Ruike Knife Myanmar

Ruike Knife Myanmar Ruike knifes are made from best quality material.

🌕🙏ဝါဆိုလပြည့် (ဓမ္မစကြာနေ့)🌕🙏ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) ဟာ ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်သီလဆောက်တည်ကြမည့်  ဝါတွင်းကာလ အစပြုတဲ...
12/07/2022

🌕🙏ဝါဆိုလပြည့် (ဓမ္မစကြာနေ့)🌕🙏

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့) ဟာ ဗုဒ္ဓဘာသာဝင်တို့ ဥပုသ်သီလဆောက်တည်ကြမည့် ဝါတွင်းကာလ အစပြုတဲ့နေ့ဖြစ်ပါတယ်။

မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်မှာ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ဘေးအန္တရာယ်များကင်းဝေးကြ ပါစေလို့ Ruike Knife Myanmar မှ ဆုတောင်းပေးလိုက်ပါတယ်။


Happy Father's Dayအဖေများနေ့ စတင်ဖြစ်ပေါ်လာပုံ🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜အဖေများနေ့ ဖြစ်ပေါ်ရန် ကြိုးပမ်းခဲ့သူမှာ အမေရိကန်ပြည်တွင်း စစ်ခ...
19/06/2022

Happy Father's Day
အဖေများနေ့ စတင်ဖြစ်ပေါ်လာပုံ
🔜🔜🔜🔜🔜🔜🔜🔜🔜🔜🔜

အဖေများနေ့ ဖြစ်ပေါ်ရန် ကြိုးပမ်းခဲ့သူမှာ
အမေရိကန်ပြည်တွင်း စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ
ဝီလီယျံ ဂျက်ဆင်စမတ် ၏ သမီးဖြစ်သူ သာမန်အရပ်သား Sonora Smart Dodd (ဆိုနာစမတ်ဒေါ့) ဖြစ်သည်။ဖခင်များနေ့ဖြစ်ပေါ်လာရန် တည်ထောင်ခဲ့သူ Sonora Louise Smart Dodd သည် ချီကာဂို
အနုပညာ တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး ၁၉၇၄ခုနှစ် တွင် အသက် ၉၄ နှစ်ရွယ်တွင်
ကွယ်လွန်ခဲ့သည်

သူမ မကွယ်လွန်မီ သူမသည်
မိခင်များနေ့ သာရှိပြီး ဖခင်များနေ့ မရှိသေးခြင်းအပေါ် မှတ်ချက်ပြုမိပြီး အမိမဲ့သော သူမတို့မိသားစုဘဝကို အရွယ်ရောက်သည်ထိ ပြုစုကျွေးမွေးစောင့်ရှောင့်သော ဖခင်အား ဂုဏ်ပြုလိုသည်။ထို ့ကြောင့်
သူမသည် သူမ၏ ဖခင်မွေးနေ့ကို ရည်ညွန်း၍
အဖေများနေ့ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမှန် ဖခင်ဝီလီယျံ၏ မွေးနေ့သည် ဇွန်လ ၅ ရက်ဖြစ်သော်လည်း သူမတွင်ပြင်ဆင်ချိန် မရရှိခဲ့ခြင်းကြောင့် ဇွန်လ ၁၉ ရက်နေ့သို့ ပြောင်းလဲ ပြုလုပ်ခဲ့သည်။ သူမသည် ဖခင်များနေ့ကို လူအများလက်ခံစေရန် ကြိုးပမ်းပြီး အမေရိကန်၊ဝါရှင်တန်ဒီစီ အခြေဆိုက် အမျိုးသား အဝတ်အထည်ချုပ်လုပ်သူများအဖွဲ့အစည်းနှင့့် ပူးပေါင်းကာ လူသိများရန်ကြိုးပမ်းခဲ့သည်။ သူမ၏ ကြိုးပမ်းမှုကို ဝါရှင်တန်ရှိ လူအများက ဝိုင်းဝန်းလောင်ပြောင် ဝေဖန်ခဲ့ကြသည်။

