Company Registration Service & CPA Accountant

Company Registration Service & CPA Accountant ကုမ္ပဏီဆိုင်ရာ ဝန်ဆောင်မှုပါ ချိုသာမြန်ဆန်စွာ ဆောင်ရွက်ပေးပါတယ်

21/05/2026

Dica Service

Our Services
14/05/2026

Our Services

2026 မေလ ပထမအပတ်မှာ ဝန်ဆောင်မှုပေးခဲ့သော ကုမ္ပဏီများ ဖြစ်ပါတယ် #လူကြီးမင်းကုမ္ပဏီနဲ့ပတ်သက်ရင် ကျွန်တော်တို့အသင့်ရှိနေပါပ...
06/05/2026

2026 မေလ ပထမအပတ်မှာ ဝန်ဆောင်မှုပေးခဲ့သော ကုမ္ပဏီများ ဖြစ်ပါတယ်
#လူကြီးမင်းကုမ္ပဏီနဲ့ပတ်သက်ရင် ကျွန်တော်တို့အသင့်ရှိနေပါပြီ
Kaung Mon Swe Company
Company Consultant & Service
Since 2018
#မန္တလေးမြို့ကပါဗျ

28/04/2026

Annual Return (AR)

26/04/2026
25/04/2026

Share Transfer

23/04/2026

📢 အကောက်ခွန်နှုန်းထားအသစ်များ အသေးစိတ် အသိပေးကြေညာခြင်း။

​ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ (၄၉/၂၀၂၆) အရ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့မှ စတင်၍ ပြောင်းလဲကောက်ခံမည့် အကောက်ခွန်နှုန်းထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

​📉 ကုန်စည်အမျိုးအစားအလိုက် HS Code နှင့် နှုန်းထားများ။

​၁။ ငါးနှင့် ရေထွက်ပစ္စည်းအမျိုးမျိုး (Frozen Fish and Fillets)
​HS Code: 0303.11.00 မှ 0305.49.90 အထိ (ဆယ်လ်မွန်၊ ထရောက်၊ ငါးသလောက်၊ တီလားပီးယား၊ ငါးခူ၊ ကတ်ဖစ်၊ ငါးနှုတ်သီး၊ ငါးဓားရှည်၊ ငါးမန်း၊ ငါးလိပ်အမျိုးမျိုး)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၅% သို့ တိုးမြှင့်လိုက်ပါသည်။ (+၁၀% တိုး)

​၂။ နို့နှင့် နို့ထွက်ပစ္စည်းများ (Milk and Cream)
​HS Code: 0402.10.41, 0402.21.20, 0402.29.20 (အလေးချိန် ၂၀ ကီလိုနှင့်အထက် အထုပ်အပိုးများ)
​နှုန်းထားဟောင်း ၃% မှ ယခု ၅% သို့ ပြောင်းလဲလိုက်ပါသည်။ (+၂% တိုး)

​၃။ ထောပတ်၊ ဒိန်ခဲ၊ ဒိန်ချဉ်နှင့် လက်ဖက်ခြောက် (Butter, Cheese and Tea)
​HS Code: 0405.20.00 မှ 0406.90.00 (ထောပတ်၊ ဒိန်ခဲအမျိုးမျိုး) နှင့် 0902.20.10 မှ 0902.40.90 (လက်ဖက်ခြောက်အမျိုးမျိုး)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၄။ မုန့်နှင့် စားသောက်ကုန်များ (Cereal, Pasta and Bakery)
​HS Code: 1901.20.10 မှ 1905.90.90 အထိ (ခေါက်ဆွဲ၊ မုန့်ဟင်းခါးခြောက်၊ ကြာဆံ၊ ဘီစကစ်၊ ကိတ်မုန့်၊ ဝေဖာ၊ ပေါင်မုန့်ခြောက်နှင့် ကလေးစာအမျိုးမျိုး)
​နှုန်းထားဟောင်း ၁၅% မှ ယခု ၂၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၅။ စက်ဆီ၊ ချောဆီ အမျိုးမျိုး (Lubricating Oils)
​HS Code: 2710.19.46
​နှုန်းထားဟောင်း ၁.၅% မှ ယခု ၃% သို့ ပြောင်းလဲလိုက်ပါသည်။ (+၁.၅% တိုး)

