11/02/2019
သိပ္မွန္လိုက္တာ
မိတ်ဆွေတွေ "သူငယ်ချင်းတွေဟာ ဒီကနေပြီး မိတ်ပျက်သွားတာပဲ"...
*************************
ကျီးကန်း က ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း ခွေးကို ပေးတယ်။
ခွေးက အစကတော့ ကျေးဇူးတင်ပါတယ်ပေါ့၊ ကြာတော့လဲ အကျင့်ဖြစ်သွားတယ်။
အကျင့်ဖြစ်လာတော့၊ ဒါက ပေးကိုပေးရမလိုဖြစ်လာတယ်။
တနေ့ကျတော့ ကျီးကန်းက ကြက်ဥကို ငါးကို ပေးလိုက်တော့ ခွေးက မကျေနပ်တော့ဘူး
ကြက်ဥက စကတည်းက ကျီးကန်းဟာ ဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူကို ပေးမယ်ဆိုတာ ကျီးကန်းမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။
ဒါနဲ့ သူတို့စကားများကြပြီး မိတ်ပျက်သွားကြတယ်။
***************************
သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစုက မြစ်ရေလှိုင်းထဲဖောင်စီးသွားကြတယ်
ကောင်မလေးတယောက်ရေဆော့နေတုံး၊ ဖိနပ်က ရေထဲကျသွားတယ်။
ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေတဲ့ ရေချိုးကျောက်သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။
ဒါနဲ့ကောင်မလေးက တယောက်ယောက်ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။
ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှမပေးချင်ကြဖူး၊
ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်
သူကမိန်းခလေးသဘာ၀ နဲနဲလောက် ချွဲလိုက်ရင် သူများအကူညီရနေကျလေ
ဒါပေမဲ့ဒီတခါတော့မရတော့ဘူး။
ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး ၊ ကူညီချင်စိတ်မရှိဘူးလို့တွက်လိုက်တယ်
နောက်တော့ ကောင်လေးတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။
သူကတော့ ဖိနပ်ဗလာနဲ့အကြာကြီး ရေချိုးကျောက်ပူပူထဲ ပြေးလိုက်ရတယ်
သံပူနဲ့ကပ်နေသလိုပါပဲ။☹️
ကောင်မလေးက ကျေးဇူးတင်ကြောင်းပြောလိုက်တယ်
ကောင်လေးက ၊ ဘယ်သူမှမင်းကို ကူညီဖို့တာဝန်မရှိပါဘူး။ မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင်ဒါသမကြီးပါနဲ့ ဒါ သမရိုးကျပါ။
အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ အောင့်သက်သက်ဖြစ်သွားခဲ့တယ်။
အဲချိန်ကစပြီး သူ့ကိုကူညီဖူးသူေေတွကို အမြဲမှတ်သားထားလေ့ရှိပြီး ပြန်လည်ကျေးဇူးဆပ်လေ့ ရှိသတဲ့။💖