သို့သော် ဖခင်များနေ့ကို လူဦးရေများများနှင့် စုဖွဲ့ပြီး
ဂုဏ်ပြုခြင်းများ ပြုလုပ်လာသောကြောင့်
၁၉၁၆ခုနှစ်တွင် အမေရိကန်သမ္မတ
Woodrow Wilson သည် ဆိုနာတို့
ဖခင်များနေ့ကျင်းပသော ဝါရှင်တန်ပြည်နယ်
Spokane မြို့သို့ သွားရောက်ပြီး တစ်နိုင်ငံလုံးဆိုင်ရာအသိအမှတ်ပြုဖြစ် ရန် ဆွေးနွေးခဲ့သည်။
သို့သော် ကွန်ဂရက်စ်မှ ယင်းအဆိုကို
ပယ်ချယ်ခဲ့သည့်အတွက် ဖခင်များနေ့ကို
တရားဝင်သတ်မှတ်ရန် နှောင့်နေးခဲ့ သည်။
သို့သော် ကြိုးပမ်းမှု များစွာကြောင့်
၁၉၆၆ခုနှစ်တွင် အမေရိကန် သမ္မတ Lyndon B. Johnson က ဖခင်များနေ့အထိန်း အမှတ်ကို
နှစ်စဉ် ဇွန်လ၏ တတိယ စနေနေ့တွင် ကျင်းပရန်
သတ်မှတ်လိုက်သည်။

ထို့နောက် ဖခင်များနေ့ ကျင်းပမှုသည်
အမေရိကန်နိုင်ငံမှသည် အိမ်နီးချင်းနိုင်ငံ၊ ဥရောပ၊
အာရှ စသည်ဖြင့် တစ်မ္ဘာလုံးအထိ ပြန့်နှံ့ခဲ့ပြီး
နိုင်ငံ အများစုက ဖခင်များနေ့ကို ဇွန်လ တတိယ
တနင်္ဂနွေနေ့အဖြစ် သတ်မှတ်ခဲ့ သည်။ သို့သော်
အချို့နိုင်ငံများက ဇွန်လ ဆန်းပိုင်းနေ့များကို
ရွေးချယ်ပြီး ယနေ့တိုင် ကျင်းပလျက်ရှိသည်။
Crd.
#ဘဝရဲ့ခရီးသည်

ဗဟုသုတ မျှဝေချင်တယ်ဆိုရင်တော့
Share လိုက်ပါ ခင်ဗျ 🙏💓


ကဆုန်လပြည့် - ဗုဒ္ဓနေ့လပြည့်ကဆုန် နေ့မြတ်စုံဖွား ၊ ပွင့် ၊ ဟော ၊ စံ ၊ ဗျာဒိတ်ခံ အမှန်ရက်မြတ်တည်း။(၁) ဗျာဒိတ်ခံယူသည့်နေ့ ...
14/05/2022

ကဆုန်လပြည့် - ဗုဒ္ဓနေ့
လပြည့်ကဆုန် နေ့မြတ်စုံ
ဖွား ၊ ပွင့် ၊ ဟော ၊ စံ ၊ ဗျာဒိတ်ခံ
အမှန်ရက်မြတ်တည်း။

(၁) ဗျာဒိတ်ခံယူသည့်နေ့
လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်းအစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားအလောင်းမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

ကွေးကွေးလေးလဲ Stock now 👍 ဓားထိပ်မှလက်ကိုင်ထိကွေးညွတ် တဲ့ Design နဲ့ပြုလုပ်ထားပါတယ် ဘာလို့လဲဆိုတော့ ဓားကိုအသုံးပြုထိတွေ့...
20/04/2022

ကွေးကွေးလေးလဲ Stock now 👍



ဓားထိပ်မှလက်ကိုင်ထိကွေးညွတ် တဲ့ Design နဲ့ပြုလုပ်ထားပါတယ် ဘာလို့လဲဆိုတော့ ဓားကိုအသုံးပြုထိတွေ့လိုက်တဲ့အခါ လက်ထဲမှာ ကိုင်တွယ်မှုကို သက်သောင့်သက်သာဖြစ်စေမှာပါ။

တစုံတခုကိုဖြတ်တောက်တဲ့အခါမှာလဲ ဓားသွားဟာကွေးညွတ်နေတဲ့အတွက်ပိုပြီးအဆင်ပြေထိရောက်စေမှာပါနော်

