07/10/2026
BMS ပျက်စီးရခြင်းအတွက် အဖြစ်များတဲ့အကြောင်းအရင်းတွေကိုကြည့်ရင်
🔺 Short Circuit နဲ့ Current ဝန်ပိုခြင်း (Overcurrent)
BMS ရဲ့ သတ်မှတ် ခံနိုင်ရည် (Continuous/Peak Amps) ထက် ပိုပြီး Load တင်သုံးမိရင် သို့မဟုတ် Wiring ပိုင်း ရှော့ခ်ဖြစ်ရင် Board ပေါ်က MOSFET တွေ ချက်ချင်း လောင်ကျွမ်းသွားတတ်ပါတယ်။
🔺 အပူချိန် လွန်ကဲခြင်း (Overheating)
Inverter ကနေ High Discharge ရယူချိန်မှာ ဘက်ထရီပုံး အတွင်း လေဝင်လေထွက် မကောင်းရင် အပူလွန်ကဲပြီး BMS ရဲ့ MOSFET တွေ ပူလာကာ ပျက်စီးတတ်ပါတယ်။
🔺 ရေနှင့် စိုထိုင်းဆ ဝင်ရောက်ခြင်း (Moisture Ingress)
Casing အတွင်း စိုထိုင်းဆများခြင်း သို့မဟုတ် ရေစက်ဝင်ရောက်ခြင်းက PCB Board ပေါ်မှာ ကြေးညှိ (Corrosion) တက်စေပြီး Short Circuit ဖြစ်ကာ BMS တစ်ခုလုံး သုံးမရအောင် ဖြစ်သွားစေပါတယ်။
🔺 ဗို့အားလွန်ခြင်းနှင့် Polarity ပြောင်းပြန် တပ်ဆင်မိခြင်း
စနစ်နဲ့ မကိုက်ညီတဲ့ Charger ကို သုံးမိတာ သို့မဟုတ် Battery Positive (+) နဲ့ Negative (-) ကြိုး ပြောင်းပြန် ချိတ်ဆက်မိပါက Protection Diode တွေ လောင်သွားတတ်ပါတယ်။
🔺 Battery Cell တွေ အရမ်းကွာခြားသွားခြင်း (Cell Imbalance)
Battery pack အတွင်းက cell တစ်ခုခုရဲ့ Voltage နဲ့ Internal Resistance အလွန်အမင်း ကွာခြားလာတဲ့အခါ BMS ရဲ့ Balancing Circuit အပေါ် ဝန်ပိုပိသွားပြီး ရေရှည်မှာ ပျက်စီးစေပါတယ်။
ဒီအချက်တွေကြည့်ခြင်းအားဖြင့် Installer ရဲ့ကျွမ်းကျင်စွာ တတ်ဆင်ထားမှုရှိမရှိဟာ BMS အတွက်သာမက အိမ်လုံခြုံရေးအတွက်ပါ အလွန်အရေးပါကြောင်းမြင်ရမှာပါ။
စနစ်တကျအသုံးပြုရင် BMS ဟာ အလွယ်တကူပျက်စီးတတ်တာမျိုးမရှိတာမို့ အထူးအထွေ စိုးရိမ်စရာတော့မလိုအပ်ပါဘူး။ User fault ကြောင့်မဟုတ်ပဲ အာမခံကာလအတွင်း စက်ချို့ယွင်းမှုတစုံတရာဖြစ်ခဲ့ရင် ကျွန်တော်တို့ Service Center မှာ အခမဲ့ပြင်ဆင်နိုင်တယ်ဆိုတာလည်း မမေ့ကြနဲ့နော် 〽️
………………
𝗬𝗮𝗻𝗴𝗼𝗻 Service Center
ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းပေါ်ရှိ စျေးကွင်း(Main Entrance No(7)Samanea Yangon Market)၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန်မြို့။
📞 09 752 323 871, 09 752 323 872
𝗠𝗮𝗻𝗱𝗮𝗹𝗮𝘆 Service Center
၇၈လမ်း၊၂၈*၃၀လမ်းကြား၊ မန္တလေးမြို့။
📞 09-751 666 602
𝗠𝗮𝘄𝗹𝗮𝗺𝘆𝗶𝗻𝗲 Service Center
အမှတ်(၃၈)၊ ရဲတန်းလမ်း၊မောင်ငံရပ် ၊မော်လမြိုင်မြို့။
📞 09-751 666 608
𝗧𝗮𝘂𝗻𝗴𝗴𝘆𝗶 Service Center
ဆိုင်ခန်းအမှတ် 3/4 ၊ ပတ္တမြားလမ်း၊ သစ်တောရပ်ကွက် ၊တောင်ကြီးမြို့။
📞09-988 982 000
𝗟𝗩𝗧𝗢𝗣𝗦𝗨𝗡 - 𝗤𝘂𝗮𝗹𝗶𝘁𝘆 𝗙𝗶𝗿𝘀𝘁, 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗕𝗲𝘀𝘁