ပျော်ဘွယ် အိမ်ခြံမြေ အရောင်းအဝယ်

  • Home
  • Myanmar
  • Pyawbwe
  • ပျော်ဘွယ် အိမ်ခြံမြေ အရောင်းအဝယ်

ပျော်ဘွယ် အိမ်ခြံမြေ အရောင်းအဝယ် ပျော်ဘွယ်မြို့ အိမ်ခြံမြေ အရောင်းအဝယ် post များတင်ပါမည်။

13/05/2024

မြေကွက်များ ရောင်းမည်။
ရန်-မန်း ဟောင်းလမ်းမကြီးမေးတင်
ထီးကြီးကုန်းဘုန်းကြီးကျောင်းပေါက်အနီး ၀၉၇၉၇၈၈၆၃၆၁
60x100 ပေ။ ၂၀၀ပတ်လည်

10/05/2021

ပျော်ဘွယ်မြို့အတွင်း အိမ်ခြံမြေ အရောင်း post များ လွတ်လပ်စွာ တင်နိုင်ပါသည်

13/07/2020
24/03/2020
30/01/2020

The Voice မွ အျပည့္အစံု ...

မန္တလေးသို့လွှဲပြောင်းရန် ပြင်ဆင်နေသော ဖျားနာ ချောင်းဆို လူနာတစ်ဦး မိတ္ထီလာဆေးရုံမှ ထွက်ပြေး
=================
မိတ္ထီလာ ၊ ဇန်နဝါရီ , ၃၀

မိတ္ထီလာမြို့ အထွေထွေဆေးရုံသို့ရောက်လာသော သံသယရှိဖွယ် အဖျားနှင့် ချောင်းဆိုးလူနာ အမျိုးသားတစ်ဦးကို မန္တလေးမြို့ရှိ သက်ဆိုင်ရာ ဆေးရုံသို့ တာဝန်ရှိသူများက လွှဲပြောင်းပေးရန်စီစဉ်နေစဉ် ၎င်းအမျိုးသားက ငြင်းဆန်ပြီး ယနေ့ ညနေ (၄ : ၃၀) အချိန်တွင် ဆေးရုံမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း မိတ္ထီလာ အထွေထွေရောဂါကုဆေးရုံကြီး ပြင်ပလူနာဌာနမှ စုံစမ်းသိရှိရသည်။

“တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ မိသားစုဝင်တွေကို ဖြောင်းဖြနေချိန်မှာ လူနာအမျိုးသားက အော်ဟစ်ငြင်းဆန်ပြီး ဓါတ်မှန်ကိုပါဖြဲပြီး ထွက်ပြေးသွားတယ်”ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားသည်။

မိတ္ထီလာမြို့နယ် ပျဉ်သာကျေးရွာတွင် နေထိုင်သော အသက် (၄၂) နှစ်အရွယ် အမျိုးသားဖြစ်ပြီး တရုတ်နိုင်ငံတွင် သွားရောက်ကာ အလုပ်လုပ်ကိုင်နေရာမှ ဇန်နဝါရီလ (၁) ရက်နေ့တွင် မန်စီ ဆင်ဖြူတော်ဂိတ်မှတစ်ဆင့် နေရပ်သို့ပြန်လာခြင်းဖြစ်ကြောင်း ယင်းအမျိုးသားသည် တီဘီရောဂါဖြစ်ခဲ့ဖူးကြောင်း မိသားစုဝင်များက ပြောဆိုသည်။

“ချောင်းဆိုးလို့ ဓာတ်မှန်ရိုက်ပြီး လာပြလိုက်တာ။ ဆေးရုံကနေ ဆယ့်လေးရက်ကြီးသွားဖို့ရာ စားဝတ်နေရေးက အဆင်မပြေဘူး"ဟု ၎င်းက ဆိုသည်။