ဓားရဲ့ lock 🔐 မှာလဲ ခိုင်ခံ့မှုရှိကာ လုံးဝ Safe ဖြစ်စေမှာပါနော်

Colour နှစ်ရောင်လာတဲ့အတွက်ရွေးချယ်လို့ရတယ်နော် 🥰

မှာယူလိုပါက page ရဲ့ chat boxလေးကို နှိပ်လိုက်ရုံပဲနော်

ဒါလေးလဲ Stockရှိတဲ့အတွက် စိတ်ချစွာမှာယူလို့ရပါတယ်နော် 💗

စမတ်ကျကျ အကိုကြီးတွေကိုင်တဲ့ဓားရောက်ပါပြီရှင့် 😬P 121 လေးပါ 🔪Colour နှစ်ရောင်လာပါတယ် (Black , Green) 💚🖤Stock ရှိတာမို့အမ...
18/04/2022

စမတ်ကျကျ အကိုကြီးတွေကိုင်တဲ့ဓားရောက်ပါပြီရှင့် 😬

P 121 လေးပါ 🔪

Colour နှစ်ရောင်လာပါတယ် (Black , Green) 💚🖤

Stock ရှိတာမို့အမြန်မှာယူပေးပါရှင့် 💗

အကုန်မြန်တဲ့ Folding knife လေးဖြစ်လို့
စောင့်မျှော်နေတဲ့ကာကာတွေမရလိုက်မှာစိုးလို့‌ပါရှင့် 🥰

သေသပ်လှပတဲ့ အိတ်ဆောင်ဓားဓားသွားရောလက်ကိုင်ကို ပေါ့ပေါ့ပါးပါးခိုင်ခံ့လွန်းတဲ့ ယုံကြည်စိတ်ချရသော Stainless steel ဖြင့်ပြုလ...
18/04/2022

သေသပ်လှပတဲ့ အိတ်ဆောင်ဓား

ဓားသွားရောလက်ကိုင်ကို ပေါ့ပေါ့ပါးပါးခိုင်ခံ့လွန်းတဲ့ ယုံကြည်စိတ်ချရသော Stainless steel ဖြင့်ပြုလုပ်ထားပြီး တခြားသော Folding knife တွေနဲ့မတူတာကတော့ Lock ပါတာပဲဖြစ်ပါတယ် အသုံးပြုသူကိုပိုပြီး safe ဖြစ်အောင် ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ် ။ ဓားသွားကိုတွန်းလိုက်တာနဲ့ မြန်ဆန်လှပစွာထွက်လာမှာပါ ။
3Cr13 Stainless steel ဖြင့်ပြုလုပ်ထားလို့ သံချေးတက်ခြင်းကိုကာကွယ်ပေးပါတယ်
Stock ရှိပြီးသားမို့အမြန်မှာယူပေးနော် ။

မင်မင်ကိုယ်တိုင်စမ်းကြည့်ပြီးသားမို့ အပြင်မှာပိုပြီးလှသလိုအကြိုက်လဲတွေ့စေမှာပါ 🥰

P-831 💗💗💗

Price-96,000 Ks 💵

🙏နှစ်သစ်ဆုမွန်ကောင်း🙏🌺ယနေ့ကျရောက်သောမြန်မာနှစ်သစ်ကူးအခါသမယမှစ၍🌺ကျေးဇူးရှင် Customer များ၊မိတ်ဟောင်း၊မိတ်သစ်၊မိတ်ဆွေများအ...
17/04/2022

🙏နှစ်သစ်ဆုမွန်ကောင်း🙏

🌺ယနေ့ကျရောက်သောမြန်မာနှစ်သစ်ကူးအခါသမယမှစ၍🌺

ကျေးဇူးရှင် Customer များ၊မိတ်ဟောင်း၊မိတ်သစ်၊
မိတ်ဆွေများအားလုံး....

🙏ကောင်းကျိုးမင်္ဂလာအဖြာဖြာပြည့်စုံကြပါစေ။

🙏အလုပ်အကိုင်တွေအဆင်ပြေကြပါစေ။

🙏စီးပွားဥစ္စာများဒီရေအလားတိုးပွားကြပါစေ။

🙏ဘေးအန္တာရာယ်ကင်းရှင်းပါစေ။

🙏ကပ်ရောဂါဘေးအပေါင်းမှကင်းဝေးကြပါစေ။

🙏စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမားခြင်းများနဲ့
ပြည့်စုံပြီးလိုရာဆန္ဒတစ်လုံးတစ်ဝတည်း
ပြည့်ဝနိုင်ကြပါစေ။

🙏ကုသိုလ်ပြုနိုင်အောင်နှင့်
ကုသိုလ်တရားများပွားများအားထုတ်နိုင်အောင်
ကျန်းမာချမ်းသာကြပါစေလို့.......