ကျမတို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျော်လင့်ကြတယ်။
အစပိုင်းတော့ ကျေးဇူးတင်မဆုံးဘူးပေါ့
ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အကျင့်ဖြစ်လာတယ် ။
ဒါက ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်။
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။
တကယ်တန်းကျတော့၊ သူများမကောင်းတော့တာမဟုတ်ပါဘူး
ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပေါ့။
***************************
ညနေတခုမှာ၊ ဆိတ်ကလေးတကောင်တည်း တောင်ကုန်းလေးပေါ်ဆော့နေတယ်။
ရုတ်တရက် သစ်ပင်ခြုံကြားထဲက ဝံပုလွေတကောင်ထွက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။
ဆိတ်ငယ်က လန့်ခုန်ပြီး ခြေထောက်နဲ့အသားကုန်ကန်တယ်
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို ကူညီလှမ်းတောင်းတယ်။
နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ဝံပုလွေကိုမြင်တော့ ပြေးပါလေရော
မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ဝံပုလွေမြင်တော့ ဝှစ်ကနဲကိုပြေးတာ
မြည်းကသွားနေရင်ကရပ်သွားတယ် ဒါပေမဲ့ ဝံပုလွေမြင်တာနဲ့ တောင်အောက်ဆင်းပြေးတယ်။
ဝက်က ဖြတ်သွားရင်း ဝံပုလွေမြင်တာနဲ့ ကမန်းကတန်းတောင်ပေါ်ကဆင်းပြေးရော
ယုန်ငယ်က အသံကြားတာနဲ့ မြှားပြစ်သလိုကိုပြေးတာ
တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲကနေဖြတ်ပြီး ဝံပုလွေရဲ့ လည်မြိုကို ခဲပစ်လိုက်တယ်။
ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေး မာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။
နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့
မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့
မြည်းက… နင်သာငါ့ကိုပြောရင် ငါအော်သံနဲ့ကို သူလန့်ပြေးမှာ
ဝက်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင်ပြုတ်ကျသွားမယ်
ယုန်ကလည်း နင်ငါ့ကိုခေါ်လိုက်ရင် ငါကအပြေးသန်တော့ သူများတွေကို သွားခေါ်ပေးနိုင်တာပေါ့တဲ့..။
အဲ့ဆူဆူညံညံ ပြောသံတွေကြားမှာ ခွေးပဲ မပါခဲ့ပါ။
***************************
မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါ
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူပါပဲ။🙂