​၆။ ပလပ်စတစ် ထုပ်ပိုးပစ္စည်းနှင့် လူသုံးကုန်များ (Plastics)
​HS Code: 3923.10.10 မှ 3924.90.90 အထိ (ပလပ်စတစ်ဗူး၊ အိတ်၊ အဖုံး၊ သွားတိုက်ဆေးပြွန်၊ ကလေးနို့ဗူး၊ အိမ်သုံးပစ္စည်းနှင့် မယ်လမင်းပစ္စည်းများ)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၇။ တာယာနှင့် ကျွတ်များ (Tyres and Tubes)
​HS Code: 4011.40.00 နှင့် 4013.20.00 (မော်တော်ဆိုင်ကယ်သုံး တာယာနှင့် ကျွတ်များ)
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၈။ စက္ကူနှင့် စက္ကူအချောထည်များ (Paper and Paperboard)
​HS Code: 4802.54.00 မှ 4811.90.99 အထိ (ရေးစာစက္ကူ၊ ပုံနှိပ်စက္ကူ၊ ကာဗွန်စက္ကူ၊ အလှဆင်စက္ကူနှင့် စက္ကူလိပ်များ)
​နှုန်းထားဟောင်း ၃% မှ ယခု ၅% သို့ ပြောင်းလဲလိုက်ပါသည်။ (+၂% တိုး)

​၉။ ဂျုံအိတ်၊ ဂုန်နီအိတ်နှင့် ပလပ်စတစ်ယက်အိတ်များ (Sacks and Bags)
​HS Code: 6305.10.11 မှ 6305.90.00 အထိ
​နှုန်းထားဟောင်း ၅% မှ ယခု ၁၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၁၀။ ထီးအမျိုးမျိုး (Umbrellas)
​HS Code: 6601.10.00 မှ 6601.99.00 အထိ
​နှုန်းထားဟောင်း ၁၅% မှ ယခု ၂၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​၁၁။ ခဲမဖြူနှင့် ခဲသတ္တုပစ္စည်းများ (Lead)
​HS Code: 7801.10.00 မှ 7806.00.90 အထိ
​နှုန်းထားဟောင်း ၃% မှ ယခု ၅% သို့ ပြောင်းလဲလိုက်ပါသည်။ (+၂% တိုး)

​၁၂။ လျှပ်စစ်ထရန်စဖော်မာများ (Transformers)
​HS Code: 8504.31.11 မှ 8504.34.00 အထိ (Instrument Transformers နှင့် Flyback Transformers အပါအဝင် အမျိုးမျိုး)
​နှုန်းထားဟောင်း ၁၅% မှ ယခု ၂၀% သို့ ပြောင်းလဲလိုက်ပါသည်။ (+၅% တိုး)

​အထက်ပါ နှုန်းထားအသစ်များသည် ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နေ့ မှစတင်၍ အကျိုးသက်ရောက်မည် ဖြစ်ပါသည်။ ကုန်သွယ်မှုလုပ်ငန်းရှင်များအနေဖြင့် ကုန်ကျစရိတ်တွက်ချက်ရာတွင် အခက်အခဲမရှိစေရန် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးနိုးဆော်အပ်ပါသည်။
​ #သွင်းကုန်လုပ်ငန်းရှင်များသိစေရန်

ဝန်ဆောင်မှုပေးခဲ့သော မကွေးမြို့/မိုင်းဆတ်မြို့/မန္တလေးမြို့မှ ကုမ္ပဏီများ ဖြစ်ပါတယ်ရှင် #လူကြီးမင်းလုပ်ငန်းအတွက် ကျွန်တေ...
22/04/2026

ဝန်ဆောင်မှုပေးခဲ့သော မကွေးမြို့/မိုင်းဆတ်မြို့/မန္တလေးမြို့မှ ကုမ္ပဏီများ ဖြစ်ပါတယ်ရှင်
#လူကြီးမင်းလုပ်ငန်းအတွက် ကျွန်တော်တို့ အသင့်ရှိနေပါပြီ
Service
Kaung Mon Swe Company
09256124077
09443326476

ပိတ်ရက်ရှည် အနားယူပြီးပြီဆိုတော့ အလုပ်တွေကြိုးစားနေပြီဗျို့ #ရန်ကုန်မှကုမ္ပဏီကိုARတင်ပေးခြင်း #မန္တလေးမှကုမ္ပဏီကို Compa...
21/04/2026

ပိတ်ရက်ရှည် အနားယူပြီးပြီဆိုတော့ အလုပ်တွေကြိုးစားနေပြီဗျို့
#ရန်ကုန်မှကုမ္ပဏီကိုARတင်ပေးခြင်း
#မန္တလေးမှကုမ္ပဏီကို Company Name Change ပေးခြင်း
မိတ်ဆွေလုပ်ငန်းအတွက်အသင့်ရှိနေပါပြီ
Kaung Mon Swe Company
09256124077
09443326476

ပို့ကုန်သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည်--------------------------------------------...
12/04/2026

