Digi-Zaay

Digi-Zaay Affordable E-Commerce Enabler Service for Store / Brand Owners in Myanmar.

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္စည်...
07/07/2022

"Dinky Diana"ဆိုတာ ပျိုမေတို့အတွက် အလှကုန်ပစ္စည်းတွေ ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ အပြင် ဖန်စီနဲ့ အလှအပ အသုံးအဆောင်ပစ္စည်း အမှတ်တံဆိပ်ပေါင်းများစွာကို ဖြန့်ဖြူးရောင်းချပေးနေတဲ့ Cosmetic & Accessories Store တစ်ခု ဖြစ်ပါတယ်။

"Dinky Diana" မှာရောင်းချပေးနေတဲ့ အလှကုန် ပစ္စည်းပေါင်းများစွာကို ဝယ်ယူနိုင်မယ့် E-Commerce Storefront ကိုတော့ ကျွန်တော်တို့ Digi-Zaay Package ကို အသုံးပြုတည်ဆောက်ထားပြီး Android App ,iOS App, Website နဲ့ Chatbot တွေကနေတစ်ဆင့် လွယ်လင့်တကူ မှာယူမှု ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်…🛒🛒🛒

✅"Dinky Diana" ရဲ့ E-Commerce Storefront ကနေဝယ်ယူမယ့် Customer တွေအနေနဲ့ အသစ်ရောက်တဲ့ ပစ္စည်းတွေ ၊ ကိုယ်လိုချင်တဲ့ ပစ္စည်းတွေ ၊ လက်ရှိ Trend ဖြစ်နေတဲ့ ပစ္စည်းတွေကို တကူးတက မေးနေစရာမလိုဘဲ ဒီ E-Commerce ကိုဝင်လိုက်တာနဲ့ သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူတဲ့ ပစ္စည်းတစ်ခုချင်းစီအတွက် Earning Points များကိုပါ စုဆောင်းထားနိုင်ပြီး စုဆောင်းထားတဲ့ Earning Points တွေကိုတော့ နောက်တစ်ကြိမ် ပစ္စည်းဝယ်ယူတဲ့အခါတိုင်းမှာ ပြန်လည် အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။

✅"Dinky Diana" ရဲ့ E-Commerce Storefront ကနေ ဝယ်ယူတဲ့ ပစ္စည်းတွေကို ပို့ဆောင်ပေးနိုင်ဖို့အတွက်ဆိုရင်တော့ Deliver To Home (ဒါမှမဟုတ်) Pickup At The Store စတဲ့ Logistic တွေထဲကနေ ရွေးချယ်နိုင်တာကြောင့် အမြို့မြို့အနယ်နယ်က Customer တွေအတွက်ရော နီးစပ်ရာဒေသက ဝယ်ယူတဲ့ Customer တွေအတွက်ပါ အဆင်ပြေစေပါတယ်။

✅Logistic ရွေးချယ်ပြီးသွားပြီ ဆိုရင်တော့ ဆက်လက်လုပ်ဆောင်ရမယ့် ငွေပေးချေမှုအပိုင်းကို Bank Account တွေကနေပေးချေနိုင်သလို ၊ KBZ Pay , Wave Pay စတဲ့ Pay မျိုးစုံနဲ့လည်း ပေးချေနိုင်ပါတယ်။ ပစ္စည်းရောက်မှ ငွေချေလိုတဲ့ Customer တွေအနေနဲ့ကတော့ ပစ္စည်းရောက်မှ ငွေချေ (Cash On Delivery ) စနစ်နဲ့ ပေးချေ နိုင်ပါတယ်။

✅ဒီအချက်တွေ အကုန်ပြီးစီးသွားလို့ ပစ္စည်းမှာယူထားပြီးရင်တော့ ကိုယ့်လက်ထဲ ပစ္စည်းရောက်မလာမချင်း အော်ဒါ အတည်ပြုပြီးကြောင်း ၊ Payment လက်ခံရရှိကြောင်းနဲ့ ပစ္စည်းပို့ဆောင်သွားပြီးကြောင်း စတာတွေကိုလည်း Application Notification သာမကဘဲ SMS နဲ့ပါ အမြဲအကြောင်းကြားပေးနေမှာ ဖြစ်တာကြောင့် ပစ္စည်းမရောက်ရှိလာမှာကို တော့ လုံး၀စိတ်ပူနေစရာ မလိုတော့ပါဘူးနော်။

ဒါ့အပြင် အမြဲတမ်းဝယ်ယူနေကျ ပစ္စည်းတွေကို ထပ်ခါထပ်ခါ မှာယူတက်တဲ့ Customer တွေအတွက်ကတော့ အစအဆုံး ပစ္စည်းပြန်ရှာ ၊ ပြန်ဝယ်နေဖို့ မလိုဘဲ "Click" တချက်နှိပ်ရုံနဲ့ ပြန်လည် ဝယ်ယူနိုင်တဲ့ "Re Order" စနစ်လည်း ပါဝင်တာကြောင့် အလှကုန်ပစ္စည်းဝယ်ယူမယ့် ပျိုမေတို့အတွက် "Dinky Diana E-Commerce Storefront" ကနေ လွယ်ကူလျှင်မြန်စွာ ဝယ်ယူနိုင်ပြီဆိုတာ သတင်းကောင်းပါလိုက်ပါတယ်ရှင့်။🤗🤗🤗

Digi-Zaay ဟာ နည်းပညာတွေပိုမိုတိုးတက်လာတဲ့ ကာလမှာ Brand Owner တွေနဲ့ ရင်းနှီးမြုပ်နှံလိုတဲ့ ဆိုင်ရှင်တွေအတွက် ကိုယ်ပိုင် Brand နဲ့ Full-Stack E-Commerce တစ်ခုကို (၂) ပတ်အတွင်း ပိုင်ဆိုင်နိုင်စေဖို့ အစအဆုံး တာဝန်ယူစီစဉ်ပေးတဲ့ Service Package ဖြစ်ပါတယ်။

Digi-Zaayကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၃၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Digi-Zaay Package ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ..

အိမ်နီးချင်းနိုင်ငံတွေရဲ့  တိုးတက်​ပြောင်းလဲလာတဲ့ Cross -Border-E-Commerce အကြောင်း✅Cross -Border-E-Commerce ဆိုတာ ကိုယ့...
29/06/2022

အိမ်နီးချင်းနိုင်ငံတွေရဲ့ တိုးတက်​ပြောင်းလဲလာတဲ့ Cross -Border-E-Commerce အကြောင်း

✅Cross -Border-E-Commerce ဆိုတာ ကိုယ့်ပြည်တွင်းမှာပဲ အရောင်းအဝယ်ပြုလုပ်နိုင်တာ မဟုတ်ဘဲ နိုင်ငံတကာကနေ အရောင်းအဝယ်ပြုလုပ်နိုင်တဲ့ E-commerce ကိုဆိုလိုတာပါ။ ဥပမာ - ပြည်ပ နိုင်ငံတစ်ခုမှာ ရောင်းချနေတဲ့ ပစ္စည်းတွေကို E-commerce Website တွေကနေ ဝယ်ယူတယ် ၊ ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေရှင်းတယ် ၊ ပြီးရင် နယ်စပ်ဂိတ်တွေကနေ ကိုယ့်ဆီထိ အရောက် ပို့ပေးနိုင်တာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ Cross-Border-E-commerce ကနေဝယ်ယူပြီး Business to Business (B2B) ပြန်လည်ရောင်းချနေကြသလို ၊ Business to Consumer (B2C) ရောင်းချနေကြတာကို တွေ့နိုင်ပါတယ်။

✅Cross -Border-E-Commerce အကြောင်းပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ အများဆုံး အရောင်းအဝယ် ပြုလုပ်လေ့ရှိတဲ့ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံကတော့ မပါမဖြစ်ပါပဲ ။ ဒီထဲကမှ တရုတ်နိုင်ငံရဲ့ Cross-Border-E-commerce က ဘယ်လောက်ထိ ကျယ်ပြန့်ပြီး တိုးတက်လာလဲ ဆိုတာ ပြောပြပေးသွားပါမယ်။