မင်းနားမှာတနေကုန်ဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းတွေ ၊ မင်းကိုခင်သလိုလိုလုပ်နေတဲ့ သူငယ်ချင်းတွေက
သူငယ်ချင်းအစစ် ဟုတ်မဟုတ်မသေချာပါ။🙂
Credit : Original uploader
စွယ်စုံကျမ်း via Ko Chit
မိတ္ေဆြေတြ "သူငယ္ခ်င္းေတြဟာ ဒီကေနျပီး မိတ္ပ်က္သြားတာပဲ"...
*************************
က်ီးကန္း က ၾကက္ဥမၾကိဳက္ဘူး၊ ၾကက္ဥကို အျမဲတမ္း ေခြးကို ေပးတယ္။
ေခြးက အစကေတာ့ ေက်းဇူးတင္ပါတယ္ေပါ့၊ ၾကာေတာ့လဲ အက်င့္ျဖစ္သြားတယ္။
အက်င့္ျဖစ္လာေတာ့၊ ဒါက ေပးကိုေပးရမလိုျဖစ္လာတယ္။
တေန႔က်ေတာ့ က်ီးကန္းက ၾကက္ဥကို ငါးကို ေပးလိုက္ေတာ့ ေခြးက မေက်နပ္ေတာ့ဘူး
ၾကက္ဥက စကတည္းက က်ီးကန္းဟာ ဆိုတာ သူေမ့သြားတယ္။
ၾကက္ဥဘယ္သူကို ေပးမယ္ဆိုတာ က်ီးကန္းမွာ ဆံုးျဖတ္ခြင့္ရွိတယ္ဆိုတာေမ့သြားတယ္။
ဒါနဲ႔ သူတို႕စကားမ်ားၾကျပီး မိတ္ပ်က္သြားၾကတယ္။
***************************
သိပ္ပူတဲ့ေႏြရာသီတခုမွာ၊ လူတစုက ျမစ္ေရလွိဳင္းထဲေဖာင္စီးသြားၾကတယ္
ေကာင္မေလးတေယာက္ေရေဆာ့ေနတံုး၊ ဖိနပ္က ေရထဲက်သြားတယ္။
ကမ္းေပၚေရာက္ေတာ့ ေနပူထဲမွာ ပူက်စ္ေနတဲ့ ေရခ်ိဳးေက်ာက္သဲျပင္က်ယ္ၾကီးကို ျဖတ္ရမယ္။
ဒါနဲ႔ေကာင္မေလးက တေယာက္ေယာက္ဖိနပ္ငွားႏိုင္မလားလို့ ကူညီေတာင္းတယ္။
ဒါေပမဲ့ လူတေယာက္မွာ ဖိနပ္တရံပဲပါတာ ဘယ္သူမွမေပးခ်င္ၾကဖူး၊
ေကာင္မေလးက မေက်နပ္ျဖစ္သြားတယ္
သူကမိန္းခေလးသဘာ၀ နဲနဲေလာက္ ခၽြဲလိုက္ရင္ သူမ်ားအကူညီရေနက်ေလ
ဒါေပမဲ့ဒီတခါေတာ့မရေတာ့ဘူး။
ဒါနဲ႔သူက ဒီလူေတြအားလံုး မေကာင္းဘူး ၊ ကူညီခ်င္စိတ္မရွိဘူးလို႕တြက္လိုက္တယ္
ေနာက္ေတာ့ ေကာင္ေလးတေယာက္က သူ႔ဖိနပ္ကို ေပးလိုက္တယ္။
သူကေတာ့ ဖိနပ္ဗလာနဲ႔အၾကာၾကီး ေရခ်ိဳးေက်ာက္ပူပူထဲ ေျပးလိုက္ရတယ္
သံပူနဲ႔ကပ္ေနသလိုပါပဲ။☹️
ေကာင္မေလးက ေက်းဇူးတင္ေၾကာင္းေျပာလိုက္တယ္
ေကာင္ေလးက ၊ ဘယ္သူမွမင္းကို ကူညီဖို႔တာ၀န္မရွိပါဘူး။ မင္းကိုကူညီတာ ခင္မင္မႈတစ္ခုေၾကာင့္ပဲ၊ မကူညီျဖစ္ရင္ဒါသမႀကီးပါနဲ႔ ဒါ သမရိုးက်ပါ။
အဲ့လိုေျပာေတာ့ ေကာင္မေလးစိတ္ထဲ ေအာင့္သက္သက္ျဖစ္သြားခဲ့တယ္။
အဲခ်ိန္ကစျပီး သူ့ကိုကူညီဖူးသူေေတြကို အျမဲမွတ္သားထားေလ့ရွိျပီး ျပန္လည္ေက်းဇူးဆပ္ေလ့ ရွိသတဲ့။💖
က်မတို႔ဟာ အျမဲတမ္းသူမ်ားက ကိုယ့္အေပၚေကာင္းဖို႔ပဲ ေမ်ာ္လင့္ၾကတယ္။
အစပိုင္းေတာ့ ေက်းဇူးတင္မဆံုးဘူးေပါ့
