မင်္ဂလာမြန်မာဇော်

မင်္ဂလာမြန်မာဇော် ပူးပေါင်းဆောင်ရွက်မူ့ဖြင့်လက်တွဲခ?

03/11/2021
Omg
07/07/2021

Omg

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မှ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဦးနှင့်ယာဉ်မောင်း ပစ်သတ်ခံရ

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မှ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဦးနှင့်ယာဉ်မောင်းတစ်ဦးတို့သည် ယနေ့ ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီတွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဒဂုံဆိပ်ကမ်း၊ ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဦးနှင့်တပည့်ယာဉ်မောင်းတစ်ဦးကို ကျည်ချက် ၇ တောင့်ဖြင့် အမည်မသိ အဖွဲ့တစ်ဖွဲ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ခေါင်းဖြူခင်ဦးဟု နာမည်ကြီးသည့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သူ့တပည့်ကို ယာဉ်မောင်းကို ရုံးအပြန် ကားပေါ်တက်နေကြစဉ် အမည်မသိလက်နက် ကိုင်တစ်ဖွဲ့က ပစ်သတ်သွားခြင်းဖြစ်သည်ဟု သိရှိရသည်။

"အုပ်ကြီးခင်ဦးနဲ့ယာဉ်မောင်း ကားချင်းယှဉ်ပစ်သွားတာ သေတယ်လို့သိရပါတယ်။ အခု ရပ်ကွက်ထဲမှာ အရမ်းရှုပ်နေတယ်။ မီးတွေလည်း ဖြတ်ထားတယ်။ အုပ်ကြီးက ၃ ချက်ထိပြီးသေတယ်။ ယာဉ်မောင်းလည်း ထိပြီးသေတယ်ပြောတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး ခင်ဦးသည် ဒဂုံမြို့သစ်(ဆိပ်ကမ်း)တွင် စစ်တပ်နှင့်အတူ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ လူငယ်များကို ဖမ်းဆီးခဲ့သည့်အပြင် တချို့သော လူငယ်များကို အမှုဆင်၍ ပြစ်ဒဏ်ကျသည်အထိ လုပ် ဆောင်ခဲ့မှုများရှိသည်ဟုလည်း ဒေသခံများက ဆိုကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ တောင်ဒဂုံနှင့်ဒဂုံမြို့သစ်ဆိပ်ကမ်းတွင် အင်အားအလုံးအရင်းဖြင့် ပိတ်ဆို့ပြီး စစ်ဆေးရှာဖွေမှုများလုပ်ဆောင်နေသည်ဟု ဒေသခံများက ဆိုသည်။ လတ်တလော တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အများစုတွင် မီးလုံး၀ ဖြတ်ထားသည်ဟု သိရှိရသည်။

သင်အလုပ်ပင်ပန်းနေ၍ခေါင်းကိုက်နေပါသလား ❓စာတွေအရမ်းကျက်ရ၍စိတ်ပင်ပန်းခေါင်းကိုက်နေပါသလား❓အသက်ကြီး၍ သောကများသောကြောင်ခေါင်းမ...
05/06/2021

သင်အလုပ်ပင်ပန်းနေ၍ခေါင်းကိုက်နေပါသလား ❓

စာတွေအရမ်းကျက်ရ၍စိတ်ပင်ပန်းခေါင်းကိုက်နေပါသလား❓

အသက်ကြီး၍ သောကများသောကြောင်ခေါင်းမူးနေပါသလား❓

အဲ့ဒါတွေကို UNICITY မှထုတ်တဲ့
BIOLIFE -E ဆေးထုပ်လေးတစ်ထုပ်တည်းနဲ့ချက်ချင်းသိသိသာသာသက်သာစေပါသည် 💯

အာဟာရနည်းသောအချိုရည်အစား သောက်သုံးနိုင်သော BIOLIFE-E SUPER ENERGY BOOST သည် အကျိုးရှိအင်အားမြင့် အောက်ဆီဂျင်ဓါတ်ပြုဆန့်ကျင် အာနိသင်ပါရှိပါသည် ✅

သွေးတွင်းမျှတမှန်ကန်စေသည့် သတ္ထု ဓါတ်များလည်းပါရှိပြီးအဆီဓါတ်ကိုလောငိကျွမ်းစေသောအာဟာရဖြစ်သဖြင့် ဦးနှောက်ကြည်လင်ရွှင်လန်းစေသည့် အာဟာရရည်ဖြစ်ပါသည် ✅

