Snow Sale And Service

Directions Contact the business

Snow Sale And Service 🤗Welcome to our snow sale and service❄️
Selling 1xBet 1MMK
Selling Ibet789 1000MMK
Selling 555mix 1MMK
Selling Myan-Thai 7000MMK

“နောက်တစ်ယောက်က Sneyking ပဲ” လို့ Skiter ကို အနိုင်ယူပြီးနောက် အသင်းဟောင်းက အသင်းဖော်ဆီ တိုက်ရိုက် စိန်ခေါ်စကားပါးလိုက်တ...
27/09/2026

“နောက်တစ်ယောက်က Sneyking ပဲ” လို့ Skiter ကို အနိုင်ယူပြီးနောက် အသင်းဟောင်းက အသင်းဖော်ဆီ တိုက်ရိုက် စိန်ခေါ်စကားပါးလိုက်တဲ့ ATF 🎯🔥
PGL Wallachia Season 9 ပြိုင်ပွဲကြီးဟာဖြင့် ဒရာမာတွေ၊ အကြိတ်အနယ် ပြိုင်ဆိုင်မှုတွေနဲ့အတူ တရှိန်ထိုး မြင့်တက်လာနေပါပြီ 💥။ Team Yandex ရဲ့ နာမည်ကျော် Offlane ကစားသမား Ammar “ATF” al-Assaf ဟာ Aurora Gaming ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အပြီးမှာ သူ့ရဲ့ Team Falcons အသင်းဟောင်းက အသင်းဖော်ဆီကို ဦးတည်ပြီး ပြတ်သားတဲ့ စိန်ခေါ်မှု မက်ဆေ့ခ်ျတစ်ခု ပေးပို့လိုက်ပါတယ်။
ATF ဟာ သူ့ရဲ့ ကိုယ်ပိုင် Telegram ချန်နယ်ကနေတစ်ဆင့် “Sneyking is next” (နောက်တစ်လှည့်က Sneyking ပဲ) ဆိုပြီး တိုတိုရှင်းရှင်းနဲ့ အဓိပ္ပာယ်ပါလှတဲ့ စာသားလေးကို ရေးတင်ခဲ့တာပါ 👀⚡။ ဒီစကားဟာ လာမယ့်ပွဲစဉ်မှာ ရင်ဆိုင်ရမယ့် LGD Gaming အသင်းနဲ့ အဲဒီအသင်းမှာ လက်ရှိကစားနေတဲ့ Team Falcons က အသင်းဖော်ဟောင်း Jingjun “Sneyking” Wu ကို ပွဲမစခင်ကတည်းက တရားဝင် စိတ်ဓာတ်စစ်ဆင်ရေး (Mind games) စတင်လိုက်တာလည်း ဖြစ်ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ATF ဟာ အခု Aurora Gaming နဲ့ ပွဲစဉ်မှာလည်း Falcons အသင်းမှာ အတူလက်တွဲ အောင်မြင်မှုတွေ ယူခဲ့ဖူးတဲ့ Carry ကစားသမားဟောင်း Oliver “Skiter” Lepko ကို အနိုင်ယူကျော်ဖြတ်ခဲ့တာပါ ⚔️🛡️။ အခုအခါမှာတော့ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ Skiter ကို အလဲထိုးပြီးနောက် နောက်ထပ် ကပ္ပတိန်ဟောင်း Sneyking ရဲ့ LGD Gaming ကို ထပ်မံရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ သဘောကို အသိပေးလိုက်တာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ Team Yandex ရဲ့ Carry ကစားသမား Watson ကလည်း ATF နဲ့ လက်တွဲရတာ အရမ်းလွယ်ကူပြီး ပြိုင်ဘက်တွေကို ဒုက္ခအကြီးအကျယ် ပေးနိုင်တဲ့သူဖြစ်ကြောင်း ချီးကျူးထားခဲ့ပါသေးတယ် 🤝✨။ အခုလို အသင်းဟောင်းက သူငယ်ချင်းတွေ တစ်ယောက်ပြီးတစ်ယောက် တစ်ဖက်စီ ပြန်လည်ရင်ဆိုင်နေရတဲ့ ATF နဲ့ Sneyking တို့ရဲ့ ထိပ်တိုက်တွေ့ဆုံပွဲဟာ ဘယ်လိုအကြိတ်အနယ်တွေနဲ့ အဆုံးသတ်သွားမလဲဆိုတာ Dota 2 ပရိသတ်တွေ လက်မလွတ်တမ်း စောင့်ကြည့်ရတော့မှာ အသေအချာပါပဲ 🍿🚀။