ပို့ကုန်သွင်းကုန်လုပ်ငန်းများ လွယ်ကူချောမွေ့စေရေး အကောင်အထည်ဖော်ဆောင်ရွက်မည်
----------------------------------------------------
ကုန်သွယ်မှုကဏ္ဍမှာ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့ အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြော ပါတယ်။
ဧပြီလ ၁၁ ရက်က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်တဲ့ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ အကြီးအကဲတွေကို လမ်းညွှန်အမှာစကားပြောကြားတဲ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဦးထွန်း အုံက အဖွင့်အမှာစကားပြောကြားရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
အမှာစကားပြောကြားရာမှာ နယ်စပ်ကုန်သွယ်မှုကတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှု ပိုမိုမြှင့်တင် နိုင်ရေးကို ကြိုးပမ်းအားထုတ်ဆောင်ရွက်ဖို့ လိုအပ်သလို၊ နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်ချက်တွေဖြစ်တဲ့ နိုင်ငံနဲ့ ကိုက်ညီတဲ့ ဈေးကွက် စီးပွားရေးစနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်သွားကြဖို့၊ ပြည်ပ ရောင်းတန်းဝင် ပစ္စည်းတွေ ထုတ်လုပ်နိုင်ရေးအတွက် ကုန်ထုတ်လုပ်သူတွေကို အားပေးဆောင်ရွက်သွားကြဖို့နဲ့ ပို့ကုန်တိုးမြှင့် နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက် အောင်မြင်မှုတွေ ရရှိခဲ့ပြီး ဆက်လက် တိုးတက်မှုရရှိအောင် သက်ဆိုင်တဲ့ အစိုးရဌာနတွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင် တွေ၊ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားကြဖို့ လိုအပ်မယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ ကော်ဖီ၊ သီဟိုဠ်၊ သရက်၊ ဒူးရင်း၊ ထောပတ်စတဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေ ကို တန်းဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးချဲ့တင်ပို့နိုင်ရေး၊ နိုင်ငံတကာဈေးကွက်ကို ထိုးဖောက်တင်ပိုနိုင်ရေးနဲ့ ဈေးကွက်ရရှိနိုင်ရေးတို့အတွက် ပြည်ပနိုင်ငံတွေမှာ စေလွှတ်ထားတဲ့ စီးပွားရေးသံမှူးတွေကို တာဝန်ပေးပြီး ချိတ်ဆက် ဆောင်ရွက်သွားဖို့လည်း ပြည်ထောင်စုဝန်ကြီးက မှာကြားပါတယ်။
ဒါ့အပြင် ပြည်တွင်း စားသုံးဆီ ဖူလုံမှုရှိစေဖို့နဲ့ ပြည်ပကနေ စားသုံးဆီတင်သွင်းမှုကို လျှော့ချနိုင်ဖို့အတွက် မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်စတဲ့ ဆီထွက်သီးနှံတွေအပါအဝင် စိုက်ပျိုးရေးကဏ္ဍအတွက် လိုအပ်တဲ့ သွင်းအားစုတွေ၊ လယ်ယာသုံးစက်ပစ္စည်းတွေ တင်သွင်းနိုင်ဖို့ ပံ့ပိုးကူညီပေးသွားရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး စားသုံးသူအခွင့်အရေးနဲ့အကျိုးစီးပွားကို ကာကွယ်ပေးရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေ လုံခြုံစိတ်ချမှု ရှိစေရေးနဲ့ ကုန်စည်အရည်အသွေးဆိုင်ရာ စိစစ်ကြပ်မတ်ရေးကိုလည်း အလေးထားဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးက မှာကြားပါတယ်။
ဒါ့အပြင် စီးပွားရေးဂေဟစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်မီကောင်းမွန်တဲ့ မူပိုင်ခွင့်ဆိုင်ရာ အကာအကွယ် ပေးရေး ဥပဒေတွေကို ပြဌာန်းထားပြီးဖြစ်တာကြောင့် အဲဒီဥပဒေတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ အကာ အကွယ်ပေးနိုင်ဖို့ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားဖို့လည်း လိုအပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအခမ်းအနားကို ဒုတိယဝန်ကြီးတွေ၊ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်တွေ တက် ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

Import

သင်္ကြန်ပိတ်ရက်မတိုင်မီ ဝန်ဆောင်မှုပေးခဲ့သော Annual Return (AR)တင်ပေးခြင်းCompany Extract ထုတ်ပေးခြင်း #လူကြီးမင်းလုပ်ငန...
11/04/2026

သင်္ကြန်ပိတ်ရက်မတိုင်မီ ဝန်ဆောင်မှုပေးခဲ့သော
Annual Return (AR)တင်ပေးခြင်း
Company Extract ထုတ်ပေးခြင်း
#လူကြီးမင်းလုပ်ငန်းအတွက် ကျွန်တော်တို့အသင့်ရှိနေပါပြီ
ကောင်းမွန်ဆွေကုမ္ပဏီ
Company Service
09256124077
09443326476

Address

Paleik

Telephone

+959256124077

Website

Alerts

Be the first to know and let us send you an email when Company Registration Service & CPA Accountant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Company Registration Service & CPA Accountant:

Share