ဆေးရုံမှ ထွက်ပြေးသော လူနာသည် ဇန်နဝါရီလ (၂၀) ရက်နေ့က ပြင်ပတွင် ဓာတ်မှန်ရိုက်ခဲ့ပြီး ယနေ့ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် မိတ္ထီလာမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့လာရောက်ကာ ကုသမှုခံယူခြင်းဖြစ်ပြီး အထူးကုဆရာဝန်ကြီးများက စစ်ဆေးခဲ့ရာ ယင်းသို့ စစ်ဆေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ လမ်းညွှန်ချမှတ်ထားသော အချက်အချို့နှင့် ကိုက်ညီနေသဖြင့် မိသားစုဝင်များကိုပါ နှစ်သိမ့်ပြောဆိုပြီး မန္တလေးမြို့သို့ ဆက်လက်လွှဲပြောင်းစစ်ဆေးရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း။

အဆိုပါ လူနာမှာ ကိုရိုနာဗိုင်းရပ် သံသယလူနာ ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးကြောင်း မိတ္ထီလာမြို့ဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ပြောကြားသည်။

အဆိုပါ လူနာကိစ္စကို ကိုင်တွယ်ဖြေရှင်းရေးနှင့်ပတ်သက်၍ မိတ္ထီလာဆေးရုံကြီး ပြင်ပလူနာဌာနတွင် ရောက်ရှိနေသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦး ဝင်းလှိုင်ကို မေးမြန်းရာတွင် “လူနာပို့ဖို့ လုပ်နေတယ်။ ကျွန်တော်တို့မှာ ပြဿနာဖြစ်နေတယ်။ နောက်မှမေးပါ" ဟု ပြန်လည်ဖြေကြားသည်။

ယင်းသို့ လူနာထွက်ပြေးသွားခြင်းမှာ အခြားလူများအတွက်ပါ ဒုက္ခဖြစ်စေနိုင်သဖြင့် အဆိုပါ အမျိုးသားနေထိုင်သောရွာမှ ကျန်းမာရေးမှူးကို လှမ်း၍ဆက်သွယ်ထားသည်ဟု မိတ္ထီလာမြို့အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ အိအိခင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်သူ့ဆေးရုံရှိ တာဝန်ရှိဝန်ထမ်းများကို ပြောကြားနေသည်ကို မြင်တွေ့ခဲ့ကြောင်း ပြင်ပလူနာဌာနတွင် ရောက်ရှိနေသူ အမျိုးသားတစ်ဦးက The Voice သို့ ဆက်သွယ်အသိပေးပြောကြားသည်။

Source : The Voice
Crd

 ကိုရိုနာ ဗိုင်းရပ်စ်စ်ကြောင့် တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း သေဆုံးသူ အယောက်(၄၀)ကျော် တိုးလာပြီး အခုဆိုရင် သေဆုံးသူ စုစုေ...
30/01/2020





ကိုရိုနာ ဗိုင်းရပ်စ်စ်ကြောင့် တရုတ်နိုင်ငံမှာ တစ်ရက်အတွင်း သေဆုံးသူ အယောက်(၄၀)ကျော် တိုးလာပြီး အခုဆိုရင် သေဆုံးသူ စုစုပေါင်း (၁၇၀) ရှိပြီလို့ တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်းက ထုတ်ပြန်ပါတယ်။ ဒီလိုပဲ ကူးစက်ခံရသူ (၁၇၀၀)ကျော်ကို အတည်ပြုလိုက်တဲ့အတွက် ၃၀ရက်နေ့မနက်ပိုင်းထိ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း (၇၇၃၆) ယောက် ရှိပါတယ်။

တိဘက်နဲ့ ဖင်လန်နိုင်ငံတွေမှာ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်ခံရမှုတစ်ခုစီ အတည်ပြုထားကြပါတယ်။ အိမ်နီးနားချင်း အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ စင်္ကာပူမှာ ကူးစက်ခံရသူ (၁၀)ဦး၊ မလေးရှားမှာ (၇)ယောက်၊ ထိုင်းမှာ (၁၄)ယောက်ထိ တိုးလာခဲ့ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ အချိန်နှင့်တပြေးညီ စုစည်းတင်ဆက်မှု
Live Updates: ==> http://burmese.dvb.no/archives/368575

 မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် အတွင်း ခြင်ကိုက်ခံရခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဆင်တုတ်ကွေးေ...
15/09/2019


