Younique CCTV Pyay

Younique CCTV Pyay ပြည်မြို့ အတွက် အကောင်းဆုံးသော ၀◌န်ဆောင်မှုနဲ့အတူ ရှိနေပြီ

14/08/2020

ဒီနေ့ခေတ်မှာ ကိုယ့်ကုန်ပစ္စည်းအကြောင်းကို ပြောပြရုံ၊ ရှင်းပြရုံနဲ့ ‌ရောင်းရပြီလို့ သင်မထင်ပါနဲ့။

ကိုယ့် Customers တွေကို ကိုယ့်ကုန်ပစ္စည်းရဲ့ အားသာချက်တွေကို ပြောပြရုံ၊ ကိုယ့် Product ရဲ့ Promotion တွေအကြောင်း ရှင်းပြရုံမဟုတ်ပဲနဲ့ ဒီထက်ပိုပြီးစဉ်းစားရမယ့် အကြောင်းအရာတွေ အများကြီးရှိလာပါပြီ။

ဘာကြောင့်လဲဆိုရင် ယနေ့ခေတ်မှာ Customers တွေက ကြော်ငြာရုံနဲ့ စိတ်မဝင်စားတော့ပါဘူး၊ သူတို့ဝယ်ယူလိုတဲ့ ပစ္စည်းပေါ်မှာ တခြားသူများ ပေးထားတဲ့ Review တွေ Recommend ကြည့်ပြီး ‌သူတို့စိတ်ကြိုက် ရွေးချယ်ဝယ်ယူလို့ ရတယ်ဆိုတာကို သိသွားကြလို့ပါပဲ။

page တစ်ခုဟာ Strategy ကောင်းကောင်းမရှိပဲ ကုန်ပစ္စည်းတွေရောင်းအားတက်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။
မိမိတို့ရဲ့ ကုန်ပစ္စည်းတွေ ရောင်းအားတက်ပြီး Social Media မှာ လူသိများ အောင်မြင်ဖို့အတွက် သင့်တော်တဲ့ Marketing Strategy တွေ၊ Technical tools တွေကို အသုံးပြုတက်ဖို့လိုအပ်ပါတယ်။ ✅✅

"သင့်အနေနဲ့ ဒါတွေမလုပ်တက်ဘူးဆိုရင် HSP မှ ကူညီဖို့ အဆင်သင့် ရှိနေပါတယ်။"
🥰ဒါကြောင့် မိတ်ဆွေတို့က မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းတွေ အရည်အသွေးကောင်းဖို့ပဲ အာရုံစိုက်ပါ.....
🥰ကျွန်မတို့ HSP Digital Marketing Team မှ လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းများကို ရောင်းအားတက်လာဖို့ကူညီပေးပါရစေ…..
🥰ကျွန်မတို့ HSP Digital Marketing Agency မှ လူကြီးမင်းတို့၏ လုပ်ငန်းနှင့် ကုန်ပစ္စည်းများကို လူစိတ်ဝင်စားမှု ပိုရလာပြီး ရောင်းအားတက်လာစေရန်အတွက် 👉Page များအား Promote လုပ်ပေးခြင်း၊
👉Boost ထိုးပေးခြင်း ၊
👉Content Calender များကိုရေးဆွဲပေးခြင်း နှင့်
👉ဆန်းသစ်သော Videoများ ဖန်တီးပေးခြင်း တို့ကိုပြုလုပ်ပေးလျှက် ရှိပါတယ်ရှင်.....
🥰 လှပသော Design၊ ဆန်းသစ်သော Idea၊ တမူထူခြားသော Content တွေနဲ့ လူကြီးမင်းတို့ရဲ့ Product တွေ ၊ လုပ်ငန်းတွေ အောင်မြင်ဖို့အတွက် Facebook Marketing နဲ့ Messenger Marketing ဝန်ဆောင်မှုတွေကို ဈေးသက်သက်သာသာနဲ့ ဆောင်ရွက်ပေးလျက်ရှိပါတယ်....
👉🧡"ကောင်းမွန်သော ဘဝဆီမှ ပိုမိုအောင်မြင်သော အနာဂတ်အသစ် ပိုင်ဆိုင်ဖို့ ကျွန်မတို့နဲ့အတူ ဆေးရာင်လှလှ ခြယ်လိုက်ရအောင်"🧡👈
🥰 အသေးစိတ် တိုင်ပင်ဆွေးနွေးလိုပါက
👉"HSP Digital Marketing Agency" page ရဲ့ Messenger မှ ဖြစ်စေ၊
👉ဖုန်းနံပါတ် 09893199994 ကို ဆက်သွယ်၍ ဖြစ်စေ၊
👉လိပ်စာ - "ရွှေတချောင်းလမ်းနှင့် မြင်းတပ်လမ်းထောင့်၊ မေစတိုင် (Beauty Salon ) အပေါ်ထပ်၊ ပြည်မြို့။" သို့ လာရောက်၍ ဖြစ်စေ
ဆက်သွယ် စုံစမ်း မေးမြန်း နိုင်ပါတယ်ရှင်......







