ဇေယျာသော် သဲခင်းအုတ်လုပ်ငန်း 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀

  • Home
  • Myanmar
  • Sagaing
  • ဇေယျာသော် သဲခင်းအုတ်လုပ်ငန်း 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀

ဇေယျာသော် သဲခင်းအုတ်လုပ်ငန်း 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 🧱 သဲခင်းအုတ်ကြမ်းခင်းအလှဆင်လုပ်ငန်းနှင့်
🫕🫕(၂)ဖိုတွဲမီးဖိုလုပ်ငန်း

22/09/2025

How do you think precast house building?

22/09/2025

Precast House Building တွေကိုကိုယ်မြင်သလောက် ကောင်းကျိူးလေးတွေသုံးသပ်ကြည့်ပါမယ်။

1-အလုပ်သမားအင်းအားလျော့ချနိုင်မယ်

2-ကုန်ကျစရိတ် လျော့ချနိုင်မယ်

3- ဆောက်လုပ်တဲ့အချိန်ကို 3ဆလောက်ထိလျော့ချနိုင်မယ်။ကျွမ်းကျင်ရင် 5ဆလောက်ထိမြန်ပါမယ်။

4-လက်ရှိဆောက်လုပ်ရေးပိုင်းမှာသွားနေတဲ့ တချို့သောကုန်ကျစရိတ်တွေ precast က လျော့ချပေးနိုင်ပါလိမ့်မယ်။

5-CLC နည်းပညာနဲ့ ပေါင်းရင် အထူးသဖြင့်ငလျင်ဒဏ်အတွက်ထိခိုက်ပျက်စီးမူ နည်းမယ်လို့ ကျနော်မြင်သည်။ ပြန်လည်ပြုပြင်ရလဲ လွယ်မည်။ ဒါကကျနော့အမြင်သာဖြစ်သည်။

6-ဆောက်လုပ်ရေးလုပ်ငန်းအတွက်လဲ တချို့သော process လုပ်ငန်းစဉ်တွေမှာ ဦးနှောက်ခြောက်သက်သာစေမည်လို့လဲထင်ပါတယ်။

7-အကျိူးကျေးဇူးများမှာက အချိန်၊‌ငွေ၊safety ပိုင်းမှာ လုပ်ငန်းရှင်တွေသာမက အိမ်ရှင်တွေ အတွက်ပါ
ဆိုးကျိူးထက် ကောင်းကျိူးကပိုများမယ်ထင်ပါတယ်။

8-နည်းစနှစ်တခုအပြောင်းအလဲမှာ မကျွမ်းကျင်တာကတပိုင်း နားမလည်သေးတာကတပိုင်း ဆိုးကျိူးဆိုတာ ရှိစမြဲပါ။ ဒါကိုအကောင်းဆုံးသွားနိုင်ဖို့လိုပါတယ်။

9- မကောင်းတဲ့အချက်‌ တွေ ကို ကောင်းအောင်အကောင်းဆုံးပြင်ဆင်ပြီး ထုတ်လုပ်နိုင်ရင် ယနေ့အချိန်ထိ ဆောက်လုပ်ရေးပိုင်းမှာ အချိန်ရော ငွေရောမှာ Waste ဖြစ်တဲ့ process တွေကို ဖြုတ်ချ နိုင်ပြီး အချိန်တိုအတွင်း ခိုင်မာတဲ့ building တခု ဖြစ်လာနိင်မည်လို့မြင်မိပါတယ်။

Precast ဆိုရင်မကောင်းဖူးလို့ထင်တဲ့ အမြင်ကို ပြောင်းလဲပေးသင့်ပြီလို့ထင်ပါတယ်။ precast ကမကောင်းတာမဟုတ်ပဲ ထုတ်လုပ်တဲ့အရည်အသွေးနဲ့ installation system မကျွမ်းမူတွေကြောင့်လို့မြင်ပါတယ်။ သဲခင်းအုတ်ကို သဲနဲ့မကျွမ်းကျင်ပဲ installation လုပ်တာ တွေကြောင့် သဲခင်းအုတ်နံမည်ပျက်ခဲ့သလိုပေါ့။

