ငဝက၊ဂ Fair Price

ငဝက၊ဂ Fair Price Whole Sale & Retail. လက်လီ/လက်ကား အရောင်းဆိုင်

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)ဝါကင်းလွတ် သီတင်းကျွတ် အခါသမယမှာ သက်ရှိအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမ...
17/10/2024

သီတင်းကျွတ်လပြည့်နေ့
(အဘိဓမ္မာအခါတော်နေ့)

ဝါကင်းလွတ် သီတင်းကျွတ် အခါသမယမှာ သက်ရှိအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံပြီး စည်းစိမ်ဥစ္စာ ရတနာရွှေငွေတို့ ဒီရေအလား တိုးတက်ကြီးပွားကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်🙏🙏🙏

ငဝက၊ဂ FairPrice

ဝါဆိုလပြည့်နေ့ 🙏🙏🙏
20/07/2024

ဝါဆိုလပြည့်နေ့ 🙏🙏🙏

အာဇာနည်နေ့
19/07/2024

အာဇာနည်နေ့

အာဇာနည်နေ့ဇူလိုင် ၁၉ ရက်
19/07/2023

အာဇာနည်နေ့
ဇူလိုင် ၁၉ ရက်

30/06/2023
ပျားရည်သောက်ရန် သင့်သူများ နှင့် မသင့်သူများ 🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝            သမိုင်းရာဇ၀င်ကို လေ့လာကြည့်သော အခါ၊ ရှေးနှစ် ၁၀၀၀...
07/05/2023

ပျားရည်သောက်ရန် သင့်သူများ နှင့် မသင့်သူများ
🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝

သမိုင်းရာဇ၀င်ကို လေ့လာကြည့်သော အခါ၊ ရှေးနှစ် ၁၀၀၀၀ ခန့်က စပိန်နိုင်ငံ ရှေးဟောင်းကျောက်ဂူတစ်ခု၏ နံရံပေါ် တွင် ကျောက်ခေတ်လူသားတစ်ဦးသည် ပျားအုံမှပျားရည်ကို အာသာငမ်းငမ်း စုပ်ယူစားသောက်နေပုံ ရေးဆွဲဖော်ပြထားသည် ကို သုတေသီများတွေ့ရှိခဲ့ကြသည်။ ၄င်းကိုအကြောင်းပြု၍ လူသားတို့သည် ပျားရည်ကို လွန်ခဲ့သော ရှေးနှစ် ၁၀,၀၀၀ မတိုင်မီ ကတည်းကစ၍ စားသုံးလာကြပြီးဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။

မြန်မာ့ပျားရည်။

မြန်မာနိုင်ငံတွင် သြဂဲနစ်ပျားရည်စစ်စစ်ထွက်ရှိပြီး နိုင်ငံတကာတွင် ရောင်းပန်းလှသောကြောင့် အီးယူနိုင်ငံများကပါ စိတ် ၀င်စားလာကြပြီး မြန်မာ့ပျားရည်ကို လိုချင်သည့်အတွက် ကောင်းမွန်သော ပျားမွေးမြူရေးသင်တန်း၊ ကောင်းမွန်သော ပျားရည် ထုတ်လုပ်မှုသင်တန်းများကို အီးယူမှ ပညာရှင်များကိုယ်တိုင် လာရောက်သင်တန်းပေးမှုများ ရှိနေသည်။ ထို့ပြင် ဥရောပစျေး ကွက်မှ ၎င်းတို့နည်းပညာဖြင့် ထုတ်လုပ်သော ပျားရည်ကို အခြားသူများထက် စျေးနှစ်ဆပေးကာ ၀ယ်ယူကြောင်း မကွေးတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှသိရသည်။ နိုင်ငံခြားသို့ ပျားရည်ပို့နေသော ကုမ္ပဏီများမှာ ပျားရည်သန့်စင် စက်ရုံများတွင် သန့်စင်ပြီး နိုင်ငံခြားသို့ တင်ပို့ကြသည်။ ယခင်ပျားရည် စျေးကောင်းသော အချိန်များက ပျားရည် တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ ထိ စျေးရှိခဲ့ပြီး၊ ယခု COVID-19 ကာလတွင် ပျားရည် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ စျေးသာရှိကြောင်း သိရသည်။

ဆေးဖက်၀င် ပျားရည်။

ကမ္ဘာမြေပေါ်တွင် ကျန်းမာရေး နှင့် အညီညွတ်ဆုံး အစားအစာများထဲမှာ “ပျားရည်” သည်လည်း တစ်ခုအပါအ၀င် ဖြစ် ကြောင်းကို လူတိုင်းသိထားကြပြီးဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပေ။ နံက်စောစော အိပ်ယာထချိန်ဖြစ်သော ၀မ်းဗိုက်ထဲမှာ ဘာအစာမျှမရှိ သည့်အချိန်သည် ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည် (သို့မဟုတ်) အစာနှင့်ဝေးချိန်ဖြစ်သော ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့်အလို)မှာလည်း သောက်ပေးနိုင်ပါသည်။

ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်းရှိသောပျားရည်ကို “ပျားရည်အသစ်” ဟု ခေါ်ပြီး၊ ထိုပျားရည်က လူကိုဝြဖိုးစေ၍ အသံ ကြည်လင် ကောင်းမွန်စေသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာသော ပျားရည်ကို “ပျားရည်အဟောင်း” ဟုခေါ်ပြီး၊ ထိုပျားရည် က လူကိုအဆီကျ အသားကျစ်လစ် ပိန်စေသည်။ ပျားရည်အဟောင်းက သွေးတိုး၊ လေငန်းသမားများအတွက် ဆေးကောင်း တစ်လက်ဖြစ်သည်။ သို့သော် များများစားပါက ၀မ်းချုပ်စေတတ်သည်။

ပျားရည် နှင့် ရေးနွေးဖြူအစွမ်း။

ပျားရည်ကို ရေနွေးဖြင့် သောက်ခြင်းက အစွမ်းထက်မြက်သော မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယား သတ်ဆေးရည်အဖြစ် စွမ်းဆောင်နိုင်ခြင်း၊ ညဘက် ယမကာ အလွန်အကျွံ သောက်သုံးခဲ့သူများ နံနက်အိပ်ယာထ ပျားရည်နှင့် ရေနွေးပူဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့် ခေါင်းမကြည်၊ ခေါင်းကိုက်၊ ဗိုက်အောင့် ဝေဒနာများ မခံစား ရနိုင်ပါ။ ပျားရည်က ကျောက်ကပ်ထဲရှိ အရည်များကို စုပ်ယူပစ်၍ ညဘက်မကြာခဏ ဆီးထသွားခြင်းကို ထိန်းချုပ်ပေး နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ညဘက် ဆီးခဏခဏသွားသူများ ထိုဆေးဖျော်ရည်ကို ညနေခင်းပိုင်းမှာ သောက်ပေးခြင်း ဖြင့် ကျောက်ကပ်ကို သိသိသာသာကောင်းကျိုးပြုသည်။ ဤဆေးဖျော်ရည်သောက်စမှာ ၀မ်းဗိုက် ဖောင်းလာကောင်း ဖောင်းလာနိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ဆက်လက်သောက်ပေါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်း အားဖြင့် ပျော့နူးစေပြီး နောက်ဆုံးမှာ ၀မ်း နှင့် လေအဖြစ် ဆင်းသက်ကာ ပေါ့ပါးလန်းဆန်းစေသည်။ လေလုံး၊ လေဖြင်း ရှိသူများအတွက်ကိုလည်း လွန်စွာဆေးဖက်၀င်ပါသည်။

ပျားရည် နှင့် သံပုရာရည်အစွမ်း။

ရေနွေးဖြူ တစ်ခွက်ထဲသို့ပျားရည် နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံက်အိပ်ယာထ ဗိုက် ထဲတွင် မည်သည့်အစာမျှ မရှိခင် သောက်ပေးရပါသည်။ အချိန်ကြာကြာ အအေးခံမထားသင့်ဘဲ ချက်ချင်း သောက်ပေး သင့်သည်။ ၄င်းဆေးပျားရည်ကို သောက်သုံးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း၊ အဆုပ်ထဲရှိ အရိအရွဲကို သန့်စင်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေး မိရောဂါတို့မှ ကာကွယ်နိုင်ခြင်း၊ အစာချေလမ်းကြောင်းတလျောက် သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက ထိုလမ်း ကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့်စင်ပေးခြင်း၊ အူသိမ်အူမထဲမှ အချွဲအကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင်ကျန်းမာစေခြင်း၊ အူမကြီးစိုစွတ်၍ လွယ်ကူစွာ ၀မ်းသက်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ စိတ်ဖိစီးမှု ပြေ ပျောက်စေခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်းသန့်စေခြင်း၊ ခံတွင်းရနံ့သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက် ရှိမှု ကာကွယ်ပေးခြင်း၊ အသားအရေ ၀င်းပကြည်လင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင် မှာဖြစ်သည်။

ပျားရည်သောက်ရန် သင့်တော်သူများ။

· မီးဖွားပြီးခါစ နှင့် နို့ချိုတိုက်ချိန်များတွင် ပျားရည်စားပေးသင့်သည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးနုသားနုချိန် တွင် ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက် ပေးသင့်သည်။