✅Cross-Border-E-commerce ကနေ ဝယ်ယူခြင်းက နိုင်ငံခြား Branded ပစ္စည်းတွေကို စျေးသက်သက်သာသာနဲ့ အလွယ်တကူ ဝယ်ယူနိုင်တာကြောင့် Consumer တွေရဲ့ နေ့စဉ်ဘ၀မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာပါတယ်။ ဒီလို ပါဝင်လာမှုကြောင့် တရုတ်နိုင်ငံရဲ့ Cross-Border-E-commerce ကနေ အရောင်းအဝယ်ပြုလုပ်မှုတွေဟာ တစ်နှစ်ထပ် တစ်နှစ် များပြားလာပြီး လက်ရှိမှာဆိုရင် အသုံးပြုသူ 235 သန်းကျော်ထိ ရှိနေပြီပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေအရ တရုတ်နိုင်ငံရဲ့ အသုံးပြုသူတွေဟာ Shopify's Cross-Border E-commerce နဲ့ JD Marketplace တို့ကနေ ရောင်းဝယ်မှု အများဆုံး ပြုလုပ်ကြတာဖြစ်ပါတယ်။

✅2020 ခုနှစ်မှာ Cross-Border E-commerceကို ထဲထဲဝင်ဝင် ကြိုးစားလာတဲ့ Shopify အနေနှင့် တစ်နှစ်အတွင်းမှာပဲ နိုင်ငံတကာ ဈေးကွက်ကနေ ဒေါ်လာ 20billion အထိ ‌ရောင်းချနိုင်ခဲ့ပါတယ်။ သို့သော်လည်း 2021, ဇူလိုင်လအတွင်းမှာ ငွေကြေးဆိုင်ရာက်စ္စရပ်များ၊ဘာသာစကားအခက်အခဲများ ၊ အခွန်ဆိုင်ရာ အခက်အခဲများကြောင့် နိုင်ငံတစ်ခုနှင့်တစ်ခုရောင်းဝယ်မှု ပြုလုပ်ရာမှာ အခက်အခဲ ရှိလာတာကြောင့် JD Marketplace ကို စတင် အသုံးပြုလာခဲ့ပါတယ်။

✅Shopify ရဲ့ ရောင်းအားကို ထိန်းသိမ်းနိုင်ဖို့ အတွက် တရုတ်နိုင်ငံရဲ့ Ecommerce နယ်ပယ်မှာ အသုံးများတဲ့ JD.com နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ့် JD Marketplace ကို တည်ဆောက်ခဲ့ပါတယ်။ JD Marketplace က ကမ္ဘာတစ်ဝန်း Brandပေါင်း 2 သောင်းကျော်၊ နိုင်ငံပေါင်း 100 ကျော် အထိ အောင်မြင်လာခဲ့ပါတယ်။ JD.com ရဲ့ Warehouse များကိုလဲ အမေရိကန်၊ ဂျာမဏီ ၊နယ်သာလန် ၊UKနှင့် များစွာသော နိုင်ငံအများအပြားမှာ တည်ဆောက်ထားပြီ တရုတ်နိုင်ငံအပါအဝင် warehouse 1300 ကျော်နဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ရောင်းချတဲ့ ပစ္စည်းမျာရဲ့ 90% ကို 24နာရီအတွင်း ပို့ဆောင်ပေးနိုင်တဲ့အထိ ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

✅ဒီလို Cross -Border-E-Commerce တွေကို အသုံးများလာတဲ့ တရုတ်နိုင်ငံဟာဆိုရင် 2020ခုနှစ်မှာ Cross -Border-E-Commerce ရဲ့ Export လုပ်ငန်းတွေကနေ ယွမ်1.69 trillion, Import လုပ်ငန်းတွေကနေ ယွမ်570 billion(16.5%)အထိအ ကျိုးအမြတ်များရရှိခဲ့ပြီး 2021ခုနှစ်မှာ လုပ်ငန်းနှစ်ခုပေါင်း ယွမ် 1.98trillion (17%)ထိ တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့ပါတယ်။

✅✅ဒါတွေကို ကြည့်မယ်ဆိုရင် Cross -Border-E-Commerce ဟာ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံမှာပဲ ရောင်းဝယ်မှုတိုးတက်နေတာ မဟုတ်ဘဲ နိုင်ငံတကာမှာပါ တဖြည်းဖြည်းတိုးတက်လာနေတယ်ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM-Digital-Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

အခုလို နည်းပညာ တိုးတက်လာတဲ့ ခေတ်ထဲမှာ လူအများစုက Online ကတစ်ဆင့် စျေးဝယ်ရတာကို ပိုမိုခုံမင်လာကြပါတယ်။ Online က ဝယ်ယူရာမှ...
25/05/2022

အခုလို နည်းပညာ တိုးတက်လာတဲ့ ခေတ်ထဲမှာ လူအများစုက Online ကတစ်ဆင့် စျေးဝယ်ရတာကို ပိုမိုခုံမင်လာကြပါတယ်။ Online က ဝယ်ယူရာမှာလည်း Facebook , Instagram တို့လို Social Platform တွေကနေ ဝယ်ယူကြသလို E-Commerce Website / Mobile Application တို့ကနေလည်း ဝယ်ယူလာကြပါတယ်။

ဒီလို ဝယ်ယူကြရာမှာ အခက်အခဲ လေးတွေအနည်းနဲ့အများတော့ ရှိကြမှာပါ။ ဒီအခက်အခဲတွေထဲကမှ စျေးဝယ်သူတွေ အများဆုံးတွေ့ကြုံရတာတွေထဲက တစ်ခုကတော့ အရင်ဝယ်ယူပြီးသားပစ္စည်း​​တွေကို ထပ်မံဝယ်ယူချင်တဲ့အခါမှာ ပစ္စည်းတစ်ခုချင်းစီကို Shopping Cart ထဲ ပြန်ထည့် ပြန်၀ယ် ​နေကြရတာပဲ ဖြစ်ပါတယ်။ ဒီလိုပြဿနာတွေက လက်လီဝယ်ယူသူတွေ အတွက်တော့ အခက်အခဲဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် လက်ကားဝယ်ယူမယ့် Customer တွေအတွက်ကတော့ တကယ်ကို ကြီးမားတဲ့ ပြဿနာ တခုပါပဲ။

ပုံမှန် လက်ကား ဝယ်လေ့ရှိတဲ့ သူတစ်ယောက်က မှာနေကျပစ္စည်းတွေကိုပဲ ပြန်မှာ ချင်တဲ့အခါမျိုးမှာ အစအဆုံး ပစ္စည်း တစ်ခုချင်းစီကို ရှာဖွေရတာတွေ ၊ ပစ္စည်းနာမည် ပြန်စဥ်းစားရတာတွေ ၊ ဝယ်ယူမယ့် အရေအတွက်ကို ရိုက်ထည့်နေရတာ စတာတွေအတွက် အချိန်ကုန် လူပင်ပန်း ဖြစ်လာတက်ကြပါတယ်။ဒီလို ဖြစ်လာပြီဆိုရင် အသုံးပြုနေတဲ့ Website / Mobile Application ကို ဆက်ပြီး အသုံးမပြုဖြစ်​တော့တာမျိုး​တွေ ဖြစ်လာနိုင်တာကြောင့် ကိုယ့်ရဲ့ Customer ​တွေကို ဆုံးရှုံးလိုက်ရမှာ အမှန်ပါပဲ။

ဒီလို လက်ကား ၀ယ်တဲ့သူ​တွေ ကြုံ​တွေ့​နေရတဲ့ ပြဿနာ ​တွေကို ​ Digi-Zaay ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ UKK Longyi Application (https://ukklongyi.com/) မှာ ဘယ်လို ​ဖြေရှင်းထားတယ် ဆိုတာကို ​ဖော်ပြ​ပေးသွားပါမယ်။

UKK Longyi App (https://ukklongyi.com/) ဟာ UKK Brand နဲ့ လုံချည် ပုံစံအမျိုးမျိုးကို လက်လီရော လက်ကားပါမှာယူနိုင်တဲ့ E-Commerce App တစ်ခု ဖြစ်ပါတယ်။ Android နဲ့ iOS App တွေအနေနဲ့ ရှိသလို Web ကနေတဆင့် အသုံးပြုနိုင်ပါတယ် ။