ကျနော်တို့နိုင်ငံမှာ precast House Building တွေ ဘယ်သူစလုပ်မလဲဆိုတာ ရင်ခုန်စွာနဲ့စောင့်ကြည့်နေပါမည်။

17/09/2025

CLC blocksကိုမှ interlocking system နဲ့ သွားထားတာ
ဘာကြားခံပစ္စည်းမှမသုံးပဲဆောက်ထားတယ်။ တို့နိုင်ငံအတွက် မေးစရာမေးခွန်းတွေများမယ်ထင်ပါတယ်။



Send a message to learn more

16/09/2025

CLC Technology Brick 🧱



Tech share-----------Passport ပုံကောင်းကောင်းတပုံရဖို့မိတ်ကပ်ပြင်ရဓါတ်ပုံဆိုင်သွားရဝတ်စုံငှားရPhotoshop ပြင်ရ ... တာတွေမ...
14/09/2025

Tech share
-----------
Passport ပုံကောင်းကောင်းတပုံရဖို့
မိတ်ကပ်ပြင်ရ
ဓါတ်ပုံဆိုင်သွားရ
ဝတ်စုံငှားရ
Photoshop ပြင်ရ ... တာတွေမလိုတော့ပါဘူး။
Gemini နဲ့အလွယ်တကူလုပ်နိုင်ပါပြီ။ မျက်နှာရှင်းရှင်းလင်းလင်းမြင်ရတဲ့ပုံလေးထည့်လိုက်ရုံပါပဲနော်။

Enhance the portrait to give the person a more youthful, athletic look and refreshed appearance by smoothing skin, brightening eyes, and softening facial lines naturally (without losing identity). Dont change the eyes and lips and facial widths. Adjust hairstyle to look neat and tidy. Dress the person in a professional business outfit, such as a tailored suit, blazer, or formal shirt. Improve lighting for a polished studio-style effect with a clean background suitable for corporate or professional use. Posture, face, eyes are straight and focus to front as a passport photo.

Gemini မှာကိုယ့်ပုံကိုယ်ထည့်ပြီး အပေါ်ကစာလေးကို copy paste လိုက်ရင်ရပါပြီ
မူရင်း Post တင်သူကို Credit ပေးပါသည်

ZT ကနေ AI model လေးအသစ် ခန့်လိုက်ပါတယ်🤗    #သဲခင်းအုတ်
13/09/2025

ZT ကနေ AI model လေးအသစ် ခန့်လိုက်ပါတယ်🤗


#သဲခင်းအုတ်

🌚🌚
11/09/2025

🌚🌚

06/09/2025

ပန်းပင်/သစ်ပင်အဝိုက်လေးတွေကို သဲခင်းအုတ်နဲ့
ဘယ်လိုအလှဆင်နိုင်မလဲကြည့်မယ်... 😍

Credit to original video creator

#သဲခင်းအုတ်

05/09/2025

သဲခင်းအုတ်ကို စက်ဝိုင်းပုံသဏ္ဍာန် (paver circle)
ခင်းနည်း

Credit to original video creator

#သဲခင်းအုတ်

04/09/2025

Geotextile ဆိုတာဘာလဲ..
ဘယ်နေရာတွေမှာ သုံးလို့ရတာလဲ...
ဘာကြောင့် သူများနိုင်ငံတွေမှာ သုံးတာလဲ...

ဒီခေတ်မှာ Question တခုရှိပြီဆိုရင် အဖြေသိရဖို့ အရင်ကလောက်မခက်ခဲတော့ပါဘူး။ Chatgpt တို့လို့ Aiတွေ နဲ့ အကြမ်းဖြင်းအဖြေတွေကို ထုတ်ခိုင်းလို့ရနေပါပြီ။

ဒါဆို Geotextile နဲ့ သဲခင်းအုတ် ဘာလို့ သက်ဆိုင်နေတာလဲ?