စိတ်ရောကိုယ်ပါပင်ပန်းနွမ်းနယ်မှုကို ဟန့်တားပေးပါသည် ✅

BIOLIFE-E တွင် Chi-Oka Matcha,Green tea,Vitamins B,Gutarana,Anti Oxidants နှင့်အခြားသော Vitamins, Minerals စသောပစ္စည်းများပါရှိကာ ကျန်းမာသန်စွမ်းမှုကိုမြှင့်တင်ပေးခြင်း၊ အပိုအဆီကိုလောင်ကျွမ်းစေသည့် ကိုယ်အပူချိန်ကိုလည်းမြင့်စေပြီး ဦးနှောက်၏အာနိသင်စွမ်းအားကိုလည်း ထက်မြက်စေပါသည် ✅

အထူးအကျိုးရှိပုံများမှာ

-အလုပ်လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးခြင်း 🆗

-ဦးနှောက်ကိုကြည်လင်ပြတ်သားစေခြင်း 🆗

-ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြည့်ပေးခြင်း 🆗

-လျှပ်စီးခွနိအားဖြစ်စေသည့် သတ္ထုဓာတ်များကိုဖြည့်စွက်ပြင်ဆင်ခြင်း 🆗

-ဇီဝဖြစ်စဉ် Metabolism မြှင့်တင်ပေးခြင်းတို့ဖြစ်ပါသည် 🆗

Bios-life E(Energy Booster)

Bios life E(sour apple flavor)မှာပါတဲ့ ကဖင်းက ဂျပန်နိုင်ငံ စိုက်ခင်းမှ လက်ဖက်အညွန့်နဲ့ပြုလုပ်ထားတာဖြစ်လို့ တစ်ထုတ်သောက်ထားရုံနဲ့ ၈ နာရီကြာ လန်းဆန်းတတ်ကြွစေမှာပါ။

သတ္တု ဓါတ်လည်းပါသလို အဆီကိုလည်းလောင်ကျွမ်းစေပါတယ် ပိန်ချင်သူများသောက်လို့ရ ပါတယ်။ သွယ်လျစေပါတယ် 😍

ဗီတာမင်ဓါတ်လည်းပါလို့ ခန္တာအတွက် လိုအပ်တဲ့အားအင် အပြည့်ရှိစေပါတယ်။

ကျောင်းသား ကျောင်းသူ တွေအတွက်ရော အလုပ်များတဲ့သူတွေအတွက် အရမ်းသင့်တော်ပါတယ်

ကားမောင်းပြီးအညောင်းထိုင်ရတဲ့ သူတွေအတွက်ပါသင့်တော်ပါတယ်

မှတ်ဉာဏ်လည်းကောင်းစေပြီး
အားကစားသမာတွေသောက်မယ်ဆိုရင် မြင်မားတဲ့စွမ်းဆောင်မူ့တွေ လုပ်နိုင်မှာပါ.

Gymဆော့နေတဲ့သူတွေသောက်ရင် သကြားအချို မပါလို့ ခန္ဓာဝိတ်ကျဖို့အထောက်အကူဖြစ်စေပါတယ်။

ဟာရဓါတ် ဗီတာမင်ဓါတ်တွေပါလို့ အားအင်တကယ်ဖြစ်စေပါတယ်

တဘူး အထုပ် 30ပါ

မှာယူလိုပါက ဖုန်း 09425073313ကို
ဆက်သွယ်မှာယူနိုင်ပါပြီ

24/12/2020

# # သင်းကွဲငှက်ရဲ့သေဆုံးခြင်း # #
×××××××××××××××××××××××

သင်းကွဲငှက်တစ်ကောင်ရဲ့အထီးကျန်တဲ့ဘဝ-
ဂုဏ်ဓနဆိုတာကလဲသုည
နေရတာကတဲကုတ်
ဝတ်ရတော့အစုတ်အနုပ်
ခြေလှမ်းကျဲနေတဲ့ဝမ်းစာကိုအားပြုလို့
ချစ်သူ..ခင်သူ ဆိုတာကလဲတစ္ဆေတစ်ကောင်မြင်သလိုအဝေးကိုပြေးလျက်
အလင်းရောင်မဲ့နေတဲ့ပတ်ဝန်းကျင်မှာ
အတိတ်ကံပေးတဲ့အပြစ်ကိုခံယူရင်း
တကယ်လို့များ..
ငါသေသွားခဲ့ရင်မလှပတဲ့ငါ့ဘဝဘယ်သူကလာငိုနိုင်မှာလဲ..?-။
ငါကသင်းကွဲငှက်ဘဲဟာ-။ ။