UKK Longyi Application မှာဆိုရင် Customer တစ်​ယောက်ချင်းစီအလိုက် ​ Application စသုံးစဉ်ကနေ ယခုလက်ရှိထိ ဝယ်ယူထားသမျှအော်ဒါ တစ်ခုချင်းစီရဲ့ အသေးစိတ် အချက်အလက်တွေကို တွေ့နိုင်ပါတယ်။ Customer အနေနဲ့ ရှေ့က၀ယ်ယူပြီးသား ​အော်ဒါကိုပဲထပ်မှာ ချင်တဲ့အခါမှာ ဆိုရင်တော့ ပြန်လည် ၀ယ်ယူလိုတဲ့ ​အော်ဒါမှာ ရှိတဲ့ " ပြန်လည်မှာယူမည်" ဆိုတာကို တစ်ချက်နှိပ်လိုက်ရုံပါပဲ။ ဒီလို Click တချက် နှိပ်လိုက်တာနဲ့ ရှေ့က မှာယူထားတဲ့ အတိုင်း ပစ္စည်းတစ်ခုချင်းစီရဲ့ အ​ရေအတွက်နဲ့ ကျသင့်​ငွေ အားလုံးက Shopping Cart ထဲကို ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။ ပြန်လည်မှာယူလိုက်တဲ့ အော်ဒါမှာ ပစ္စည်းကုန်သွားတာ ၊ အရေအတွက် မလောက်တော့တဲ့ အခါမျိုးမှာ ဆိုရင်လည်း ရနိုင်တဲ့ Stock အရေအတွက်ကို ပြန်လည် မှာယူပေးဖို့ Warning Message ပြထားပေးတာဖြစ်ပါတယ်။ ဒီလို Warning Message ပြပေးထားတာကြောင့် ပစ္စည်းလာပို့မှ မှာထားသလောက် အရေအတွက် မရတာ ၊ ပစ္စည်းအစားထိုး ပို့ပေးတဲ့ ပြဿနာတွေကိုပါ ဖြေရှင်းပြီး ဖြစ်သွားမှာပါ။

ဒါ့အပြင် ဒီ အော်ဒါမှာမှ ထပ်တိုး၀ယ်လိုတဲ့ ပစ္စည်း​တွေရှိရင်လည်း ထပ်ပေါင်းမှာယူလို့ရပါသေးတယ်။ ဝယ်လိုတဲ့ ပစ္စည်းနဲ့ အရေအတွက်ကို Shopping Cart ထဲ ထည့်လိုက်ရုံပါပဲ ။ Shopping Cart ထဲကို ရောက်လာတဲ့အခါမှာလည်း ကိုလိုချင်တဲ့ အရေအတွက် ကို အတိုးအလျော့ ပြုလုပ်နိုင်တာကြောင့် ကိုယ်လိုချင်တဲ့ ပစ္စည်းမရလိုက်မှာ ၊ စိတ်ကြိုက် အရေအတွက် မရမှာ မျိုးတွေအတွက် စိတ်ပူစရာရှိမှာ မဟုတ်တော့ပါဘူး ။

ကိုယ် မှာယူမယ့် ပစ္စည်း​တွေ​ရွေးချယ်ပြီးသွားပြီဆိုရင်​တော့ ဝယ်ယူထားတဲ့ ပစ္စည်းတွေကိုယ့်ဆီ ရောက်လာဖို့အတွက် ငွေပေးချေမှုအပိုင်းနဲ့ ပစ္စည်းလက်ခံရရှိနိုင်ဖို့ပို့ဆောင်ရေး အပိုင်းတွေကို ဆက်လက် လုပ်ဆောင်ပေးရမှာပဲ ဖြစ်ပါတယ်။ ပစ္စည်းပို့ဆောင်ဖို့ ရွေးချယ်ရမှာလည်း ဆိုင်ခွဲတွေထိ ကိုယ်တိုင်သွားယူနိုင်သလို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးဖို့ကို လည်း ရွေးချယ်နိုင်ပါတယ်။ ဒီလို ရွေးချယ်နိုင်ခြင်းက မြို့နယ် တခုတည်းကသူတွေအတွက်သာ မကဘဲ တခြားမြို့က သူတွေအတွက်ပါ ဝယ်ယူရ အဆင်ပြေစေပါတယ်။

ပစ္စည်းပို့ဆောင်ဖို့ ရွေးချယ်ပြီးသွားရင်တော့ ငွေပေးချေမှု အပိုင်းဆက်လက် လုပ်ဆောင်သွားရုံပါပဲ။ ဝယ်ယူမှုကိုငွေပေးချေတဲ့အခါမှာလည်း Bank Account တွေကနေတစ်ဆင့် တိုက်ရိုက်ပေးချေနိုင်သလို၊ ပစ္စည်းလက်ခံရရှိမှ ငွေပေးချေနိုင်တဲ့ Cash On Delivery စနစ်နဲ့လည်း ငွေပေးချေနိုင်ပါသေးတယ် ။ ငွေပေးချေရာမှာ ဒီလို ရွေးချယ်နိုင်တာကြောင့် ပစ္စည်းရောက်မှ ငွေပေးချေချင်တဲ့ Customer တွေအတွက် အရမ်းအဆင်ပြေစေမှာပဲ ဖြစ်ပါတယ်။

ဒါတွေကို ကြည့်မယ်ဆိုရင် မှာယူပြီးသားအော်ဒါတွေအတိုင်း ထပ်ခါထပ်ခါ မှာယူလိုတဲ့ Customer တွေအတွက် အခုလို Click တစ်ချက်နှိပ်လိုက်ရုံနဲ့ ချက်ချင်းပြန်လည် ဝယ်ယူဖို့လွယ်ကူသွားတဲ့အတွက်ကြောင့် ပစ္စည်းဝယ်ယူဖို့ ပေးရတဲ့အချိန်တွေကို သက်သာစေပြီး ဝယ်ယူရတာလည်း အခက်အခဲမရှိ အဆင်ပြေချောမွေ့စေမှာပဲ ဖြစ်ပါတယ် ။ ဒ့ါအပြင် ထပ်ခါ ထပ်ခါဝယ်ချင်တဲ့အခါတိုင်း ပစ္စည်းပြန်လည် ရှာဖွေရတဲ့ အတွက်ကြောင့် ဖြစ်ပေါ်စေတဲ့ ငြီးငွေ့စရာကောင်းတာတွေ စိတ်ပျက်စိတ်ရှုပ်ထွေးစရာ ပြဿနာ တွေကိုလည်း ကြုံတွေ့ခံစားရတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် UKK Longyi Application ကိုအသုံးပြုပြီး ဈေးဝယ်မယ်ဆိုရင်တော့ သက်တောင့်သက်သာဖြစ်ပြီး မြန်မြန်ဆန်ဆန်နဲ့ ဝယ်ယူရရှိမှာဖြစ်လို့ အကောင်းမွန်ဆုံး စျေးဝယ်ခြင်း အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ် ။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

18/05/2022

21 ရာစုနှစ်ကစပြီး E Commerce နယ်ပယ်က ရောင်းဝယ်မှုတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်လာတယ်ဆိုတာကို သတိထားမိကြမှာပါ။ ကိုယ်တိုင် အပါအဝင် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေထဲက အနည်းဆုံး သုံးပုံနှစ်ပုံက E Commerce ဒါမှမဟုတ် Social Commerce ကနေ မဝယ်ဖူးတဲ့သူဆိုတာ မရှိသလောက်ပါပဲ။ ဒီလို E Commerce တွေ ၊ Social Commerce တွေကနေ ရောင်းဝယ်မှုတွေ များလာတာ ပြိုင်ဆိုင်မှုတွေ များလာတာဟာ ကိုယ့်ရဲ့ Ecommerce မှာ လာဝယ်မယ့် Customer တွေကို ရှာဖွေရတာကလည်း ခက်သထက် ခက်လာတယ်ဆိုတဲ့ သဘောပါပဲ။

ဒီလို အပြိုင်အဆိုင်ဖြစ်နေတဲ့ E Commerce နယ်ပယ်ထဲမှာ ကိုယ့်ရဲ့ E-Commerce လုပ်ငန်းကို ပိုမိုအောင်မြင်အောင် အထောက်အကူပေးနိုင်မဲ့ 𝟐𝟎𝟐𝟐 ရဲ့ 𝐊𝐞𝐲 𝐄𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞 𝐓𝐫𝐞𝐧𝐝𝐬 တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