📌“ATF နဲ့ လက်တွဲရတာ အရမ်းအဆင်ပြေတယ်၊ သူက ပြိုင်ဘက်တွေကို ဒုက္ခပေးနေလို့ ကိုယ့်အတွက် Carry ရတာ အများကြီး ပိုသက်သာတယ်” လို...
27/09/2026

📌“ATF နဲ့ လက်တွဲရတာ အရမ်းအဆင်ပြေတယ်၊ သူက ပြိုင်ဘက်တွေကို ဒုက္ခပေးနေလို့ ကိုယ့်အတွက် Carry ရတာ အများကြီး ပိုသက်သာတယ်” လို့ ဖွင့်ဟလိုက်တဲ့ Watson 😎
Team Yandex ရဲ့ ထိပ်တန်း Carry ကြယ်ပွင့် Alimzhan “Watson” Islambekov က အသင်းဖော်အသစ်ဖြစ်တဲ့ နာမည်ကျော် Offlaner Ammar “ATF” al-Assaf နဲ့ တစ်သင်းတည်း လက်တွဲကစားရတဲ့အပေါ် အလွန်သက်သောင့်သက်သာရှိပြီး သဘောကျမိကြောင်း Twitch တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ပြောကြားလိုက်ပါတယ်။
Watson က ATF ရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး “ကျွန်တော် ATF နဲ့ ကစားရတာ တကယ်သဘောကျတယ်။ သူက သူ့ရဲ့ Hero တွေကို အပြည့်အဝ ယုံကြည်မှုရှိရှိနဲ့ ကစားနိုင်သလို ကျွန်တော်တို့ကလည်း သူ့အပေါ် အပြည့်အဝ ယုံကြည်ထားပါတယ်။ ဒါ့အပြင် သူက တကယ့်ကို ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို TI ချန်ပီယံတစ်ဦးလည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံး Pub ပွဲတွေမှာရော ပြိုင်ပွဲတွေမှာပါ သူ့ကို Lane မှာပဲ အမြဲတမ်း ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ရတာပါ။ အခုလို သူက ကျွန်တော်တို့အသင်းဘက်ကို ရောက်လာတာ တကယ်ကို ကောင်းမွန်ပါတယ်” လို့ ချီးကျူးစကား ဆိုခဲ့ပါတယ်။
ဒါ့အပြင် Watson က သူတို့နှစ်ဦးကြားက ရင်းနှီးမှုကို အရွှန်းဖောက်ရင်း “ကျွန်တော်တို့ ATF ကို ရင်ဆိုင်ရတုန်းက ဘယ်တုန်းကမှ မခက်ခဲခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် Lane မှာ ဘယ်လိုကစားရမလဲဆိုတာ သူ့ကို ကျွန်တော်က သင်ပေးခဲ့တာပါ။ အခုတော့ ပြိုင်ဘက်တွေက ကျွန်တော့်ဆီကိုတောင် မလာနိုင်တော့ပါဘူး၊ ဘာလို့လဲဆိုတော့ ATF က ပြိုင်ဘက်တွေအတွက် ဒုက္ခမျိုးစုံ ဖန်တီးပေးနေတာနဲ့တင် သူတို့မှာ ဖြေရှင်းစရာတွေ များနေလို့ပါ” လို့ ရယ်မောကာ ထည့်သွင်းပြောဆိုသွားပါတယ်။
Watson ရဲ့ သုံးသပ်ချက်အရ ATF ဟာ သူ့ရဲ့ ကိုယ်ပိုင် Hero Pool အပေါ် နက်နက်ရှိုင်းရှိုင်း ကျွမ်းကျင်ပိုင်နိုင်မှုရှိပြီး ပြိုင်ဘက်တွေကို အမြဲတမ်း ဖိအားပေး နှောင့်ယှက်နေနိုင်တာကြောင့် Carry တစ်ယောက်အနေနဲ့ Farm ဖို့နဲ့ ပွဲကို ဦးဆောင်ဖို့အတွက် တာဝန်တွေကို အများကြီး ပေါ့ပါးချောမွေ့သွားစေတယ်လို့ ဆိုပါတယ်။ ယခင်က တစ်ဖက်စီကနေ အကြိတ်အနယ် ပြိုင်ဆိုင်ခဲ့ကြတဲ့ ထိပ်တန်း ကစားသမားနှစ်ဦးဟာ အခုအခါ Team Yandex မှာ အတူတကွ လက်တွဲမိသွားပြီဖြစ်လို့ အသင်းရဲ့ အင်အားကို ပိုမိုတောင့်တင်းစေမယ့် အချက်တစ်ခု ဖြစ်လာနေပါတယ်။

