Bayope

Bayope မဂ်လာပါ

အကောင်းဆုံးကြိုးစားနေရက်နဲ့ ဘဝကအဓိပါယ်မဲ့ အထီးကျန်အဖော်မဲ့ သာယာတဲ့မိသားစုနဲ့ အလှမ်းဝေးနေဆဲ..     လင်မကောင်းကြောင်းပြောတတ...
10/11/2025

အကောင်းဆုံးကြိုးစားနေရက်နဲ့ ဘဝကအဓိပါယ်မဲ့ အထီးကျန်အဖော်မဲ့ သာယာတဲ့မိသားစုနဲ့ အလှမ်းဝေးနေဆဲ..
လင်မကောင်းကြောင်းပြောတတ်သောမိန်းမ ကိုးခါကောင်းပီး တခါမကောင်းရင် အဲဒီတစ်ခါကို လဖက်ရည်ဆိုင်မှာ ယောက်ျားမကောင်းကြောင်းပြော သိခါချ

ဘယ်သွားသွားမတားတတ်တဲ့ ကိုယ်က တစ်ခါလောက်တားမိလိုက်တာနဲ့ သူ့အသိုင်းကြားထဲ လူတောမတောတဲ့အကောင်လို့ ပြောခံရ



သမီးလေးကို သတိရတိုင်း ရင်ဘတ်တနေရာက မခံမရပ်နိုင်လောက်အောင် နာကျင်တယ်...

ရက်ပေါင်းခြောက်ရာငါးဆယ်
၁၀.၁၁.၂၀၂၅

22/03/2020



အခက်အခဲတစ်ခုခုကို ကျော်လွှားပြီးတိုင်း တစ်ယောက်ယောက်ကို ဝမ်းသာအားရပြောလိုက်ရတဲ့ ခံစားချက်မျိုးကို သိလား။ ကျွန်တော်လည်း သိပါတယ်။ဒါပေမယ့် ကျွန်တော် အဲဒီခံစားချက်မျိုး မရခဲ့တာ ကြာပြီ။

ကိုယ့်အပျော်တွေကို ရိုးရိုးသားသားမျှဝေပေးလို့ရတဲ့ နေရာတစ်ခု မရှိတော့လို့ ဒါမှမဟုတ် ကိုယ်ပျော်သလို လိုက်ပျော်ပေးမယ် ထင်ရတဲ့ ကမ္ဘာမြေကြီးဟာ ယုံလို့ မရတော့လို့။
တစ်ခုခုပေါ့လေ။ ကျွန်တော် တိတ်ဆိတ်နေခဲ့ရတာ ကြာပြီ။

#ခွန်းညိုသွေး

 #လှသန်း
05/04/2019

#လှသန်း

14/11/2018

ချစ်​ခြင်း​မေတ္တာကို ယုံပါ ဟန်​နီ
လူ​တွေကို​တော့ မယုံပါနဲ့...
ဘယ်​ရရှိမှူမဆို မင်း​ပျော်​​မွေ့နိုင်​ပြီး
ဘယ်​ဆုံးရှူံးခြင်းမဆို မင်း​ဖြေသာနိုင်​ပါ​စေ ဟန်​နီ💌
#ခွန်း

Lol😂😂😂 ကာမသျတ္တရကျမ်းတွေဘာတွေ ဖတ်နေစရာမလိုပု😁ပုံပါအကွက်တွေပဲ့ ကျေညက်အောင်သာလေ့ကျင့်ထား😊😊ပွဲသိမ်းဒယ်😝😝😝😝
09/10/2018

Lol😂😂😂
ကာမသျတ္တရကျမ်းတွေဘာတွေ ဖတ်နေစရာမလိုပု😁
ပုံပါအကွက်တွေပဲ့ ကျေညက်အောင်သာလေ့ကျင့်ထား😊😊
ပွဲသိမ်းဒယ်😝😝😝😝

04/10/2018

မင်းက ကိုယ်မနှုတ်ပစ်ရက်တဲ့ သွားပိုးပေါက်လေးပဲ
တစ်ခါတစ်ခါ သေလုမတတ်နာကျင်ပေမယ့်
မထိခိုက်အောင် ယုယမိနေသလိုမျိုးပေါ့

Credit #ခွန်းညိုသွေး

29/08/2018

" မမြင်ရတဲ့စိတ်ဒဏ်ရာတွေဟာ မင်းကိုချစ်ခဲ့ခြင်းကစတယ် ဟန်နီ "

ကိုယ့်စိတ်ကို ကိုယ်မေ့ထားလို့ရရင်ကောင်းမယ် ။ခဏခဏ မင်းဆီကနေ ဆွဲထုတ်ပစ်ရတာလည်း ကျောင်းခန်းထဲထားခဲ့ခံရတဲ့ကလေးက ငိုယိုပြီး သူ့အမေကို လိုက်ဆွဲနေရသလိုပဲ ။ ဘေးလူတွေ အမြင်မှာ ရယ်စရာဖြစ်နေပေမယ့် ဘဝပျက်မတတ်ခံစားနေရတဲ့ ကလေးလေးက ကိုယ်ပဲ ဟန်နီ။ လူဟာ သူတန်ဖိုးထားသလောက် သူကြေကွဲရတယ်။