𝟏) 𝐏𝐨𝐬𝐢𝐭𝐢𝐯𝐞 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐄𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐈𝐬 𝐄𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠
လေ့လာ စမ်းစစ်ချက်တွေအရ Customer တွေရဲ့ 75 % လောက်က သူတို့ဝယ်ယူခဲ့ရတဲ့ အတွေ့အကြုံပေါ်မူတည်ပြီး ထပ်မံ ဝယ်ယူလေ့ရှိကြတာကိုတွေ့ရပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ Ecommerce မှာ User Friendly ဖြစ်တဲ့ UI /UX တွေနဲ့ တည်ဆောက်ထားတဲ့ Order Process တွေ ၊ အသုံးပြုရလွယ်ကူတဲ့ Checkout Process တွေဖြစ်နေဖို့လိုကို လိုအပ်တယ် ဆိုတဲ့ သဘောပါပဲ ။ ဒါ့အပြင် ကိုယ့်ရဲ့ Brand အကြောင်းကို များများ ရှင်းပြထားနိုင်ဖို့ နဲ့ Customer မေးသမျှကို 24/7 Hours စောင့်ဆိုင်းနေရခြင်း မရှိဘဲ ဖြေပေးနိုင်မယ်ဆိုရင် Customer တွေ စိတ်ကျေနပ်မှု ရှိနိုင်သလို ကိုယ့်ရဲ့ Brand Image ကိုလည်း ထိန်းသိန်းပြီးသားဖြစ်စေမှာပါ။ ဒါမှသာ ကိုယ့် Ecommerce Store ကို ရောက်လာတဲ့သူတိုင်းဟာ ကိုယ့် Store ရဲ့ အမြဲတမ်း Customer တွေဖြစ်လာစေနိုင်ပါလိမ့်မယ် ။

𝟐) 𝐍𝐞𝐰 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬 𝐎𝐧 𝐒𝐨𝐜𝐢𝐚𝐥 𝐏𝐥𝐚𝐭𝐟𝐨𝐫𝐦𝐬
ကိုယ့်ရောင်းချနေတဲ့ Brand နဲ့ Product တွေကို လူသုံးများတဲ့ Facebook , Instagram တို့လို့ Social Platforms တွေမှရဲ့ အားသာချက်ကို အပြည့်အဝ အသုံးချပြီး ရောင်းချသင့်ပါတယ်။ Social Media ရဲ့ "အသုံးပြုသူများတယ်" အားသာချက်ကို ကိုယ့်ရဲ့ "အလွယ်တကူ ဝယ်ယူနိုင်တယ်" E-Commerce Store နဲ့ အပြည့်အဝ Integrate ပြုလုပ်လိုက်နိုင်မယ် ဆိုရင် ရောင်းအား တိုးတက်လာစေရုံသာမက ခိုင်မာတဲ့ Store Brand Image ကိုပါ တည်ဆောက်ပြီးသား ဖြစ်စေနိုင်ပါလိမ့်မယ် ။

𝟑) 𝐓𝐡𝐞 𝐁𝐨𝐨𝐦 𝐨𝐟 𝐐-𝐜𝐨𝐦𝐦𝐞𝐫𝐜𝐞
Q-commerce (Quick-Commerce) ဆိုတာ E Commerce ၊ Social Commerce တို့ကနေ ဝယ်ယူထားတဲ့ အော်ဒါတွေကို Customer ဆီ အမြန်ဆုံးရောက်ရှိစေဖို့အတွက် ပို့ဆောင်ပေးတဲ့ Delivery Service ကို ဆိုလိုတာ ဖြစ်ပါတယ်။ Customer အများစုက Delivery လာပို့ဖို့ စောင့်နေရတာထပ် အခုမှာ အခုရတာမျိုးကို ပိုသဘောကျ ကြပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ Customer တွေကို အကောင်းမွန်ဆုံး Service တွေပေးချင်တယ်ဆိုရင်တော့ စိတ်ချရပြီး ၊ ငွေကုန်ကြေးကျ သက်သာစေမယ် ၊ အချိန်တို အတွင်း အရောက်ပို့နိုင်တဲ့ Q-commerce တစ်ခု ဖြစ်နေဖို့လိုအပ်ပါတယ်။

𝟒) 𝐈𝐧𝐭𝐞𝐫𝐚𝐜𝐭𝐢𝐨𝐧 𝐖𝐢𝐭𝐡 𝐘𝐨𝐮𝐫 𝐂𝐨𝐦𝐦𝐮𝐧𝐢𝐭𝐲
Ecommerce Store တစ်ခုရေရှည် ရပ်တည်နိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ Customer တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေဖို့လိုအပ်ပါတယ်။ Brand နဲ့ပက်သတ်ပြီး မေးမြန်းသမျှကို နားလည်အောင် ရှင်းပြပေးတာ ၊ သူတို့ပေးတဲ့ Feedback တွေကို ဂရုတစိုက် နားထောင်ပေးဖို့လည်း လိုအပ်သလို ကိုယ့်ရဲ့ Customer တွေ ဘယ်ချိန်နောက်ဆုံးဝယ်သွားလဲ စတာတွေကိုပါ သိနေဖို့လိုအပ်ပါတယ်။ ဥပမာ - ပုံမှန်ဝယ်နေကျ ဖောက်သည်တစ်ဦးက ရက်အနည်းငယ် အကြာထိ လာမဝယ်တော့တာမျိုး ၊ ဝယ်ယူမှုနည်းသွားတာမျိုးမှာ ဆိုရင် ကိုယ့်ဘက်က ဝယ်နေကျ သူတွေ အတွက် Discount ချပေးတာ ၊ လက်ဆောင်ပေးတာ စတဲ့ အထူးအခွင့်အရေးပေးထားသလို ခံစားရစေအောင် ပြုလုပ်ပေးထားသင့်ပါတယ်။ ဒါ့အပြင် အသစ်ရောက်ရှိလာတဲ့ ကုန်ပစ္စည်းမိတ်ဆက်တွေ ၊ Promotion Campaign တွေကိုလည်း အမြဲတမ်း အသိပေးနိုင်ဖို့ လိုအပ်ပါတယ်။

𝟓) 𝐒𝐮𝐬𝐭𝐚𝐢𝐧𝐚𝐛𝐢𝐥𝐢𝐭𝐲
ကိုယ့်ရဲ့ Brand ကို အမြဲတမ်း လူသိများနေဖို့ ၊ရောင်းအားကောင်းနေဖို့ ဆိုရင် လက်ရှိ ဘာတွေ Trends ဖြစ်နေတယ်ဆိုတာလည်း သိဖို့လိုအပ်ပါတယ် ။ ကိုယ့်ရဲ့ Brand က တသမတ်တည်း သွားနေမယ်ဆိုရင် ဖောက်သည် အသစ်ရရှိဖို့ အခွင့်အလမ်း နည်းလာနိုင်သလို ဖောက်သည် အဟောင်းတွေကိုပါ ဆုံးရှုံးလာနိင်ပါတယ်။ ကိုယ့်ရဲ့ Brand က အမြဲတမ်း Up To Date ဖြစ်နေမယ် ၊ လက်ရှိ ရာသီနဲ့ လည်း ကိုက်ညီမှု ရှိနေမယ်ဆိုရင် ဒီ Brand ရဲ့ရောင်းအားက အမြဲ တိုးတက်နေမှာ အသေအချာပါပဲ။

ဒီအချက်တွေကို ဂရုတစိုက်နဲ့ ပြင်ဆင်ထားနိုင်မယ်ဆိုရင်တော့ ကိုယ့် Ecommerce Store မှာ လာဝယ်မယ့် Customer တွေကို ခက်ခက်ခဲခဲရှာနေရတဲ့ ပြသနာတွေ ၊ ရောင်းအားကျတဲ့ ပြသနာတွေ မရှိတော့ဘဲ Ecommerce နယ်ပယ်မှာ ရေရှည်ရပ်တည်နိုင်နေမှာပဲ ဖြစ်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

Affordable E-Commerce Enabler Service for Store / Brand Owners in Myanmar.