📌နိုင်ခြေသိပ်မရှိတဲ့ ပွဲတွေဆိုရင် စောစောစီးစီး အရှုံးပေးချင်စိတ် ပေါက်လေ့ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့ နာမ...
26/09/2026

📌နိုင်ခြေသိပ်မရှိတဲ့ ပွဲတွေဆိုရင် စောစောစီးစီး အရှုံးပေးချင်စိတ် ပေါက်လေ့ရှိတယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့ နာမည်ကျော် Carry ကစားသမား Pure
Dota 2 လောကရဲ့ ထိပ်တန်း Carry ကစားသမားတစ်ဦးဖြစ်သူ Ivan “Pure” Moskalenko က ပြိုင်ပွဲတချို့မှာ သူ့အသင်းအနေနဲ့ အနိုင်ရဖို့ အလားအလာ သိပ်မရှိတော့ဘူးလို့ ခံစားရတဲ့အခါ ပွဲကို စောစောစီးစီး "gg" ရိုက်ပြီး အရှုံးပေး လက်မြှောက်လိုက်ချင်တဲ့ စိတ်ဆန္ဒတွေ ခဏခဏ ဖြစ်ပေါ်လေ့ရှိကြောင်း Twitch စထရွင်းတစ်ခုမှာ ပွင့်ပွင့်လင်းလင်း ဖွင့်ဟပြောဆိုလိုက်ပါတယ်။
Pure က အဆိုပါ အခြေအနေနဲ့ ပတ်သက်ပြီး “Team Yandex နဲ့ ကစားခဲ့တဲ့ ပွဲရဲ့ ဒုတိယမြောက် Map လိုမျိုးပေါ့ဗျာ၊ အဲ့ဒီလို အခြေအနေတွေမှာဆိုရင် ကျွန်တော့်စိတ်ထဲ အခုချက်ချင်း ‘gg’ ရိုက်ချလိုက်လို့ ဘာမှ ဖြစ်မသွားဘူးလို့ ထင်မိတာ အမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော် အဲ့ဒီလို ရိုက်ချင်လာတိုင်း အသင်းခေါင်းဆောင် 33 က ‘မလုပ်နဲ့ မလုပ်နဲ့ဦး၊ ငါတို့ ပြန်ကြိုးစားလို့ ရသေးတယ်၊ သွား... Level တက်အောင်လုပ်၊ စမ်းကြည့်ရအောင်၊ သွား Farm ချေ’ ဆိုပြီး အမြဲတမ်း တားဆီးလေ့ရှိတယ်” လို့ ပြောပြခဲ့ပါတယ်။
Pure ရဲ့ အမြင်အရ နိုင်ခြေမရှိတော့တဲ့ ရှုံးပွဲတစ်ခုမှာ အချိန်ကုန်ခံပြီး အားတင်းကစားနေမယ့်အစား အရှုံးကို အမြန်ဆုံး လက်ခံလိုက်တာဟာ သိပ်ပြီး ပြဿနာကြီးမားတဲ့ ကိစ္စမဟုတ်ဘူးလို့ ယူဆထားတာ ဖြစ်ပါတယ်။ သို့သော်လည်း အခက်အခဲဆုံး အခြေအနေတွေမှာ လက်မလျှော့တတ်တဲ့ အသင်းဖော် Neta “33” Shapira ရဲ့ စိတ်ဓာတ်မြှင့်တင်ပေးမှုနဲ့ အသင်းရဲ့ အခြေအနေကို ပြန်လည်ဆယ်ယူဖို့ တွန်းအားပေး တိုက်တွန်းမှုတွေကြောင့်သာ ပွဲပြီးဆုံးတဲ့အထိ အဆုံးစွန်ထိ ဆက်လက်ကြိုးစားဖြစ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ Ivan “Pure” Moskalenko ဟာ ပြီးခဲ့တဲ့ The International 2026 အပြီးမှာ 1win Team ရဲ့ Dota 2 ကစားသမားစာရင်းကနေ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ပြိုင်ပွဲအသိုင်းအဝိုင်းအတွင်း ထွက်ပေါ်နေပါတယ်။

