Doing Business in Myanmar

Doing Business in Myanmar Doing Business in Myanmar : Investment Opportunities - a recently released investment guide to one of Asia's final economic frontiers.

Events and Facts on Doing Business in Myanmar.

We are very much into AI
26/09/2024

We are very much into AI

သုဝဏ ဖက်မှာကော်ဖီဆိုင်ဖွင့်လိုသူ Professional များမြေနေရာထည့်မည့်သူရှိပါတယ် Thai AIS 0933966300 (Line).
13/08/2024

သုဝဏ ဖက်မှာကော်ဖီဆိုင်ဖွင့်လိုသူ Professional များမြေနေရာထည့်မည့်သူရှိပါတယ် Thai AIS 0933966300 (Line).

26/09/2022

အခြားနည်းသုံးစွဲခွင့်

လယ်ယာမြေဝယ်အိမ်ဆောက်ချင်လို့စုံစမ်းတော့ အခြားနည်းသုံးစွဲခွင့် လျှောက်ရမယ်လို့သိရပါတယ်။ ဘာတွေဆောင်ရွက်ရမှာလဲ လုပ်ငန်းစဉ်ကဘာတွေလဲ သိပါရစေ။
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားခြင်းကိစ္စ
လယ်ယာမြေကို အခြားနည်း အသုံးပြုလိုသူများအတွက် သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတွင် မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ရေးကူး၍ လယ်ယာမြေဥပဒေပုဒ်မ ၂၉ /၃၀(က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်တည်ဆောက်ရန်လိုအပ်ပါသည်။
မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်၏ အဆင့်ဆင့် ထောက်ခံမှုအရ လယ်မြေဖြစ်ပါက ဗဟိုလယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့မှ ခွင့်ပြုချက်လိုအပ်ပြီး၊ လယ်ယာမြေ ဖြစ်ပါက နေပြည်တော်ကောင်စီ သို့မဟုတ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုချက်ကို ရယူရန်သာ လိုအပ်ပါသည်။
လယ်ယာမြေဥပဒေပုဒ်မ -၂၉ / ၃၀ (က) / ၃၀(ခ) အရ လုပ်ငန်းစာတွဲ ဖွင့်လှစ်သည့် အခါတွင် လျှောက်ထားသူများ အနေဖြင့် အောက်ပါစာရွက်စာတမ်း၊ အထောက်အထားများအား ပြည့်စုံစွာ ပူးတွဲတင်ပြရန်လိုအပ်မည်ဖြစ်သည်။
(က) လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ပြုရန် လျှောက်လွှာပုံစံ - ၁၄၊
(ခ) မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆)၊
(ဂ)ပတ်ဝန်းကျင်ပြ မြေပုံ၊
(ဃ) မြေတည်ရှိရာ အခြေပြမြေပုံ 𝕃𝕠𝕔𝕒𝕥𝕚𝕠𝕟 𝕄𝕒𝕡၊
(င) ဆိုက်ပလင်:၊ site plan
(စ) ဓာတ်ပုံမှတ်တမ်းများ၊
(ဆ) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇) မိတ္တူ၊
(ဇ) ရပ်ကွက်၊ ကျေးရွာ အုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်၊
(ဈ) လျှောက်ထားသူ၏ ဝန်ခံချက်၊
(ည) ဘေးပတ်ဝန်းကျင် လယ်သမားနှစ်ဦး၏ ထွက်ဆိုချက်၊
(ဋ) လျှောက်ထားသူ၏ မှတ်ပုံတင် (မိတ္တူ)၊
ထို့ကြောင့်
လယ်ယာမြေကို အခြားနည်းအသုံးပြုရန် လျှောက်ထားသည့်ကိစ္စရပ်များအနက်
လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ(၁၅) ကို ရရှိရေးအတွက် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့အထိ လုပ်ငန်းစာတွဲပေးပို့တင်ပြကြရပြီး
လယ်မြေမဟုတ်သောအခြား လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ပုံစံ (၁၅-က) ကိုသာ နေပြည်တော်ကောင်စီသို့ တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များက ထုတ်ပေးပိုင်ခွင့် ရှိသည်။
လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားလိုသော လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ အနေနှင့် လယ်မြေဖြစ်စေ၊ လယ်မြေမဟုတ်သော အခြားလယ်ယာမြေကိုဖြစ်စေ၊ သက်ဆိုင်ရာ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနရုံးများတွင် မြေစာရင်း ပုံစံ (၁၀၅)၊ (၁၀၆) လုပ်ငန်းစာတွဲနှင့် အတူ ပူးတွဲလျှောက်ထားကြ ရမည်ဖြစ်သည်။