မင်းချစ်သူ
Credit :- #မင်းချစ်သူ
Via :-

22/12/2020

" ကျွန်တော်နှင့် ဝတ္ထုတိုကလေးများ " တာရာမင်းဝေ

(၁)

လူတိုင်းဖြစ်ဖူးကြမှာပါ ။

ကိုယ့်အကြောင်းကိုယ် ပြန်တွေးကြည့်ရင် တစ်ခါတစ်ခါ ရယ်စရာလေးတွေကို ပြန်မြင်ရတတ်တယ် ။

ကျွန်တော့်မှာလည်း အဲဒီလိုမျိုးလေးတွေ အများကြီးရှိခဲ့ဖူးပါတယ် ။

ကျွန်တော် စာဖတ်စတုန်းကဆိုရင် ဝတ္ထုထဲမှာ “ ခစ်..ခစ်..ခစ် ” ဆိုတဲ့ ရယ်သံထည့်ထားတာကို ဘယ်လိုမှ ခံစားလို့မရဘူး ။

အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ ကနွဲ့ကလျ ရယ်သံလို့ကို လက်မခံမိဘူး ။

ကျွန်တော့်အာရုံထဲမှာ အဲဒီ “ ခစ်..ခစ် ” ဆိုတာကို ကြောင်ကလေး တစ်ကောင် ခေါင်းရှေ့ဆန့်ပြီး ချောင်းဆိုးနေတာကိုပဲ မြင်မိတယ်လေ ။

အဲဒီလိုနဲ့ ကာလအတော်ကြာအောင် 'ခက်' နေသေးတယ် ။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပါတယ် ။

အဲဒီလို ထော်လော်ကန့်လန့်ဖြစ်ခဲ့ဖူးတဲ့ ကျွန်တော်ဟာ ဆောင်းရာသီပွဲခင်းတစ်ခုထဲမှာ “ ဘီလူးက " ကို အံ့အံ့ဩဩ ငေးမောကြည့်ဖူးပါတယ် ။ ဘီလူးခေါင်း ဆောင်းထားတဲ့ စင်ပေါ်က အနုပညာသမားရဲ့ ကကြိုးကကွက်ထဲမှာ ကျွန်တော်မျောပါသွားခဲ့တယ် ။

မယုံနိုင်လောက်အောင်ပါပဲ ။

ကျွန်တော် စွဲလမ်းသွားခဲ့တယ် ။

ပွဲတော်ကအပြန်မှာ နှင်းဝတ်နှင်းမြူတွေနဲ့ အတူ ကျွန်တော့် စိတ်တွေ အုံ့ပြာနေခဲ့တယ် ။

ကျွန်တော်စဉ်းစားမိတယ်လေ ...

ဘီလူးဆိုတာ တကယ်ရှိလို့လား ။

ရှိရင်ကော ဒီပုံဟုတ်ပါ့မလား ။ စုံလို့ပေါ့ ။

ဒါပေမယ့် ဘာပဲပြောပြော ကျွန်တော်သဘောကျပါတယ် ။

“ အနုပညာ လွတ်လပ်ခွင့် ” ဆိုတဲ့စကားလုံးကို မမြင်ဖူးခင်ကတည်းက “ အနုပညာ လွတ်လပ်ခွင့် ” ရဲ့ သဘောကို ကျွန်တော် နားလည်သလိုရှိခဲ့တယ် ။

#( အနုပညာမှာ သီးသန့်နယ်ပယ် (Autonomy) ရှိတယ်ဆိုတဲ့သဘော ၊ အနုပညာဟာ သဘာဝတည်ရှိမှုတွေကို အခြေခံပြီး “ အသစ် တည်ရှိမှု " တစ်ခုကို ဖန်တီးရတယ်ဆိုတဲ့သဘော ၊ အဲဒါတွေ ကျွန်တော့် ရင်ထဲမှာ ကိန်းဝပ်သွားခဲ့တယ် ။ )

***

(၂)