နာမည်ကျော် Dota 2 စတွင်မာတစ်ဦးဖြစ်တဲ့ Alexander “Nix” Levin က လူငယ်ကြယ်ပွင့် ကစားသမား Alan “Satanic” Gallamov ဟာ ခေါင်းဆ...
25/09/2026

နာမည်ကျော် Dota 2 စတွင်မာတစ်ဦးဖြစ်တဲ့ Alexander “Nix” Levin က လူငယ်ကြယ်ပွင့် ကစားသမား Alan “Satanic” Gallamov ဟာ ခေါင်းဆောင်မှု အရည်အချင်း (Leadership qualities) အားနည်းတာကြောင့် အသင်းကို ဦးဆောင်နိုင်စွမ်း မရှိဘူးလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
Nix က သူ့ရဲ့ YouTube အစီအစဉ်ကတစ်ဆင့် ဝေဖန်သုံးသပ်ခဲ့ရာမှာတော့ “ဥပမာဗျာ Satanic ဆိုတာ Carry ပိုင်းမှာတော့ တကယ့်စက်ရုပ်လို အပြစ်ပြောစရာမရှိအောင် ကောင်းတဲ့သူပါ။ ဒါပေမဲ့ သူက ခေါင်းဆောင်တစ်ယောက် မဟုတ်ပါဘူး။ အသင်းသားတွေကို သူ့နောက်ကနေ လိုက်ပါလာအောင် မစုစည်းနိုင်သလို၊ Draft ဆွဲတဲ့အပိုင်းလည်း မကျွမ်းကျင်ပါဘူး၊ အသင်းလိုက်ဖွဲ့စည်းကစားရမယ့် အခြေခံသဘောတရားတွေကိုလည်း နားမလည်သေးပါဘူး။ ပြောရရင် သူဟာ စစ်သေနာပတိတစ်ယောက် မဟုတ်ပေမဲ့ စစ်မြေပြင်မှာတော့ အကောင်းဆုံး စစ်သည်တော်တစ်ယောက်ပါပဲ” လို့ ရှင်းပြထားပါတယ်။
Nix ရဲ့ အမြင်အရ Satanic ဟာ Carry Roleမှာ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်း အလွန်အမင်း ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားဖြစ်ပေမဲ့ Hero ရွေးချယ်မှု (Drafts) နဲ့ အသင်းလိုက် ကစားဟန် စုစည်းမှုအပိုင်း အားနည်းချက်တွေကြောင့် အသင်းကို ဦးဆောင်ရမယ့် ခေါင်းဆောင်တာဝန်ကိုတော့ ထမ်းဆောင်နိုင်မှာ မဟုတ်ဘူးလို့ မှတ်ချက်ပြုထားပါတယ်။

မင်းတို့ကိစ္စကလည်း ... 😆
25/09/2026

မင်းတို့ကိစ္စကလည်း ... 😆

📌 Topson ပြန်လည်ပါဝင်လာမှုနှင့်အတူ OG အသင်း လူစာရင်းသစ်ကို တရားဝင် ထုတ်ပြန်ကြေညာ      နှစ်ကြိမ်ဆက် The International (TI...
24/09/2026