07/08/2020

ပြည်မြို့မှ အသေးစားနဲ့ အလတ်စား၊စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် သတင်းကောင်း🥰🥰

‘အာဇာနည်နေ့ ဒို့မမေ့’😢💞၂၀၂၀ခုနှစ်၊ဇူလိုင်လ (၁၉) ရက်နေ့ ဟာ(၇၃) ကြိမ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်ရှင်။ဇူလိုင်လ (၁၉) ရက်နေ့တွ...
17/07/2020

‘အာဇာနည်နေ့ ဒို့မမေ့’😢💞
၂၀၂၀ခုနှစ်၊ဇူလိုင်လ (၁၉) ရက်နေ့ ဟာ(၇၃) ကြိမ်မြောက် အာဇာနည်နေ့ဖြစ်ပါတယ်ရှင်။
ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျ‌ရောက်သော အာဇာနည်နေ့သည် ပြည့်သူ့ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကိုးဦးတို့ ကျဆုံးခဲ့တဲ့နိုင်ငံတော်အဆင့် အောက်မေ့ဖွယ် အထိမ်းအမှတ်နေ့တစ်နေ့ ဖြစ်ပါတယ်.....
ထို့နေတွင် နှစ်စဉ်နှစ်တိုင်း ကျဆုံးခဲ့သော အာဇာနည်ခေါင်းဆောင်များအတွက် နိုင်ငံတစ်ဝန်းလုံး၌ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံလွှင့်ထူခြင်း၊ ဥသြဆွဲခြင်း၊ အာဇာနည်ဗိမာန်သို့ သွားရောက်ဂါဝရပြုခြင်း၊ လွမ်းသူပန်းခွေချ၍ အလေးပြုခြင်း၊ အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ပြုလုပ်ကြပါတယ်....
သို့ဖြစ်ပါ၍ ၂၀၂၀ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်မည့် (၇၃)ကြိမ်မြောက် အာဇာနည်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် " #ဘာပဲလိုလိုပြည်လမ်းညွှန်ရှိတယ်" မိသားစုမှ ကျဆုံးလေပြီးသော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် (၉)ဦးအား အောက်မေ့သတိရသောအားဖြင့် ဂါဝရပြုအပ်ပါတယ်ရှင်...
#ဘာပဲလိုလို ပြည်လမ်းညွှန်ရှိတယ်

15/07/2020

စီးပွားရေးလုပ်ငန်းရှင်များအတွက်..🥰🥰🥰

24/06/2020

မင်္ဂလာပါ🙏🙏….
👉😍ဘာပဲလိုလို ပြည်လမ်းညွှန် Page ကို Like လုပ်ထားသော မိဘပြည်သူများ သိရှိလိုသမျှ အလွယ်တကူ ရှာဖွေ၊ မေးမြန်းနိုင်ရန် ရည်ရွယ်၍ Page ၏ Messenger အား Auto Reply Chatbot အဖြစ် ပြောင်းလဲလိုက်ကြောင်း သတင်းကောင်းပါး ပါရစေ…..📩😱💯
အခုပဲ Page Messenger အား ဝင်ရောက်စမ်းသပ် သုံးစွဲကြည့်ဖို့ အကြံပြုလိုက်ရပါတယ်...🥰😘

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄...
30/03/2020

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၃၀-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၀-၃-၂၀၂၀) ရက်နေ့၊ ညနေ (၅:၁၅) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၅)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၄) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၁) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၂။ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (Case-08) (ဧည့်လမ်းညွှန်) ၏ ရောဂါဖြစ်ပွားမှု ရာဇဝင်စစ်ဆေးချက်အရ ၎င်းဧည့်လမ်းညွှန်လုပ်ငန်း ဆောင်ရွက်ခဲ့သည့် ပြင်သစ်နိုင်ငံသား ခရီးသွား ဧည့်သည် (၄)ဦးအား (၂၈-၃-၂၀၂၀)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟိုတယ် တစ်ခုတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ဆောင်ရွက်ခဲ့ပြီး (၂၉-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ (၄)ဦး အနက် (၃)ဦး (Case-11)၊ (Case-12) နှင့် Case-13) တို့တွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိ ခဲ့သဖြင့် ၎င်းတို့ (၃)ဦးအား ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူစေမည် ဖြစ်ပါသည်။ အဆိုပါ (၃)ဦးတွင် လက်ရှိအခြေအနေအရ ရောဂါလက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရပါ။