15/08/2022

ရွှေ သွားရောင်းမလို့လား ?
အရေးတကြီး ပေးစရာရှိလို့လား
ရောင်းပြီးရင်ငွေရလာရင်ကောဘာလုပ်မှာလည်း

သွားမရောင်းခင် သေချာပြန်စဉ်းစားလိုက်အုံး

👉မြေကွက် ထုတ်ရောင်းမလို့လား ?

ဒီလိုကောင်းတဲ့နေရာကို
ချက်ချင်းပြန်ဝယ်မလို့လား ကိုယ်လက်ထဲမှာရှိတဲ့ငွေနဲ့ ပြန်ရနိုင်လား?
နေရာက တက်ရိပ် မြင်လားထားလည်းဘာမှ
မထူးဘူးဆိုရင်တော့ရောင်းလိုက်
ရောင်းတာကလွယ်တယ် နေရာကောင်းပြန်ရဖို့ပြန်ရှာရတာကတော့ ဒီအချိန်မှာ ခက်တယ်

စကားမကျွံသေးရင်သေချာပြန်စဉ်းစားလိုက်အုံး

နေပြည်တော်သုခတော်ဝင်ဈေးတန်းကတော့မှန်မှန်တက်နေလေရဲ့၊ ပွဲစားတိုင်းတစ်ပတ် ၃ ခုလောက်တော့ရောင်းနေရတယ်ဆိုတယ်၊ ပုတ်ဘတို့မုတ်တတို့လဲအကြွေကောက်လေးတွေနဲ့လှုပ်ရှားစည်ကား။

ခြေလှမ်းကြဲသူတွေ ဘန်ကောက်၊ချင်းမိုင် ယူအက်စ် က ကွန်ဒုံးတွေလိုက်ကြည့်ကြတယ်၊ အိမ်ဖော်မလေးပြောသလို အရေခွံကျွတ်တာတွေတွေ့လာရတော့မလားဘဲ။

👉ဒေါ်လာကကိုင်ထားတဲ့သူတွေအတွက်က
အန္တရယ်တော့များတယ် ပြသနာရှိတယ်

အခုချိန်သိရသလောက်ကတော့
အပြင်ပေါက်စျေးကတော့ မနက်တစ်စျေး
ညနေတစ်စျေးတစ်နာရီတ‌ေဇးနဲ့ တက်တာတော့နေတယ်ကြားတာပဲကိုင်ထားရင် လည်း ပြသနာရှိတယ်

သွားရောင်းရင်လည်း ရောင်းတဲ့သူကပြသနာရှိတယ် ဝယ်တဲ့သူလည်းပြသနာရှိတယ်
ကြာလာရင်လည်းစွန်းထင်ပြီးညစ်ပတ်သွားရော
တစ်ချက်နှစ်ချက်ကလည်း စျေးကွာတယ်
ဂေါင်ကြီးဂေါင်းသေးကလည်း စျေးကွာတယ်
တစ်ရာတန်တောင် အပြာမှ ပေါက်စျေးရတာ
အဖြူဆိုရင် မဝယ်ကြဘူး

ဒေါ်လာကသိတဲ့သူတဲ့သူအချင်းချင်းပဲ
ဒိုင်လျှိုတွေ အရောင်းအဝယ်လုပ်ကြနေတာ

ကွိုင်လေးလဲစတေဘယ်ပြန်ဖြစ်တယ်ကြားတယ်၊ Ethereum တောင်အယင်ဘဲးလူးပြန်ရလို့ဆယ်လီဘရိတ်လုပ်နေကြတယ်။
ဝယ်ထားမမှားဘူး။

ပုံစံ(၇) တွေလဲပူ Hot နေတယ်၊ ယာကအခြားနည်းလွယ်တယ်၊ အိမ်ဆောက်နေလို့ရတယ်ဆိုပြီးလိုက်ဝယ်နေကြတယ်၊ V4 မျက်နှာဖွင့်‌ တွေ မျက်နှာပန်းလှတယ်