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် အတွင်း ခြင်ကိုက်ခံရခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဆင်တုတ်ကွေးရောဂါများ ဖြစ်ပွားလျက်ရှိရာ မြို့ပေါ် ဆေးခန်းအကုန် လူနာများပြည့်နေလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ဆင်တုတ်ကွေးရောဂါ အန္တရာယ်ဘေးမှ ရှောင်ကွင်းနိုင်ရန်အတွက် ခြင်ဆေးများ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့်ဖြန်းပေးပါရန် မြို့နယ် တာဝန်ရှိ ပုဂ္ဂိုလ်များအား ထပ်ခါတလဲလဲ တောင်းဆိုအပ်ပါသည်။
⛔️တာဝန်ရှိသူများ တာဝန်သိကြပါစေသား⛔️

ပျော်ဘွယ်မြို့ အတွက် Report ဒဏ်ကို ကြံ့ကြံ့ခံရင်း
တက်ကျိုးလျင် လက်ထိုးလှော်မည့်
🇲🇲Pyawbwe Town Admin Team🇲🇲

 နွေရာသီမှာ ဆောင်ရန်ရှောင်ရန် အချက်(၈)ချက်ပူပြင်းတဲ့နွေရာသီကို ရောက်လာတဲ့အခါ ကျွန်မတို့မှာ နေကပူ၊ချွေးကထွက်နဲ့ ရာသီဥတုဒဏ...
07/04/2019


နွေရာသီမှာ ဆောင်ရန်ရှောင်ရန် အချက်(၈)ချက်

ပူပြင်းတဲ့နွေရာသီကို ရောက်လာတဲ့အခါ ကျွန်မတို့မှာ နေကပူ၊ချွေးကထွက်နဲ့ ရာသီဥတုဒဏ်ကိုခံရပြီး စိတ်တွေကမကြည်ဖြစ်တတ်ပါတယ်။ ဒီကြားထဲမှာ အပူချိန်မြင့်မားလို့ဖြစ်တတ်တဲ့
-နေလောင်ခြင်း
-ချွေးထွက်လွန်ခြင်း
-ဗိုက်တွေ ခြေသလုံးကြွက်သားတွေနာကျင်ခြင်း၊
-ခေါင်းကိုက်ခြင်း၊မူးဝေခြင်း
- နွမ်းနယ်လာခြင်းဝေဒနာတွေ (Heat Exhaustion)နဲ့
-အပူလျှပ်ခြင်း (Heat Stroke) တို့ရဲ့အန္တရာယ်ကလည်း ကြောက်ရပါသေးတယ်။
ဒါကြောင့် ပူပြင်းလှတဲ့နွေရာသီကို ဘယ်လိုဖြတ်သန်းသင့်သလဲဆိုတာလေး ရေးသားဖော်ပြလိုက်ပါတယ်။

(၁)ပေါ့ပါးပြီး ချောင်ချိတဲ့ ချည်ထည်အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။ ကြပ်တုပ်နေတဲ့နိုင်လွန်အဝတ်အစားတွေဟာ ခန္ဓာကိုယ်ကို မအေးမြစေပါဘူး။

(၂)နေလောင်ဒဏ်ကို ကာကွယ်ရပါမယ်။ နေလောင်သွားရင် ခန္ဓာကိုယ်အေးမြမှုကို ပျက်စီးသွားစေပါလိမ့်မယ်။ ဒါကြောင့် နေပူထဲထွက်တိုင်း ဦးထုပ်ကြီးကြီးဆောင်းခြင်း ၊ နေကာမျက်မှန်တပ်ခြင်း၊ အသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးမယ့် နေရောင်ကာလိမ်းဆေးများလိမ်းခြင်းတို့ ပြုလုပ်ပေးရပါမယ်။ နေရောင်ကာလိမ်းဆေးဟာ အနည်းဆုံး SPF 15 ပါသင့်ပြီး နှစ်နာရီတိုင်းတစ်ခါပြန်လိမ်းပေးသင့်ပါတယ်။

(၃) ရေများများသောက်ပါ

ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး ကိုယ်တွင်းအပူချိန်ထိန်းညှိမှုမှာ အထောက်အကူပြုပါတယ်။

(၄) သောက်သုံးနေတဲ့ဆေးဝါးတွေကို ဂရုစိုက်ပါ

ကိုယ်သောက်နေကျဆေးတွေမှာ ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ထိန်းညှိမှုနဲ့ အပူချိန်ထွက်မှုကို သက်ရောက်စေတဲ့ဆေးမျိုးပါရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဂရုစိုက်သောက်သုံးသင့်ပါတယ်။

