04/12/2022
Breaking News!!!
ကျန်းမာရေး အခြေအနေ ဆိုးရွားနေတဲ့ ဘရာဇီးလ် ဂန္တဝင် ကစားသမားကြီး ပီလီက သတိမလည်တော့တာကြောင့် နောက်ဆုံးထွက်သက်ကို ရောက်နေတဲ့ လူနာတွေသာ ထားရှိတဲ့ ဆေးရုံအဆောင်တခုကို ပြောင်းရွှေ့လိုက်ရကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။
ပီလီက ကင်ဆာရောဂါအခံ ရှိသလို အသက်အရွယ်ကြောင့် အခြား သေစေနိုင်တဲ့ ရောဂါများစွာကိုလည်း ခံစားနေရကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ နေအိမ်မှာ သတိလစ်သွားတာကြောင့် မိသားစုက သူ့ကို ဆေးရုံတင်ကာ အနီးကပ် ဆေးဝါးကုသမှုတွေ လုပ်ပေးခဲ့ပါတယ်။
ဒါပေမယ့် ပီလီက နေအိမ်မှာ သတိလစ်သွားတဲ့ အချိန်ကနေ ယခုချိန်အထိ သတိပြန်လည်လာခြင်း မရှိတော့သလို သူ့ရဲ့ ဦးနှောက်ကလည်း တုံ့ပြန်မှု အားနည်းသွားတာကြောင့် ဆရာဝန်တွေက အရေးပေါ်ကုသဆောင် ကနေ နောက်ဆုံးထွက်သက် ရောက်နေတဲ့ လူနာတွေသာ ထားတဲ့ ကုသဆောင်ဆီ ပီလီကို ပြောင်းရွှေ့လိုက်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ချစ်ရတဲ့ ဂန္တဝင် ဘောလုံးသမားကြီး ပီလီက မကြာခင်မှာပဲ ကျွန်တော်တို့ကိုရော ၊ သူချစ်ရတဲ့ ဘောလုံးအားကစားကိုပါ စွန့်ခွာသွားပါတော့မယ်...။ 😢😢😢
Crd.