RUIKE KNIFE MYANMAR မိသားစုကနေပြီး ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်

ပစ္စည်းအချို့ရောက်ပါပြီရှင့်မှာထားတဲ့ကာကာတွေပျော်လို့ရပြီနော်ပစ္စည်းမပါသေးတဲ့ကာကာတွေလဲ စောင့်ဆိုင်းပေးလို့ကျေးဇူးတင်ပါတယ...
31/03/2022

ပစ္စည်းအချို့ရောက်ပါပြီရှင့်
မှာထားတဲ့ကာကာတွေပျော်လို့ရပြီနော်
ပစ္စည်းမပါသေးတဲ့ကာကာတွေလဲ စောင့်ဆိုင်းပေးလို့ကျေးဇူးတင်ပါတယ်နော် 🥰 ကာကာတွေတော့မသိဘူး မင်မင်ကအရမ်းပျော် 😁

Ruike ကနေပုံမှန်ထုတ်နေကျ Designတွေနဲ့မတူပဲထူးထူးခြားခြားလေးဖြစ်နေတဲ့ Ruike Knifeလေးတခုကိုပြောပြပေးပါ့မယ် ☺️အဲ့ဒါလေးက Rui...
22/02/2022

Ruike ကနေပုံမှန်ထုတ်နေကျ Designတွေနဲ့မတူပဲထူးထူးခြားခြားလေးဖြစ်နေတဲ့ Ruike Knifeလေးတခုကိုပြောပြပေးပါ့မယ် ☺️

အဲ့ဒါလေးက Ruike F815-J လေးပါ ❤️

သူရဲ့ထူးခြားချက်က ဓားရဲ့လက်ကိုင်လေးကို အပေါ့ပါးဆုံးဖြစ်အောင် ဒီဇိုင်းပြောင်းလဲထားတဲ့အပြင် 110 g ပဲအလေးချိန်ရှိပါတယ် ။

လက်ကိုင်ကပေါ့ပါးလွန်းနေလို့လက်မှာမြဲမနေဘူးလားလို့ထင်ပါလိမ့်မယ် ။
အသုံးပြုတဲ့အခါလက်ကိုင်ကိုဆုပ်ကိုင်လိုက်တာနဲ့ သင့်ရဲ့လက်ကိုဖမ်းဆုတ်ထားသလိုမြဲနေမှာပါနော် ❤️

တောင်တက်သမားတွေနဲ့တောတွင်းသွားလာသူတွေအတွက် ဓားကိုအသုံးပြုနေချိန်အတွင်းလက်ရဲ့အပူချိန်ကိုလျော့ချပေးပါတယ် ❤️

Overall length - 190 mm
Blade length - 85mm

မင်မင်ပြောပြနေတာဖတ်ရုံနဲ့သေချာမသိနိုင်ဘူးနော်တကယ်သုံးကြည့်မှကောင်းမှန်းသိမှာနော် 😘

Preorder Now 🧐


အကြိုက်ဆုံးအများ model ဖြစ်တဲ့M-121 TZ တောကောင်တကောင်ကိုအမဲလိုက်ခြင်းကအစ စားသောက်ပြီးပန်းကန်ဆေးအဆုံး သူတလတ်ထဲနဲ့တာဝန်ယူသ...
17/02/2022

အကြိုက်ဆုံးအများ model ဖြစ်တဲ့
M-121 TZ

တောကောင်တကောင်ကိုအမဲလိုက်ခြင်းကအစ စားသောက်ပြီးပန်းကန်ဆေးအဆုံး သူတလတ်ထဲနဲ့တာဝန်ယူသွားနိုင်တဲ့ ဓားကောင်းလေးတစ်လတ်ပါ 😎

S35VN stainless steel ဖြစ်လို့ တောဝက်တကောင်ကိုအသားလေးကိုင်တွယ်ဖြေရှင်းနိုင်ပြီး လှပသေသပ်တဲ့ Folding knife 🔪 လေးဖြစ်ပါတယ် ။

Overall length - 215mm/8.46"
Weight - 110g
Blade length - 92mm
Blade thickness - 3.5mm

Handle ကို TC4 Titanium နဲ့ပြုလုပ်ထားလို့သင့်ကိုပိုပြီးပြီးပြည့်စုံစေမှာပါ ။



Address

Pazundaung
11171

Alerts

Be the first to know and let us send you an email when Ruike Knife Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ruike Knife Myanmar:

Share

Category