လက်ရှိ ကျွန်​တော်တို့ ပတ်ဝန်းကျင်မှာ Social Commerce ကတစ်ဆင့် ရောင်းနေ၊ ဝယ်နေကြတာတွေကို နေ့စဉ်နဲ့အမျှ မြင်​တွေ့နေကြရပါတယ...
10/05/2022

လက်ရှိ ကျွန်​တော်တို့ ပတ်ဝန်းကျင်မှာ Social Commerce ကတစ်ဆင့် ရောင်းနေ၊ ဝယ်နေကြတာတွေကို နေ့စဉ်နဲ့အမျှ မြင်​တွေ့နေကြရပါတယ် ။ 🛒🛒🛒

Social Commerce ဆိုတာ Facebook , Instagram တို့လို Social Media ကို အသုံးပြုပြီး ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝယ်သူထံ Service ပေးတာ ၊ ရောင်းဝယ်မှုတွေ ပြုလုပ်တာပဲ ဖြစ်ပါတယ်။ Social Commerce ကနေရောင်းဝယ်ကြတာမှာ ကိုယ့် Business Page ကို Like လုပ်ထားသူတွေ ၊ Follower တွေ စတဲ့ သူတွေပေါ်မှာ အားပြုပြီး ရောင်းဝယ်လေ့ ရှိကြပါတယ်။ Social Media မှာရှိတဲ့ ကိုယ့်ရဲ့ Business Page ကို လူသိများလေလေ ရောင်းအား ပိုကောင်းလာလေ ဆိုတဲ့ သဘောပါပဲ ။

Social Commerce ကနေ ရောင်းဝယ်မှု အားကောင်းလာဖို့ ဆိုတာ Social Media အသုံးပြုသူ ဘယ်လောက်ရှိလဲ ဆိုတဲ့ ပေါ်မှာလည်း မူတည်နေပါတယ် ။ Statista က ကောက်နှုတ်ဖော်ပြထားတဲ့ ပုံ (၁) ကို ကြည့်မယ်ဆိုရင် Social Commerce ရောင်းဝယ်မှု အားကောင်းတဲ့ Vietnam မှာ လူဦးရေရဲ့ ( 78.1 % ) ဟာ Social Media အသုံးပြုကြပြီး အမြဲ အသုံးပြုနေကျ User ဟာ 76.95 Million ထိ ရှိနေတာကို တွေ့ရမှာပါ။ ဒီလို Social Media အသုံးများလာမှုကြောင့် လက်ရှိမှာဆိုရင် အသေးစား စီးပွားရေးလုပ်ငန်းတွေသာ မကဘဲ စီးပွားရေးလုပ်ငန်းကြီးတွေကပါ Social Media မှာ Business Page တွေပြုလုပ်ပြီး Social Commerce ကနေ ရောင်းဝယ်လာကြတာကို တွေ့ရမှာပါ ။ 📊📊

ဘယ်လောက်ပဲ Social Commerce က ရောင်းဝယ်မှု အားကောင်းတယ် ပြောပြော Ecommerce နဲ့ ကွာခြားချက်တွေကတော့ ရှိနေဆဲပါပဲ ။ အထူးသဖြင့် Vietnam မှာ လူသုံးများတဲ့ Facebook ၊ Zalo Shop စတဲ့ Social Media Platform တွေမှာ Ecommerce တစ်ခုပုံစံ အလုပ်လုပ်ပုံတွေ ပါဝင်ပေမယ့် ထုတ်ကုန်တွေကို မိတ်ဆက်ရုံ ၊ကြေငြာရုံလောက်သာ လုပ်ဆောင်နိုင်တာ ဖြစ်ပြီး ပစ္စည်းမှာတာ ၊ ငွေပေးချေတာ ၊ Delivery ပို့တာ စတာတွေကို Customer နဲ့ တိုက်ရိုက် ပြောဆို ရောင်းချနေကြရတာပဲ ဖြစ်ပါတယ်။💰💰

Ecommerce Platform တစ်ခုမှာဆိုရင် ရောင်းချမယ့် ကုန်ပစ္စည်းတွေကို အရေအတွက် အကန့်အသတ် မရှိဘဲ ဖော်ပြထားနိုင်တာ၊ အော်ဒါတင်တဲ့ လုပ်ငန်းစဉ်တွေ ၊ ငွေပေးချေမှု လုပ်ငန်းစဉ်တွေ ၊ Delivery လုပ်ငန်းစဉ်တွေ နဲ့ပတ်သတ်ပြီး ရောင်းသူနဲ့ ဝယ်သူကြား တိုက်ရိုက်ပြောစရာ မလိုဘဲ အချိန်တိုင်း ဝယ်ယူမှု ပြုလုပ်နိုင်နေမှာ ဖြစ်ပါတယ်။

ဒီလို ကွာခြားချက်တွေ ရှိနေပေမယ့်လည်း Bain & Co. က ကောက်နှုတ်ဖော်ပြထားတဲ့ ပုံ (၂) ကို ကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ Ecommerce ကနေ ရောင်းရတဲ့ ဝင်ငွေပမာဏ ရဲ့ 49 % လောက်က Social Commerce ကနေ ရရှိတယ် ဆိုတာ သိနိုင်ပါတယ်။ လူဦးရေ များပြားတဲ့ India မှာ ဆိုရင် Ecommerce ကဝင်ငွေရဲ့ 4 ပုံ ၁ ပုံ ဟာ Social Commerce က ရောင်းနေရတာ ဖြစ်ပါတယ်။ Malaysia , Thai , Philippines နဲ့ Vietnam ကို ကြည့်မယ်ဆိုရင် E Commerce ဝင်ငွေရဲ့ တစ်ဝက်ကျော်ဟာ Social Commerce က ရရှိနေတာ မြင်နိုင်ပါတယ်။ 💵💵

ဒါကို ကြည့်ခြင်းအားဖြင့် Social Media အသုံးပြုသူတွေကို အားပြုပြီး ရောင်းဝယ်မှု ပြုလုပ်နေတဲ့ Social Commerce မှာ Ecommerce Platform တစ်ခုလို အပြည့်အ၀ အလုပ်လုပ်ပုံတွေ မပါဝင်ပေမယ့် Ecommerce Industry ကို ဘယ်လောက်ထိ အကျိုးပြုနေတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM-Digital-Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

(14) အကောင်းဆုံး Customer Service ကိုပေးပါ။လုပ်ငန်းတော်တော်များများမှာ Customer Service ညံ့ဖျင်းမှုကြောင့် ဝယ်နေကျ ဖောက်...
03/05/2022

(14) အကောင်းဆုံး Customer Service ကိုပေးပါ။

လုပ်ငန်းတော်တော်များများမှာ Customer Service ညံ့ဖျင်းမှုကြောင့် ဝယ်နေကျ ဖောက်သည်တွေ ကိုတောင် လက်လွှတ်လိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိတက်ကြပါတယ်။ ဝယ်သူဟာ မိတ်ဆွေရဲ့ Customer Service ကို တစ်ကြိမ်ယုံကြည်မှုရပြီဆိုတာနဲ့ နောက်အကြိမ်တွေ ပြန်လာပြီး ဝယ်ချင်မှာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ဖောက်သည်တွေကို ရေရှည် ထိန်းသိမ်းထားချင်တယ်ဆိုရင် Customer Service ကောင်းကောင်း ပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဝယ်သူတွေ ဒီ Ecommerce Store ကိုရောက်လာတာနဲ့ ကုန်ပစ္စည်းတွေက ရှင်းရှင်းလင်းလင်းနဲ့ မြင်သာတယ် ၊ ဝယ်ယူရတဲ့ Process တွေကလည်း လွယ်ကူပြီး စိတ်ချရတယ် ၊ ဝယ်ယူထားတဲ့ ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး Delivery ကိစ္စတွေကိုလည်း ကိုယ်တိုင် ရွေးချယ်ထားနိုင်တဲ့ အပြင် Brand အကြောင်းကိုလည်း သေချာရှင်းပြပေးတယ် ၊ ပြောတဲ့အကြောင်းအရာတွေကို သေသေချာချာ နားထောင်ပေးတယ် ၊မေးမြန်းတဲ့ အကြောင်းအရာတွေကိုလည်း စိတ်ရှည်လက်ရှည်နဲ့ မြန်မြန်ဆန်ဆန် ဖြေပေးနေတယ် ဆိုရင် Brand ရဲ့ Customer Service ကို စိတ်ကျေနပ်မှုရှိလာစေမယ့်အပြင် ၊ဒီ Brand ရဲ့ Customer Service က ဘယ်လောက်ကောင်းတယ် ဆိုတာကိုပါ ဝယ်သူအချင်းချင်း ကြားမှာ လူပြောများလာစေမှာပဲ ဖြစ်ပါတယ်။

