Crop Pest Management

Crop Pest Management Our page will distribute knowledge on insect science and crop protection.

21/06/2025
26/05/2025

တောင်သူ့အတွက် မှတ်စု (၃)

မက်တိုလာကလော (Metolachlor) အက်စ်-မက်တိုလာကလော (S-Metolachlor) တို့ကို စပါးပေါင်းအုပ်ဆေးအဖြစ် သုံးရင် စပါးအပင်ပေါက်များ ဆေးလောင်နိုင်ချေ ရှိပါတယ်။

ဖော်ပြပါ ပေါင်းအုပ်ဆေးများကို စပါးသီးနှံတွင် အသုံးပြုရန် ရည်ရွယ်ပါက Fenclorim ကဲ့သို့သော Safener မျိုး ပါရှိရပါတယ်။

ဒါကြောင့် အထက်ပါပေါင်းအုပ်ဆေးများကို စပါးပေါင်းအုပ်ဆေးအဖြစ် သုံးလိုပါက Safener ပါ/မပါ အရေးကြီးပါတယ်။

Safener ပါ/မပါ မသေချာလို့ စပါးသီးနှံအတွက်လည်း အသုံးပြုချင်တယ်ဆိုရင် GA3 ဟော်မုန်းကို ဆေးဖျန်းစဥ်မှာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။

စပါးကို တိုက်ရိုက်(အခြောက်)စနစ်နဲ့ စိုက်ပျိုးပြီး ရေသွင်းရန် နောက်ကျနိုင်တဲ့ စိုက်ခင်းတွေမှာ စပါးအပင်ပေါက်များ ဆေးမလောင်ဖို့ရာ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။

တောင်သူ့အတွက် မှတ်စု (၂) - ထောပတ်စိုက်ပျိုးရေး၏ ပတ်ဝန်းကျင်ကို သက်ရောက်ပုံဘာသာပြန် ဆောင်းပါး ဖြစ်ပါသည်။Source: https://t...
16/03/2025

တောင်သူ့အတွက် မှတ်စု (၂) - ထောပတ်စိုက်ပျိုးရေး၏ ပတ်ဝန်းကျင်ကို သက်ရောက်ပုံ
ဘာသာပြန် ဆောင်းပါး ဖြစ်ပါသည်။

Source: https://theconversation.com/what-actually-makes-avocados...

ဥရောပနှင့် မြောက်အမေရိကတွင် မြင့်တက်လာနေသည့် ထောပတ်သီး လိုအပ်ချက်သည် နှစ်ပေါင်း ၂၀ အတွင်း ကမ္ဘာ့ထုတ်လုပ်မှုကို သုံးဆ တိုးတက်လာစေခဲ့သည်။ သို့ပေမယ့်လည်း လူသိများ၍ အရေးပါလာသည့် ယင်းသီးနှံနှင့်ပတ်သက်၍ ငြင်းခုန်စရာတွေလည်း များပြားခဲ့သည်။ စိုက်ပျိုးထုတ်လုပ်မှုကြောင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်လာမှုနှင့် ကမ္ဘာ့အနှံ့ ပျံ့နှံ့လာမှုကြောင့် ဖြစ်သည်။
တကယ်တော့ ယင်းပြဿနာများသည် ကနဦးအစကတည်းကပင် ထောပတ်နှင့်အတူ ယှဥ်တွဲပါရှိလာခြင်း မဟုတ်ပါ။ ယခုထက်တိုင် ရေရှည်တည်တံ့နိုင်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာ ဖြစ်နေနိုင်ပါသေးသည်။ သို့သော် ထောပတ်စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆက်စပ်သည့် အမြစ်စွဲလာသည့် ပြဿနာများကလည်း ရိုက်ခတ်လာနေပြီဖြစ်သည်။

ထောပတ်ပင်သည် ၄င်းဖြစ်ထွန်းရန် အကောင်းဆုံးအခြေအနေများဖြစ်သည့် ပူနွေး၍ သမပိုင်းရာသီဥတုရှိသော ဗဟိုနှင့်တောင်အမေရိကနိုင်ငံများမှ မူရင်းဖြစ်သည်။ အဲဒီနိုင်ငံများ မှာ ထောပတ်မျိုးကွဲများစွာ ရှိပါသည်။ ယင်းမျိုးကွဲထဲက တစ်ခုမှာ ယနေ့အချိန်တွင် ကျနော်တို့နှင့် ရင်းနှီးပြီးဖြစ်နေသည့် ဟ(စ်) (Hass)မျိုး ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ဝန်းကျင်ကမူ ဟ(စ်)မျိုးသည် တစ်ပင်ချင်းပုံစံ ပေါက်ရောက်/စိုက်ပျိုးခဲ့ကြသည့်မျိုး ဖြစ်ပါ သည်။

ယခုဆယ်စုနှစ်များတွင် ထောပတ်သီးကို လူကြိုက်များလာခြင်း၏ အချက်တစ်ခုမှာ “Superfood” ဟူ၍ ဈေးကွက်တင်ရောင်းချခြင်းသည်လည်း အပါအဝင်ဖြစ်ပါသည်။ အချို့သော ကျန်းမာရေးဆိုင်ရာထောက်ခံမှုများက အလွန်အကြူး အမွှန်းတင်ထားခြင်းများ ရှိသော်လည်း ဗီတာမင်၊ သတ္တုဓါတ်များနှင့် မပြည့်ဝသည့် အဆီများ ကြွယ်ဝစွာပါရှိသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။ မပြည့်ဝဆီများ ပါဝင်ခြင်းကြောင့်ပင် နှစ်လိုဖွယ် မွတ်ညက်သော အသားကို ဖြစ်စေခြင်းဖြစ်ပါသည်။

ဒါဆို ဘာလို့ အငြင်းပွားစရာအကြောင်း ရှိလဲ?