📌 Topson ပြန်လည်ပါဝင်လာမှုနှင့်အတူ OG အသင်း လူစာရင်းသစ်ကို တရားဝင် ထုတ်ပြန်ကြေညာ
နှစ်ကြိမ်ဆက် The International (TI) ချန်ပီယံ OG အသင်းဟာ ၂၀၂၆-၂၀၂၇ ပြိုင်ပွဲရာသီသစ်အတွက် နိုင်ငံတကာ ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ လူစာရင်းသစ်ကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီလူစာရင်းရဲ့ အဓိက သတင်းထူးကတော့ OG အသင်းနဲ့အတူ ကမ္ဘာ့ချန်ပီယံဆုတွေကို ဆွတ်ခူးပေးခဲ့ဖူးတဲ့ ဝါရင့် Midlaner Topias Miikka “Topson” Taavitsainen ဟာ အသင်းကနေ ခွဲခွာသွားခဲ့ပြီး ၅ နှစ်နီးပါးအကြာမှာ အသင်းဟောင်းဆီကို ပြန်လည်ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။
OG အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၅-၂၀၂၆ ရာသီမှာ (SEA) ဘက် ခြေဆန့်ပြီး ဖိလစ်ပိုင် ကစားသမားသီးသန့် လူစာရင်းနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မျှော်လင့်သလောက် ခရီးမပေါက်ခဲ့ပါဘူး။ ရာသီအစပိုင်းမှာ အခြေအနေကောင်းခဲ့ပေမဲ့ နောက်ပိုင်းပြိုင်ပွဲတွေမှာ ရလဒ်တွေ ဆိုးရွားခဲ့သလို ၄ နှစ်အကြာမှ ပြန်လည်ခြေလှမ်းနိုင်ခဲ့တဲ့ TI 2026 ပြိုင်ပွဲမှာလည်း အဆင့် ၁၄-၁၅ နေရာနဲ့သာ အုပ်စုအဆင့်ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရပါတယ်။ ဒါကြောင့် အသင်းရဲ့ မူလကစားသမားတွေဖြစ်တဲ့ Yopaj၊ Raven၊ Tims နဲ့ နည်းပြ 343 တို့ကို လက်တွဲဖြုတ်ကာ လူစာရင်းကို အကြီးအကျယ် ပြန်လည်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
Topson ဟာ အနားယူနေရာကနေ ပြီးခဲ့တဲ့ TI 2026 ပြိုင်ပွဲ စတင်ခါနီးရက်ပိုင်းလေးမှာမှ LGD အသင်းရဲ့ အရေးပေါ် အရန်ကစားသမားအဖြစ် မထင်မှတ်ဘဲ ပါဝင်ကစားပေးခဲ့ရပါတယ်။ အချိန်တိုအတွင်း ဝင်ရောက်ကစားခဲ့ရတာတောင်မှ LGD ကို အုပ်စုအဆင့်ကျော်လွန်အောင် ကူညီပေးနိုင်ခဲ့ပြီး ထိုပြိုင်ပွဲက အတွေ့အကြုံကပဲ Topson ရဲ့ ပရိုပြိုင်ပွဲဝင်လိုစိတ် ဆာလောင်မှုကို ပြန်လည်နှိုးဆွပေးခဲ့ပုံရကာ ယခုအခါမှာတော့ အသင်းဟောင်း OG ဆီကို ခေါင်းဆောင်အဖြစ် ပြန်လည်ဦးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဖွဲ့စည်းလိုက်တဲ့ OG ရဲ့ လူစာရင်းသစ်မှာ Carry အဖြစ် Natsumi-၊ Support (Pos 5) အဖြစ် Skem တို့က မူလရာသီဟောင်းကနေ ဆက်လက်ကျန်ရှိနေပြီး Offlaner နေရာအတွက် PARIVISION အသင်းဆီကနေ အငှားခေါ်ယူထားတဲ့ SSS နဲ့ Support (Pos 4) နေရာအတွက် OneJey တို့ကို ဖြည့်တင်းထားပါတယ်။ နည်းပြနေရာမှာတော့ HEROIC နဲ့ LGD Gaming အသင်းတွေမှာ တာဝန်ယူခဲ့ဖူးတဲ့ တောင်အမေရိက နည်းပြဟောင်း Igor "kaffs" Estevão က ဦးဆောင်သွားမှာ ဖြစ်ပါတယ်။ Topson ပြန်လည်ဦးဆောင်လာတဲ့ ဒီ OG လူစာရင်းသစ်ကို လာမယ့် စက်တင်ဘာ ၂၉ ရက်မှာ ကျင်းပမယ့် BLAST SLAM VIII ပြိုင်ပွဲအတွင်း ပထမဆုံးအကြိမ် ပွဲထွက်ယှဉ်ပြိုင်တာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

