PKU နှင့် သတင်းစုံ

PKU နှင့် သတင်းစုံ thank you very much.

လူတစ်ယောက်သည် ဒေါ်လာငါးသန်းခိုးမှုဖြင့် ထောင်ငါးနှစ်ကျသွားခဲ့သည်။ တစ်နှစ်ကြာပြီးသောအခါတွင် သူသည် ဖခင်ဖြစ်သူထံမှ စာတစ်စော...
27/12/2025

လူတစ်ယောက်သည် ဒေါ်လာငါးသန်းခိုးမှုဖြင့် ထောင်ငါးနှစ်ကျသွားခဲ့သည်။ တစ်နှစ်ကြာပြီးသောအခါတွင် သူသည် ဖခင်ဖြစ်သူထံမှ စာတစ်စောင်လက်ခံရရှိသည်။

"သားရေ... အဖေ့မှာ မင်းမရှိတော့ အိုကြီးအိုမနဲ့ ကျန်းမာရေးမကောင်းတဲ့အရွယ်မှာ တစ်ယောက်တည်းဖြစ်ကျန်ရစ်တာပါပဲ... အခုဆိုရင် သီးနှံတွေစိုက်ရမယ့်ရာသီရောက်လာပြီ... ဒါပေမယ့် အဖေ့မှာ ပြောင်းစိုက်ဖို့အတွက် လယ်ကွင်းကိုဝိုင်းကူပြီးထွန်ယက်ပေးမဲ့သူ တစ်ယောက်မှမရှိဘူးဖြစ်နေတယ်ကွာ... ငါ့သားကို အဖေနားမှာရှိစေချင်မိတယ်... ဘုရားသခင်ရဲ့အလိုတော်အတိုင်း တို့သားအဖ မကြာခင်မှာ ပြန်ဆုံကြမှာပါ..."

သားဖြစ်သူက စာပြန်လိုက်သည်။

"အဖေ... ကျေးဇူးပြုပြီးတော့ လယ်ကွင်းထဲမှာ လျှောက်မတူးပါနဲ့ဦး... ကျွန်တော့်ပိုက်ဆံတွေကို လယ်ထဲမှာ မြှုပ်ထားတယ်... ကျွန်တော်ထောင်ကထွက်တဲ့အချိန်အထိ စောင့်ပေးပါ..."

ထောင်သားများ၏စာတိုင်းကို အကျဉ်းထောင်တာဝန်ရှိသူများက ဖတ်ရှုစစ်ဆေးကြသည်မှာ ထုံးစံဖြစ်သည်။
နောက်တစ်ရက်မနက်သို့ရောက်လာသောအခါ ဖခင်ဖြစ်သူ၏ လယ်ကွက်ကို တစ်လက်မမကျန် အခမဲ့ထွန်ယက်ပေးပြီး စေတနာ့ဝန်ထမ်းလုပ်ပေးမည့် ကမ်းလှမ်းချက်များ တစ်ရာမကရောက်လာခဲ့သည်။

ရက်အနည်းငယ်အကြာတွင် သားဖြစ်သူက ဖခင်ထံသို့ စာတစ်စောင်ရေးလိုက်သည်။

"အဖေ... သားပို့ပေးလိုက်တဲ့ အကူအညီကို အဖေသဘောကျမယ်ထင်ပါတယ်... အခုဆိုရင် အဖေ အေးအေးဆေးဆေး ပြောင်းစိုက်လို့ရပါပြီ..."

တစခါတစ်ရံ။ ဘယ်နယ်ပယ်မှာဖြစ်ဖြစ် ညဏ်ရည်ညဏ်သွေးဟာအကောင်းဆုံးတန်ဆာပါ

A man is sentenced to 5 years in prison for stealing millions of dollars 💸.
After one year, he receives a letter from his father.
“My son, you have left me alone in my old age and illness.
The planting season has arrived, and I have no one to help me plow the field to plant corn.
I wish you were here with me. If God wills it, we will see each other again soon.” 😢
The son replies:
“Dad, please don’t dig in the field.
That’s where I buried all the money 💰.
Wait until I get out of prison.”
All prisoners’ letters are read by the authorities.
The next morning, more than 100 officers arrive at the farm and dig up every inch of the field… but they find nothing.
A few days later, the son writes again:
“Dad, I hope you liked the help I sent you.
Now you can plant the corn 🌽 in peace.”
Sometimes, intelligence is the best tool—even in the fields ✨ #
#