တစ်ခါကလည်းကျောင်းမှာ ဆရာက ဗဟုသုတနေနဲ့ အရုပ်စာရေးနည်းကို သင်ပေးပါတယ် ။

-ပါးစပ် + ငှက် = သီးချင်းဆိုသည် ။

-ပါးစပ် + ခွေး = ခွေးဟောင်သည် ။

-ပါးစပ် + ကလေး = အော်သည် ။

စ,တာတွေကို စိတ်ရှည်လက်ရှည်သင်ပေးပါတယ် ။ ကျွန်တော်ပျော်သွားတယ် ။

ကျွန်တော်က အနောက်အပြောင်လည်း တအားသန်တော့ဆရာ့ကို လှမ်းအော်ပြောဖူးတယ် ။

-ဆရာမ + စာအုပ် = ဝတ္ထုဖတ်သည် ။

-ဆရာမ + ကြိမ်လုံး = ဆုံးမသည် ။

-ဆရာမ + နှဲ = ညည်းညူးသည် ။
ဘာညာပေါ့ ။

တစ်ခန်းလုံးက ဝိုင်းရယ်ကြပါတယ် ။
အဲဒါလေးကို အမှတ်ထင်ထင်ရှိခဲ့ပြီး နောင်အရွယ်ရောက်တဲ့အခါ ကျွန်တော်စဉ်းစားမိတာ တစ်ခုရှိလာတယ် ။

ဥပမာ-ဗန်းဂိုးရဲ့ အာလူးစားသူများ ပန်းချီကားထဲက ဆာလောင် မွတ်သိပ်နေတဲ့ “ မျက်လုံး "တွေ ။

အဲဒီမျက်လုံးတွေကို ...

-ဘုရင်တစ်ပါးမှာတပ်ပေးလိုက်ရင် တစ်မျိုး ...

-ရသေ့တစ်ပါးမှာ တပ်ပေးလိုက်ရင် တစ်မျိုး...

-မွေးကင်းစကလေးငယ်မှာ တပ်ပေးလိုက်ရင် တစ်မျိုး...

အဲဒီလိုပေါ့လေ ..
တွဲစပ်ပုံဖေါ်မှုတွေ အမျိုးမျိုးပြောင်းလဲတာနဲ့ အမျှ ' အဓိပ္ပါယ် 'တွေ အမျိုးမျိုးပြောင်းလဲသွားတယ်ဆိုတာကိုကျွန်တော် ထဲထဲဝင်ဝင် တွေ့ရှိလိုက်ပါတယ် ။

ကျွန်တော်အနုပညာသမားတစ်ယောက် ဖြစ်လာတဲ့အခါ ကျွန်တော်ရဲ့အနုပညာ ဖန်တီးမှုတွေမှာ အဲဒီနည်းစနစ်ဟာ အတိုင်းအတာ တစ်ခုအထိ အရေးပါ လာ ခဲ့ပါတယ် ။

#( အဲဒါဟာ ရုပ်ရှင်မှာသုံးတတ်တဲ့ "Juxtaposition" ဆိုတဲ့ နည်းစနစ်နဲ့ရော ၊ စာပေဝေဖန်ရေးသမား "ကက်နက်ဘာ့ခ်" ရဲ့ စာပေ အယူအဆ တစ်ရပ်နဲ့ရော နီးစပ်ဆင်တူနေတယ်ဆိုတာကိုတော့ နောင်မှ ကျွန်တော် သတိပြုလိုက်မိပါတယ် )

***

(၃)

ခွက်တစ်လုံးရဲ့ အသုံးဝင်မှုဟာ အဲဒီခွက်ရဲ့ ' လစ်ဟာနေတဲ့နေရာ ' ပေါ်မှာ တည်တယ်တဲ့ ။

စိတ်ပညာစာအုပ်တစ်အုပ်ထဲမှာ ကျွန်တော်ဖတ်ဖူးတယ် ။ ဒါမှ အဲဒီခွက်ထဲကို တစ်ခုခုထည့်လို့/ဖြည့်လို့ရမှာကိုး ။

ဗလာနယ်ရဲ့ ' အား 'ကို ကျွန်တော်ခံစားလာတတ်တယ် ။

အဲဒီကာလထဲမှာပဲ ' ပန်းချီသမိုင်း ' စာအုပ်တစ်အုပ်ကို ကျွန်တော် ထပ်ဖတ်လိုက်မိပြန်တယ် ။

စိတ်ဝင်စားစရာကောင်းတဲ့ ဗလာနယ်ရဲ့ သဘောတရားကို ကျွန်တော် ထပ်တွေ့လိုက်မိတာပါပဲ ။

ဟိုတုန်းကဆိုရင် ပန်းချီကားတွေမှာ ကင်းပတ်စ်ပြားအပြည့် ပုံဆွဲတယ် ။ အရောင်ခြယ်တယ် ။

နောက်ကျတော့ ကင်းဗတ်စ်ပြားထဲမှာ ဘာပုံမှမဆွဲ ၊ ဘာရောင်မှ မခြယ်တဲ့ ' ဗလာနယ် 'တွေကို ထားလာတယ် ။

