note တွေ၊ Aroma တွေကို အာရုံခံစားရင်း တူညီတဲ့ ဝိုင်ဝါသနာအိုးအချင်းချင်း ဆွေးနွေးဖြစ်ခဲ့ကြတဲ့ မနေ့က ပွဲတက်ရောက်သူတွေရဲ့ ပျော်ရွှင်တက်ကြွနေတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။📸❤️

ပွဲလေးကို လာရောက်ဆင်နွှဲပြီး ပါဝင်ဆင်နွှဲပေးခဲ့ကြတဲ့ ဝိုင်ချစ်သူတစ်ဦးတစ်ယောက်ချင်းစီကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။✨

Close your eyes, take a gentle sniff, and savor the taste 🍷✨

Wine lovers gathered together yesterday at Red Mountain Estate's signature event, "Guess My Wine."

As Red Mountain's most popular and highly anticipated signature event, it lived up to expectations!

Wine enthusiasts joined in on the excitement, guessing the different varieties through an intense yet thrilling blind tasting session.

From sensing the unique notes and aromas of each glass to exchanging insights with fellow wine lovers, here are some vibrant and memorable highlights from yesterday's attendees. 📸❤️

We would like to express our heartfelt gratitude to every wine lover who joined and participated in making this event a success.✨

ဝိုင်ချစ်သူတွေရဲ့ အာရုံခံစားမှုကို အဆုံးစွန်ထိ စိန်ခေါ်မယ့် Red Mountain Estate ရဲ့ အထင်ကရ Signature ပွဲကြီးဖြစ်တဲ့ 'Gue...
12/06/2026

ဝိုင်ချစ်သူတွေရဲ့ အာရုံခံစားမှုကို အဆုံးစွန်ထိ စိန်ခေါ်မယ့် Red Mountain Estate ရဲ့ အထင်ကရ Signature ပွဲကြီးဖြစ်တဲ့ 'Guess My Wine' ပွဲကြီးပြန်လာပါပြီ

ဝိုင်တစ်ခွက်ရဲ့ နောက်ကွယ်မှာ မတူညီတဲ့ သမိုင်းကြောင်းတွေ၊ သီးသန့်အနံ့အသက်တွေနဲ့ ထူးခြားတဲ့ သက်တမ်းရင့် အရသာတွေ ဖုံးကွယ်နေတတ်ပါတယ်။ 🍇✨

ဝိုင်ချစ်သူတို့အနေနဲ့ ဖန်ခွက်ထဲက ဝိုင်ရဲ့ အရောင်အသွေးကို ကြည့်ရုံ၊ အနံ့ကို ရှူရှိုက်ရုံ၊ ဒါမှမဟုတ် လျှာဖျားထက်က ပထမဆုံး အထိအတွေ့လေး တင်တင်ချင်းမှာတင် ဒါ ဘယ်လို ဝိုင်အမျိုးအစားလဲဆိုတာ ချက်ချင်း ခွဲခြားနိုင်စွမ်း ရှိပါသလား? 😉

ဒီနှစ်မှာရော ဘယ်လို Premium Taste တွေက သင့်ရဲ့ ခန့်မှန်းမှုကို စောင့်ကြိုနေမလဲ?
သင့်ရဲ့ အာရုံခံစားမှုတွေကို အစွမ်းကုန်အသုံးချပြီး မျက်စိမှိတ် အရသာခံရင်း ဘာဝိုင်အမျိုးအစားလဲဆိုတာ အပိုင်ဆုံး ခန့်မှန်းရမယ့် စိန်ခေါ်မှုတွေက စောင့်ကြိုနေပါတယ်။ 🍇

The ultimate sensory challenge for wine lovers is back! Red Mountain Estate’s iconic signature event, 'Guess My Wine,' makes its grand return.

Behind every single glass of wine lies a unique history, a distinct aroma, and the hidden depth of perfectly aged flavors. 🍇✨

As a true wine enthusiast, do you have what it takes to identify a wine just by gazing at its rich color, catching its bouquet, or savoring that very first sip on the tip of your tongue? 😉

What kind of premium tastes are waiting to challenge your palate this year? Get ready to awaken your senses, taste blindly, and put your wine intuition to the test. The ultimate guessing challenge awaits you! 🍇

We can't wait to taste the mystery with you! 😉🥂

တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားလာခဲ့သမျှ ဒီနေ့မှာတော့ ခဏလောက် အနားယူလိုက်ပါဦး။ 🍷✨ကိုယ်စီကိုယ်ငှ တာဝန်ကျရာ နယ်ပယ်အ...
01/05/2026

တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း ကြိုးစားလာခဲ့သမျှ ဒီနေ့မှာတော့ ခဏလောက် အနားယူလိုက်ပါဦး။ 🍷✨

ကိုယ်စီကိုယ်ငှ တာဝန်ကျရာ နယ်ပယ်အသီးသီးမှာ အကောင်းဆုံး ကြိုးစားရုန်းကန်နေကြတဲ့ သူတွေ အားလုံးအတွက် ဒီနေ့ဟာ ဂုဏ်ယူထိုက်တဲ့နေ့လေးပါ။ အလုပ်တွေ ခဏဘေးဖယ်၊ စိတ်ဖိစီးမှုတွေ ချထားပြီးနူးညံ့တဲ့ ဝိုင်တစ်ခွက်ရဲ့ အရသာနဲ့အတူ ခွန်အားသစ်တွေ ပြန်လည်ဖြည့်တင်းလိုက်ရအောင်။

ဒီနေ့မှာ စိတ်ရောကိုယ်ပါ အနားယူနိုင်ပြီး ခွန်အားသစ်တွေ ရရှိပါစေကြောင်း Red Mountain Estate မှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

"

ကဆုန်လပြည့်နေ့မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး သာယာတဲ့နေ့ရက်လေးဖြစ်ပါစေကြောင်းဆုမွန်ကောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ...
30/04/2026

ကဆုန်လပြည့်နေ့မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး သာယာတဲ့နေ့ရက်လေးဖြစ်ပါစေကြောင်းဆုမွန်ကောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

သင်္ကြန်ရဲ့ အပျော်တွေမှာ Red Mountain ရဲ့ အရသာတွေ ထပ်လောင်းပေါင်းစပ်လိုက်ပါ 💦🍷 မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ လူကြီ...
13/04/2026

သင်္ကြန်ရဲ့ အပျော်တွေမှာ Red Mountain ရဲ့ အရသာတွေ ထပ်လောင်းပေါင်းစပ်လိုက်ပါ 💦🍷

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန်ကာလမှာ လူကြီးမင်းတို့ရဲ့ စိတ်နှလုံးများ အေးချမ်းသာယာပြီး အကြံအစည်သစ်၊ အောင်မြင်မှုအသစ်တွေနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

သင်္ကြန်ရေအေးအေးနဲ့အတူ မိမိနှစ်သက်ရာ Red Mountain Wine လေးတစ်ခွက်ကို အရသာခံရင်း နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ရအောင်လားခင်ဗျာ။ 🥂✨

အားလုံးပဲ ဘေးကင်းလုံခြုံစွာနဲ့ အေးမြတဲ့ သင်္ကြန်ဖြစ်ပါစေ။

Address

Red Mountain Winery Entry Road
Nyaungshwe

Alerts

Be the first to know and let us send you an email when Red Mountain Estate, Vineyard and Winery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Red Mountain Estate, Vineyard and Winery:

Shortcuts

Share