09/12/2025

Japan earthquake 7.6

08/12/2025
06/12/2025
05/11/2025
18/10/2025

⛈ အစွန်းရောက်ရာသီဥတု လာနီညာ ယနေ့မှ စ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်
=================

NOAA NWS Climate Prediction Center မှ အောက်တိုဘာလ ၉ ရက်နေ့ထုတ်ပြန်ချက်အရ -

အစွန်းရောက်ရာသီဥတုအခြေအနေ လာနီညာ (La Niña)ဖြစ်ပေါ်လျက်ရှိပြီး ယနေ့မှ စတင်၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်လက်ရှိနေနိုင်ကာ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ပုံမှန်ရာသီဥတုအခြေအနေ(Neutral)သို့ ပြန်လည်ကူးပြောင်းနိုင်ချေ ၅၅% ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

လာနီညာ အစွန်းရောက်ရာသီဥတုအခြေအနေဖြစ်လာသည့်အတွက် -

🔸မိုးရွာသွန်းနိုင်သည့် အခြေအနေ

ကမ်းရိုးတန်းနဲ့ ကမ်းရိုးတန်းအနီး ပြည်နယ်တိုင်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ - နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် မိုးပိုမိုရွာသွန်းနိုင်ကြောင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် အောက်တိုဘာလကုန်အထိ နှစ်စဉ်ရွာသွန်းမြဲခန့်နှင့် ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများမှာ နှစ်စဉ်ရွာသွန်းမြဲအောက် လျော့နည်းရွာသွန်းနိုင်ကြောင်း ခန့်မှန်းပြီး

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

🔸အပူချိန်အခြေအနေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ဖေဖော်ဝါရီလအထိ ဧရာဝတီတိုင်းမှအပ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အနည်းငယ်အအေးပိုနိုင်ပြီး

မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် ၀.၅°C မှ ၁°C အထိ လျော့နည်းနိုင်(အအေးပိုနိုင်ကြောင်း)

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်ကဲ့သို့ ကုန်းမြင့်ဒေသများတွင် နှစ်စဉ်ဖြစ်မြဲအပူချိန်အောက် လျော့နည်းနိုင်ကာ အအေးပိုနိုင်မည်ဖြစ်ကြောင်းခန့်မှန်းရပါတယ်။

*စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ပတ်သက်တာ အစိိမ်းရောင်လမ်းဆော့ဝဲမှာမေးပါ*

🔸ပင်လယ်ပြင်အခြေအနေ

ဘင်္ဂလားပင်လယ်အော်အတွင်းမှာ မိုးလွန်ကာလအတွင်း ဖြစ်ပေါ်တတ်သော လေဖိအားနည်းရပ်ဝန်း/မုန်တိုင်း အကြိမ်ရေ ၁ ကြိမ်မှ ၂ ကြိမ်ခန့် ပိုမိုဖြစ်ပေါ်နိုင်ပါတယ်။

ကပ္ပလီပင်လယ်ပြင်မှာ အရှေ့မြောက်မုတ်သုံလေတိုးဝင်မှုကြောင့် လှိုင်းလေပြင်းထန်နိုင်ပါတယ်။

လာနီညာဖြစ်ပေါ်သည့်ကာလအတွင်းအအေးပိုပြီး၊ အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးအခြေအနေဆိုးရွားတတ်သည့်အတွက် ဂရုစိုက်ပြီး နွေးနွေးထွေးထွေးနေထိုင်ကြပါရန်လည်း တိုက်တွန်းလိုပါတယ်။

မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်၏ တရားဝင်ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသော သတင်းဖြစ်ပါသည်။

#မိုးလေဝသ
#ရာသီဥတု
#လာနီညာ
#အစိမ်းရောင်လမ်း
#မိုးလေဝသ

Address

Pakokku
Pakokkugyun

Telephone

09250781190

Website

Alerts

Be the first to know and let us send you an email when PKU နှင့် သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PKU နှင့် သတင်းစုံ:

Share