· အရိုးကင်ဆာ နှင့် အစာအိမ်ကင်ဆာ ဝေဒနာသည်များသည် သဘာ၀ နှစ်ချို့ပျားရည်စစ်စစ် နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျပမာဏစီ ဆတူရော၍၊ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့ သုံးကြိမ် နှုန်းဖြင့် အစာမစားမီ နာရီ၀က်ခန့်အလို (သို့မဟုတ်) အစာစားပြီးနောက် နာရီ၀က်အကြာမှာ သောက်သုံးပေးပါ။ အထူးသတ်ပြုရန်မှာ ဆေးသောက်ပြီးနောက် သောက်ရေ အေးတစ်ဖန်ခွက် သောက်ပါ (ရေခဲရေ မဟုတ်ပါ)

· ပျားရည်တွင် အပူဓာတ်ရှိ၍ ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြ သည်။ အဖြေမှန်မှာ သောက်၍ရပါသည်။ အပူကန်လည်ချောင်းနာသူများသည် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်း ဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေသည်။

· ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျား ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ ဖျော်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက် ရည် (သို့မဟုတ်) သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။

· ကလေးများအတွက် မျက်စိအားကောင်းစေသည်။ ကလေးငယ်များ ချွဲကြပ်ရင်ကြပ်ဖြစ်ပါက ပျားရည်ကို သံပုရာ ရည်ဖြင့် ဆတူရော၍တိုက်ပါ။ ကလေးငယ်များ ၀မ်းပျက်၊ ၀မ်းလျောခြင်းအတွက် ပျားရည် အနည်းငယ်ကျွေးပါ။ ပျားရည်က စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန့်တတ်သော ကလေးများကို ည အိပ်ယာ၀င်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်သည်။ သူငယ်နာအကြောဆွဲ ၍ သေလုမျောပါးဖြစ်နေသော ကလေးငယ်များကို ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေနိုင် သည်။ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီး နှင့် ပျားရည် နယ်၍ကျွေးပါ (သို့ မဟုတ်) ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။

ပျားရည်သောက်ရန် မသင့်တော်သူများ။

· ပျားရည်ထဲတွင် microorganisms (ခေါ်) Clostridium ဗက်တီးရီးယားပိုးငယ်လေးများ မြောက်များစွာပါရှိနေ ကြသည်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက် နိုင်သော်လဲဘဲ၊ ကလေးငယ်များအတွက်မှာမူ အစာချေလမ်းကြောင်းတွင် သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကို ဖြစ်စေသည်။ ထို့ကြောင့် အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည် (လုံး၀) မကျွေး သင့်ပေ။

· Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်၀န် သည်တွေ ပျားရည်သောက်ရန် သင့်၊ မသင့်ကို ဝေခွဲမရဖြစ်နေကြသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက် ပျားရည်သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီ၀ကမ္မဖြစ်စဉ်က ပျားရည်ထဲရှိ botulinumtoxin အဆိပ်ကို အလို အလျောက် ဖယ်ရှား သုတ်သင်ပေးလေ့ရှိသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်များ ပျားရည်သောက်၍ ရပါသည်။ သန္ဓေသားကိုလည်း ဘေးဥပါသ် လုံး၀ မဖြစ်စေနိုင်ပါ။ သို့သော် မိခင်လောင်းအများစုသည် ကိုယ်၀န်ဆောင် နေစဉ် သွေးထဲရှိသကြားပမာဏ မြင့်တက်လာလေ့ရှိကြသည်။ ပျားရည်ထဲတွင်လည်း fructose သကြား ပမာဏ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်၀န်သည်များအနေဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ်အကင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်စဉ် ပျားရည်မစားရန် စာရေးသူက အကြံပြုလိုပါသည်။

· ပျားရည်ထဲတွင် fructose နှင့် glucose ဓာတ်များ ပြည့်၀တူညီစွာပါရှိနေကြသည်။ ထို့ကြောင့် ဆီးချို၊ သွေးချို ရောဂါသည်များ နှင့် သွေးထဲတွင် glucose ပြဿနာရှိနေသူများ ပျားရည်စားသုံးခြင်းမှ အထူး ရှောင်ရှားသင့် သည်။

· ပျားရည်နှင့် သကြားအညို(သဘာ၀သကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ရှိသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ ပါရှိနေပြီး၊ အညိုရောင်သကြားထဲတွင် ကယ်လိုရီ ၁၆ ပါရှိနေသည်။ ထို့ ကြောင့် ပျားရည်သည် ကယ်လိုရီတက်စေသဖြင့် ကိုယ်အလေးချိန် လျော့ချလိုသူများအနေဖြင့် ပျားရည် မသောက်သင့်ပေ။