အခြားသော ခေတ်မီစိုက်ပျိုးရေးစနစ်များကဲ့သို့ပင် အများစု‌သော ထောပတ်စိုက်ဧရိယာများ သည် ဓါတ်မြေဩဇာနှင့် ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာများအပေါ် ကြီးမားစွာ မီခိုနေရသဖြင့် မှန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု မြင့်တက်ခြင်းကို အားပေးနေပါသည်။ အခြားသော သီးနှံများစွာထက် အထွက်နှုန်းနည်းသဖြင့် ထောပတ်သီး တစ်ကီလိုဂရမ်လျှင် ကာဗွန်ထုတ်လွှတ်မှု မြင့်မားနေသည်။

ပျှမ်းမျှအားဖြင့် ထောပတ်သီး တစ်ကီလိုဂရမ်တွင် ၂.၅ ကီလိုဂရမ် ကာဗွန်ဒိုင်အောက်ဆိုဒ်နှင့် ညီမျှသည့် ဖန်လုံအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်ပါသည်။ ယင်းဓါတ်ငွေ့များသည် ကာဗွန်ဒိုင် အောက်ဆိုဒ်၊ မီသိန်း၊ နိုက်ထရပ်စ်အောက်ဆိုဒ်တို့ ပါဝင်ကြပြီး ထောပတ်သီး စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ငန်းများမှ ထုတ်လွှတ်နေခြင်း ဖြစ်ပါသည်။

ထောပတ်သီး တစ်ကီလိုဂရမ်အတွက် ကာဗွန်ထုတ်လွှတ်မှုသည် ငှက်ပျောသီး တစ်ကီလိုဂရမ် ထက် ၂ ဆ မြင့်မားပြီး ပန်းသီးထက် ၅ ဆ ဖြစ်ပြီး ခရမ်းချဥ်သီးထက် အနည်းငယ် မြင့်မားပါသည်။

သို့သော် ယင်းကာဗွန်ထုတ်လွှတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ တိရစ္ဆာန်ထွက်ပစ္စည်းများမှ ပျှမ်းမျှ ကာဗွန်ထုတ်လုပ်မှုထက် နည်းပါးပါသည်။ ပျှမ်းမျှအားဖြင့် ကြက်ဥ တစ်ကီလိုလျှင် ၄.၆ ကီလို၊ ကြက်သား တစ်ကီလို လျှင် ၉.၈ ကီလို၊ အမဲသား တစ်ကီလိုလျှင် ၈၅ ကီလိုဂရမ် ကာဗွန်နှင့်ညီမျှသည့် ဖန်လုံအိမ် ဓါတ်ငွေ့များ ထုတ်လွှတ်သည်။

ကာဗွန်ထုတ်လွှတ်မှုအနေဖြင့်ဆိုလျှင် ထောပတ်သီးများကို ရေလမ်းဖြင့် သယ်ယူပို့ဆောင် ခြင်းသည် တွက်ချေအကိုက်ဆုံးဖြစ်ပါသည်။ ခရီးတစ်ကြောင်းဖြင့်ပင် အရေအတွက် များပြားလှသော ထောပတ်သီးများကို သယ်ဆောင်နိုင်၍ ဖြစ်ပါသည်။ မိုင်ပေါင်း ထောင်ချီ၍ ကွာဝေးသည့် ခရီးမှာပင် ထောပတ်သီးတစ်ကီလိုဂရမ်လျှင် ၀.၂ ကီလိုဂရမ် ကာဗွန်မျှ ထုတ်လွှတ်၍ ယင်းပမာဏသည် စိုက်ပျိုးထုတ်လုပ်စဥ်က ကာဗွန်ထုတ်လုပ်မှုထက်ပင် များစွာ နည်းပါးပါသည်။

သင်္ဘောဖြင့် တင်ပို့ခြင်းသည် အခြားသောပြဿနာများကို ရှောင်ရှားနိုင်ခြင်းမျိုးတော့ မဟုတ် ပါ။ ရေလမ်းဖြင့် တင်ပို့ခြင်းကို လွန်ကဲစွာ အမီပြုခြင်းသည် အပြောင်းအလဲ၊ အဟန့်အတား များကို ခံနိုင်ရည်မဲ့သည့် အစားအသောက်တင်ပို့ခြင်းစနစ်ကို ဖြစ်ပေါ်စေသည်။ လမ်းကြောင်း တွင် ကုန်စည်များ ပြွတ်သိပ်စုံပုံစေခြင်း၊ ကုန်စည်စီးဆင်းမှု နှေးကွေးခြင်း၊ ဥပမာ- ၂၀၂၁ ခုနှစ် တွင် ကုန်တင်သင်္ဘောများအား စူးအက်တူးမြောင်း ဖြတ်သန်းခွင့် ပိတ်ခြင်း၊ ကမ္ဘာ၏ အခြား တစ်ဘက်တွင် အငတ်ဘေးဆိုက်ခြင်းနှင့် စစ်ပွဲများသည် အခြားသောနိုင်ငံများတွင် အစားအ စာ ပြတ်တောက်ခြင်းများ၊ သို့မဟုတ် အဟန့်အတားများကို ဖြစ်စေနိုင်ပါသည်။

ရာသီဥတု ကပ်ဘေးများ ပိုမိုများပြားပြင်းထန်လာသည့်အချိန်တွင် ယင်းပြဿနာများ တိုးပွားလာစေသည်။ အဆိုပါအရေးကိစ္စများသည် ထောပတ်သီးနှံတစ်ခုတည်းအတွက် ဖြစ်ပျက်နေသည့် သီးခြားပြဿနာများတော့ မဟုတ်ပါ။ သို့သော် ဒေသတွင်း စားနပ်ရိက္ခာ ထုတ်လုပ်ထောက်ပံ့ခြင်းများသို့ ရှေ့ရှုမည်ဆိုပါက ပိုမို၍ အထိခိုက်ခံနိုင်ရည်ရှိစေပြီး အနာဂတ်တွင် အစားအသောက် ပြတ်လပ်ခြင်းကို ကူညီကာကွယ်နိုင်မည်ဖြစ်ပါသည်။