၃။ ဓာတ်ခွဲအတည်ပြုလူနာ (Case-14) သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် တွင် နေထိုင်သော အသက် (၂၄) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ တာချီလိတ် မြို့တွင် (၂)ညတာတည်းခိုနေထိုင်ခဲ့ပါသည်။ (၂၇-၃-၂၀၂၀)ရက်နေ့၊ ညနေတွင် တာချီလိတ်မြို့မှ မန္တလေးမြို့သို့ လေကြောင်းဖြင့်ရောက်ရှိခဲ့ပြီး အဆိုပါနေ့ ညနေပိုင်းတွင် ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ ရောက်ရှိခဲ့ပါသည်။ (၂၈-၃-၂၀၂၀) ရက်နေ့တွင် အလွန်အမင်း အန်ခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ပြည်သူ့ဆေးရုံ၊ ကျောက်မဲမြို့သို့ (၂၈-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းတွင် လာရောက်ပြသခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ၍ ဆေးကု သမှုခံယူကာ ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ လူနာ၏ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပါသည်။

၄။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။
#ကျန်းမာရေး page. ကူးယူသည်

လက်ဆင့်ကမ်းမျှဝေပါသည်။အကြောက်လွန်ဖို့ထက် သတိဝီရိယထားပြီးစနစ်တကျနေထိုင်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။ကိုယ်တိုင်နှင့်ချစ်သောသ...
24/03/2020

လက်ဆင့်ကမ်းမျှဝေပါသည်။

အကြောက်လွန်ဖို့ထက် သတိဝီရိယထားပြီး
စနစ်တကျနေထိုင်ဖို့ပဲ တိုက်တွန်းချင်ပါတယ်။
ကိုယ်တိုင်နှင့်ချစ်သောသူများအားလုံး ကပ်ဆိုးဘေးမှ ကင်းဝေးကြပါစေ ❤

23/03/2020

Positive Thinking 🙏🙏🙏

အားလုံးပဲ Case ကိုသေချာဖတ်ကြည့်ပါ။

👉 Case 1

၁) တီးတိန်ဘက်ကို ပြန်သွားတာ ဖြစ်တဲ့ အတွက် လူဦးရေ နည်းပါတယ်။

၂) အါ့ဘက်က ၆ ရက်အကြာ ဆေးရုံ တတ်တာ ဖြစ်လို့ လူအများကြီး ထိတွေ့တာ မဖြစ်နိုင်ပါဘူး။

၃) ၆ ရက်အတွင်း လှည်ပတ်သွားရအောင် တီးတိန်ကလည်း လူနဲပါတယ်။

=========

👉 Case 2

၁) ၂၂ ရက်နေ့ ပြန်တယ်။ သူက ရန်ကုန်မှာပဲ ရှိပါတယ်။

၂) ၂၃ ရက်နေ့ ဆေးစစ်တာ တွေ့တယ်ဆိုတော့ အချိန်မှီတာပါ။

၃) သူက ကျန်းမာရေး စောင့်ရှောက်မှု အောက်ရှိပါတယ်။

=======

👉 အကောင်းမြင်တတ်ပါ။

ဒီ Statement မထုတ်ခင်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများက

Plan တခုခု ဆွဲပီးမယ် ယုံပါတယ်။

ဥပမာ တီးတိန်ဘက်ကို Chase လိုက်တာမျိုး အခု ညတွင်းချင်းလဲ လုပ်မှာပါ။

ပူဖို့ မလိုပါဘူး။

နောက်ထပ် လူနာပေါ်လာရင်လည်း မြန်မြန် သိဖို့ပဲ လိုပါတယ်။

=======

ရှောင်ရန်ကတော့ (အရေးကြီး)

၁) လူစုလူဝေးရှောင်ပါ။

အားလုံး ကျန်းမာပါစေ။

credit Ko Bhone Myint Moe

မြန်မာပြည်မှာ ၂ ဦးတွေ့ရှိ
23/03/2020

မြန်မာပြည်မှာ ၂ ဦးတွေ့ရှိ

17-2-2020ဂုဏ်ပြုထိုက်သူများWHO က global emergency လို့ကြောငြာလိုက်ချိန်မှာတရုတ်နယ်စပ်ဂိတ်ကနေအလုအယက်နှင့်အမိမြန်မာပြည်ပြန...
17/02/2020