ဒါပေမယ့် အဲဒီဗလာနယ်တွေကလည်း မျဉ်းတွေ ၊ အရောင်တွေ အရုပ်တွေနဲ့ အပြိုင် ပန်းချီကားတွေထဲမှာ အရေးပါနေတယ် ။

ပန်းချီကားကို ပိုပြီးနက်ရှိုင်း မြင့်မားသွားအောင် သူက “ သုညတ္တအား "တွေ ထုတ်ပေးလိုက်တယ် ။

ကျွန်တော့်ကို အတွေးတွေ အများကြီးပေးတော့တာပါပဲ ။ အဲဒီပန်းချီကားတွေကို ကျွန်တော် အထပ်ထပ်အခါခါ လေ့လာပါတယ် ။ အနုပညာမှာ ပြောခြင်း ၊ ပြခြင်းတွေနဲ့အတူ မပြောခြင်း ၊ မပြုခြင်းတွေကလည်း အရေးပါတယ်ဆိုတဲ့အသိ ကျွန်တော့်မှာရလိုက်တယ် ။

ကျွန်တော် ဝတ္ထုတိုရေးတဲ့အခါကျတော့ ကျွန်တော့်ဝတ္ထုတိုတွေထဲမှာ ' ပြတ်သားထင်ရှားမှု ' နဲ့အတူ ' ရီဝေမှုန်ဝါးမှု 'တွေကပါ ရောယှက်ပါဝင်လာပါတော့တယ် ။

米 ( ကျွန်တော့်ဖက်က ဆုံးဖြတ်ချက်ချမပေးမှု Undecidablity ကြောင့် စာဖတ်သူကပါ အားစိုက် တွဲဖက်ပါဝင်လာရပါတယ် ။ ဝတ္ထုတိုတစ်ပုဒ်ကို စာရေးသူ နဲ့အတူ စာဖတ်သူကပါ တွဲကူဖော်ဆောင် ရတယ်ဆိုတာကို တန်နရီဘိတ်ကလည်း Kiss Theory နဲ့ ပြဠာန်းခဲ့ဖူးပါတယ် )

***

(၄)

စကားလုံးချည်းသက်သက်ဟာ ပြည့်ဝတဲ့အာရုံခံစားမှုကို မဖော်ဆောင်နိုင်ဘူးလို့ ကျွန်တော်ခံယူခဲ့တာကတော့ ကြာပါပြီ ။

ဥပမာ - “ဟေး” ဆိုတဲ့ စကားလုံးတစ်လုံး ဆိုပါတော့ ။

သူ့ချည်းသက်သက် ရေးထားရင် ကျွန်တော် အတော်စဉ်းစားရခက်မယ် ။

ရိုးရိုးတမ်းတမ်း လူတစ်ယောက်ကို လှမ်းခေါ်လိုက်တဲ့ ' ဟေး 'လား ၊ အပျော်လွန်ပြီး ခုန်ပေါက်အော်ဟစ်လိုက်တဲ့ ' ဟေး 'လား ၊ ကြောက်လန့်တကြား တားဆီးအော်ဟစ်လိုက်တဲ့ ' ဟေး 'လား၊
ခွဲခြားရ အတော်ခက်ပါတယ် ။

ကျွန်တော့်လို ကလန်ကဆန်ကောင်မျိုးကတော့ ဒါ့ထက်မကလည်း တွေးဖြစ်ပါတယ် ။

ဥပမာ - “၆” ဆိုတဲ့ ဂဏန်းတစ်လုံးကို တွေ့မိတယ်ဆိုပါတော့၊
ကျွန်တော်က အဲဒီ “၆” ရဲ့နောက်ကွယ်ကအရာတွေကိုပါ သိချင်/နားလည်ချင်တယ် ။

ဒီ “၆”ဟာ တစ်၊နှစ်၊သုံးဆိုတဲ့ ဂဏာန်းလေးက အားကောင်းဖွံ့ဖြိုးပြီးဖြစ်လာတဲ့ “၆” လား ။

ဒါမှမဟုတ် ရှစ်၊ ကိုး၊ တစ်ဆယ် ဆိုတဲ့ ဂဏာန်းကြီးတွေက ယုတ်လျော့ကျဆင်းပြီး ဖြစ်လာတဲ့ “၆"လား ။