👉ကားစျေးကတက်ချင်နေတယ်
သူကလည်းတက်ဖို့လည်းရှိနေတယ်
ဒါပေမည့် ဆီစျေးတက်လာမှု ဆီခက်ခဲမှုက
ဆီထည့်ဖို့ဘကားတန်းစီရတဲ့ပြသနာတွေက
သူကို ဆွဲထားတယ်
ဆီကဆိုင်တွေမှာ ၉၂ကော ၉၅ကောက
ရတစ်ချက် မရတစ်ချက် ဆိုတော့
အင်ဂျင်ပါဝါကြီး ဓါတ်ဆီကားတွေကိုတော့
ဝယ်ရောင်းတွေကစဉ်းစားတယ်
နှစ်ကွက်လောက်ကျန်မှပဲဝယ်မှာ
ကားဝယ်ပြီးတက်လည်း
အောက်ကားအလွန်ဆုံး ၁၅၀ ၂၀၀ပေါ့
အလတ်ကား အလွန်ဆုံး ၄၀၀ ၅၀၀ပေါ့
အမြင့်ကား ၈၀၀ ၁၀၀၀ပေါ့ ဒါမိုင်ကုန်ပဲ

👉ဓါတ်မြေဩဇာတွေလည်းတက်လာတယ်
အရင်၅သောင်း၆သောင်းကနေ အခု ၁သိန်း ၃သောင်းလောက်ထိကိုတက်လာတယ်
ပစ္စည်းတောင်ပြတ်နေတယ်ကြားတာပဲ

ဆန်စျေးတွေကလည်းနဲနဲတော့
လိုက်တက်လာတယ် အစစအရာရာ
ကုန်စျေးနှုန်းတွေ နည်းနည်းစီတော့
လိုက်တက်လာတယ် တက်လာတဲ့
အကြောင်းရင်းကသယ်ပို့ဆောင်ရေးစရိတ်တွေ
တက်လာတာလည်းပါတယ်

👉အခုနောက်ပိုင်း လူငယ်တွေ လူလတ်ပိုင်းတွေအာရှပိုင်းတွေတစ်ခွင် နိုင်ငံခြားကိုထွက်ပြီး
အလုပ်ထွက်လုပ်တဲ့သူတွေ ဒီနှစ်ထဲမှာ
တော်တော်များလာတယ်
တစ်လတစ်လကို ရာနဲ့ချီ ထောင်နဲ့ချီသွားပြီးသွားပြီးအလုပ်လုပ်နေကြတာ
အလုပ်လုပ်ချင်တဲ့စိတ်တွေ ဖြစ်လာကြတာ
တကယ်ကို ဝမ်းသာစရာအလွန်ကောင်းတယ်
Passportရုံရှေ့မှာမနက်ခင်းဆိုရင်
လာလျှောက်နေကြတဲ့အနေအထားကိုသာ
မြင်ရသလောက်တစ်ရက်တစ်ရက်မနည်းဘူး
ဘန်ကောက်လောက်ကို တရားဝင် ဗီဇာနဲ့
အလုပ်သမားရှာပို့တဲ့ ကုမ္ပဏီတွေမှာအနည်းဆုံး၁၈သိန်း၂၀လောက်တောင်
ပေါက်နေတယ်ကြားတယ်

လက်ရှိလတ်တလောဖြစ်နေတဲ့အပြင်ဗဟုသုတ
မြေပြင်အနေအထားတွေကို အတိုချုပ်သုံးသပ်ပြောပြသွားခြင်းတာဖြစ်ပါသည်

19/05/2022
ရောင်းမည် ပိုင်ရှင်ကိုယ်တိုင် https://nanchon.business.site/နေပြည်တော် ဝဏ္ဏသိဒ္ဒိ အားကစားကွင်း  နှင့်ကပ်လျှက်ခဲတပစ်အကွာမ...
04/05/2022