အဲဒီလို မီးခိုးကြွက်လျှောက်ညလေးပဲ အဲဒီလို နောက်ကနေ လိုက်မိတဲ့ မီးခိုးတန်းလေးတွေပဲ မင်းကိုစိတ်မချဘူး မင်းကို စိတ်မချဘူး လို့ အော်နေရတယ် ။ သက်ပြင်းတွေပဲ ချမိရတယ်။ အငိုတွေတိတ်မှ အိမ်ပြန်ရမလား ။အသံတွေတိတ်မှ အိမ်ပြန်ရမလား ။ သွေးမတိတ်တော့တဲ့ အနာအတွက် ဘယ်အနာကပ်ပလာစတာကိုမှလည်း အသုံးမချချင်တော့ပါဘူး။ ဆွဲခွာပြီး လွှင့်ပစ်ခံရတဲ့ခံစားချက်က ကိုယ်တစ်ယောက်နဲ့တင် လုံလောက်ပါစေပေါ့ ။

ကိုယ် ပိတ်မိနေတယ်
ကိုယ် ရုန်းမထွက်နိုင်ဘူး
ကိုယ် ပျော်တယ်
ကိုယ် နာကျင်တယ်
ကိုယ် ရယ်တယ် ပြီးတော့
ကိုယ် ငိုတယ်

အဲဒီအရောင်မျိုးစုံတွေကျဲဖြန့်ပြီး စိတ်တွေသေနေတဲ့ ဂျိုကာရုပ်လေးကို မင်းတွေ့လား။သိပ်ကို မူးပြီး ကွဲပြဲနေတဲ့ကောင်ကမှ၊ ရောခ့် သီချင်းတစ်ပုဒ်လို ဆူညံပေါက်ကွဲသံကမှ နာကျင်မှု မဟုတ်ပါဘူးဟန်နီ။ဟန်မပျက် တိတ်ဆိတ်နေတတ်တဲ့ကောင်လည်းနာကျင်တတ်ပါတယ် ။ တည်ငြိမ်နေတဲ့ နာကျင်ခြင်းတွေဟာ သိပ်ကို ကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။

စိတ်ပျက်လက်ပျက်ပဲ ဖြစ်ဖြစ် ကိုယ့်ကိုကြည့်စမ်းပါ ဟန်နီ။ သွေးအပျက်ပျက်နဲ့ စောင့်ဆိုင်းနေရတာထက်စာရင် ဘယ်အရာပျက်ပျက် အဲဒီလောက် အရေးစိုက်စရာ မလိုအပ်တော့ဘူး။ အပျက်အစီးတွေများတဲ့ လောကကြီးထဲ မပျက်စီးတဲ့အရာတွေပါလို့ ပြောပြီး သေသွားတဲ့ အချစ်တွေ အကြောင်း ပြောပြရင် မင်းရယ်နေဦးမှာ.....။ သတိရစိတ်တွေ ခန္ဓာကိုယ်အနှံ့ အော်မြည်နေကြတယ်။

ရေးထားတယ်ဆိုပေမယ့် ဖတ်ရှုသူရှိမှ ဒီစာအုပ်က အသံထွက်လာမှာ။ တိတ်တိတ်ဆိတ်ဆိတ် ချောင်ကပ်နေရတဲ့ စာအုပ်လေးရဲ့ ဆူဆိုက်ကို ဘယ်သူမှ မသိကြဘူး၊ သိပ်ချစ်တယ်ဆိုတဲ့ စကားနဲ့ ဝေးကတည်းက ဘယ်အရာနဲ့မှ မနီးတော့တာပဲ။ မင်းကလွဲရင် အရာအားလုံး လွဲချော်နိုင်ပါတယ်ဆိုတဲ့ကောင်က မင်းနဲ့ပဲ လွဲခဲ့တယ် ၊ သံသရာဟာ မင်းမပါဘဲလည်နေတာလည်း ဝဋ်ကြွေးတစ်မျိုးပဲပေါ့ဟန်နီ ။

ဘယ်လိုဆုကိုတောင်းမှ မင်းနဲ့ မဝေးမှာလဲ ။ ဘယ်လိုအရွေ့ကမှ ကမ္ဘာမြေပေါ်မှာ မင်းနဲ့တွေ့မှာလဲ။ ယုံကြည်မှုတွေသေသွားတဲ့ မြေပုံစာရွက်ရယ် သံလိုက်အိမ်မြောင်အပျက်ရယ်နဲ့ အတူတကွ သွားနေတဲ့ ခရီးပါ ဟန်နီ။ အခန်းကျဉ်းထဲကနေ မင်းဆီကို ရောက်ရောက်နေတဲ့ စိတ်ကလွဲလို့ ဘယ်အရာမှ ရှာဖွေမတွေ့ရှိသူဟာ ကမ္ဘာကြီးကို ကယ်တင်မယ်လို့လည်း စောက်ကြီးစောက်ကျယ်တွေ ပြောမနေနိုင်တော့ဘူးပေါ့ ။ ကိုယ့်ကိုယ်ကိုတောင် မကယ်တင်နိုင်တဲ့အခါ အရာရာကို ထိုင်ကြည့်နေလိုက်တယ်။

မမြင်ရတဲ့စိတ်ဒဏ်ရာတွေဟာ မင်းကိုချစ်ခဲ့ခြင်းကစတယ် ဟန်နီ။

#ခွန်းညိုသွေး

(Repost)

Address

ပုလော
Palaw
1012

Telephone

09897007425

Website

Alerts

Be the first to know and let us send you an email when Bayope posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share