Happy GPS Pyay

Happy GPS Pyay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Happy GPS Pyay, Security guard service, Nawaday Bridge Street, Pyay.

29/03/2026

📣 Happy GPS Myanmar မှ သုံးစွဲသူမိဘပြည်သူများအားလုံးကို အသိပေးခြင်း 📣

ချစ်ခင်ရပါသော Happy GPS သုံးစွဲသူများ ရှင့်
🗓️ **၂၀၂၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့** နောက်ဆုံးထားပြီး အောက်ပါအချက်လေးတွေကို ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင့်။

အားလုံးပဲ အဆင်ပြေကြပါစေ။ 🙏

ကိုယ့်သူငယ်ချင်းတွေလည်း သိအောင် share ပေးလိုက်ပါဦးနော် ....

#အရေးကြီးအသိပေးချက်

27/03/2026

"လူကြီးမင်းတို့ကားမှာတပ်ထားတဲ့ GPS စက်တွေ 𝐈𝐌𝐄𝐈 𝐂𝐡𝐞𝐜𝐤 လုပ်ပြီးကြပြီလား ?
ဧပြီလ (၁) ရက်နေ့ရောက်ဖို့ ရက်ပိုင်းပဲ လိုတော့တယ်နော် ❞

မိုဘိုင်းဖုန်းတွေနည်းတူ SIM Card အသုံးပြုရတဲ့ GPS စက်တွေဟာလည်း 𝐂𝐄𝐈𝐑 (𝐂𝐞𝐧𝐭𝐫𝐚𝐥 𝐄𝐪𝐮𝐢𝐩𝐦𝐞𝐧𝐭 𝐈𝐝𝐞𝐧𝐭𝐢𝐭𝐲 𝐑𝐞𝐠𝐢𝐬𝐭𝐞𝐫) စနစ်မှာ 𝐖𝐡𝐢𝐭𝐞𝐥𝐢𝐬𝐭 ဝင်ဖို့ မဖြစ်မနေ လိုအပ်မယ် မလိုအပ်ဘူးဆိုတာ အတိအကျ မသိရသေးပေမယ့် အခုလက်ရှိ ကိုယ်အသုံးပြနေတဲ့ GPS ရဲ့ IMEI နံပါတလေးကို CEIR မှာ စစ်ကြည့်ထားတာတော့ ပိုပြီး စိတ်ချရမယ်နော်....
အချိန်မီ Register မလုပ်ထားဘူးဆိုရင် ဖုန်းလိုင်းတွေ အသုံးပြုလို့မရတော့ဘဲ GPS လိုင်းကျသွားတာ၊ ကားတည်နေရာကို အချိန်နဲ့တစ်ပြေးညီ ကြည့်ရှုလို့ မရတော့တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

✅ လက်ရှိ လိုင်းတက်နေတဲ့ (Active) စက်များအတွက် -
ယခုလက်ရှိ အချိန်မှာ မိမိတို့ရဲ့ GPS စက်လေးဟာ Application ထဲမှာ လိုင်းတက်နေတယ် (Active ဖြစ်နေတယ်) ဆိုရင်တော့ လုံးဝ (လုံးဝ) စိတ်ပူစရာမလိုပါဘူးခင်ဗျာ။ 𝐇𝐀𝐏𝐏𝐘 𝐆𝐏𝐒 𝐌𝐲𝐚𝐧𝐦𝐚𝐫 က တပ်ဆင်ပေးထားတဲ့ စက်တွေဟာ တရားဝင် မှတ်ပုံတင်ထားပြီးသားဖြစ်လို့ ဧပြီ (၁) ရက်နေ့ နောက်ပိုင်းမှာလည်း အရင်လိုပဲ စိတ်ချလက်ချ ဆက်လက်အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။

⚠️ လိုင်းကျနေတဲ့ (Offline) စက်များအတွက် အထူးသတိပြုရန် -
ဒါပေမယ့် မိမိရဲ့ GPS စက်ဟာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ - ဆင်းကတ် သက်တမ်းကုန်နေတာ၊ ကားဘက်ထရီဖြုတ်ထားတာ စသည်ဖြင့်) လက်ရှိမှာ အော့ဖ်လိုင်း (Offline) ဖြစ်နေမယ်၊ လိုင်းမတက်ဘူး ဖြစ်နေမယ်ဆိုရင်တော့... ဧပြီ (၁) ရက်နေ့ မတိုင်ခင် အချိန်မီ ဆိုင်ကိုလာရောက် ပြသပြီး စစ်ဆေးပေးကြဖို့ အထူး မေတ္တာရပ်ခံ အကြောင်းကြားအပ်ပါတယ်ခင်ဗျာ။