Digi-Zaay Ecommerce Enabler Solution မှာဆိုရင် ကိုယ့် Store မှာရရှိနိုင်တဲ့ ကုန်ပစ္စည်းတွေကို အမျိုးအစား တစ်ခုချင်းစီအလိုက် ရှင်းရှင်းလင်းနဲ့ မြင်သာနိုင်တဲ့ Collection တွေ ၊ လွယ်ကူရိုးရှင်းတဲ့ Checkout Process တွေ ၊ ကုန်ပစ္စည်းပို့ဆောင်မှု အတွက် ရွေးချယ်နိုင်တဲ့ Delivery Process တွေ ၊ အမေးများဆုံး Questions တွေကို ဖော်ပြထားနိုင်တဲ့ FAQs Section တွေအပြင် Customer မေးသမျှကို 24 / 7 Hours ပြန်ဖြေနိုင်မယ့် Chatbots တွေပါရှိတာကြောင့် ကိုယ့်ရဲ့ ဝယ်သူတွေကို အကောင်းမွန်ဆုံး Customer Service တွေ ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

(13) ဝယ်သူအတွက် ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ E-commerce Website ဖြစ်ပါစေ။ဒါဟာ ဝယ်သူတွေ ကိုယ့်ရဲ့ Ecommerce Store မှာ...
26/04/2022

(13) ဝယ်သူအတွက် ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ E-commerce Website ဖြစ်ပါစေ။

ဒါဟာ ဝယ်သူတွေ ကိုယ့်ရဲ့ Ecommerce Store မှာဝယ်ဖြစ်စေဖို့ အရေးပါပါတယ်။ ကိုယ့်ရဲ့ Ecommerce ကို ဝင်လာတဲ့ ဝယ်သူအနေနဲ့ ကြည့်လိုက်တာနဲ့ ဒါက ဘယ်လို လုပ်လို့ရမယ် ၊ ဒီ Button တစ်ခုကို နှိပ်တာနဲ့ ဘာဖြစ်သွားမယ်ဆိုတာမျိုးကို တန်းပြီးသိနိုင်လောက်တဲ့ထိ User Friendly ဖြစ်မယ့် UI/UX နဲ့တည်ဆောက်ထားတဲ့ Ecommerce Store တစ်ခု ဖြစ်နေဖို့ လိုအပ်ပါတယ်။

User Friendly ဖြစ်တဲ့ Ecommerce Store တစ်ခု ဖြစ်နေမှသာ ဝယ်သူအနေနဲ့ လိုချင်တဲ့ ပစ္စည်းတွေကို အလွယ်တကူ တွေ့နိုင်မယ် ၊ ဝယ်မယ့် ပစ္စည်းတွေကို အလွယ်တကူ Shopping Cart ထဲ ထည့်နိုင်မယ် ၊ Checkout Process တွေကို မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်ဆိုရင် သူတို့အတွက် အချိန်ကုန်သက်သာနိင်စေ သလို ၊ ဝယ်ယူမှုတစ်လျှောက်လုံးအတွက် ပြုလုပ်ရတဲ့ Order Process တွေ ၊ Checkout Process တွေအတွက် စိတ်ကျေနပ်မှု အပြည့်အ၀လည်း ရရှိနိုင်မှာပဲ​ဖြစ်ပါတယ်။

Digi-Zaay Ecommerce Enabler Solution မှာဆိုရင် ဝယ်သူတွေကို ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်တဲ့ Built-In Feature တွေ စုံစုံလင်လင်ပါဝင်တဲ့ အပြင် User Friendly ဖြစ်တဲ့ UI / UX တွေနဲ့ တည်ဆောက်ထားတဲ့ Order Process တွေ ၊ စိတ်ချလွယ်ကူတဲ့ ငွေပေးချေမှုအပိုင်းတွေ နဲ့ မြန်ဆန်တဲ့ Checkout စနစ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဝယ်သူအနေနဲ့ မှာယူထားတဲ့ အော်ဒါတစ်ခုချင်းစီရဲ့ Purchase History တွေကိုသိရှိနိုင်သလို ရှေ့မှာ ဝယ်ယူခဲ့တဲ့ အော်ဒါအတိုင်း ပြန်လည်မှာယူလို တဲ့အခါမှာလည်း Button တစ်ခုကို နှိပ်လိုက်ရုံနဲ့ ပြန်လည် မှာယူနိုင်တာကြောင့် ဝယ်သူအတွက် အသုံးပြုရ လွယ်ကူပြီး အကောင်းဆုံး Performance တွေပေးနိုင်တဲ့ Ecommerce Store တစ်ခု ဖြစ်လာစေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

ကိုယ်ပိုင် Brand နဲ့ E-commerce တစ်ခုလုံးကို လစဉ်ကြေး ( ၂​ ) သိန်းကျပ်တည်း နဲ့ ပိုင်ဆိုင်နိုင်မယ့် အထူး အခွင့်အရေး ✨✨✨လု...
22/04/2022

ကိုယ်ပိုင် Brand နဲ့ E-commerce တစ်ခုလုံးကို လစဉ်ကြေး ( ၂​ ) သိန်းကျပ်တည်း နဲ့ ပိုင်ဆိုင်နိုင်မယ့် အထူး အခွင့်အရေး ✨✨✨

လုပ်ငန်းရှင်တွေ အနေနဲ့ ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကိုယ်ပိုင်ဆိုင်နဲ့ ရောင်းချတာအပြင် Internet နဲ့ Social Media ကနေပါ ရောင်းဝယ်လာကြပါတယ်… ဒီလိုရောင်းဝယ်ကြတာမှာ Customer အနေနဲ့ သူတို့သိလိုတဲ့ ပစ္စည်းအကြောင်းတွေ ၊ အရေအတွက်ဘယ်လောက်ရနိုင်မလဲ ဆိုတာတွေ ၊ ဝယ်လိုတဲ့ ပစ္စည်းတစ်ခုချင်းစီတိုင်း ရ ၊ မရ Confirm နေရတာတွေ ၊ ဘယ်နယ်တွေအထိ ပစ္စည်းပို့ပေးနိုင်လဲ ဆိုတာတွေ ၊ကိုယ့်ဆီ ဘယ်နေ့ပ စ္စည်းရောက်မလဲ အစရှိတဲ့ မေးခွန်းတွေကို တစ်ခါဝယ်ယူတိုင်းမှာ အမြဲ မေးနေရလေ့ ရှိကြပါတယ်။ ❔❔❔

ဆိုင်ရှင်အနေနဲ့ကလည်း Customer တစ်ယောက်ချင်းစီတိုင်းရဲ့ မေးခွန်းတိုင်းကို အချိန်နဲ့ တပြေးညီ ဖြေနိုင်ဖို့
၊ ၂၄ နာရီ ဝန်ဆောင်မှု ပေးနိုင်ဖို့ ဆိုတာကလည်း အကြီးမားဆုံး ပြသနာ တစ်ရပ်ပါပဲ။ ဒီလို Reply ကြာတာ ၊ Order တင်ရမယ့် ပုံစံ အဆင်မပြေတာ ၊ Checkout Process တွေ အဆင်မပြေတာတွေ ကိုကြုံတွေ့လာရတဲ့ အခါ Customer အနေနဲ့ ဒီဆိုင်မှာ ဆက်ပြီး ၀ယ်လိုစိတ် မရှိတော့တဲ့အတွက် ကိုယ့်ရဲ့ Customer တွေကို ဆုံးရှုံးသွားနိုင်ပါတယ်။ ⚠️⚠️⚠️