ပတ်ဝန်းကျင် ဝန်ထုပ်ဝန်ပိုး

ထောပတ်သီးပင်သည် ရေအသုံးပြုမှုများသည့် အပင်အမျိုးအစားဖြစ်ပြီး ပျှမ်းမျှအားဖြင့် အသီး တစ်ကီလိုဂရမ် ထွက်ရှိရန် ရေ ၁၀၀၀ လီတာ လိုအပ်သည်။ ယင်းရေလိုအပ်ချက်သည် အခြားသော သစ်သီးများ၊ ဟင်းသီးဟင်းရွက်များထက် ပိုမိုများနေပြီး စပါးကဲ့သို့ နှံစားသီးနှံများထက် နည်းပါးပါသည်။ ရေ မလုံလောက်သည့် ဒေသများတွင် ထောပတ်သီး စိုက်ပျိုးခြင်းကို အဓိက ပြဿနာဖြစ်လာနိုင်သည်။

ကမ္ဘာ့ ထိပ်တန်း ထောပတ်သီး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည့် မက္ကဆီကိုနိုင်ငံသည် တစ်နှစ် အတွင်း ရှည်လျားသည့် ခြောက်သွေ့ကာလကို ကြုံတွေ့နေရသည်။ ထို့ကြောင့် ထောပတ်စိုက် ခင်းအား ရေပေးသွင်းခြင်းသည် ဒေသခံပြည်သူများ၏ ရေအရင်းအမြစ်ကို ထိခိုက်လာနေ သကဲ့သို့ ဖြစ်နေသည်။ သင့်တင့်သည့် ရေဖြန့်ဝေသုံးစွဲနေသည့် ကိစ္စသည် လာမည့် ဆယ်စုနှစ် များတွင် ပိုမိုဆိုးဝါးလာနိုင်သည်။

သဘာဝအပေါ် သက်ရောက်မှုများကိုလည်း ထည့်သွင်းစဥ်းစားသင့်ပေသည်။ ယခင်က ထောပတ် စိုက်ပျိုးခဲ့ကြရာတွင် အခြားသော သီးနှံများနှင့် ရောနှောစိုက်ပျိုးခဲ့ကြသည်။ ရောနှောသီးနှံများကို ဝမ်းစာအဖြစ်လည်းကောင်း၊ ပိုလျှံသည်များကို ရောင်းချခြင်းဖြင့် လည်းကောင်း လုပ်ဆောင်ကြပါသည်။ ယင်းစိုက်ပျိုးသည့်အလေ့အကျင့်သည် ယူအက်စ်နှင့် ဉရောပတွင် ဈေးကွက်လိုအပ်ချက်အရ ပြောင်းလဲခဲ့ပြီး ဖြစ်ပါသည်။

ယခုအခါတွင် ထောပတ်ကို အဓိကအားဖြင့် တင်ပို့သီးနှံအဖြစ် ထုတ်လုပ်မှု အမြင့်ဆုံး ရရှိစေ ရန် တစ်သီးတည်း စနစ်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြပါသည်။ ယင်းတစ်သီးတည်း စိုက်ပျိုးစနစ်များသည် အခြားသော ဒေသသီးနှံမျိုးများ လျော့နည်းပျောက်ကွယ်သွားနိုင်ဖွယ် ရှိနေပြီး ရောနှောစိုက်ပျိုးခြင်းထက် ဖျက်ပိုးနှင့် ရောဂါများကို ခံနိုင်ရည်မဲ့စေပါသည်။

ထို့ပြင် တစ်သီးတည်း စီးပွားဖြစ်စိုက်ပျိုးစနစ်တွင် ဓါတုပိုးသတ်ဆေးများ၊ ဓါတ်မြေဩဇာ များအား ပမာဏများပြားစွာ သုံးစွဲရန် လိုအပ်လာနေပြီး ဇီဝမျိုးကွဲများ ကြွယ်ဝမှု၊ မြေကြီး အရည်အသွေးနှင့် လူသားတို့ကျန်းမာရေးကို အဆိုးဘက်မှ သက်ရောက်လာနေပါသည်။

အဆိုးဆုံးမှာ အချို့သော ဒေသများတွင် ထောပတ်စိုက်ခင်းအသစ်များ ထူထောင်ကြခြင်းသည် သစ်တောများ ပြုန်းတီးခြင်းသို့ တွန်းပို့နေပါသည်။ ယူအက်စ်သို့ ထောပတ်သီး အဓိက တင်ပို့ သည့် မက္ကဆီကိုနိုင်ငံ၏ မီကိုကန်ပြည်နယ်တွင် နှစ်စဥ် သစ်တောဧရိယာ ဟက်တာ ၂၅၀၀၀ မျှ ရှင်းလင်းခံနေရသည် ဆိုပါသည်။

မီကိုကန်ဒေသသည် သစ်တောဖုံးလွှမ်းဧရိယာ များပြားပြီး မျိုးသုဥ်းပျောက်ကွယ်ရန် အန္တရာယ် ရှိနေသည့် မျိုးစိတ်များ၏ မူရင်းဒေသများ ဖြစ်ပါသည်။ ထို့ကြောင့် ယင်းဒေသများ တွင် ထောပတ်သီးနှံကို တိုးချဲ့စိုက်ပျိုးနေခြင်းသည် ဇီဝမျိုးကွဲများ ကြွယ်ဝခြင်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ပါသည်။

နောက်ဆုံးအနေဖြင့် လူသားတို့ကြောင့် ထိခိုက်သက်ရောက်မှုများမှာလည်း စဥ်းစားဖွယ် ဖြစ်ပါသည်။ ထောပတ်သီးများ တင်ပို့ရောင်းချကြခြင်းသည် ဒေသခံ လယ်သမားများအား ဝင်ငွေထောက်ပံ့ပေးနေချိန်တွင် ထောပတ်သီးနှံ စိုက်ပျိုးခြင်းကို ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာအဖြစ် ထင်မြင်ခံစားနေရခြင်းများလည်း ရှိနေပါသည်။ ထို့ပြင် မက္ကဆီ၌ ရာဇဝတ်မှု များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများသည် ‌ထောပတ်စိုက်ခင်းများတွင် ဖြစ်ပွားနေပြီး အချို့သော မြို့/ရွာများသည် ထောပတ်ခင်းများကို အမှီပြုနေသည့် ဥပဒေပြင်ပ ဖြစ်စဥ်များကို ညဥ်းငွေ့နေကြရသည်။