(၅)နေပူထဲရပ်ထားတဲ့ ကားထဲမှာဘယ်သူ့ကိုမှ မထားခဲ့ပါနဲ့။ ကလေးတွေသေဆုံးမှု အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းပါ။ နေပူထဲရပ်ထားတဲ့ကားမှာ အပူချိန်ဟာ ဆယ်မိနစ်ကို 20' F စီမြင့်တက်ပါတယ်။

(၆)နေပူထဲမှာ လှုပ်လှုပ်ရှားရှားလုပ်ရမယ့် အလုပ်ကို ရှောင်လို့မရခဲ့ရင် ရေများများသောက်ပါ။ ဓာတ်ဆားရေသောက်ပါ။ အရိပ်ထဲမှာ ခဏအနားယူတာမျိုး အခွင့်သင့်သလို ပြုလုပ်ပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်လက်လှုပ်ရှားရမယ့် အလုပ်မျိုးကို နေ့တစ်နေ့ရဲ့ အပူဆုံးအချိန်တွေမှာ မလုပ်ဘဲ နေအေးတဲ့အချိန်မျိုးမှာ ပြုလုပ်ပေးရင်ပိုကောင်းပါတယ်။

(၇)တကယ်လို့များ သင်ဟာ ပူပြင်းတဲ့ရာသီဥတုနဲ့ နေသားမကျတဲ့လူ / အေးမြတဲ့အရပ်ဒေသကလာတဲ့လူဆိုရင် ပူပြင်းတဲ့နေရောင်အောက်မှာ ချက်ချင်းအကျွမ်းတဝင်ဖြစ်ဖို့မလွယ်ပါဘူး။ ခံနိုင်ရည်ရှိလာပြီး ရက်သတ္တပတ်အနည်းငယ်ကြာနိုင်ပါတယ်။ အလေ့အကျင့်မရှိသေးဘဲ အပူချိန်ကို အလွန်အမင်းခံရရင် အပူလျှပ်ခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အလုပ်ချိန်ကို ကိုယ့်ကျန်းမာရေးအတွက်စဉ်းစားပြီး တဖြည်းဖြည်းချင်း ညှိယူသွားရပါမယ်။

(၈) နောက်တစ်ခုကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်ပေးဖို့ပါ။ လေအေးပေးစက်မရှိတဲ့အိမ်က အိမ်သားတွေ၊သက်ကြီးရွယ်အိုတွေ၊နာတာရှည်ဝေဒနာခံစားနေရသူတွေ၊ အပူဆုံးအချိန်မှာ အိမ်မှာတစ်ယောက်တည်းနေရသူတွေကို ဂရုစိုက်ပေးသင့်ပါတယ်။ လေအေးစက်မရှိရင်တောင် အရိပ်ရပြီး အေးတဲ့နေရာတွေမှာ နေဖို့လိုအပ်ပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ပူပြင်းလှတဲ့နွေမှာ အိမ်မွေးတိရစ္ဆာန်လေးတွေလည်း အပူလွန်ကဲပြီး အပူလျှပ်တာခံစားနိုင်ခြေရှိတာမို့ သူတို့ကိုလည်း ရေအေးအေး ပုံမှန်တိုက်ပြီး စောင့်ကြည့်ပေးသင့်ပါတယ်။

ပူပြင်းတဲ့ရာသီအတွက် အကောင်းဆုံးစားစရာ (၇)ခုကိုလည်း တစ်လက်စတည်း ဖော်ပြပေးချင်ပါတယ်။ အဲဒါတွေကတော့

(၁)ဖရဲသီး

ဖရဲသီးဟာ နွေရာသီလို ပူပြင်းတဲ့ရာသီဥတုအတွက် အသင့်တော်ဆုံးအသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ဖရဲသီးဟာ အစာအိမ်ကိုကောင်းမွန်စေပြီး ကိုယ်အလေးချိန်လည်းကျစေပါတယ်။ ပြီးတော့ ကင်ဆာရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ ၊အအေးမိ နှာစေးခြင်းများကို ကာကွယ်ပေးနိုင်ပါတယ်။