သူ့ဘာသာ အစကတည်းက “၆ ” သန့်သန့်ပဲ ဖြစ်လာတဲ့ “၆” လား ။
အဲဒါမျိုးပေါ့ ။

ရူးတာမဟုတ်ဘူးနော် ။
တစ်ခါတစ်ခါတော့လည်း အဲဒီလိုပေါ့ ။

ကျွန်တော်က ကပ်သီးကပ်သပ် လျှောက်တွေးတတ်တယ် ။

ကျွန်တော် ဝတ္ထုတို ရေးဖြစ်တဲ့အခါကျတော့ “ အာရုံရိုက်ခတ်မှု " တွေ တွဲပါအောင် အတတ်နိုင်ဆုံး ကြိုးစားနေမိတော့တယ် ။

“ အာရုံရိုက်ခတ်ချက် ” ပီပြင်ဖို့အတွက် ကျွန်တော့်အနုပညာပစ္စည်းကိုလည်း ကျစ်လျစ်စင်ကြယ်အောင် အားထုတ်ဖန်တီးရတယ် ။

အဲဒီလိုနဲ့ပဲ ကျွန်တော်ဝတ္ထုတိုလေးတွေဟာ တိုလို့ရသမျှ အတိုင်းအတာအထိ တိုလာတယ် ။

米 ( မော်ဒန်စာပေသမားတွေ သုံးလေ့သုံးထရှိတဲ့ "Minimalism" 'အာရုံကူးစက်ခံစားမှု' ကို ဦးတည်တဲ့ "Sense to Sense" အရေးအသား ၊ အဲဒါတွေနဲ့ သွားတူနေတယ် )

***

(၅)

ကျွန့်တော်က ဘယ်အရာကိုမှ လွယ်လင့်တကူ လက်မခံတတ်ဘူး ။ နည်းနည်းတော့ “လှန်” တွေးတတ်တဲ့သဘာဝကလေးက ရှိပါတယ် ။

“ ကျွဲပါး စောင်းတီးသလိုအချည်းနှီးပါကွာ ” ဆိုတဲ့စကားမျိုးက ကျွန်တော် သိပ်သဘော မတူချင်တဲ့အထဲမှာ ပါတာပေါ့ ။

သိပ္ပံသုတေသနစမ်းသပ်ချက်တွေထဲမှာ ဂီတသံကြောင့် အပင်တွေ အသီးထွက်နှုန်း ကောင်းလာတယ်ဆိုတာကို ကျွန်တော်တွေ့နေရတာပဲ ။

ဒီကျွဲအပေါ်မှာလည်း ဒီဂီတသံဟာ တစ်စုံတစ်ရာ သက်ရောက်မှု ရှိရမှာပေါ့ ။

စောင်းမှ မဟုတ်ဘူး ။
ဗုံ ၊ လင်းဂွင်း ၊ ဂစ်တာ ၊ စန္ဒရား အကုန်တီးပြဖို့ ကောင်းတယ် ။

ကိုယ့်အနုပညာ ကိုယ့်ယုံကြည်တဲ့ ဂီတသမားဆိုရင် စိတ်တိုလွယ်တဲ့ ကျွဲရိုင်း ရှေ့မှာတောင် သွားတီးပြသင့်တယ်လို့ ထင်မိတယ် ။

( လွတ်ရာကျွတ်ရာ ခပ်လှမ်းလှမ်းကနေ ကျွန်တော်စောင့်ကြည့်ချင်ပါတယ် )။

ဒီနေရာမှာ ပြောချင်တာက ဒီလိုပါ ။

ဂီတပညာဖွံ့ဖြိုး မြင့်မားလာတဲ့အခါ တူရိယာတစ်မျိုးတည်းကို အဓိကထားပြီး တီးမှုတ်တဲ့ "Homophonic Music" ထက် တူရိယာတွေ အပြိုင် တီးမှုတ်တဲ့ "Polyphonic Music " က ပိုပြီးတွင်ကျယ်လာတယ်လို့ ကျွန်တော်တွေ့ရပါတယ် ။