စိတ်ဓါတ်ကျစရာကောင်းတာက လွယ်လွယ်ကူကူ အဖြေတော့ မရှိပါ။ သင့်တင့်တဲ့ ကုန်သွယ် မှု ဒါမှမဟုတ် အော်ဂဲနစ်ထောပတ်ကတော့ စားသုံးသူကျန်းမာရေးအတွက်ရော ဇီဝမျိုးကွဲများ အတွက်ပါ အကူအညီဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးတဲ့ ဖြစ်စဥ်ကလည်း ပြီးပြည့်စုံနေတာမျိုး မဟုတ်သေးပါ၊ ပြီးတော့ ဖွံ့ဖြိုးဆဲနိုင်ငံများက လုပ်ကွက်ငယ်တောင်သူများ အတွက် ဈေးကြီးနေပါသေးတယ်။ သို့သော်လည်း တစ်သီးတည်း ပုံစံ စိုက်ပျိုးနေပါက ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုကတော့ နည်းပါးသွားမည် မဟုတ်ပါ။

ထောပတ်သီးသည် ပတ်ဝန်းကျင် ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေသည့် တစ်ခုတည်းသော အစားအ သောက်တော့ မဟုတ်ပါ။ အများစုသော တိရစ္ဆာန်ထွက် ထုတ်ကုန်များထက် ကာဗွန်ထုတ်လုပ် မှု အများကြီး နည်းပါးနေပြီး မျိုးစိတ်တစ်မျိုးတည်းက ဈေးကွက်ကို လွှမ်းမိုးထားတဲ့ သီးနှံများစွာထဲက တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် ထောပတ်သီးထုတ်လုပ်မှုဟာ သဘာဝနှင့် ဒေသခံများအပေါ် ဖြစ်ပေါ်စေတဲ့ ဆိုးကျိုးတွေကိုလည်း မှိတ်မှိတ်ထားလို့ မဖြစ်ပါဘူး။

စားသုံးသူများအတွက် အကောင်းဆုံးအကြံပြုချက်ကတော့ ဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ထောပတ်သီးမျိုးစိတ်တစ်မျိုးတည်း လိုအပ်ချက်ကို လျှော့ချနိုင်စေဖို့ အခြားသော မျိုးကွဲများ ကိုလည်း စဥ်းစားပေးကြဖို့ ဖြစ်ပါတယ်။ မဖြစ်နိုင်ခဲ့ပါက ထောပတ်သီးကို ပုံမှန် အမြဲစွဲ စားသုံးတဲ့ သီးနှံမျိုးထက် အချိုပွဲပုံစံ စားသုံးမှုပုံစံမျိုးအဖြစ် ကြိုးစားကြည့်သင့်ပါတယ်။
မျိုးသန်းထွန်း

တောင်သူ့အတွက် မှတ်စု (၁) : Pre-Harvest Interval (PHI)“ဆေးဖြန်းပြီးနောက် ရိတ်သိမ်းရမည့်ရက်” / “ဆေးဖျန်းပြီးနောက် ရိတ်သိမ်...
12/03/2025

တောင်သူ့အတွက် မှတ်စု (၁) : Pre-Harvest Interval (PHI)

“ဆေးဖြန်းပြီးနောက် ရိတ်သိမ်းရမည့်ရက်” / “ဆေးဖျန်းပြီးနောက် ရိတ်သိမ်းခူးဆွတ်ရန် စောင့်ဆိုင်းရမည့်ရက်” ဆိုတော့ အချို့တောင်သူတွေက အပွင့်အသီးဝင်မှ၊ အနှံထွက်မှ ဖျန်းရတဲ့ ပိုးသတ်ဆေး၊ မှိုသတ်ဆေးလို့ အထင်မှားတတ်ကြပါတယ်။ မေးမြန်းမှုတွေလည်း ရှိကြပါတယ်။

PHI ကို နောက်ဆုံး ဆေးဖျန်းရက်နှင့် ရိပ်သိမ်းခူးဆွတ်မည့်ကြားကာလ ကို သတ်မှတ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ သီးနှံအတွင်း ဓါတုဓါတ်ကြွင်း ဟာ စားသုံးသူများအတွက် ဘေးကင်းတဲ့အခြေအနေ ဖြစ်နေဖို့ ပဲ ဖြစ်ပါတယ်။ စားသုံးသူများ ဘေးကင်းစေဖို့ရန်နှင့် ဥပဒေကို လိုက်နာဖို့ အတွက်ရယ် ဆေးဗူး၊ ဆေးထုပ်မှာ ပါဝင်တဲ့ PHI ကို လိုက်နာသုံးစွဲပေးရမှာ ဖြစ်ပါတယ်။ အကယ်၍ သီးနှံအတွင်း ဓါတုပစ္စည်းများ ကျန်ရစ်နေသေးရင်တောင် လူက ခံနိုင်ရည်ရှိ လောက်တဲ့ ပမာဏမျှသာ ရှိနေမည့်ကာလကို စောင့်ဆိုင်းစေခြင်းဖြစ်ပါတယ်။

အများအားဖြင့် ရက်ဖြင့် ဖော်ပြကြပါတယ်။ ဈေးကွက်အတွင်း အသုံးများတဲ့ မှိုသတ်ဆေးအများစုမှာ အဲဒီကာလ ၂၁ ရက်မှ ၃၀ ရက်ရှိတတ်ကြပါတယ်။
အချို့နိုင်ငံများတွင် ကမ္ဘာ့ပေါ်မှာ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု အများ ဆုံး မှိုသတ်ဆေးများဖြစ်တဲ့ ထရိုင်ရာဇိုးလ်နှင့် စထရိုဘီလူရင် တို့ကို PHI ဖော်ပြရာမှာ ကြီးထွားမှုအဆင့်တွေနဲ့ ဖော်ပြတတ်ကြပါတယ်။
ဥပမာ- Triazole+QoI မှိုသတ်ဆေးအရောတစ်မျိုးကို ပဲပုပ်မှာ ကြီးထွားမှုအဆင့် (R5) ထက် နောက်ကျ၍ အသုံးမပြုရ ဆိုတာမျိုးပါ။ R5 ဆိုတာ ပဲပုပ်မှာ အစေ့စတည်တဲ့အဆင့်လို့ အကြမ်းဖျဥ်းပြောနိုင်ပါတယ်။ ပင်မပင်စည်ရဲ့ အပေါ်ပိုင်းအဆစ်(၄)ခုက ဖြစ်လာတဲ့ အသီးတွေအတွင်း ပဲစေ့ တွေဟာ အရွယ်အစား ၃-မီလီမီတာခန့် ရှိတဲ့အချိန်ပါ။