ပျားရည် နှင့် တွဲမစားသင့်သော အစားအစာများ။

ကြာစေ့၊ မုန်လာဥအဖြူ၊ ၀က်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်း ကြီး တ်ို့ဖြစ်ကြသည်။

ပျားရည်အတု နှင့် အစစ်ခွဲခြားနည်း။

ပျားရည်သည် ရှားပါး၍တန်ဖိုးကြီးသဖြင့် ပျားရည်စျေးကွက်တွင် အတုများရောင်းချလျက်ရှိနေကြသည်။ ပျားရည်အတု က အရောင်၊ အနံ့၊ အရသာ၊ အာနိသင် အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာ အောင်ထားသော်လည်း အရောင်ပြောင်းရုံမှအပ၊ မပုပ်မသိုး သဘာ၀ဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲဖြစ် သည်။ ပျားရည် စစ်၊ မစစ်ကို သိလိုလျှင်-

· ခွေးကျွေးကြည့်ပါ၊ ပျားရည်အစစ်ကို ခွေး မစားပေ။

· ဝါဂွမ်းကို ပျားရည်နှစ်၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါသည်။

· ပျားတစ်ကောင်ကိုဖမ်း၍ ပျားရည်ထဲ နှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။

· ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်တွင်စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။

· ပျားရည် တစ်စက်နှစ်စက်ကို ဌက်ပျောဖက်ပေါ်တင်ကြည့်ပါ၊ လျောမကျဘဲ လုံး၍ တင်ရှိနေလျှင် ပျားရည်စစ် သည်။

· ပျားရည်တစ်ဇွန်း နှင့် နှမ်းဆီတစ်ဇွန်းရော၍ ချိန်ကြည့်ပါ။ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါသညသို့သော် ထိုအရော အနှောကို မစားသင့်ပါ

Credit:

Solar ပြား နှင့် Controller သိကောင်းစရာ 〰️〰️〰️〰️〰️🌞🔌🔥〰️〰️〰️〰️〰️မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူ...
30/04/2023

Solar ပြား နှင့် Controller သိကောင်းစရာ
〰️〰️〰️〰️〰️🌞🔌🔥〰️〰️〰️〰️〰️
မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်

(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
=======================
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့တိုက်ရိုက်ပြောင်းလဲပေးနိုင်သောနည်းပညာ ဖြစ်ပါသည် နေအလင်းရောင်တွင်ပါ၀င်သော အလင်းမှုန်များမှဆိုလာပြားအတွင်းရှိလျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကိုဖြစ်ပေါ်စေခြင်းဖြစ်ပါသည်

(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း
=========================
ဆိုလာဆဲလ် ဆိုသည်မှာအလင်းစွမ်းအင်ကိုလျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးသောအရာ ဖြစ်ပါသည် ဆဲလ်များသည်မည်သည့် စွမ်းအင်ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှုမရှိတော့ပေ

(၃) Charge Controller ဆိုတာ ဘာလဲ
========================
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေးသောစက်ကိရိယာဖြစ်ပါသည် ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်

(၄) Charge Controller
ဘာကြောင့် အသုံးပြုရတာလဲ
=========================
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကိုအသုံးပြုရပါသည်

(၅)ဆိုလာပြား မှမီးလောင်ရခြင်းများ
=======================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်
ကြခြင်းကြောင့်ဖြစ်ပွါးနိုင်ပါတယ်

‘‘ဆိုလာကနေထွက်တဲ့ ကြိုးကို သင့်တော်တဲ့ကြိုးမသုံးတအရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ ဆိုလာပြားကိုသယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ ဆိုလာပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင်ခြင်းမပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း အနုတ်ငုတ်မှာ ကြိုးချောင်နေတာ ကြားထဲမှာ ကြိုးဆက်ထားတဲ့အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် "

၆/ ဆိုလာပြား မှမီးလောင်ခြင်းများ
မဖြစ်ပွါးရအောင်
=========================
၁/Controller ခံသုံးပါ

၂/အဝင်ကြိုးကို သတိမှတ်ထား သော original ဝါယာကြိုးကိုသာအသုံးပြုပါ

၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ

၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပွါးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင် controller ခံထားပါ ခရီးရှည်ထွက်လျှင်လုံးဝ ပိတ်ထားခဲ့ပါ

၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်

Credit:
Photos: Google
#ငဝက၊ဂFairPrice

Address

Pyinmana
Pyinmana
15012

Telephone

+959789015141

Website

Alerts

Be the first to know and let us send you an email when ငဝက၊ဂ Fair Price posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share