20/05/2026
စိုက်ပျိုးရေးဝါသနာပါသူ လူငယ်များနှင့် အမျိုးသမီးများအတွက် အဓိကရည်ရွယ်တဲ့ ၂ ရက်တာ အထူးသင်တန်းဖြစ်တဲ့ “Practical Agro-Ecological Farming Design Training for Monsson Season” ကို လျှောက်ထားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ "ဂေဟစနစ်အခြေပြု စိုက်ပျိုးရေး (Agro-ecological Farming) ဆိုတာ ဘာလဲ၊ မကြာခင်မှာ မိုးရာသီရောက်တော့မှာမို့ မိုးရာသီနဲ့ကိုက်ညီပြီး ဂေဟစနစ်ရှင်သန်စေတဲ့ စိုက်ခင်း Design တခုကို စနစ်တကျ ဖော်ဆောင်လိုပါသလား။
စိုက်ပျိုးရေးလုပ်ငန်းတွေ အောင်မြင်ဖို့ဆိုတာ စနစ်တကျ ဒီဇိုင်းဖော်ဆောင်နိုင်မှုအပေါ် အများကြီး မူတည်ပါတယ်။
ဒီသင်တန်းကို myanSEED ရုံးမှာ စာတွေ့တင်မကဘဲ myanSEED Farm ထဲမှာပါ လက်တွေ့လေ့လာခွင့်ရမှာ ဖြစ်လို့ အရမ်းကို ထိရောက်တဲ့ သင်တန်းတစ်ခု ဖြစ်မှာပါ။
ဒီသင်တန်းမှာ ဘာတွေလေ့လာရမလဲ?
• Agrocological Farm Design
➢ ဂေဟစနစ်စိုက်ပျိုးနည်းများနဲ့ ဂေဟစနစ်နဲ့ အညီ စိုက်ခင်းပုံစံ ရေးဆွဲနည်းများ (စာတွေ့+ လက်တွေ့)။
• Soil & Nutrient Management
➢ ကိုယ့်ခြံထဲက မြေကြီးကို ကျန်းမာလာအောင် ဘယ်လိုပြုပြင်မလဲ? မိုးများလို့ မြေဆီလွှာ တိုက်စားတာကို ဘယ်လိုကာကွယ်မလဲ? အပင်တွေအတွက် လိုအပ်တဲ့ အာဟာရကို သဘာဝနည်းလမ်းနဲ့ ဘယ်လိုဖြည့်တင်းမလဲဆိုတဲ့ မြေဆီလွှာ စီမံခန့်ခွဲမှု နည်းစနစ်များ။
• Nursery Management, Plant Propagation and Care
➢ မိုးရာသီမှာ အပင်ပေါက်လေးတွေ သန်စွမ်းဖို့ ပျိုးမြေစပ်နည်း၊ ပျိုးအိမ်တည်ဆောက်ပုံနဲ့ မျိုးစေ့ကနေ ပျိုးထောင်တာတင်မကဘဲ ကိုင်းဖြတ်ကူးခြင်း၊ ကိုင်းဆက်ခြင်း၊ အဖူးမြှပ်ခြင်းနဲ့ မြေထုတ်စည်းခြင်း စတဲ့ နည်းလမ်းမျိုးစုံနဲ့ အပင်တွေကို အရေအတွက်အများကြီးဖြစ်အောင် ကိုယ်တိုင် အပင်မျိုးပွားနည်း၊ ပျိုးပင်လေးတွေကို ဘယ်လိုစောင့်ရှောက်ရမလဲဆိုတဲ့ နည်းလမ်းများ။
ဒီသင်တန်းက ဘယ်သူတွေနဲ့ သင့်တော်သလဲ?
• စိုက်ပျိုးရေးကို စိတ်ဝင်စားပြီး ကိုယ်တိုင်စိုက်ခင်းလေး ဖော်ဆောင်ချင်တဲ့ လူငယ်များ။
• မိသားစုစားဝတ်နေရေးအတွက်ဖြစ်စေ၊ စီးပွားဖြစ်ဖြစ်စေ သဘာဝစိုက်ပျိုးရေးကို စိတ်ဝင်စားတဲ့ အမျိုးသမီးများ၊ လူငယ်များ။
စိုက်ပျိုးရေးဆိုတာ အပင်စိုက်ရုံတင်မဟုတ်ဘဲ မြေကြီးနဲ့ သဘာဝပတ်ဝန်းကျင်ကိုပါ ပြုစုပျိုးထောင်ခြင်း ဖြစ်ပါတယ်။ ဒီမိုးရာသီမှာ စိမ်းလန်းစိုပြေတဲ့ စိုက်ခင်းတွေကို ကျွန်တော်တို့အတူတူဖန်တီးကြမယ်နော် 🕉️🪷
သင်တန်းရက် - 29th & 30th May, 2026
နေရာ -
Day (1) - myanSEED Office
အမှတ် (၁၄၂-အေ) ၊ အောက်ကြည်မြင်တိုင်လမ်း၊ စောရန်ပိုင် (အရှေ့) ရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
https://maps.app.goo.gl/BBbTLmkkzuwn1MUs5
Day (2) - myanSEED Farm
ပုပ်သင်ညိုကျေးရွာအနီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်မြို့။
https://maps.app.goo.gl/aXkg64A1KvNoutnf6
စာရင်းပေးသွင်းရန် - https://forms.gle/qTij3DSy6CorcLiY7
[English Text]
With the monsoon season fast approaching, are you ready to transform your garden into an “Agro-ecological Farm Design” that is both Climate-resilient and environmentally friendly?
Success in monsoon farming depends heavily on systematic design and strategic planning. To support young enthusiasts and women interested in agriculture, we are excited to announce a 2-day intensive training: “Practical Agro-Ecological Farming Designs for the Monsoon Season.”
This training offers more than just theory at myanSEED Office—you will gain hands-on experience directly in the field at myanSEED Farm, ensuring a practical and impactful learning journey.
What will you learn?
• Ecological Farm Design for Monsoon Season
➢ Designing farm layouts that prevent waterlogging and harmonize with nature.
• Nursery Management
➢ Techniques for mixing potting soil to ensure strong seedlings.
➢ Learn various methods like seed sowing, stem cutting, grafting, budding and layering to multiply your plants efficiently.
➢ Constructing nursery shelters tailored for the rainy season.
➢ Methods to protect young plants from pests and diseases.
• Soil & Nutrient Management
➢ How to restore and improve soil health naturally.
➢ Preventing soil erosion caused by heavy rainfall.
➢ Natural methods to provide essential nutrients for your plants.
Who should attend?
Youths who are passionate about agriculture and want to start their own farm projects.
Women interested in natural farming, whether for family subsistence or as a commercial venture.
Agriculture is more than just planting; it is about nurturing the earth and our environment. Let’s work together to create lush, green, and sustainable farms this monsoon season!
Date – 29th & 30th May, 2026
Location –
Day (1) - myanSEED Office
No. (142-A), Lower Kyee Myin Daing Road, Saw Yan Paing (East) Ward, Ahlone Township, Yangon.
https://maps.app.goo.gl/BBbTLmkkzuwn1MUs5
Day (2) - myanSEED Farm
Near Pop Thin Nyo Village, Hlegu Township, Yangon.
https://maps.app.goo.gl/aXkg64A1KvNoutnf6
Register - https://forms.gle/qTij3DSy6CorcLiY7