(Offline ဖြစ်နေတဲ့ စက်တွေဟာ ကွန်ရက်နဲ့ ချိတ်ဆက်မထားတဲ့အတွက် Whitelist စာရင်းဝင်ဖို့ အခက်အခဲရှိနိုင်လို့ပါခင်ဗျာ။)

ဧပြီ (၁) ရက်နေ့ရောက်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့အတွက် Offline ဖြစ်နေတဲ့ Customer တွေအနေနဲ့ နောက်ပိုင်းမှာ လိုင်းပြတ်သွားတာမျိုးတွေ မကြုံရလေအောင် အမြန်ဆုံး လာရောက်စစ်ဆေးဖို့ ထပ်မံ သတိပေးလိုက်ရပါတယ်နော်။

"ဆိုင်ကယ်မှာ GPS တပ်ရင် ဘက်ထရီစားလား?" ဒီမေးခွန်းက GPS တပ်တော့မယ့်သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါ။ ဆိုင်ကယ် အခိုးခံရမှာ...
23/03/2026

"ဆိုင်ကယ်မှာ GPS တပ်ရင် ဘက်ထရီစားလား?"
ဒီမေးခွန်းက GPS တပ်တော့မယ့်သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပါ။
ဆိုင်ကယ် အခိုးခံရမှာစိုးလို့လည်း တပ်ချင်တယ် ဒါပေမဲ့ တပ်လိုက်ပြန်ရင်လည်း ဘက်ထရီအားကုန်သွားပြီး ဆိုင်ကယ် ဘက်ထရီအိုးကို ခဏခဏလဲရမှာ စိုးရိမ်ကြပါတယ်ရှင့် ။
တကယ်တော့ GPS ဆိုတာက ဖုန်းတစ်လုံးလိုပါပဲ။ သင့်ဆိုင်ကယ် ဘယ်နားရောက်နေလဲဆိုတာကို ဂြိုဟ်တုကတစ်ဆင့် Mobile Data ကို အသုံးပြုပြီး အမြဲတမ်း ချိတ်ဆက်ပို့ဆောင်ပေးနေရတာဖြစ်လို့ Battery power ကို အမြဲတမ်း အနည်းငယ် သုံးစွဲနေရတာပါ။ GPS အသုံးပြုနေတဲ့အချိန်မှာ ဆိုရင် ဆိုင်ကယ် battery က နေ ပြီးတော့ GPS က 0.05mAh (milliampere) သုံးနေမှာဖြစ်ပါတယ်။ တကယ်တော့ ဒီပမာဏက အရမ်းကို နည်းပါးပြီး ပုံမှန် မီးအသေး တစ်လုံး ထွန်းထားသလောက်ပဲ ရှိတာ ဖြစ်ပါတယ်ရှင့်။ နောက်ပြီး ဆိုင်ကယ် ဆိုတဲ့ သဘောကလည်း မသုံးဘဲ ဒီအတိုင်း ရပ်ထားရင် အားကုန်သွားတက်တဲ့ သဘောရှိပါတယ်ရှင့် ။

ဒီနေ့မှာတော့ ဆိုင်ကယ် မှာ GPS တပ်ပြီး ဘက်ထရီ မထိခိုက်အောင် အသုံးပြုလို့ရတဲ့ နည်းလမ်း (၃) ခုကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးနည်းလမ်းကတော့ အလွယ်ဆုံးနှင့် အထိရောက်ဆုံးဖြစ်တဲ့ ဆိုင်ကယ်ကို ပုံမှန်နှိုးပေးခြင်း (သို့) ဆိုင်ကယ်ကို ပုံမှန် အသုံးပြုပေးခြင်း ဖြစ်ပါတယ်ရှင့်
တကယ်တော့ ဆိုင်ကယ်ကို တစ်ရက်၊တစ်ခါလောက် ၁၅ မိနစ်ခန့် နှိုးပေးတာမျိုး ဒါမှမဟုတ် ဆိုင်ကယ်ကို အနီးအနားဖြစ်ဖြစ် အသုံးပြုပေးတာ ဖြစ်ပါတယ်။ ဒါဆိုရင် ဘက်ထရီက အားပြန်ဖြည့် (Charging) သွားတဲ့အတွက် GPS ကြောင့် အားကုန်သွားမှာကို စိုးရိမ်စရာမလိုတော့ပါဘူး။ ပုံမှန် အသုံးပြုပေမယ့် အားမဝင်ဘူးဆိုရင်တော့ ဘက်ထရီ ဒိုင်အုပ် ကို စစ်ဆေးရမှာ ဖြစ်ပါတယ်ရှင့် ။

