15/05/2026
ဘယ်လိုပဲ ခင်ခင် ဘယ်လိုပဲ
ပေါင်းပေါင်း ဘယ်လိုပဲ ချစ်ခဲ့ချစ်ခဲ့
ပြောင်းလဲနိုင်တာ လူ့သဘာဝပဲ။
အကြောင်းပြချက်မဲ့ အချိုးပြောင်း
သွားတဲ့လူတွေနဲ့လဲ ကြုံဖူးတယ်။
သူတို့စိတ်ထင်နဲ့ တွေးချင်ရာတွေ တွေး
ပြောင်းလဲသွားတာတွေလဲ ကြုံဖူးတယ်။
ပိုချစ် ပိုခင်လာကြတဲ့ သူတွေလဲရှိတယ်
အဲလိုတွေ ကြုံဖူးတဲ့နောက်
ဘယ်သူ့အပေါ်မှာမှ စိတ်မနှစ်တော့ဖူး။
တွေ့တဲ့အချိန်တော့ ခေါ်တယ်
ပြောတယ် အကောင်းဆုံး ဆက်ဆံတယ်
အမှန်ကန်ဆုံး ဆက်ဆံတယ်။
ပြီးရင် ပြီးပြီပဲ လွမ်းတာတွေ
ဆွေးတာတွေ သူက ငါ့ကို
မခေါ်တော့တာတွေ
စကားမပြောတော့တာတွေ
အရင်ကနဲ့ မတူတော့တာတွေ
တခုမှကို စိတ်ထဲမထည့်တာ
ကိုယ့်ဘေးနားရှိတဲ့သူနဲ့ ပျော်အောင်
နေတယ်၊ စိတ်ချမ်းသာအောင် နေတယ်။
အဓိက ကမိသားစုကို အချိန်ပေးတယ်
သူတို့ပျော်ရင် ကိုယ်ပျော်တယ်။
အရေးကြီးတာနဲ့ အရေးမကြီးတာ
ခွဲခြားတတ်လာတယ်။
မလိုအပ်တဲ့ ခံစားချက်တွေကို
ဦးစားမပေး တတ်တော့ဖူး
နေတတ်အောင်ပဲနေတယ်။