ရောင်းမည် ပိုင်ရှင်ကိုယ်တိုင် https://nanchon.business.site/
နေပြည်တော် ဝဏ္ဏသိဒ္ဒိ အားကစားကွင်း နှင့်ကပ်လျှက်ခဲတပစ်အကွာမြို့တော်‌ေဂါက်ကွင်းနှင့် (မြို့မဈေးနီး)ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအားကစားကွင်းကြား၊ခရေအိမ်ယာ(3)ရှေ့ရှိပုံစံ (၇)ယာမြေ။‌မြို့တော်Golf Course အားကစားရုံ နီး၊လမ်းမကြီးတစ်ကွက်ငုတ်၊ကတ္တရာလမ်းပေါက်(နန်ချွန်)ဧကကွက်ရောင်းပါမည်၊အေးဆေးနားနေ၍ဂေါက်ကွင်းနှင့်လွှတ်တော်ကိုလှမ်းမြင်နိုင်သည့်နေရာ၊ရေတွင်းရေနှင့်မီးသွယ်ရလွယ်ကူပါသည် (ကပ်လျှက်ခြံတွင်ထရန်စဖော်မာထိုင်ပြီး) 09780204020/09774204020

Eager Communications နှင့် အလှူရှင်များ ၏ လှူဒါန်းမှူဖြင့် ပရဟိတ အောက်စီဂျင်စက်ရုံကို တည်ဆောက်ပြီးစီးခဲ့ပါပြီး..စက်ရုံအာ...
05/10/2021

Eager Communications နှင့် အလှူရှင်များ ၏ လှူဒါန်းမှူဖြင့် ပရဟိတ အောက်စီဂျင်စက်ရုံကို တည်ဆောက်ပြီးစီးခဲ့ပါပြီး..

စက်ရုံအားအလှုရှင်များမှလှူဒါန်းသည်ဆိုသော်လည်း စက်ရုံလည်ပါတ်ရန်အတွက် ဝန်ထမ်းငှားရမ်းခန့်ထားရခြင်း / မီးစက်တို့အတွက် ကုန်ကျစရိတ်ရှိခြင်းတို့ကြောင့် စရိတ်မျှပေးအနေဖြင့် အောက်စီဂျင် ​လာဖြည့်သူများထံမှ ၄၀ လီတာ အိုးကြီးတစ်လုံးလျှင် အလှုငွေ ၅၀၀၀ ကျပ် ( ငါး​ထောင်ကျပ်) ၂၀ လီတာနှင့်အောက် အိုးတစ်လုံးလျှင် ၃၀၀၀ ကျပ် ( သုံးထောင်ကျပ်) အလှူငွေကောက်ခံပါမည်..
ရရှိသောအလှူငွေမှ ဝန်ထမ်းစရိတ်နှင့် ကျောင်းတိုက်တစ်ခုလုံး၏ မီတာခအတွက်လှူပါမည်

လိပ်စာ -- ကျိုက္ကလဲ့ ရွှေကျင်ကျောင်းတိုက်၊ကျိုက္ကလဲ့ဘုရားအနီး၊မင်္ဂလာဒုံ။

စက်ရုံဖွင့်ချိန် -- ၀၈း၃၀ချိန်မှ ၁၆း၃၀ချိန်ထိ

ဖုန်း 09974455459

LATESTမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကျပ်ငွေဖြင့်တင်ဒါခေါ်ယူရာ ကုမ္ပဏီများမှ ပစ္စည်းရောက်ချိန်၊ငွေထုတ်ချိန်တွက်ခ...
28/09/2021

LATEST
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကျပ်ငွေဖြင့်တင်ဒါခေါ်ယူရာ ကုမ္ပဏီများမှ ပစ္စည်းရောက်ချိန်၊ငွေထုတ်ချိန်တွက်ချက်ပြီး ၁ဒေါ်လာ ၃၀၀၀နှုန်းနီးပါးထိတွက်ချက်တင်သွင်းလာကြောင်းတွေ့ရှိရသောကြောင့် နိုင်ငံခြားငွေတစ်မျိုးမျိုးဖြင့်တင်ဒါခေါ်ယူပြီး ဘဏ်ပေါက်စျေးအတိုင်း မြန်မာကျပ်ငွေဖြင့်ပြန်လည်ပေးချေနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများ ဆွေးနွေးလျက်ရှိ
Credit: Myanma Energy News

Address

Pazundaung

Alerts

Be the first to know and let us send you an email when Doing Business in Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Doing Business in Myanmar:

Share