ကျွန်တော်ကလည်း အဲဒါကို နှစ်ခြိုက်မိပါတယ် ။

ကျွန်တော် ဝတ္ထုတိုရေးတဲ့အခါမှာလည်း အဲဒီနည်းမျိုးကိုသုံးပါတယ် ။

-ကဗျာသဘာ

-ပန်းချီသဘော

-ရုပ်ရှင်သဘော

အားလုံးကိုရောမွှေပြီး ကျွန်တော် ရေးပါတယ် ။ "Homophonic " ဆန်ဆန် တစ်စတည်းကို ဆွဲထုတ်ပြီးရေးတာ မဟုတ်ဘဲ " Polyphonic " ဆန်ဆန် အစများစွာကိုဖြန့်ကျက်ပြီး ရေးတာဖြစ်တဲ့အတွက် ကျွန်တော့်ဝတ္ထုထဲကဇာတ်ကောင်တွေဟာ “ တစ်ဦးချင်းစရိုက် ” မပေါ်ပါဘူး ။
အဲဒီလို “ ဒေါင်လိုက် ” ကျွန်တော်မဖော်ဆောင်ပါဘူး ။

ကျွန်တော့် ဇာတ်ကောင်အားလုံးဟာ “ လူ့သဘာဝ ” အရသာ "အလျားလိုက်" ရွေ့လျားဖြစ်ကြပါတယ် ။

# (ကျွန်တော့် ဝတ္ထုတိုတွေမှာ "Covergence Art " သဘော သက်ဝင်လာပါတယ် ။ ကျွန်တော့်ဇာတ်ကောင်တွေဟာလည်း စရိုက် အဓိကမထားတဲ့ "Non- Character" တွေ ဖြစ်လာပါတယ် )

***

(၆)

အဲဒီလို..
ကျွန်တော်နားလည်ယုံကြည်မိတဲ့အတိုင်း ဝတ္ထုတိုတွေ ရေးခဲ့ပါတယ် ။

ကျွမ်းကျင်တဲ့ဆရာသမားတွေက “မော်ဒန်" ဝတ္ထုတိုတွေ အဖြစ် သတ်မှတ်ကြပါတယ် ။

ကျွန်တော်ဖတ်မှတ်လေ့လာမှုအရလည်း ကျွန်တော်ဝတ္ထုတိုတွေဟာ မော်ဒန် ဝတ္ထုတိုတွေရဲ့ အင်္ဂါရပ် တော်တော်များများနဲ့ သွားရောက် ညီနေတာကို တွေ့ရပါတယ် ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာတစ်ချက် ရှိလာပါပြီ ။

ကျွန်တော်က ကျွန်တော်ရေးတတ်သလို ရေးလိုက်တာပဲ ဖြစ်ပါတယ် ။
ဒီအင်္ဂါရပ်တွေနဲ့ ကိုက်ညီအောင်၊ မော်ဒန် ဝတ္ထုတိုတွေဖြစ်အောင်ဆိုပြီး ရေးတာမျိုးလည်း မဟုတ်ပါဘူး ။

သူ့ဘာသာသူ ဖြစ်သွား/ဖြစ်နေ တာပါ။ ..........

ကျွန်တော့်မှာ မော်ဒန် ဆေးကြိမ်လုံး မရှိပါဘူး ။ ......

လိုလည်း မလိုချင်ပါဘူး ။ ......

ကျွန်တော်ဝတ္ထုတိုတွေဟာ “ မော်ဒန်ဝတ္ထုတိုတွေဟုတ်တယ် ” လို့ပြော လာရင် ရယ်နေမှာဖြစ်သလို “ မဟုတ်ဘူး ” လို့ပြောလာရင်လည်း ရယ် နေ မှာ ပါပဲ ။ ......

ဘာမှမဖြစ်ပါဘူး ။ ......

( ဘာဖြစ်ရမှာလည်းဗျာ )

“ ဟုတ်အောင်လုပ်ရေးမှာ မဟုတ်သလို မဟုတ်အောင် ရှောင်ရေးစရာလည်း မလိုဘူး ထင်ပါတယ် ။
ဒီအတိုင်းပဲ ကျွန်တော်ဆက်ရေးသွားမှာပါ ။ ........

ဒါ ကျွန်တော်တစ်ယောက်တည်းပဲလား ။......

ဒီလိုဖြစ်နေတာ ကျွန်တော်တစ်ယောက်တည်းပဲလားလို့ စဉ်းစားတဲ့အခါ ပြဿနာက ကျယ်ပြန့်လာပါတယ် ။ ........

ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သေသေချာချာတွေ့လိုက်ရလို့ ပါပဲ ။ .......

တခြားလူငယ်တွေလည်း ကျွန်တော်လိုပဲ ရှိတယ် ။ ........

ကိုယ့်ဘာသာ အနုပညာဖန်တီးတယ် ။ မော်ဒန်အနုပညာ ဆန်နေတယ် ။ ....