ၾကာလာေတာ့ သူမ်ားကိုယ့္အေပၚေကာင္းတာကို အက်င့္ျဖစ္လာတယ္ ။
ဒါက ျဖစ္သင့္တဲ့အရာလို႕ထင္လာတယ္။
တေန႔မွာ ကိုယ့္အေပၚမေကာင္းခဲ့ရင္ အျပစ္တင္႐ႈံ႕ခ် မိေတာ့တယ္။
တကယ္တန္းက်ေတာ့၊ သူမ်ားမေကာင္းေတာ့တာမဟုတ္ပါဘူး
ကိုယ့့္ရဲ့ စိတ္ေတြက ေျပာင္းကုန္တာပါ
ရေနက်ဆိုေတာ့ ေက်းဇူးတရားဆိုတာကို ေမ့သြားတာေပါ့။
***************************
ညေနတခုမွာ၊ ဆိတ္ကေလးတေကာင္တည္း ေတာင္ကုန္းေလးေပၚေဆာ့ေနတယ္။
ရုတ္တရက္ သစ္ပင္ျခံဳၾကားထဲက ၀ံပုေလြတေကာင္ထြက္လာျပီး ဆိတ္ကို စားမယ္ျပင္တယ္။
ဆိတ္ငယ္က လန္႔ခုန္ျပီး ေျခေထာက္နဲ႔အသားကုန္ကန္တယ္
အသံက်ယ္နဲ႔ေအာ္ျပီး သူငယ္ခ်င္းေတြကို ကူညီလွမ္းေတာင္းတယ္။
ႏြားက သစ္ပင္ျခံဳထဲက တခ်က္လွမ္းၾကည့္ျပီး ၀ံပုေလြကိုျမင္ေတာ့ ေျပးပါေလေရာ
ျမင္းကေခါင္းငံုျပီးတခ်က္ၾကည့္၊ ၀ံပုေလြျမင္ေတာ့ ၀ွစ္ကနဲကိုေျပးတာ
ျမည္းကသြားေနရင္ကရပ္သြားတယ္ ဒါေပမဲ့ ၀ံပုေလြျမင္တာနဲ႔ ေတာင္ေအာက္ဆင္းေျပးတယ္။
၀က္က ျဖတ္သြားရင္း ၀ံပုေလြျမင္တာနဲ႔ ကမန္းကတန္းေတာင္ေပၚကဆင္းေျပးေရာ
ယုန္ငယ္က အသံၾကားတာနဲ႔ ျမွားျပစ္သလိုကိုေျပးတာ
ေတာင္ေအာက္မွာရွိတဲ့ ေခြးက ဆိတ္ေအာ္သံၾကားေတာ့ ကမန္းကတန္းေတာင္ေပၚေျပးတက္
ျခံဳပုတ္ေတြထဲကေနျဖတ္ျပီး ၀ံပုေလြရဲ႕ လည္ျမိဳကို ခဲပစ္လိုက္တယ္။
၀ံပုေလြက နာလြန္းလို႔ထေအာ္တယ္၊ ေခြး မာန္ဖီလိုက္ေတာ့ လန္႔ျပီးေျပးပါေလေရာ
အိမ္ျပန္ေရာက္ေတာ့၊ သူငယ္ခ်င္းေတြအားလံုး ေရာက္လာတယ္။
ႏြားက… နင္ကဘာလို႔ငါ့ကိုမေခၚတာလဲ.. ငါဂ် ဳ ိနဲ႔ သူ႕ဗိုက္ေပါက္ေအာင္လုပ္ပစ္မွာေပါ့
ျမင္းက… နင္ကဘာလို႕ငါ့ကိုမေျပာလဲ၊
ငါသူ႕ေခါင္းကို ခြာနဲ႔ကန္ပစ္မွာေပါ့
ျမည္းက… နင္သာငါ့ကိုေျပာရင္ ငါေအာ္သံနဲ႔ကို သူလန္႔ေျပးမွာ
၀က္က… နင္ငါ့ကိုေခၚေရာေပါ့ ငါတခ်က္ပက္လိုက္ရင္ သူေတာင္ေပၚကေတာင္ျပဳတ္က်သြားမယ္
ယုန္ကလည္း နင္ငါ့ကိုေခၚလိုက္ရင္ ငါကအေျပးသန္ေတာ့ သူမ်ားေတြကို သြားေခၚေပးႏိုင္တာေပါ့တဲ့..။
အဲ့ဆူဆူညံညံ ေျပာသံေတြၾကားမွာ ေခြးပဲ မပါခဲ့ပါ။
***************************
မိတ္ေဆြစစ္ဆိုတာ စကားအလွေတြသံုးေနစရာမလိုပါ
တကယ့္လိုအပ္ခ်ိန္မွာ မင္းကိုလက္လွမ္းကူညီတဲ့သူပါပဲ။🙂
မင္းနားမွာတေနကုန္၀ိုင္း၀ိုင္းလည္ေနတဲ့သူငယ္ခ်င္းေတြ ၊ မင္းကိုခင္သလိုလိုလုပ္ေနတဲ့ သူငယ္ခ်င္းေတြက
သူငယ္ခ်င္းအစစ္ ဟုတ္မဟုတ္မေသခ်ာပါ။🙂
Credit : Original uploader
စြယ္စံုက်မ္း via Ko Chit