17-2-2020
ဂုဏ်ပြုထိုက်သူများ

WHO က global emergency လို့
ကြောငြာလိုက်ချိန်မှာတရုတ်နယ်စပ်ဂိတ်ကနေ
အလုအယက်နှင့်အမိမြန်မာပြည်ပြန်လားသူ
ဒုနှင့်ဒေးပါပဲ

အဲဒီထဲကတစ်ယောက်ကပုတီးကုန်းမြို့သူ
မဖြူဖြူဝင်း

တရုတ်မြန်မာ နယ်စပ်ဖြစ်ကျော်တဲ့
နေ့မှာပဲအဖျားရောဂါစတက်လာတယ်
သုံးရက်မြောက်နေ့မှာရွာပြန်ရောက်တယ်
အဖျားနှာစီးချောင်းဆိုးကိုက်ခဲလည်ချောင်းနာတာ
မသက်သာလို့ တိုက်နယ်ဆရာဝန်ကိုသွားပြပါတယ်

တကမ္ဘာလုံးကကြောက့်လန့်နေတဲ့
ကူးစက်ရောဂါများဖြစ်နေမလားဆိုတဲ့
စိုးရိမ်စိတ်နှင့်အတူမြို့နယ်ကိုသတင်းပေးပို့တယ်
သူ့ရဲ့တာဝန်သိမှုကိုလေးစားမိတယ်

မြို့နယ်မှတဆင့်
ဝန်ကြီးဌာနကိုသတင်းတက်ပေးလိုက်တယ်
ညရှစ်နာရီ MRTV သတင်းမှာပါလာတယ်

ပုတီးကုန်းတိုက်နယ်ဆေးရုံမှာ
ဝူဟန်ဗိုင်းရပ်ကူးစက်ခံရသူသံသယလူနာ
တစ်ဦးဆေးရုံတက်နေတယ်ပေါ့

ဒီသတင်းကိုမြန်မာ့အသံမှကြေငြာပြီးချိန်မှာ
ပုတီးကုန်းတမြို့လုံးနေစရာမရှိဘူး
လူနာနားကိုဘယ်သူမှမကပ်ရဲကြသလို
သီးသန့်ခန်းထဲမှာခွဲခြားထားတဲ့ တစ်ယောက်ထဲသော
လူနာကိုဘယ်သူမှဆေးသွားမထိုးရဲကြဘူး

သတင်းဌာနကတွေကလည်း
ဆေးရုံမှာမနက်ရောညပါလှုပ်လှုပ်ရွရွဆိုတော့
စဉ်းသားသာကြည့်တော့

ပုတီးကုန်းမြို့တမြို့လုံးအုံးအုံးကျက်ကျက်
ပုတီကုန်းကနေပဲထွက်ပြေးရတော့မယ်လိုလို
မြို့နယ်ကျန်းမာရေးဌာနကဘာမှမလုပ်ဘူးလား
ဆိုပြီးဆန္ဒပဲပြရတော့မှာလိုလို

ချီးကျူးစရာကောင်းတာက
တိုက်နယ်ဆရာဝန်ဒေါက်တာသန်းနိုင်လင်းကိုပါပဲ
N 95 mask နှင့်အတူလူနာဆီကိုနေ့တိုင်းသွားပြီး
ရင်းရင်းနှီးနှီးနုတ်ဆက်အားပေးစကားပြောတယ်

ဝန်ထမ်းတွေအတွက်ကူးစက်ရောဂါကာကွယ်ရေး
ဝတ်စုံ PPE ကိုမြို့နယ်ကထုတ်ပေးထားပေမဲ့
ကူးစက်ရောဂါသံသယရှိသူတစ်ဦးကို
ဘယ်လိုပုံစံနှင့်ထားတယ် ခွဲခြားကန့်သတ်တယ်
ဆိုတာ ဆရာဂန်တစ်ယောက်အနေနဲ့ သိပေမဲ့
ဒီဝတ်စုံကြောင့်အခြားလူနာတွေကြောက့်လန့်နေမှာ
စိုးလို့ အာ့လူနာခန်းထဲကို PPE ဝတ်စုံတောင်မဝတ်
ပဲသွားခဲ့တယ်
သူ့ရဲ့စေတနာမေတ္တာတွေမြင်ရပြန်တယ်

ရွေးချယ်စရာမရှိဘူး
တိုက်နယ်ဆရာဝန်ကိုယ်တိုင်မနက်ညလူနာ
သွားကြည့်ပြတော့ကျန်ဝန်ထမ်းတွေလည်း
မနေသာတော့ပါဘူး