ဒုတိယနည်းကတော့ GPS ကို ဆိုင်ကယ် Battery တိုက်ရိုက်ကြိုးမှာ မတပ်ဘဲ သော့ဖွင့်မှ GPS ကို အလုပ်လုပ်အောင် တပ်ဆင်လို့ရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက ဆိုင်ကယ် ပုံမှန် မောင်းနေချိန်မှာတော့ GPS က active ဖြစ်ပေမယ့် ရေရှည်မှာတော့ GPS Signal များ ထိခိုက်နိုင်သည့်အပြင် ဆိုင်ကယ်ရပ်ထားချိန်မှာ active မဖြစ်နိုင်တော့တဲ့အတွက် ခိုးယူခံရရင် ရှာရခက်နိုင်ပါတယ်။ ဒါကြောင့် ညီမတို့ကတော့ အကြံပေးလေ့ မရှိပါဘူးရှင့်။

တတိယနည်းတော့ Low Battery Protection ကို ချိန်ထားခြင်းဖြစ်ပါတယ်။ Low Battery Protection ဆိုတာက GPS ကနေပြီတော့ Battery ရဲ့ Voltage က 12 V အောက် ကို ရောက်တဲ့အခြေအနေမျိုးမှာ ဘက်ထရီကနေ ပါဝါမယူတော့ဘဲ GPS အထဲက battery ကို စတင်အသုံးပြုမှာဖြစ်ပါတယ်ရှင့်။ အဲ့အပြင် HAPPY GPS က GPS တွေက ဆိုင်ကယ်ရပ်ထားပြီး တုန်ခါမှုမရှိတော့ရင် GPS က Sleep Mode ဖြစ်သွားတဲ့ Feature လည်း ပါဝင်ပါတယ်။ ဆိုင်ကယ်ပြန်လှုပ်တာနဲ့ ချက်ချင်းပြန်နိုးလာမှာဖြစ်လို့ ဆိုင်ကယ်ရပ်ထားတဲ့အချိန် ဘက်ထရီစားနှုန်းကို အနိမ့်ဆုံးအထိ လျှော့ချပေးပါတယ်။

GPS မရှိလို့ ဆိုင်ကယ်တစ်စီးလုံး ပါသွားတာထက်စာရင် 0.05mAh လောက် စားတာက ပိုတန်ပါတယ်။ မှန်ကန်တဲ့ GPS Device နှင့် စနစ်တကျ တပ်ဆင်တတ်တဲ့ ကျွမ်းကျင်ပညာရှင်တွေနဲ့ တပ်ဆင်မယ်ဆိုရင် ဘက်ထရီပြဿနာက သင့်အတွက် စိုးရိမ်စရာ မဟုတ်တော့ပါဘူး။

HAPPY GPS Myanmar ဆက်သွယ်ရန် အချက်အလက်များ:
ဆိုင်လိပ်စာ: ၁၀၇ လမ်း၊ ၆၉ နှင့် ၇၀ လမ်းကြား၊ ချမ်းမြသာစည်၊ မန္တလေးမြို့
ဖုန်းနံပါတ်: 09 955 65 3366

Happy GPS Pyay
အမှတ်(843)၊နဝဒေးတံတားလမ်း၊ သန္ဓေပင်ရပ်ကွက်၊
ဗိုလ်တစ်ထောင်ဘုရားအနီး၊ ပြည်မြို့။
09451260733 / 09973546646

#ကားGPS

အပြင်သွားတဲ့ မိသားစုဝင်တွေဆီ ဖုန်းဆက်လို့မရတဲ့ မိနစ်ပိုင်းလေးက သင့်အတွက် ငရဲကျနေသလို ခံစားရဖူးလား? 'အခု ဘယ်နားရောက်နေပြီ...
23/03/2026