ပိုးသတ်ဆေးတွေမှာတော့ အတိုတောင်းဆုံးကြားကာလပင်လျှင် ၇-ရက် ဖြစ်ပါတယ်။ အထူးသဖြင့် စားဖိုဆောင်သီးနှံများအတွက် အထူးဂရုပြုလိုက်နာ ဖွယ်ဖြစ်ပါတယ်။ ၇-ရက်အတွင်း ရိတ်သိမ်းခူးဆွတ်တော့မယ်ဆိုရင် ဆေးဖျန်း ခြင်းမပြုသင့် ဆိုတဲ့အဓိပ္ပါယ်ပါပဲ။

- မှိုသတ်ဆေး Penthiopyrad ဟာ ခရမ်းချဥ်မှာ စောင့်ဆိုင်းရက်မလိုအပ်ဘဲ ဆေးဖျန်းတဲ့နေ့မှာပင် ခူးဆွတ်နိုင်ပြီး ဗူးဖရုံသခွားတို့မှာတော့ ၁ ရက် ‌စောင့်ဆိုင်း ခူးဆွတ်ရမှာဖြစ်ပါတယ်။
- မန်ကိုဇက်ဟာ ခရမ်းချဥ်မှာ စောင့်ဆိုင်းရက် ၅ ရက် ဖြစ်ပြီး အာလူးမှာ ၃ ရက်မျှ ဖြစ်ပါတယ်။
- အေဇိုဇီစထရိုဘင်- ခါကြက်ဥအတွက် ၀- ရက်နှင့် အေဇိုဇီစထရိုဘင်+ဒိုင်ဖန်နိုကိုနာဇိုးလ်အရောသည် ၇-ရက် ဖြစ်ပါတယ်။
- ကလိုရိုသာလိုနေးလ်သည် ကြက်သွန်ဖြူမှာ ၇-ရက်နှင့် အပင်စားကြက်သွန်ပင်အတွက် စောင့်ဆိုင်းချိန် ၁၄-ရက် စသည်ဖြင့် ဖြစ်ပါတယ်။
ဒါကြောင့် ပိုးသတ်ဆေး၊ မှိုသတ်ဆေးများရဲ့ PHI သည် သီးနှံကို လိုက်ပြီး ခြားနားနိုင်သလို၊ သီးနှံတစ်မျိုးတည်းမှာပင်လျှင် ခူးဆွတ်/အသုံးပြုမှု ပုံစံကို လိုက်ပြီးလည်း ကွာခြားနိုင်ကြောင်း သတိပြုကြဖို့ပါ။

ဒီနေရာမှာ ‌မေးခွန်းတွေ ဖြစ်လာနိုင်ပါတယ်။
တောင်သူတစ်ဦးက ခရမ်းချဥ်အတွက် သူသုံးလိုက် တဲ့မှိုသတ်ဆေးဟာ စောင့်ဆိုင်းရက် ၅-ရက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဖျန်းပြီး ချက်ချင်းခူးမယ်၊ မရောင်းချခင် ၅-ရက် သိမ်းထားမယ်ဆိုရင် ဖြစ်နိုင်ပါသလား။

PHI ကို စမ်းသပ်မှုများ ပြုလုပ်ပြီး သတ်မှတ်ထားခြင်းသည် မရိတ်သိမ်းမီ အပင် တွင် ရှိနေသည့်အချိန်၊ မပြိုကွဲဘဲ ကျန်ရစ်နေသည့် ဓါတုပစ္စည်းများအပေါ် အခြေခံထားခြင်းဖြစ်သည်။ ရိတ်သိမ်းခူးဆွတ်လိုက်ချိန်တွင် ယင်းအသီးများ၏ အောက်ဆီဂျင်ရယူသည့်ဖြစ်စဥ် ပြောင်းလဲသွားမည်ဖြစ်ပြီး ဓါတုပစ္စည်းများ ပြိုကွဲမှုနှုန်းသည်လည်း လျော့ကျသွားမည်ဖြစ်သည်။ ယခုဖြစ်ရပ်တွင်လည်း ခရမ်းချဥ်ကို ခူးဆွတ်ပြီးမှ စောင့်ဆိုင်းရမည့် ရက်အတိုင်း ထားရှိမည် ဖြစ်သော် လည်း ဓါတုပစ္စည်းများ ပြိုကွဲမည့်ဖြစ်စဥ်သည် နှေးသွားမည်ဖြစ်ပြီး အသီး အတွင်း ပိုးသတ်ဆေးများ ပိုမိုကျန်ရစ်နိုင်သည်ကို သတိပြုရမည်ဖြစ်သည်။

နောက်မေးခွန်းမျိုးက ဖရဲမှာ ဖျန်းလိုက်တဲ့ဆေးက စောင့်ဆိုင်းရက် ၇-ရက် လို တယ်၊ ဒါပေမယ့် မစောင့်ဘဲ ခူးချင်တယ်။ ခူးပြီးရင် ရေအသေအချာ ဆေးကြော မယ်၊ ဖြစ်ပါသလားပေါ့။

ပိုးသတ်ဆေးဗူး၊ ဆေးအိတ်တွင် ရေးသားညွှန်ကြားထားမှုများသည် ဥပဒေ ပြဌာန်းချက်ပင် ဖြစ်ပါသည် The label is the law.။ ညွှန်ကြားချက်တွင် ရေဆေးမည်ဆိုပါက စော၍ ခူးဆွတ်နိုင်ပါသည်ဟု မပါရှိပါက ယင်းသို့သော ချွင်းချက်မျိုးကို ခွင့်ပြုမည် မဟုတ်ပါ။