Photo Crd - Gosugamers

❄️ Myan-Thai ထိုးမယ်ဆိုရင် ကျွန်တော်တို့ Snow Sale And Service ရှိပါတယ်။ ❄️ အသက်သာဆုံးဈေးနှုန်း၊ အကောင်းဆုံး၀န်ဆောင်မှုတ...
23/09/2026

❄️ Myan-Thai ထိုးမယ်ဆိုရင် ကျွန်တော်တို့ Snow Sale And Service ရှိပါတယ်။

❄️ အသက်သာဆုံးဈေးနှုန်း၊ အကောင်းဆုံး၀န်ဆောင်မှုတွေနဲ့အတူ 24/7 အမြဲအသင့်ရှိနေတာဖြစ်လို့ အခုပဲ လာရောက်ကံစမ်းလိုက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ 🥰

သမိုင်းဝင် တတိယမြောက် Aegis ကို ဆွတ်ခူးပြီးနောက်မှာတော့  Team Spirit အတွင်းမှာ မထင်မှတ်ထားတဲ့ လူစာရင်း အပြောင်းအလဲတွေ ဖြ...
23/09/2026

သမိုင်းဝင် တတိယမြောက် Aegis ကို ဆွတ်ခူးပြီးနောက်မှာတော့ Team Spirit အတွင်းမှာ မထင်မှတ်ထားတဲ့ လူစာရင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါပြီ။
ပြီးခဲ့တဲ့လက ရှန်ဟိုင်းမှာ ကျင်းပခဲ့တဲ့ The International (TI) 2026 ဗိုလ်လုပွဲမှာ အင်အားကြီး TEAM VISION (PARIVISION) ကို ၃ ပွဲ ၂ ပွဲနဲ့ အကြိတ်အနယ် အနိုင်ယူကာ သမိုင်းတစ်လျှောက် ပထမဆုံး တတိယမြောက် Aegis ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့တဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ Team Spirit အသင်းဟာ ၂၀၂၆-၂၀၂၇ ပြိုင်ပွဲရာသီသစ်အတွက် မမျှော်လင့်ထားတဲ့ လူစာရင်းအပြောင်းအလဲတွေကို တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒါကတော့ အသင်းရဲ့ အဓိကတွေထဲက 2ဦးဖြစ်တဲ့ နာမည်ကျော် Offlaner ကစားသမား Magomed “Collapse” Khalilov နဲ့ နည်းပြ Yaroslav “Miposhka” Naidenov တို့ဟာ ပရိုပြိုင်ပွဲလောကကနေ ခေတ္တအနားယူ သွားကြတော့မှာပဲဖြစ်ပါတယ်။ Collapse ဟာ ဂိမ်းအပေါ် စိတ်ဆာလောင်မှုအသစ် ပြန်လည်ရရှိဖို့အတွက် ၅ လမှ ၆ လခန့်အထိ အနားယူဖွယ်ရှိပြီး ၂၀၂၇ ခုနှစ် ပထမ ၃ လပတ်လောက်မှသာ ပြိုင်ပွဲလောကထဲ ပြန်ဝင်လာနိုင်ခြေ ရှိပါတယ်။ တစ်ဖက်မှာလည်း ကစားသမားဘဝနဲ့ TI ချန်ပီယံဆု ၂ ကြိမ်၊ အသင်းခေါင်းဆောင်နည်းပြအဖြစ် TI 2026 ချန်ပီယံဆုကိုပါ အောင်မြင်စွာ ဦးဆောင်ပေးခဲ့တဲ့ Miposhka ကတော့ အချိန်အတိုင်းအတာ သတ်မှတ်မထားဘဲ အကန့်အသတ်မရှိ အနားယူသွားမှာ ဖြစ်ပါတယ်။