ဒါကြောင့် ကိုယ့်ဆီမှာ အနယ်နယ်အရပ်ကနေ ဝယ်မယ့် Customer တွေထပ်ထပ်တိုးလာဖို့ ၊ ကိုယ်ရဲ့ Brand က ဘယ်လောက်ထိ ခေတ်မှီ ဆန်းသစ်တယ်ဆိုတာ ဖော်ပြနိုင်ဖို့ Digi-Zaay E-commerce Enabler Solutions နဲ့ မိတ်ဆက်ပေးချင်ပါတယ်ဗျ….🤝

Digi-Zaay Ecommerce Enabler Solutions နဲ့ တည်ဆောက်မယ့် E-commerce Store တစ်ခု ရဲ့ အားသာချက်တွေက? 🤔

✅ ကိုယ်ပိုင် Brand နဲ့ E-commerce Website , Mobile Applications တွေရှိနေခြင်းက Customer တွေ သင့် Brand အပေါ် ယုံကြည်မှု ပိုရှိလာစေပါတယ်။

✅ Customer တွေက E-commerce Website ,Mobile Apps နဲ့ Chatbots ကနေ အလွယ်တကူ အော်ဒါတင်နိုင်မှာ ဖြစ်ပါတယ်။

✅ KBZ Pay , Wave Money စတဲ့ Digital Wallet တွေကနေ ပေးချေနိုင်သလို Bank Transfer (သို့) Cash On Delivery (ပစ္စည်းရောက် ငွေချေ ) နဲ့ပေးချေဖို့ကိုလည်း ရွေးချယ် နိုင်ပါတယ်။

✅ အော်ဒါလက်ခံမှု အပိုင်းတွေကို အချိန်အကန့်သတ် မရှိဘဲ 24 / 7 Hours လုံး အလိုအလျောက် လက်ခံနိုင်နေမှာ ဖြစ်ပါတယ်။

✅ E-commerce တစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ Business Data အားလုံးကို Centralized Dashboard ကနေ Manage ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Digi-Zaay E-commerce Enabler Package မှာ ဘာတွေ ပါဝင်မှာလဲ? 🤔

🔸 E-commerce Website
🔸 Mobile Applications (Android & IOS Apps)
🔸 Chat Bots
🔸 Facebook Shop Setup နဲ့
🔸 Data Management Dashboard တို့ ပါဝင်မှာ ဖြစ်ပါတယ်။

Digi-Zaay E-commerce Enabler Package တစ်ခုလုံးအတွက် ကုန်ကျငွေက? 🤔

April ကနေ May လအတွင်းမှာ Sign Up ပြုလုပ်မယ်ဆိုရင်တော့ Setup Fee - $ 2000 ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပြီး ၊ လစဉ်ကြေး ( ၂​ ) သိန်းကျပ် ပေးသွင်းရုံနဲ့ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ 🤗🤗🤗

စိတ်ဝင်စားတဲ့ ဆိုင်ရှင် တွေအနေနဲ့ Digi-Zaay Contact Phone Number : 09257390595 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ဗျ။ ☎️☎️☎️

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

(12) ဖောက်သည်တွေဆီကို အမြဲဆက်သွယ်မှု ပြုလုပ်ပါ။ ကိုယ့်ရဲ့ Ecommerce Store မှာ ပုံမှန်ဝယ်နေကျ ဖောက်သည်တွေ လိုချင်တယ်ဆိုရင...
19/04/2022

(12) ဖောက်သည်တွေဆီကို အမြဲဆက်သွယ်မှု ပြုလုပ်ပါ။

ကိုယ့်ရဲ့ Ecommerce Store မှာ ပုံမှန်ဝယ်နေကျ ဖောက်သည်တွေ လိုချင်တယ်ဆိုရင် ဝယ်သူတွေနဲ့ ကောင်းမွန်တဲ့ Relationship တစ်ခုကို တည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်က ဝယ်သူတွေဆီကို ကုန်ပစ္စည်းအကြောင်း Reach Out မလုပ်ဘဲ ဝယ်သူတွေဟာ ကိုယ့်ဆီကနေ အမြဲတမ်းဝယ်နေဖို့ မျှော်လင့်ထားလို့မရပါဘူး။ဒါကြောင့် ကိုယ့် Ecommerce Store မှာ ဘာပစ္စည်း တွေအသစ်ရောက်တယ် ၊ ဘယ်လို Discount Promotion တွေရှိတယ်ဆိုတာကို အမြဲအသိပေးနိုင်ဖို့ လိုအပ်ပါတယ်။

ဒီလိုကုန်ပစ္စည်း အသစ်ရောက်ကြောင်း မိတ်ဆက်တွေ ၊ Discount Promotion တွေအကြောင်း ကို အဆက်မပြတ် အသိပေးနိုင်မှသာ ကိုယ့်ဆိုင်ရဲ့ Up to Date ပစ္စည်းတွေကို ဝယ်သူတွေ အမြဲတွေ့နိုင်မယ် ၊ အမြဲတွေ့နေရာကနေ အများအပြား ဝယ်ဖြစ်လာကြမယ်။ ဒါ့အပြင် ဝယ်သူမေးတဲ့ ကုန်ပစ္စည်းတွေအ ကြောင်း၊ Complain တွေအကြောင်း၊ Service တွေအကြောင်းကို အချိန်နဲ့ တစ်ပြေးညီ အမြဲတမ်း Reply ပြန်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါမှသာ ကိုယ့်ရဲ့ Brand နဲ့ Customer ကြား အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်လာပြီး ကိုယ့်ရဲ့ ဝယ်သူတွေကို ရေရှည်ထိန်းသိမ်း ထားနိုင်မှာ ဖြစ်ပါတယ်။

Digi-Zaay Ecommerce Enabler Solution မှာဆိုရင် ဆိုင်ရဲ့ ကုန်ပစ္စည်း အသစ်ရောက်ကြောင်း မိတ်ဆက်တွေ ၊ Discount Promotion တွေအကြောင်း ကို အဆက်မပြတ် အသိပေးနိုင်မယ့် အလုပ်လုပ်ပုံတွေ ၊ ကုန်ပစ္စည်းနဲ့ ပက်သတ်ပြီး ဝယ်သူရဲ့ အကြံပေးချက်တွေကို သိနိုင်မယ့် Reviews Section နဲ့ ဝယ်သူတစ်ယောက်ချင်းစီတိုင်းရဲ့ Latest Order Date & Time တို့ပါ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ဝယ်သူတစ်ယောက်ချင်းစီရဲ့ အချက်အလက်တွေကို သိနိုင်တာကြောင့် မှာယူမှု နည်းပါသွားတဲ့ ဝယ်သူတွေကို အမြဲ Communicate ပြုလုပ်ပေးပြီး ကုန်ပစ္စည်းတွေ မိတ်ဆက်ပေးနိုင်တာကြောင့် ဖောက်သည် အဟောင်းတွေကိုလည်း ရေရှည်ထိန်းသိမ်းထားနိုင်မယ့် အပြင် ဝယ်သူအသစ်တွေပါ ကိုယ့်ဆိုင်ကို ရောက်လာဖို့ ဆွဲဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

(11) ဝယ်သူ စိတ်ဝင်စားလာအောင် ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို များများရှင်းပြပါ။ဝယ်သူတွေ ကိုယ့်ရဲ့ Ecommerce Store ကို ရ...
05/04/2022

(11) ဝယ်သူ စိတ်ဝင်စားလာအောင် ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို များများရှင်းပြပါ။

ဝယ်သူတွေ ကိုယ့်ရဲ့ Ecommerce Store ကို ရောက်လာပြီဆိုတာနဲ့ ရောင်းချနေတဲ့ ကုန်ပစ္စည်းက ဘယ်လို အမျိုးအစားလဲ ၊ ကုန်ပစ္စည်းရဲ့ Brand ကဘာလဲ ၊ Price ကရော ဘယ်လောက်လဲ ၊ Discount ချနေတဲ့ ကုန်ပစ္စည်းတွေက ဘာတွေလဲ၊ ဒီကုန်ပစ္စည်းနဲ့ Similar ဖြစ်တဲ့ ပစ္စည်းတွေရော ရှိနေလားဆိုတာ တန်းသိနိုင်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မလို့ ကိုယ့်ရဲ့ Ecommerce Store ကိုရောက်လာတာနဲ့ ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဘာလဲဆိုတာ များများ ရှင်းပြထားနိုင်ဖို့ လိုအပ်ပါတယ်။