ဥပမာ- ပင်လုံးပြန့် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများကို ရေဆေး၍ မရနိုင်ပါ။ ထိသေအာနိသင်ရှိ ဆေးများကိုပင်လျှင် PHI စမ်းသပ်ချက်များတွင် ရေဆေး သည့် အချက်ကို မပြုခဲ့နိုင်ပါ။ ရေဆေး၍ ပိုးသတ်ဆေး မည်မျှ လျော့ကျသွား မည်ကို မသိနိုင်၍ ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ရေဆေးခြင်းများ ကွားခြားနိုင် ပါသည်။ ထို့ကြောင့် ရေဆေးခြင်းသည် PHI အား ထူးခြားစေမည် မဟုတ်ပါ။

တောင်သူလယ်သမားများ စိုက်ပျိုးရေးအသိပညာ တိုးပွားကြပါစေ။

မျိုးသန်းထွန်း

"ဇိုးအုပ်စုဝင် မှိုသတ်ဆေးတွေက အပင်တက်နှေးစေသလား"ဇိုးအုပ်စုဝင် Triazoles မှိုသတ်ဆေးတွေကို DMI (Demethylation Inhibitor) f...
14/12/2024

"ဇိုးအုပ်စုဝင် မှိုသတ်ဆေးတွေက အပင်တက်နှေးစေသလား"

ဇိုးအုပ်စုဝင် Triazoles မှိုသတ်ဆေးတွေကို DMI (Demethylation Inhibitor) fungicides တွေလို့ ခေါ်ပါတယ်။ FRAC Code အရ အုပ်စု-၃ မှ ရောဂါဖြစ်စေတဲ့ မှိုရဲ့ စတီရောဟော်မုန်းထုတ်လုပ်မှုကို ဟန့်တားတဲ့ မှိုသတ်ဆေးတွေပါ။ အလားတူစွာပဲ အပင်ရဲ့ စတီရောဟော်မုန်းထုတ်လုပ်မှုကိုလည်း နှောင့်ယှက်ပါတယ်။

အပင်ရဲ့ ထိခိုက်လွယ်တဲ့အဆင့်တွေမှာ နှုန်းထားများများနဲ့ အသုံးပြုမယ်ဆိုရင် အပင်ပေါက်တွေရဲ့ ကြီးထွားမှုကို တန့်စေခြင်း၊ အပင်များ ပုခြင်း၊ အပင်များ အရွယ်ရောက်ခြင်းကို နှောင့်နှေးစေခြင်း၊ အရွက်အရောင်များ ရင့်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

#မှိုသတ်ဆေး၏ အလုပ်လုပ်ပုံ
ဆဲလ်နံရံဖွဲ့စည်းရာတွင် အဓိကပါဝင်သည့် အာဂိုစတီရောဟော်မုန်းထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သည့် အင်ဇိုင်းကို နှောင့်ယှက်သည်။ ဆဲလ်နံရံ မဖွံ့ဖြိုးသဖြင့် မှို၏ ကြီးထွား ပြန့်ပွားခြင်းကို ရပ်တန့်သွားစေသည်။

#သီးနှံပင် ကြီးထွားမှုအား သက်ရောက်ခြင်း
အပင်ရောဂါဖြစ်စေသည့် မှိုအား ကနဦး ထိခိုက်သော်လည်း ယင်းမှိုသတ်ဆေးများသည် အပင်၏ စတီရောဟော်မုန်းဖွဲ့စည်းခြင်းလမ်းကြောင်းအားလည်း နှောင့်ယှက်သည်။ နှုန်းထားအမြင့် အသုံးပြုပါက အပင်၏ ကြီးထွားမှုပိုင်းအား မရည်ရွယ်ဘဲ သက်ရောက်မှု ရှိသည်။

#အပင်ပေါက်များတွင် မြင်သာသော သက်ရောက်မှုများ
- ကြီးထွားမှု နှေးခြင်း : အပင်ပေါက်များသည် အညွန့်နှင့် အမြစ်ဖွံ့ဖြိုးမှုများ နှေးကွေးသွားသည်။ ထို့ကြောင့် တပင်လုံး၏ အရွယ်အစား ကျစ်လစ်သွားမည်။
- အရွက်များ အရောင့်ရင့်မှောင်ခြင်း : စိမ်းရောင်ခြယ်ပစ္စည်းများ (ကလိုရိုဖီးလ်) ပါဝင်မှု ပြောင်းလဲသွားသည့်အတွက် အရွက်များ အစိမ်းရောင်ရင့်ရင့် ဖြစ်သွားကြသည်။
- ရင့်ရော်မှုအား နှေးကွေးစေခြင်း : မှိုသတ်ဆေးများ၏ အာနိသင်ကြောင့် သီးနှံပင်များသည် သာမန်ထက် ပို၍ ရှည်ကြာစွာ စိမ်းနေကြမည်၊ ရိတ်သိမ်းချိန်ကို နောက်ကျစေသည်။

#အပင်ဆေးလောင်ကျွမ်းခြင်း (Phytotoxicity) ကို လွှမ်းမိုးမှုများ
- နှုန်းထား: ထောက်ခံနှုန်းထားထက် သာလွန်၍ အသုံးပြုပါက ဆေးလောင်ခြင်း ဖြစ်နိုင်ချေကို မြင့်မားစေသည်။
- သီးနှံများ၏ ခံနိုင်ရည်မဲ့မှု : အချို့သီးနှံမျိုးစိတ်များသည် ဇိုးမှိုသတ်‌ဆေးများအား ခံနိုင်ရည်မဲ့ကြ၍ ကြီးထွားမှုတန့်ခြင်းကို ပိုမိုဖြစ်စေသည်။
- ပတ်ဝန်းကျင်အခြေအနေများ : အပူချိန်မြင့်မားခြင်းနှင့် ဖိစည်းမှုရှိနေခြင်းတို့သည် ဇိုးမှိုသတ်ဆေးတို့၏ အပင်ကြီးထွားဖွံ့ဖြိုးမှုတန့်ခြင်းအပေါ် သက်ရောက်မှု ပိုအားကြီးစေပါသည်။