အပြင်သွားတဲ့ မိသားစုဝင်တွေဆီ ဖုန်းဆက်လို့မရတဲ့ မိနစ်ပိုင်းလေးက သင့်အတွက် ငရဲကျနေသလို ခံစားရဖူးလား? 'အခု ဘယ်နားရောက်နေပြီလဲ' ဆိုတဲ့ စိုးရိမ်စိတ်တွေကို အပြီးတိုင် အနားပေးလိုက်ပါ။"

Happy GPS Myanmar ရဲ့ GPS Tracking Device တွေက သင့်မိသားစုရဲ့ လုံခြုံရေးအတွက် ဘယ်လိုအသုံးဝင်လဲဆိုတာ ကြည့်လိုက်ရအောင်-
ကလေးတွေ ကျောင်းကို ဘေးကင်းကင်း ရောက်ပြီလား၊ အလုပ်သွားတဲ့သူတွေ ဘယ်နေရာကို ရောက်နေပြီလဲဆိုတာ သင့်ဖုန်းလေးနဲ့ပဲ အချိန်မရွေး၊ နေရာမရွေး စောင့်ကြည့်နိုင်ပါတယ်။
သင့်မော်တော်ယာဉ်က ဘယ်နေရာကို ရောက်နေလဲဆိုတာကို မြေပုံပေါ်မှာ တိုက်ရိုက်မြင်နေရမှာပါ။
ဥပမာ- ပြည်မြို့သစ်စျေးကနေ ပြည်ဘူတာကြီးကို
ဘယ်နှမိနစ်နဲ့ ရောက်သွားလဲဆိုတာမျိုး အသေးစိတ် ခရီးစဉ်မှတ်တမ်းများကိုပါ ပြန်လည်ကြည့်ရှုနိုင်ပါတယ်။
မမျှော်လင့်ဘဲ အန္တရာယ်တစ်ခုခု ကြုံလာခဲ့ရင် (ဥပမာ- ယာဉ်ခိုးယူခံရရင်) ယာဉ်ကို ဖုန်းထဲကနေ စက်လှမ်းရပ်တန့်နိုင်တာကြောင့် ပိုမိုစိတ်ချရပါတယ်။ ဒါ့အပြင် ကိုယ့်မိသားစုဝင်တွေ အန္တရာယ်ကြုံရင် သူတို့ရဲ့ တည်နေရာကို အမြန်ဆုံးသိရှိပြီး အချိန်မီ ကူညီနိုင်မှာပါ။

သင့်မော်တော်ယာဉ်ရဲ့ လုံခြုံရေးနဲ့ ချစ်ရတဲ့မိသားစုဝင်တွေရဲ့ စိတ်အေးချမ်းသာမှုအတွက် Happy GPS Myanmar ရဲ့ GPS Tracking Device တွေကို အခုပဲ တပ်ဆင်လိုက်ပါ။

အသေးစိတ်သိရှိလိုပါက Happy GPS Myanmar
Call Center : 09-955653366,
Viber Error Solution : 09-772288759
Showroom: 107လမ်း၊ 69လမ်း x 70လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ။

Happy GPS Pyay
အမှတ်(843) ၊ နဝဒေးတံတားလမ်း ၊ ဗိုလ်တစ်ထောင်ဘုရားအနီး၊ သန္ဓေပင်ရပ်ကွက် ၊ပြည်မြို့။
09451260733 / 09973546646

#မိသားစု #လုံခြုံရေး

20/03/2026

စီးတော်ယာဉ်လေး ပျောက်သွားပြီဆိုရင်... လူက ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘယ်မှာရှာရမလဲ မျက်စိပျက် လမ်းပျက် ဖြစ်တတ်တာ သဘာဝပါ။ 😰

တကယ်လို့ အဲ့ဒီအချိန် ကိုယ့်တိုင်ကြုံခဲ့မယ်ဆိုရင် ဘယ်နည်းလမ်းကို အားကိုးမလဲ?"