အဲဒီမှာ အစွပ်စွဲခံရ ပါတော့တယ် ။ ....

နိုင်ငံခြားကို ခိုးချတယ် ။ .....

အနောက်တိုင်းကို အထင်ကြီးတယ် ဘာညာပေါ့လေ ။ ......

စွပ်စွဲသူတွေကို စိတ်မဆိုးပေမယ့် အစွပ်စွဲခံရတာကိုတော့ ဝမ်းနည်းမိတယ် ။ .......

( ဟုတ်မှ မဟုတ်ပဲ )

ကျွန်တော်တို့ ဖက်ကလည်း ပြန်ပြောစရာ စကားတွေရှိတယ် ။ .....

ကျွန်တော်တို့ကို နားလည်မှုရှိရှိနဲ့ “ကြည့်"ဖို့တော့ လိုပါတယ် ။ ......

***

(၇)

' ချာဂေါလ် ' (Marc Chagall) က ပန်းချီကို သူခံစားမိသလို ဆွဲတယ် ။

သူ့ပန်းချီကားတွေက "ဆာရီယယ်လစ်ဇင်း" ဆန်နေတယ် ။

သူက အဲဒီ ဝါဒနဲ့အညီ လိုက်ဆွဲတာမဟုတ်ဘူး ။
ဒါပေမယ့် အနုပညာ သတ်မှတ်ချက်အရတော့ သူဟာလည်း "ဆာရီယယ်လစ်" တစ်ယောက် ဖြစ်သွားတယ်...” တဲ့။ ......

ကျွန်တော်တို့ဟာ မော်ဒန်ခေတ်ကြီးထဲမှာ မွေးဖွားကြီးပြင်းလာခဲ့ရတဲ့ လူငယ်တွေပါ ။

ကျွန်တော်တို့ အပေါ်မှာ "Modern Sensory Effect" များစွာဟာ နေ့စဉ်အမျှ သက်ရောက်နေပါတယ် ။

မော်ဒန်အာရုံခံစားမှုတွေ နဲ့အတူ ကျွန်တော်တို့ ရပ်တည်ရှင်သန် နေရပါတယ် ။

ဒါဟာ အရှိတရား (Being)ပါ ။

အဲဒါကြောင့် ကျွန်တော်တို့ဖန်တီးတဲ့ အနုပညာဟာ မော်ဒန်အနုပညာဆီကို ဦးတည်ပါလိမ့်မယ် ။

ဒါဟာ အဖြစ်တရား ( Becoming ) ပါ ။

“ တရား ” တစ်ခုလို့ ကျွန်တော်နားလည်မိပါတယ် ။ .....

ဖြစ်ချိန်တန်လို့ ဖြစ်လာတာပါ ။ ပျက်ချိန်တန်ရင် ပျက်သွားမှာပါ ။
ဘာနဲ့မှ တားလို့ ရမယ်မထင်ပါဘူး။

ကျွန်တော်ကြားဖူးတဲ့ သိုးဆောင်းစကားပုံတစ်ခု ရှိပါတယ် ။

(((“ တကယ့်တကယ်မှာ မာရ်နတ်တောင် ဆေးရောင်ခြယ်ထားသလောက် အရုပ်မဆိုးပါဘူး ”))) တဲ့ ။

မော်ဒန်အနုပညာမှာဆို “ အလှတရား "တွေ အဆန်းဆန်း အပြားပြား ရှိနေပါတယ် ။

“ ချစ်သောမျက်စိ ” နဲ့ကြည့်ရင် မြင်နိုင်ပါလိမ့်မယ် ။

“ ချစ် ” တဲ့အတွက် “ ယဉ် ” လာပါလိမ့်မယ် ။

“ ကြည့် " တဲ့အတွက် “ မြင် ” လာပါလိမ့်မယ် ။

ကျွန်တော်တို့ကလည်း မြင်စေ့ချင်ပါတယ် ။

လေးစားစွာဖြင့်

တာရာမင်းဝေ

ဆရာ #တာရာမင်းဝေ
‘ ကျွန်တော်နှင့် ကြေးသွန်းယဉ်ကျေးမှု ‘ စာအုပ် စာနှာ ၆ - ၂၆ မှ

မူရင်း ပိုစ့်တင်သူအား Credit ပေးပါသည်။

Address

Pazundaung

Alerts

Be the first to know and let us send you an email when မင်္ဂလာမြန်မာဇော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share