တို့ဆရာဝန်တောင်သွားသေးတာပဲ
ငါတို့ဘာလို့မသွားရဲရမှာလည်းဆိုတဲ့စိတ်နှင့်
အလှည့်ကျသွားပြီးလူနာနှင့်ရင်းရင်းနှီးနှီးစကား
ပြောလာတယ် လူနာစိတ်အားငယ်သွားမှာစိုးတယ်
တိုက်နယ်ဆရာဝန်တစ်ယောက်ရဲ့ဦးဆောင်မှုကို
လေးစားအသိအမှတ်ပြုရပြန်တယ်

ဓာတ်ခွဲစစ်ဆေးမှုအဖြေထွက်ချိန်မှာတော့
အားလုံးကသက်ပြင်းကိုယ်စီချလို့ရင်ထဲကအလုံး
ကြီးကျသွားကြတယ်

တိုက်နယ်ဆရာဝန်စိတ်ထဲမှာဘယ်လိုခံစားရမှန်း
မသိပေမဲ့ လူနာအပေါ်မှာထားတဲ့ဆရာဝန်တစ်ယောက်
ရဲ့စိတ်ဓာတ်ကိုတော့အထူးလေးစားမိတယ်

တာဝန်ယူချင်စိတ်မရှိတဲ့ဆရာဝန်မျိုးဆို
ဒီလိုလူနာမျိုးကိုအထက်ဆေးရုံကိုလွဲမှာပဲ
ဒါပေမဲ့မလွဲခဲ့သလိုလွဲခဲ့ရင်လည်းလူနာကိုယ်တိုင်
မသွားနိုင်ပါဘူး
သူ့ရဲ့တာဝန်ယူမှာကိုလေးစားရပြန်တယ်

ဘာပဲဖြစ်ဖြစ်တိုက်နယ်ဆရာဝန်နှင့်ပုတီးကုန်း
ဆေးရုံဝန်ထမ်းအားလုံးကိုလေးစားပါတယ်
စစ်မှန်တဲ့မေတ္တာတရားနှင့်မှန်ကန်တဲ့စေတနာ
ကြောင့်လူနာလည်းဆေးရုံကဒီနေ့ဆင်းခွင့်ရပါပြီ

ပုတီးကုန်းမြို့သားတွေဒီလိုတိုက်နယ်ဆရာဝန်မျိုး
နောက်တစ်ယောက်ထပ်မရနိုင်တော့ဘူးလို့ဆိုပါရစေ

Respect ပါဆရာ

မြို့နယ်ကျန်းမာရေးဦးစီးဌာန
သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံpage မှကူးပါသည်

Yayy😊😊😊ခုဆိုရင် ကံထူးသူများ ထွက်ပေါ်လာပါပြီခင်ဗျာ😎ဟုတ်ကဲ့ပါ ဂုဏ်ယူတယ်ခင်ဗျာ 🥰ကံစမ်းမဲပေါက်ကြသူများ Page Chatbox မှာ သက်ဆ...
02/01/2020

Yayy😊😊😊

ခုဆိုရင် ကံထူးသူများ ထွက်ပေါ်လာပါပြီခင်ဗျာ😎

ဟုတ်ကဲ့ပါ ဂုဏ်ယူတယ်ခင်ဗျာ 🥰

ကံစမ်းမဲပေါက်ကြသူများ Page Chatbox မှာ
သက်ဆိုင်ရာ phone bill များကို
လာရောက် ရယူပေးပါခင်ဗျာ 😉

Mention လေးတွေလဲ ခေါ်ထားပေးပါတယ်နော် 😘

နောက်လည်း ဒီလိုအစီအစဉ်လေးတွေလာအုန်းမှာမလို့ Share သွားဖို့လည်း မမေ့နဲ့နော် 🤩🤩

Recommend box မှာလည်း recommendation လေးတွေပေးသွားကြပါအုန်းလို့ 🌚

Pyay Guide App လေးကလည်း Play Store မှာ
မကြာမှီပြန်လာတော့မှာဖြစ်ပါတယ် 😃

လောလောဆယ်အချိန်မှာ အဆင်ပြေစေဖို့ Link လေးပေးထားပေးပါမယ်နော် 🤗

https://drive.google.com/open?id=12iC6upF1sz-4c_slvgFt_MZ9tT021WWl

Address

Pyay
08151

Telephone

+959893199994

Website

Alerts

Be the first to know and let us send you an email when Younique CCTV Pyay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share