ဒီလစ်လပ်သွားတဲ့ နေရာတွေကို အစားထိုးဖို့အတွက် Team Spirit ဟာ ထုံးစံအတိုင်း သူတို့ရဲ့ Academy အသင်းဖြစ်တဲ့ Yellow Submarine ဆီကနေ လူငယ်ကစားသမား Bohdan “Batyuk” Batiuk ကို Collapse ရဲ့ Offlane နေရာအတွက် တာဝန်ပေးအပ်လိုက်ပါတယ်။ Batyuk ဟာ ၂၀၂၆ ဧပြီလတုန်းက အသင်းကြီး Team Spirit အတွက် PREMIER SERIES နဲ့ PGL Wallachia Season 8 ပြိုင်ပွဲတွေမှာ အရန်ကစားသမားအဖြစ် ဝင်ရောက်ကစားပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ နည်းပြ လစ်လပ်သွားတဲ့ နေရာမှာတော့ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်တွေတုန်းက Team Spirit မှာ ကစားသမားအဖြစ်ရော Yellow Submarine မှာ နည်းပြအဖြစ်ပါ တာဝန်ယူခဲ့ဖူးတဲ့ ဝါရင့်ကစားသမားဟောင်း Ilya “IllidanSTR” Pevcaev က ပြန်လည်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
လတ်တလော ထွက်ပေါ်လာတဲ့ Team Spirit ရဲ့ Dota 2 ကစားသမားစာရင်းမှာ Carry အဖြစ် Yatoro၊ Midlaner အဖြစ် Larl၊ Offlaner အသစ် Batyuk၊ Support အဖြစ် not me နဲ့ rue တို့ ပါဝင်လာပြီး နည်းပြအဖြစ် IllidanSTR က ဦးဆောင်သွားမှာပါ။ ဒီလူစာရင်းကို လာမယ့် စက်တင်ဘာ ၂၉ ရက်မှာ စတင်ကျင်းပမယ့် BLAST Slam VIII ပြိုင်ပွဲအတွက် ဦးစားပေးဖွဲ့စည်းထားတာဖြစ်လို့ ရေရှည်အတွက် အတည်တကျဖြစ်မလားဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
TI 2026 ပြီးဆုံးချိန် ကစားသမားအပြောင်းအရွှေ့ကာလအတွင်း ကမ္ဘာ့ချန်ပီယံအသင်းကြီးရဲ့ ဒီလို ရဲရင့်တဲ့ လူစာရင်းအပြောင်းအလဲနဲ့ လူငယ်သွေးသစ်တွေကို ပွဲထုတ်လာမှုဟာ Dota 2 ပရိသတ်တွေကြားမှာ အထူးစိတ်ဝင်စားစရာ အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။