ဒီလိုရှင်းပြထားနိုင်မှသာ ကိုယ့် Ecommerce Store ကို လာကြည့်တဲ့ သူတွေအနေနဲ့ ကုန်ပစ္စည်းအကြောင်း ကို ရှင်းရှင်းလင်းလင်း သိနိုင်ပြီး တခါတည်း ပစ္စည်းတွေ ဝယ်ဖြစ်လာမယ်။ ကိုယ့်ရဲ့ ကုန်ပစ္စည်းအကြောင်းကို သေသေချာချာသိလာလေ ပိုပြီး ဝယ်ဖြစ်ဖို့နဲ့ ဖောက်သည်ဖြစ်လာဖို့ ပိုနီးစပ်လာနိုင်ပါတယ်။

Digi-Zaay Ecommerce Enabler Solution မှာဆိုရင် ဝယ်သူတွေ Ecommerce Store ကိုရောက်လာတာနဲ့ Discount ချထားတဲ့ ကုန်ပစ္စည်းတွေ ၊ Hot အဖြစ်ဆုံး ကုန်ပစ္စည်းတွေ ၊ ကုန်ပစ္စည်းတစ်ခုချင်းစီရဲ့ Brand ၊ Price ၊ Multiple Image နဲ့ ကုန်ပစ္စည်းအကြောင်း အသေးစိတ်အချက်အလက်တွေ ကို ပထမဆုံး 1st Impressions မှာတင် ဖမ်းစားထားနိုင်တာကြောင့် Ecommerce Store ကိုရောက်လာသူတိုင်း ကိုယ့်ဆီမှာ အမြဲတမ်း ဝယ်မယ့် ဖောက်သည်တွေ ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ...

(10) Delivery Option တွေ ၊ Return Policy တွေ များများရှိနေပါစေ။Ecommerce Store တစ်ခုမှာ ကုန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန်...
29/03/2022

(10) Delivery Option တွေ ၊ Return Policy တွေ များများရှိနေပါစေ။

Ecommerce Store တစ်ခုမှာ ကုန်ပစ္စည်းတွေကို မြန်မြန်ဆန်ဆန် တွေ့နိုင်ရုံ ၊ စျေးခြင်းတောင်းထဲကို အလွယ် တကူ ထည့်နိုင်ရုံနဲ့ မလုံလောက်ပါဘူး၊ Customer ဝယ်ဖို့ ရည်ရွယ်ထားတဲ့ ကုန်ပစ္စည်း အားလုံးကို ရိုးရှင်းလွယ်ကူစွာ ဝယ်ယူသွားနိုင်ဖို့ ၊ မှာယူထားတဲ့ ကုန်ပစ္စည်းတွေကို Customer လက်ထဲထိ အရောက်ပို့နိုင်ဖို့က အဓိက သော့ချက်ပါပဲ။

ဒီလို ဝယ်ယူသွားနိုင်ဖို့ ၊ ကုန်ပစ္စည်းတွေကို Customer လက်ထဲ အရောက်ပို့နိုင်ဖို့ရာ အတွက် ရိုးရှင်းတဲ့ Checkout Process နဲ့ ရွေးချယ်စရာ Delivery Option တွေများများရှိဖို့ လိုအပ်ပါတယ်။

ဝယ်သူတွေဟာ ကုန်ပစ္စည်းဝယ်ယူရမှုအပေါ်မှာ စိတ်ကျေနပ်မှုရရှိဖို့ လိုအပ်သလို သက်တောင့်သက်သာလည်း ဖြစ်လိုတာကြောင့် Ecommerce Store တွေကနေ ဝယ်ယူကြတာ ဖြစ်ပါတယ်။

ဒီလိုဝယ်ယူကြရာမှာ Checkout လုပ်ရတဲ့ Process တွေက သူ့တို့အတွက် နားလည်လွယ်မယ် ၊ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူ ပြုလုပ်သွားနိင်မယ် ၊ Delivery Option တွေကိုလည်း ဝယ်သူ ကိုယ်တိုင် ရွေးချယ်နိုင်မယ် ၊ Return Option တွေကို များများပေးနိုင်မယ် ဆိုရင် လက်ရှိဝယ်နေကျ Customer တွေကိုယ့်ဆီမှာပဲ အမြဲဝယ်နေဖို့ ဆွဲဆောင်ထားနိုင်မယ့် အပြင် Customer အသစ်တွေကိုပါ ထပ်မံရရှိလာမှာ ဖြစ်ပါတယ်။

Digi-Zaay Ecommerce Enabler Solution မှာဆိုရင် Customer တွေအသုံးပြုရ လွယ်ကူတဲ့ Checkout Process တွေ ၊ ချက်ချင်းမှာပြီး ချက်ချင်းလိုချင်တဲ့ Customer တွေအတွက် နေ့ချင်းပို့ပေးဖို့ ရွေးချယ်နိုင်တဲ့ Delivery Option တွေ ၊ သတ်မှတ်ထားတဲ့ မြို့နယ်အတွင်းမှာ ပို့ဆောင်ခ အခမဲ့ ပေးနိုင်တဲ့ Delivery Promo Code တွေကိုပါ အသုံးပြုနိုင်တာကြောင့် Customer တွေကို အမြဲစိတ်ကျေနပ်မှု ပေးနိုင်နေမှာ အမှန်ပါပဲ။

Digi-Zaay ကို Software Solution Provider အဖြစ် လုပ်ငန်းပေါင်း ၄၀ ကျော်ကို Service ပေးခဲ့တဲ့ MM Digital Solutions က တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Digi-Zaay Enabler ကို အသေးစိတ် သိရှိနိုင်ဖို့ (https://digi-zaay.com.mm) မှာ ဝင်ရောက်လေ့လာနိုင်ပါတယ် ..

Address

Pazundaung

Alerts

Be the first to know and let us send you an email when Digi-Zaay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Digi-Zaay:

Share

Digi-Zaay : Accelerating E-Commerce Landscape in Myanmar

• မိမိ Brand က ၊ ဆိုင်က ရောင်းချတဲ့ ပစ္စည်းတွေ ချည်းကိုပဲ Browse လုပ်နိုင် ၊ Search လုပ်နိုင် ၊ ဝယ်ယူနိုင်စေမဲ့ Website + Mobile Apps (Android, iOS) + ChatBot တွေ ပိုင်ဆိုင်နိုင်စေမယ် ။• ကိုယ် ကုန်ပစ္စည်း တွေကို ဝယ်ယူတဲ့ Customer တွေကို အချိန်ပြည့် တိုက်ရိုက် ဆက်သွယ်နေနိုင်မဲ့ အပြင် သူတို့တွေကို ကိုယ့် ကုန်ပစ္စည်း တွေကို ဝယ်ယူတိုင်း Point တွေ ရရှိနေစေဖို့ အတွက်ကိုပါ စီစဉ်ပေးထားနိုင်မယ် ။

• ဘယ် Customer တွေက ဘယ် Product တွေကို စိတ်ဝင်စားကြသလဲ ၊ ဘယ် Product တွေကိုတော့ Shopping Cart ထဲ ထည့်ထားကြသလဲ ၊ ဘယ်လိုမျိုးတွေ ရှာတာ များကြသလဲ စတဲ့ လုပ်ငန်းအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်ဖို့ လိုအပ်တာတွေကို ပြည့်ပြည့်ဝဝ သိရှိနိုင်စေမယ် ။

• Customer တွေရဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး Product တွေကို စုစည်းပေးထားနိုင်မှာ ဖြစ်တဲ့အတွက် Customer တွေရဲ့ ရောင်းချနေတဲ့ Product တွေအကြောင်း သိရှိမှု ပမာဏကို ပိုမိုတိုးတက်စေမဲ့အပြင် ဝယ်လိုအားပမာဏကိုလည်း သက်ရောက်မှု ရှိစေမယ် ။

• Customer တွေက ဝယ်ယူမှု ပြုလုပ်တိုင်း Payment ကို တိုက်ရိုက် လက်ခံထားနိုင်မှာ ဖြစ်တဲ့အတွက် ပစ္စည်းသွားပို့ပြီးမှ Payment ကို လက်ခံလို့ ကြုံရတဲ့ အခက်အခဲတွေ အကုန်လုံးကို ဖြေရှင်းထားပြီးသား ဖြစ်စေမယ် ။