1 . အသိမိတ်ဆွေတွေ ဝိုင်းကူရှာခိုင်းတာ 🤝

2. အနီးအိမ်က CCTV တွေ လိုက်ပတ်ကြည့်တာ 📹

3. ဖုန်းထဲကနေ တည်နေရာကို Live ကြည့်တာ 🛰️

ကဲ အောက်မှာ အဖြေလေးတွေ မန့်ပေးခဲ့ကြပါဦးနော်
မင်မင်ကတော့ GPS တပ်ထားတဲ့အတွက် ဖုန်းထုတ်ပြီး တည်နေရာကြည့်လိုက်ရမှာဆိုတော့ နံပါတ် ၃ ပါပဲ ....

မိတ်ဆွေတို့ရော ဘာနံပါတ်တွေ ဖြစ်မလဲ ???

20/03/2026

GPS နှင့် Smart Tag ဘာကွာသလဲ?

GPS ဆိုတာက ဂြိုလ်တုကို တိုက်ရိုက်ချိတ်ဆက်ပြီး စက်အထဲက Sim Card က Mobile Data ကို အသုံးပြုပြီး တည်နေရာကို ပြပေးတာ ဖြစ်တဲ့အတွက်ကြောင့် အင်တာနက်လိုင်းရတဲ့ ဘယ်နေရာမှာမဆို ဖုန်းထဲကနေပြီးတော့ တည်နေရာကို တိတိကျကျ အချိန်နှင့် တပြေးညီ ပြပေးနိုင်ပါတယ်။

HAPPY Smart Tag ဆိုတာကတော့ BLE နည်းပညာကို အသုံးပြုထားပြီး အနားမှာရှိတဲ့ တခြားသော BLE Network ကနေ တဆင့် တည်နေရာကို ပို့ပေးတာဖြစ်ပါတယ်။

HAPPY Smart Tag က ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲ
✅ အိမ်သော့၊ ကားသော့ ၊ ပိုက်ဆံအိတ် ခဏခဏ ပျောက်တတ်သူတွေအတွက် အိတ်ထဲမှာ ထည့်ထားရုံ ၊ သော့ချိတ်နှင့် တွဲထားရုံနဲ့ ဘယ်နားရှိနေလဲ အလွယ်တကူ သိနိုင်ပါတယ်။
✅ သင့်ရဲ့ ချစ်စရာကောင်းတဲ့ ခွေးလေး၊ ကြောင်လေးတွေရဲ့ လည်ပတ်မှာ ချိတ်ထားပေးနိုင်ပါတယ်။
✅ သင့်ရဲ့ ကား၊ ဆိုင်ကယ်မှာ မသိအောင် ထည့်ထားလို့ရပါတယ်

HAPPY Smart Tag ရဲ့ အားသာချက်များ (GPS နှင့် ကွာခြားချက်)
✅Battery အားသွင်းစရာမလိုခြင်း
✅Sim Card ထည့်စရာမလိုခြင်း
✅Server သက်တမ်းတိုးစရာမလိုခြင်း
✅GPS လို ကြိုးတပ်ဆင်စရာမလိုခြင်း
✅ ဆိုင်ကယ် ၊ ကားမှာ GPS ထက်ပိုပြီး လျှို့ဝှက်စွာ တပ်ဆင်နိုင်ခြင်း
✅ ချစ်ရတဲ့ တိရိစ္ဆာန်လေးတွေမှာ လည်ပတ်နှင့် ဆွဲထားနိုင်ခြင်း
✅ဝယ်ပြီးရင် ဘာမှ ပိုက်ဆံ ထပ်မကုန်တော့မယ့် စက်လေးပါ။

အားနည်းချက်များ (GPS နှင့် ကွာခြားချက်)
✅Real-time Tracking မရနိုင်ခြင်း
✅Playback ( သွားခဲ့သော လမ်းကြောင်း) မှတ်တမ်းမရနိုင်ခြင်း
✅Android ဖုန်းဆိုလျှင် Global ဖုန်းများသာ အသုံးပြုလို့ရနိုင်ပါသည်။

💰 ဈေးနှုန်းနှင့် အသေးစိတ်ကို သိရှိလိုပါက Messenger ကနေဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါပြီ။

လူကြီးမင်းတို့အတွက် HAPPY GPS
09-955653366 ( Call Center )
09-772288759 ( Viber Solution )
၁၀၇ လမ်း ၊ ၆၉ နှင့် ၇၀ လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။


21/09/2025
21/09/2025

Address

Nawaday Bridge Street
Pyay
08151

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

09451260733

Website

Alerts

Be the first to know and let us send you an email when Happy GPS Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share