#စဥ်းစားထားသင့်သည်များ
- မျိုးစေ့လူးနှယ်ခြင်း : အပင်ပေါက်များအား ဆေးမလောင်စေရန် နှုန်းထားနှင့် အသုံးပြုပုံ အညွှန်းများအား အတိအကျလိုက်နာလုပ်ဆောင်ရန် အရေးကြီးပါ သည်။
- အခြားမှိုသတ်ဆေးများ : သီးနှံမျိုးစိတ်၊ သီးနှံပင်သက်တမ်းနှင့် ရောဂါကျရောက် မှုတို့အပေါ် မူတည်ပြီး အပင်ကြီးထွားမှု မထိခိုက်သည့် အခြားမှိုသတ်ဆေးများ အား အသုံးပြုရန်
- သီးနှံတစ်ရာသီတွင် ၃-၄ ကြိမ်သာ အသုံးပြုရန်
- ဖားဥမှိုရောဂါအတွက် အခြားမှိုသတ်ဆေးတစ်မျိုးဖြင့် ရောစပ်အသုံးပြုရန်
- ဆေးယဥ်ပါးခြင်းဖြစ်စဥ်အား ရှောင်ရှားရန် ကာကွယ်မှိုသတ်ဆေးများနှင့် ရောစပ် အသုံးပြုရန်
- မှိုသတ်ဆေး မသုံးမီနှင့် အသုံးပြုပြီးချိန်တွင် စိုက်ခင်းအား ပုံမှန် စစ်ဆေးရန်

M.T.Tun

25/10/2024

Be honest in every situation. It is always the best policy.
နိစ္စဓူဝကိစ္စတိုင်းမှာ ရိုးသားပါ။ ရိုးသားခြင်းသည်သာ အကောင်းဆုံး မူဝါဒ။

17/10/2024

ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း အထွက်တိုးရေး အကြံပြုချက် - ၂
#စိုက်ချိန်

မတ်ပဲ : လင်းတာကို မတုံ့ပြန်တဲ့ မျိုးသစ်တွေ ပေါ်ထွန်းစိုက်ပျိုးလာကြသော်ငြား-
၂၅ နှင့် ၃၅ ဒီဂရီကြား စိုက်ပျိုးဖြစ်ထွန်းပေမယ့် အသင့်တော်ဆုံး အပူချိန်ကတော့ ၂၇ ဒီဂရီနှင့် ၃၀ ဒီဂရီကြားဖြစ်ပါတယ်။

၃၅ ဒီဂရီနှင့်အထက်မှာ မတ်ပဲ အထွက်ကို ထိခိုက်နိုင်တဲ့အတွက် နွေရာသီမှာ ရေသွင်းစိုက်ပျိုးခြင်းဟာ တွက်ချေမကိုက်နိုင်ဘူးလို့ မြင်ပါတယ်။

မတ်ပဲမျိုးကွဲတွေဟာ လင်းတာကို အမျိုးမျိုး တုံ့ပြန်ကြပေမယ့် အပူချိန် နိမ့်သွားခြင်းက မတ်ပဲ ပန်းပွင့်ခြင်းကို လှုံ့ဆော်အားပေးပါတယ်။ ပန်းပွင့်ချိန်မှာ အပူချိန်ဟာ ၃၀ ဒီဂရီအောက် ရှိနေရင် အကောင်းဆုံးပါ။

ပထမဆုံးအကြိမ်ပွင့်တဲ့ ပန်းက အသီးတင်မှု ရာခိုင်နှုန်းအမြင့်ဆုံးဖြစ်ပြီး အထွက်နှုန်းအတွက် အရေးပါတဲ့ အသီးများ(အောက်သီး)ဖြစ်ပါတယ်။
ပန်းပွင့်ချိန်မှာ နှင်းထန်ခြင်း (ဆက်တိုက်)ဖြစ်ခြင်းကို မတ်ပဲက မကြိုက်ပါဘူး။

မြန်မာပြည်အောက်ပိုင်းအတွက်ကတော့ အောက်တိုဘာလအစမှ နိုဝင်ဘာလလယ်အတွင်း စိုက်ပျိုးသင့်ပါတယ်။

ဒါကြောင့် ဆောင်းမတ်ပဲကို နိုဝင်ဘာလလယ်ထက် နောက်မကျဘဲ စိုက်ပျိုးနိုင်အောင် ပြင်ဆင်သင့်ကြောင်းပါ။

15/10/2024

ဆောင်းသီးနှံ မတ်ပဲ၊ ပဲတီစိမ်း အထွက်တိုးရေး အကြံပြုချက် - ၁

#ထယ်ရေးစနစ်

အစေ့အဆန်ရဲ့ အလေးချိန်အပေါ် သက်ရောက်မှုရှိတာကို အိန္ဒိယက သုတေသနများမှာ တွေ့ရှိရပါတယ်။

မထွန်ယက်ဘဲ စိုက်စနစ် (Zero tillage)နဲ့ စိုက်တဲ့ မတ်ပဲမျိုးတစ်ခုမှာ အစေ့ ၁၀၀၀ အလေးချိန်ဟာ ၅၁.၅ ဂရမ်မျှရှိပြီး ထယ်ရေးကောင်းကောင်းနဲ့ စိုက်စနစ် (Maximum tillage)နဲ့ စိုက်တဲ့ ယင်းမတ်ပဲမျိုးမှာ အစေ့ ၁၀၀၀ အလေးချိန်ဟာ ၅၃.၀ ဂရမ် ရှိပါသတဲ့။

မိမိအတွေ့အကြုံအရ/စူးစမ်းမိသလောက်အရလည်း မတ်ပဲ၊ ပဲတီစိမ်းကို မြန်မာပြည်အောက်ပိုင်းမှာ ထွန်ခင်းနဲ့ စိုက်တာကို ပိုနှစ်သက်ပါတယ်။ အထွက်နှုန်းအရရော၊ အခြားသော ပိုးမွှားရောဂါ ကာကွယ်မှုအပိုင်းကရော ပြောတာပါ။

ထွန်ခင်းမှ မလုပ်နိုင်ကြရင်တောင် ခုတ်ဖုံးစနစ်ပေါ့။ သူလည်းပဲ မြေသားအစိုဓါတ်ကို ထိန်းရာမှာ ကောင်းမွန်တဲ့ စနစ်ဖြစ်ပါတယ်။

နေရောင်ကာပင် (သို့) ဘဝပြောင်း-ပေါင်းပင်Psoralea corylifolia (Babchi)လယ်မြေ၊ လယ်ကန်သင်းတွေမှာ ပေါင်းပင်အဖြစ် ပေါက်ရောက်ကြ...
29/09/2024