ဆိုင်ပါတယ် မြေဆီလွာကို အထောက်ကူပြုပေးတဲ့ပစ္စည်းမို့ တွဲသုံးပေးသင့်ပါတယ်။

Geotextile ဆိုတာ ကျနော်တို့အကြမ်းဖြင်းနားလည်လွယ်အောင်ပြောရရင် သဘာဝပစ္စည်းချည်မျှင်တွေနဲ့ ပြုလုပ်ထားတဲ့ တာရှည်ခံတဲ့အခင်းတခုဖြစ်ပါတယ်။

ဘာတွေအတွက်ကောင်းစေတာလဲဆိုရင်
Geotextile အခင်းဟာ ရေကိုမြေဆီလွှာထဲ စစ်ထုတ်ပေးနိုင်တယ်။ မြေဆီလွှာ ရွေ့လျားမူ/နိမ့်ကျမူဒဏ်ကို ခံနိုင်တယ်။

Geotextile အမျိူးအစားပေါ်လိုက်ပြီး
သုံးလို့ရတဲ့နေရာလေးတွေကွဲသွားပါတယ်။
တချို့က လမ်း၊တံတားတွေမှာသုံးတယ်။
တချို့က ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ သုံးတယ်။
တချို့က ရေကန်ဘောင်၊ဆည်ဘောင်တွေမှာသုံးတယ်။
တချို့က paver block (သဲခင်းအုတ်) အောက်ခံအနေနဲ့သုံးကြတယ်။

ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်အနေနဲ့သုံးသပ်ပေးရမယ်ဆိုရင် သဲခင်းအုတ်တွေ ရဲ့ အောက်မှာ ခံသုံး ပေးတာဟာ
မြေဆီလွှာရေဓာတ်ကို အပြည့်အဝ အားဖြည့်ပေးတယ်။
မြေသားနဲ့ သဲခင်းအုတ်ကြားမှာ အလွှာတထပ် ခံပေးလိုက်တဲ့အတွက် ပေါင်းပင်(မြက်) ပေါက်စေမူကို လျော့ချပေးနိုင်တယ်။ ငလျှင်လူပ်လို့ မြေသားရွေလျှားမူဒဏ်ကို ခံနိုင်ရည်ရှိစေပါတယ်။ ဒီအချက်ဟာ အဆောက်ဦး foundation တွေမှာ အင်မတန်အသုံး‌ဝင်စေပါတယ်။
ကျနော်တို့နိုင်ငံရဲ့တချို့ construction တွေမှာ သုံးနေကြတာမြင်မိပါတယ်။အများစုကတော့ မသုံးကြတာများပါတယ်။

စိတ်ဝင်စားပါက အသေးစိတ်အချက်လက်တွေကို chatgpt တို့ YouTube တို့ကနေ ဝင်ရောက်လေ့လာကြည့်ရင်သိနိုင်ပါတယ်။

ဗဟုသုတတခုအနေနဲ့ ရစေမယ်လို့မျော်လင့်ပါတယ်။


03/09/2025

🧱👷မခက်ပါဘူး မခက်ပါဘူး သဲခင်းအုတ်ခင်းရတာ 🤗ကျင်တွယ်ကျကျ ဘေးဘောင်မကွတ်တတ်ရင်၊စနှစ်တကျ မြေဖိ/မြေညိ့ မလုပ်တတ်ရင်သာခက်တာပါ🤗

Credit to original video creator

#သဲခင်းအုတ်

Address

Sagaing
02371

Opening Hours

Monday 07:00 - 23:00
Tuesday 07:00 - 23:00
Wednesday 07:00 - 23:00
Thursday 07:00 - 23:00
Friday 07:00 - 23:00
Saturday 07:00 - 23:00
Sunday 07:00 - 23:00

Telephone

+959790797978

Website

Alerts

Be the first to know and let us send you an email when ဇေယျာသော် သဲခင်းအုတ်လုပ်ငန်း 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဇေယျာသော် သဲခင်းအုတ်လုပ်ငန်း 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 𝗗𝗲𝗰𝗼𝗿𝗮𝘁𝗶𝗼𝗻𝘀:

Share