(၂)ဘူးခါးသီး

ဘူးခါးသီးကတော့ ကယ်လ်ဆီယမ်၊ မက်ဂ်နီဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင်စီနဲ့ Folateဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ နွေရာသီအတွက် အထူးသင့်လျော်ပြီး ကိုယ်အလေးချိန်ကျဆင်းဖို့လိုအပ်တဲ့သူတွေ စားသောက်သင့်တဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ နှလုံးကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ လည်ပတ်နေတဲ့သွေးကိုသန့်စင်စေပါတယ်။ သွေးတိုးရောဂါရှိတဲ့လူတွေနဲ့လည်း တည့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။

(၃)သံပုရာရည်

ပူစီနံရွက်လေးတစ်ရွက်ခတ်ထားတဲ့ သံပုရာရည်လေးတစ်ခွက်ကလည်း သင့်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေတဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ အသည်းကိုသန့်စင်စေပြီး ဇီဝရုပ်ဖြစ်ပျက်မှုတွေကို ကောင်းမွန်စေပါတယ်။ ရာသီဥတုပြင်းထန်လို့ အစားအသောက်ပျက်နေ၊ ခံတွင်းပျက်နေတဲ့လူတွေအတွက် အထူးသင့်တော်ပါတယ်။

(၄)သခွားသီး

သခွားသီးမှာ ရေဓာတ်အများအပြားပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်များတဲ့အတွက် ဝမ်းချုပ်တတ်တဲ့လူတွေစားသင့်ပါတယ်။ ဝမ်းမှန်စေပါတယ်။ နွေရာသီလိုပူပြင်းတဲ့ရာသီအတွက် စားသင့်တဲ့အသီးအနှံပဲဖြစ်ပါတယ်။

(၅)ဒိန်ချဉ်

ဒိန်ချဉ်ဟာ အရသာရှိရုံတင်မကဘဲ လူရဲ့ခန္ဓာကိုယ်ကိုအေးမြစေပါတယ်။ ဝမ်းမှန်စေပါတယ်။ ဒိန်ချဉ်ကို အရသာရှိအောင် နည်းလမ်းအမျိုးမျိုးနဲ့စားသုံးလို့ရပါတယ်။ salad ထဲထည့်စားတာပဲဖြစ်ဖြစ်၊ အသီးအနှံနဲ့ရောစားတာဖြစ်ဖြစ်၊ အအေးလိုသောက်တာပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့သင့်တော်ပါတယ်။

(၆) အုန်းရည်

အုန်းရည်ချိုချိုလေးတွေဟာ ဈေးလည်းမကြီးဘဲ ကျန်းမာရေးကိုအထူးအထောက်အကူပြုတဲ့ သဘာဝဆေးရည်ပဲဖြစ်ပါတယ်။ အုန်းရည်မှာ Vitamins နဲ့ သတ္တုဓာတ်တွေအများကြီးပါပါတယ်။ အခြားအာဟာရဓာတ်တွေလည်း အုန်းရည်မှာပါပါသေးတယ်။ အုန်းရည်ချိုချိုအေးအေးသောက်သုံးရင် ပူပြင်းတဲ့ရာသီမှာ လူကိုအေးမြစေပါတယ်။

(၇)အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ

စိမ်းစိုလတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေဓာတ်အပြည့်အဝပါတဲ့အတွက် နွေရာသီ၊ပူပြင်းတဲ့အချိန်အခါမှာ အလွန်သင့်တော်ပါတယ်။ ဒါပေမယ့် အလွန်ကျက်သွားအောင် အကြာကြီးချက်ရင်တော့ ရေဓာတ်တွေလျော့နည်းသွားတတ်ပါတယ်။

အခုဖော်ပြထားတဲ့ အစားအစာများအားလုံးဟာ နေရာတိုင်းမှာအလွယ်တကူရရှိနိုင်ပါတယ်။ ပူပြင်းတဲ့ရာသီအတွက် စားသောက်ဖို့ လွယ်ကူ၊ အကုန်အကျလည်းသက်သာပြီး ကိုယ့်ရဲ့ကျန်းမာရေးအပေါ်အထောက်အကူပေးနိုင်တဲ့ အစားအစာ (၇)မျိုးကိုဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ခွင့်ပြုချက်မယူဘဲ  အမှုဖြစ်နေစဉ် အတောအတွင်း  အုတ်တံတိုင်းကာရံနေမှုအား  တားဆီးပေးဖို့ မတ်လ ၁၁ရက်/၂၅ရက်နေ့   နှစ်ကြိုမ်တိုင်...
01/04/2019

