26/05/2026
"ပန်း မနက်ခင်း''
စစ်ဆိုရင် နှစ်ကိုယ်ကြား ငြင်းခုန်ရခြင်းကိုတောင်
ငြင်းဆိုပါတယ်
လက်ညှိုးညွှန်ရာ ပန်းဖြစ်ပါစေ...
ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း
တစ်သံသရာလုံး မွှေးပျံ့ဖို့သာ လိုအပ်ပါတယ်
ပန်းတွေနဲ့ဆို အချစ်တွေပဲ ပိုကြမှာ
အသေအချာပါပဲ။
မိုးချုပ်ကမိုးလင်း
နှလုံးသားချင်း ဆက်သွယ်ဖို့
စိတ်ချင်းဆက်နွှယ်ဖို့
ပန်းပွင့်ဖို့သာ လိုပါတယ်။
ရနံ့မရှိရင်တောင်
ကမ္ဘာမြေလှဖို့ စက္ကူပန်းလည်း ပွင့်ပါစေ
ဇလပ်ဖြူပန်းလည်း ပွင့်ပါစေ
ငါ အနံ့မရဖူးဘူးတဲ့ သနပ်ခါးပန်းလည်း ပွင့်ပါစေ...
ပန်းတွေနဲ့ဆို
ယမ်းတွေလည်း မလို
ဂန်းတွေလည်းမလို
အလွမ်းတွေနဲ့ ကြိုမယ့်
အနမ်းတွေပဲ ပိုကြမှာပေါ့
ကမ္ဘာမှာ ...
ပန်းပွင့်ဖို့သာ လိုပါတယ်။
#သွင်ထုဆစ်