ATF တစ်ယောက် "Team Yandex" ရောက်ပြီနာမည်ကြီး Offlaner တစ်ဦးဖြစ်တဲ့ ATF ကတော့ Yandex အသင်းကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတ...
18/09/2026

ATF တစ်ယောက် "Team Yandex" ရောက်ပြီ

နာမည်ကြီး Offlaner တစ်ဦးဖြစ်တဲ့ ATF ကတော့ Yandex အသင်းကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ တစ်နေ့ကပဲ ATF တစ်ယောက် ဒါတွေဟာ Rumors တွေဆိုပြီး ငြင်းချက်ထုတ်ခဲ့ပြီး ဒီနေ့မှာတော့ Yandex ကို တရားဝင် ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းကို Yandex အနေနဲ့ အသင်းရဲ့ Telegram Channel ပေါ်မှာ အောက်ပါအတိုင်း ကြေညာပေးသွားခဲ့ပါတယ်။

" Ammar ရေ Hi ပါ !

Watson Combo ဆိုတာထက် ပိုပြီးကောင်းတဲ့ Welcome လုပ်တဲ့ စကားလုံး မရှိတော့ပါဘူး။

ဒီနှစ်အတွင်းမှာ ငါတို့ သောက်တလွဲတွေကို ပိုတွေ့ရမလား၊ ဒါမှမဟုတ် ဆုဖလားတွေပဲ ပိုရလာမလား ? မကြာခင်မှာတော့ ငါတို့ သိလာရတော့မှာပါ။" ဆိုပြီး ကြေညာခဲ့ပါတယ်။

ATF ဟာ Falcons အသင်းနဲ့အတူ TI 2025 မှာ Champion ဖြစ်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် Yandex တို့အနေနဲ့ အင်အားပိုတောင့်သွားပြီလို့ သုံးသပ်ရမှာပါ။ ဒါပေမယ့်လည်း ATF ဟာ Offlane ကိုမှ Farming အသားပြုပြီး ကစားတတ်တဲ့သူဖြစ်တဲ့အတွက် Watson လို Greedy Core မျိုးနဲ့ အဆင်ပြေပါ့မလားဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။

အသင်းဖော်တွေက "Satanic" ကို ကစ်ထုတ်ချင်နေခဲ့ကြတာပါ - SVGSVG ဆိုတာ DOTA 2 ရဲ့ Analyst တစ်ဦးဖြစ်သလို Cap လို Caster နဲ့တွဲ...
16/09/2026

အသင်းဖော်တွေက "Satanic" ကို ကစ်ထုတ်ချင်နေခဲ့ကြတာပါ - SVG

SVG ဆိုတာ DOTA 2 ရဲ့ Analyst တစ်ဦးဖြစ်သလို Cap လို Caster နဲ့တွဲပြီး DOTA 2 Podcast တွေကို ဖန်တီးနေသူတစ်ဦးပါ။ ဒီလိုလူမျိုးမှာ အတွင်းသတင်းတွေ အများကြီးရှိနေမှာ ဖြစ်တဲ့အတွက် သူပြောခဲ့တာတွေ ကျနော်တို့ အတူတူပြန်ကြည့်ကြည့်ရအောင်ဗျာ။

"ငါကြားခဲ့ရတာတွေနဲ့ ငါ့သိခဲ့ရတာတွေအရတော့ PARIVISION မှာ အတွင်း ပြဿနာလေးတွေ ရှိနေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Satanic နဲ့ ပတ်သက်ပြီးတော့ပေါ့။ သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပြင်းထန်ပြီး ငယ်ရွယ်လွန်းသေးတဲ့ ကစားသမားလေးပါ။"

"ငါရရှိခဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်အရတော့ သူတို့ (အသင်းဖော်တွေကို ဆိုလိုသည်) တွေဟာ အခြေအနေတစ်ခုမှာ Satanic ကို Kick ဖို့ ကြိုးစားခဲ့ကြပါသေးတယ်။ Satanic ဟာ အလုပ်အတူတွဲလုပ်ရတာမှာ ခက်ခဲလွန်းသူဖြစ်ပြီး သူ့ရဲ့ အမူအကျင့်တွေကလည်း အဆင်ပြေမနေပါဘူးလို့ ကျနော် ကြားသိခဲ့ရပါတယ်။" ဆိုပြီး ပြောပြခဲ့တာပါ။

SVG ရဲ့ ကစားနဲ့ သဘောတရားတူတာမျိုး Puppey တစ်ယောက်လည်း ပြောပြခဲ့ဖူးပြီး ဒီလိုပုံစံအတိုင်းသာဆိုရင်တော့ Satanic တစ်ယောက် အရမ်းကြီး တိုးတက်လာဖို့ မရှိတော့ဘူးလို့ ဆိုရမှာပါ။ အနီးစပ်ဆုံး ဥပမာပေးရမယ်ဆိုရင် Parker ဟာ လက်စွမ်းအရ တော်တော်လေးကို ကြမ်းတဲ့ Carry ပါ။ ပြောရမယ်ဆိုရင်တော့ လက်ရှိ Satanic ရဲ့ ကစားပုံဟာ Parker ရဲ့ Prime Time ကို မမှီပါဘူး။ ဒီလိုအနေအထားမှာ ကြမ်းပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေမယ်ဆိုရင်တော့ Satanic ရဲ့ အချိန်တွေဟာ ထင်ထားတာထက် အများကြီးစောပြီး ကုန်သွားမှာပါလို့ သုံးသပ်သွားရမှာပါ။

Address

No. 31(A) , Sat Twin Street, Ahlone Township
Rangoon Ahlone
11121

Website

Alerts

Be the first to know and let us send you an email when Snow Sale And Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Snow Sale And Service:

Shortcuts

Share