နေရောင်ကာပင် (သို့) ဘဝပြောင်း-ပေါင်းပင်

Psoralea corylifolia (Babchi)

လယ်မြေ၊ လယ်ကန်သင်းတွေမှာ ပေါင်းပင်အဖြစ် ပေါက်ရောက်ကြတယ်။ ယခင်က သုတ်သင်ရှင်းလင်းကြပေမယ့် ဒီဘက်နှစ်တွေမှာ မျိုးစေ့ကို ကိုယ့်လယ်ယာမြေထဲသို့ပင် ကြဲပက်နေရပြီ။

၂၀၁၅ နောက်ပိုင်း အဝယ်သွက်လာတာကို သတိထားခဲ့မိပါတယ်။ ၂၀၁၉-၂၀၂၀ ကိုဗစ်ကပ်ရောဂါကာလမှာပင် သူ့ဈေးကွက် ပျက်မသွားဘူး။ မှတ်မှတ်ရရ အဲဒီကာလမှာ မြန်မာက တရုတ်ကို တင်ပို့တဲ့ နွားဈေးကွက် ပျက်သွားတယ်။

၂၀၂၂ က ရေးခဲ့တဲ့ပိုစ်မှာ တစ်တင်းကို ခြောက်သောင်းကျော် စျေးရကြတယ်။
၂၀၂၃ (ပြီးခဲ့တဲ့နှစ်မှာ) ပဲစဥ်းငုံ ဈေးအတော်မြောက်ခဲ့တယ်၊ ၁၄၀၀၀၀ ထိ ဖြစ်ခဲ့တယ်။ နေရောင်ကာဈေးက ပဲစဥ်းငုံဈေးကို ကျော်ပြီး ၁၆၀၀၀၀ ထိ ဖြစ်သွားတယ်။ မြေလွတ်ရှိတဲ့ တောင်သူတွေ၊ မြေယာဧကများပြီး fallow land ထားကြတဲ့ တောင်သူတွေ အတော်အဆင်ပြေနေကြတယ်။

အချို့တောင်သူတွေဆို ပြီးခဲ့တဲ့ ရာသီသိမ်းချိန်ကတည်းက နေရောင်ကာ ရောင်းရငွေတဲ့ ဒီနှစ်နွေမှာ သားရှင်ပြုအလှူအတွက် ဆိုင်းကို စရံသပ်ပြီးပြီ ဆိုပဲ။

ဈေးကောင်းရလာတော့ အလေ့ကျပေါက်ရာကနေ မျိုးပွားစိုက်ပျိုးလာကြတယ်။
တောင်သူအပြောအရတော့ အစေ့ကို ကြဲပက်စိုက်ပျိုးတာထက် အသီးအောင်မြင်ပြီးသား အပင်အကိုင်းအခက်တို့ကို ခုတ်ပိုင်း ဖြန့်ကြဲတာက ပိုမိုပြီး အပင်ပေါက်ကောင်းကြောင်း သိရတယ်။

တရုတ်က ဝယ်နေတာဖြစ်ပါတယ်။
အမျိုးတွေကို မေးကြည့်တော့ အင်ဂျင်ဝိုင် လုပ်တာလို့ ပြောတယ်၊ ကြိတ်ဖတ်ကိုတော့ မြေဩဇာတွေမှာ ပြန်ထည့်သုံးသတဲ့ (သူတို့ ပြောတာ)။

Googling လုပ်ကြည့်ရာမှာတော့ ---
အလှကုန်ပစ္စည်းနဲ့ လူသုံးဆေးဝါးထုတ်လုပ်ရာမှာ သုံးတာလို့ သိရပါတယ်။

ကဲ ကိုယ့်ဘာသာ ဆီကြိတ်ပြီး အလှဆီ ထုတ်ကြမလား၊ သူများကိုပဲ ကုန်ကြမ်းအနေနဲ့ ရောင်းနေမလား။

ပုံတွေမှာ ရွှန်းဆိုစိမ်းမြနေတဲ့ နေရောင်ကာပင်တွေဟာ ဒီနှစ် လက်ရှိပုံတွေ ဖြစ်ပါတယ်။
တောင်သူက စိုက်တာက ဝါစိုက်တာပါ။ နေရောင်ကာပေါင်းပင်က ပုံမှာပါတဲ့အတိုင်း ပေါက်နေတော့ ဝါခင်းကို ပေါင်းမရှင်းတော့ဘဲ နေရောင်ကာကိုပဲ ယူဖို့ ရွေးလိုက်ပါတယ်။
Skincare
Babchi oil is used in cosmetics to treat hyperpigmentation, dark spots, and uneven skin tone. Babchi extract can be found in skincare products like serums and lotions.

Skin conditions
Babchi has been used in traditional medicine to treat skin conditions like psoriasis, vitiligo, eczema, and leprosy.

Other health conditions
Babchi has been used to treat asthma, ulcers, kidney disorders, and menstrual irregularities.

Pharmacological properties
Babchi has anti-inflammatory, anti-microbial, anti-viral, antioxidant, and anticancer properties.

Chemical composition
Babchi contains essential oil, coumarins, alkaloids, flavonoids, and terpenoids.

Active compounds
Babchi oil contains psoralen, bakuchiol, and flavonoids.

21/09/2024

စိုက်ပျိုးထုတ်လုပ်တဲ့နေရာမှာ ကဏ္ဍ(၃)ခု ထည့်စဥ်းစားသင့်တယ်လို့ ကိုယ့်ဘာသာ သတ်မှတ်ကြည့်မိတယ်။

၁။ စားသုံးသူ
၂။ ပတ်ဝန်းကျင်ဂေဟစနစ်
၃။ တောင်သူ (စိုက်ပျိုးသူ)

တန်းတူညီမျှ အရေးပါသင့်တယ်။
ဒါပေမယ့် တောင်သူဟာ နောက်ဆုံးတန်းကပဲ အစဥ်းစားခံရတယ်။

Address

Yangon-Mandalay Highway
Pyinmana

Telephone

+959256000717

Website

Alerts

Be the first to know and let us send you an email when Crop Pest Management posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Crop Pest Management:

Share