ခွင့်ပြုချက်မယူဘဲ အမှုဖြစ်နေစဉ် အတောအတွင်း အုတ်တံတိုင်းကာရံနေမှုအား တားဆီးပေးဖို့ မတ်လ ၁၁ရက်/၂၅ရက်နေ့ နှစ်ကြိုမ်တိုင်တိုင် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ တိုင်စာ ပို့ခဲ့သော်လဲ ယနေ့ အချိန်ထိ ကွင်းဆင်း စစ်ဆေးအရေးယူခြင်းမရှိသေး၍ တာဝန်ရှိသူများသိရှိရန်တင်ပြအပ် ပါသည်။
စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ ခင်ဗျာ ယခုကိစ္စသည် သာမာန် အုတ်တံတိုင်းကာရံမှုမျိုးမဟုတ်(အပြင်မှ ဝါးကပ်ကာပီးအတွင်းခြမ်းမှ ခိုး၍ အုတ်တံတိုင်း တစ်ခန်းစာကာပီး) မြေစာရင်း၏ မြေတိုင်းတာခွဲခြမ်းသတ်မှတ်ပေးရန် စောင့်ဆိုင်းချိန်အတွင်း စည်ပင်ခွင့်ပြုချက် မယူဘဲ လုပ်ဆောင်သော ဥပဒေမဲ့ လုပ်ဆောင်မှုမျိုးဖြစ်ပါသည်။ မြို့မရပ်ကွက်ဥက္ကဌ ကိုယ်တိုင်လဲ ထိုကိစ္စ အကြောင်းအရာ ဖြစ်စဉ် အားလုံးသိရှိထားသူ ဖြစ်ပါတယ် ။
မြို့နယ် စည်ပင်သာယာရေး တာဝန်ရျိသူများအနေဖြင့် အခြေအနေအမှန်ကိုအမြန်ဆုံးသိရှိနားလည်နိုင်ပီး အမှုဖြစ်နေစဉ် ဥပဒေမဲ့ အုတ်တံတိုင်းကာရံထားမှုအား အမြန်ဆုံး စည်ပင် ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ရေး တင်ပြအပ်ပါတယ်ခင်ဗျာ။

ခွင့်ပြုချက်မယူဘဲ  အမှုဖြစ်နေစဉ် အတောအတွင်း  အုတ်တံတိုင်းကာရံနေမှုအား  တားဆီးပေးဖို့ မတ်လ ၁၁ရက်/၂၅ရက်နေ့   နှစ်ကြိုမ်တိုင်...
30/03/2019

ခွင့်ပြုချက်မယူဘဲ အမှုဖြစ်နေစဉ် အတောအတွင်း အုတ်တံတိုင်းကာရံနေမှုအား တားဆီးပေးဖို့ မတ်လ ၁၁ရက်/၂၅ရက်နေ့ နှစ်ကြိုမ်တိုင်တိုင် မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ တိုင်စာ ပို့ခဲ့သော်လဲ ယနေ့ အချိန်ထိ ကွင်းဆင်း စစ်ဆေးအရေးယူမှုမရှိဘဲ မသိချင်ယောင်ဆောင်နေခြင်းမှာ တာဝန်ရှိသူများ အဂတိတရားကင်းကင်း လုပ်ဆောင်ခဲ့ပါသလား။
စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူများအနေနဲ့ အခြေအနေအမှန်ကိုအမြန်ဆုံးသုံးသပ်နိုင်ပီး စည်ပင် ခွင့်ပြုချက်မရှိ (အမှုဖြစ်နေစဉ်)ယခုလို ဥပဒေမဲ့လုပ်ရပ်ကို စည်ပင်လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူ ဆောင်ရွက်ပေးနိုင်ရန် social media မှ ထပ်ဆင့်အသိပေးအပ်ပါတယ်ခင်ဗျာ။

Address

Pyawbwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when ပျော်ဘွယ် အိမ်ခြံမြေ အရောင်းအဝယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share